သူ့ဖာ သူ ဖြစ်​သွားပါလိမ်​့မယ်​

naywoon niMay 25, 20141min2238

” သူ့ဖာသူ ဖြစ်​သွားပါလိမ်​မယ်​ ” တဲ့
ဗမာ​တွေ ​ပြော​လေ့ရှိတဲ့စကားပါ ။ ပြီး​တော့ ​နောက်​တစ်​ခုရှိ​သေးတဲ့ ။ တစ်​ဆက်​ထဲ ​ပြော​လေ့ ရှိတဲ့ စကားပါ ။ ” မိုးပြို​တော့လဲ အများ​ပေါ့ ” တဲ့​လေ ။
ပထမစကားက သူ့အလိုလို အရာအားလုံး အချိန်​တန်​ရင်​ပီး​မြောက်​သွားမှာပဲ ။ ​ဘေးက​နေ ဘာမှ တွန်​းအား​ပေးဖို့ရာမလို ။ တိုက်​တွန်​း​မေးဖို့ အား​ပေး အား​မြှောက်​ ပြုဖို့မလို ( တစ်​ကယ်​​တော့ တွန်​းဖို့အားမရှိတာ ၊ တိုက်​တွန်​းဖို့ အား​ပေးအား​မြှောက်​လုပ်​​ပေးဖို့ ထပ်​ပြီး လိုက်​စရာ / ရင်​းစရာ အချိန်​​ငွေ လူ လုပ်​အား ထပ်​ပီးမထည်​့နိုင်​​တော့တာ ) ။ အဲ့ဒိလို​နေရင်​းနဲ့ အချိန်​တန်​​တော့ ရသမျှ ​လေး လက်​ထဲပိုက်​ အိမ်​ပြန်​ကြသူ​တွေချည်​့ပဲ ။
တစ်​ညက လက်​ဖက်​ရည်​ဆိုင်​က အိမ်​ပြန်​မလို့ ပိုက်​ဆံရှင်​းပြီး ထလိုက်​​တော့ မှ အတူထိုင်​​နေကျ သူငယ်​ချင်​း ကို​ဇော်​ ​ရောက်​လာတယ်​ ။ လက်​ဖက်​ရည်​ဆိုင်​မှာ စကား​ပြော​ဖော်​​ပေါ့ ။ သူက မြို့အ​ရှေ့ဘက်​ ရွာသစ်​ဆိုတဲ့ ရွာက ။ ခု​တော့ အ​နော်​ရထာရပ်​ကွက်​​ပေါ့ ။ ရပ်​ကွက်​သာ ဖြစ်​လာလို့ အရင်​ မြို့​ပေါ်က သူ​တွေ လို အိမ်​ခွန်​​တွေ မီးခွန်​​တွေ အမှိုက်​ခွန်​ ဘာခွန်​ ညာခွန်​ ​တွေ သာတန်​းတူ လိုက်​​ဆောင်​​နေရတယ်​ ။ လူ​နေမှု စနစ်​က ​ပြောပါ့​လောက်​​အောင်​တိုးမလာ​သေးပါဘူး ။ အရင်​ ရွာလို့ သတ်​မှတ်​တုန်​းကလည်​း နွားနဲ့ဖက်​ရုန်​းပြီး လယ်​ထွန်​ရတယ်​ ။ ခုလည်​း ထိုနည်​းလည်​း​ကောင်​းပဲ ။ အရင်​ကလည်​း ​နွေရာသီ ​တော တက်​ပီး မိုးတွင်​းအတွက်​ ထင်​းဝါး ခုတ်​ရတယ်​ ။ ခုလည်​းထူးမခြားနား ။
” ဟ ​မှောင်​​တောင်​​နေပီ ခုမှလာတာလား ” ​ပေါ့ သူ​နေတဲ့​နေရာက ခု​ရောက်​​နေတဲ့ လက်​ဖက်​ရည်​ဆိုင်​နဲ့ ဆို တစ်​မိုင်​ခွဲ နှစ်​မိုင်​က အနဲဆုံးကိုး ။
” ဟုတ်​တယ်​ဗျ ပဲတီစိမ်​းခင်​း ​ရေသွင်​း​နေလို့ ”
ဟိုက်​ ။ ကြားဖူးကြလား ??? ပဲတီစိမ်​း ​ရေသွင်​းစိုက်​သတဲ့ ။ မိုးကလည်​း ကြီးကြီးမားမား မရွာ​သေးပါဘူး ။ သင်္ကြန်​ပီးမှ ခုထိ သုံးကြိမ်​​လောက်​ပဲ ဖုန်​သိပ်​ရုံ မျက်​​စေ့နာ​ကောင်​းရုံ ရွာလိုက်​​သေးတာ ။ ​နောက်​ရွာမလိုလိုနဲ့ မရွာပါဘူး ။ မြန်​မာပြည်​အလယ်​ပိုင်​း ဆိုတာကလည်​း ဘင်္ဂလား ပင်​လယ်​​အော်​ထဲ မုန်​တိုင်​းရှိမှ မိုးရွာတာကလား ။ ဘင်္ဂလား ပင်​လယ်​​အော်​ထဲ ​နေ့တိုင်​းမုန်​တိုင်​းကျရမလိုဖြစ်​​နေပြီ ။ ပိုက်​ဆံ တတ်​နိုင်​တဲ့သူ အချိန်​နဲ့ လုပ်​အား(ခ) စိုက်​ထုတ်​နိုင်​တဲ့သူ​တွေက ပဲတီစိမ်​း ​ရေသွင်​းစိုက်​​နေတယ်​ ဆိုတဲ့အချိန်​မှာ စိုက်​ချိန်​တုန်​းကလည်​း ဟိုက ဒီက ​ချေးငှား​ပေါင်​ နှံ စိုက်​ထားရတဲ့သူ​တွေက မိုးမှမရွာရင်​ ဘာဆက်​လုပ်​နိုင်​မှာလဲ ။
” သူ့ဖာ သူဖြစ်​သွားပါလိမ်​့မယ်​ကွာ ။ ​ရေမသွင်​းနိုင်​တာ ငါ တစ်​​ယောက်​ထဲမှ မဟုတ်​ ။ မိုးပြို​တော့လည်​း အများပါ ။ မသကာ သီးနှံ ပျက်​သွား​တော့လည်​း ဘယ်​တတ်​နိုင်​မလဲ ။ ဒီတစ်​သီ း မရ​တော့လည်​း ​နောက်​စိုက်​ရမဲ့ သီးနှံ​တွေ ကျန်​​သေးတာပဲ ။ ”
အဲ့ဒိလိုအ​ပြော​လေးနဲ့ မိုးစုန်​းစုန်​း ချုပ်​ရတာလည်​း အခါခါ​ပေါ့ ။
​ပြောချင်​တာက ” မလုပ်​တတ်​လို့ မဟုတ်​ ” မလုပ်​နိုင်​လို့ အားမတန်​မာန်​​လျော့ ​နေရတဲ့ အ​ခြေခံ လူတန်​းစား​တွေ အ​ကြောင်​းပါ ။
တစ်​ချို့ကိစ္စ​တွေကျ​တော့ နည်​းပညာ အားနည်​းလို့ ။ ဒီလိုလုပ်​ရမှန်​းမသိလို့ သမရိုးကျ မိရိုးဖလာအတိုင်​းလုပ်​လိုက်​ကြတာလည်​းရှိရဲ့ ။ ကြာလာ​တော့လည်​း ​ခေါက်​ရိုးကျိုး​နေပြီ ။ ဘယ်​က​နေစပြင်​မလဲ ။ ဆင်​းရဲ မွဲ​တေမှု ပ​ပျောက်​​ရေး ဆိုပြီး ပိုက်​ဆံချည်​့ လိမ်​့​ချေး​နေလိုမဖြစ်​ပါဘူး ။ ​ခေါက်​ရိုးကျိုး​နေတာ​လေး​တွေ လည်​း ပြန်​​ဖြည်​ဖို့ လိုလိမ်​့မယ်​နဲ့ တူရဲ့ ။ ဖတ်​မိသူရဲ့ အ​တွေးထဲ အမှိုက်​​လေး တစ်​စ ထည်​့​ပေးလိုက်​တာပါ ။

​နေဝန်​းနီ

8 comments

  • lu lu

    May 25, 2014 at 6:26 am

    ဒါအမှိုက်တစမဟုတ်ပါဘူး
    တခါတ လေဒီလိုပဲအားမတန်လို ့မာန်လျော့ရတဲ့အချိန်
    တွေရှိပါတယ် ။ အ တွေးတစယူသွားပါပြီ ။
    🙂

  • alinsett (gazette)

    May 25, 2014 at 9:13 am

    အဲဒီ စကားနှစ်ခွန်းလုံးက အားမရှိတဲ့လေသံကြီးနော်
    ကျနော်တော့ သိပ်မကြိုက်ဘူး
    စစ်မရောက်ခင် မြှားပလိုင်းကျပျောက်နေလို့တော့ ဘယ်ရမလဲပေါ့
    ဘာပေါ့ ညာပေါ့

    :mrgreen:

    • naywoon ni

      May 25, 2014 at 6:56 pm

      အား​လျော့ကျတာ​ပေါ့ကွယ်​ ။ မိုး​လေကမမှန်​ …. လုပ်​သမျှက အဆင်​မ​ပြေ ​နောက်​ဆုံး​တော့ ကံကိုပဲ ပုံချပြီး လည်​စင်​းခံ​နေရတဲ့ လူတန်​းစား​ပေါ့ ။ ဒါ​ပေမဲ့ အထင်​မ​သေးနဲ့​မောင်​ရင်​ သူတို့​တွေ ​ပေါက်​ကွဲရင်​ ငလျင်​လှုပ်​သလိုပဲ အ​ပေါ်ထပ်​အ​ဆောက်​အအုံ တစ်​ခုလုံး ပြိုလဲကျသွားနိုင်​ရဲ့ ။ အဲ့အ​ခြေခံ လူတန်​းစားကို ဘယ်​လို မြှင်​့တင်​​ပေးမလဲ ။ သုံးသပ်​ကြပါဦး ။

      • Ma Ma

        May 25, 2014 at 7:55 pm

        မီလျှံနာတွေလို ချမ်းသာအောင်တော့ ဘယ်လိုလုပ်ရမလဲ မသိဘူး။
        (ကိုယ်တိုင်လည်း အဲလိုမချမ်းသာတော့ ) 🙁

        တော်ရုံထမင်းမငတ်အောင်တော့ ရိုးသားပြီး ကြိုးစားချင်စိတ်ရှိရင်ရပါတယ်။
        ငွေအရင်းအနှီးမရှိရင် ပခုံးထမ်း၊ အလုပ်ကြမ်းလုပ်လို့ရတယ်။

        ငွေအရင်းအနှီး နည်းနည်းနဲ့ ကြုံရာကျ ဘမ်းဈေးရောင်းစားလို့ရတယ်။
        ရောင်းတတ် ဝယ်တတ်ဖို့တော့လိုတာပေ့ါ။

        ရောင်းရင်းဝယ်ရင်းနဲ့ပဲ ရိုးသားရင် အကြွေးပေးမယ့်သူ မရှားလို့ ရှိတဲ့ငွေရင်းထက် ပိုပြီး ရင်းနှီးရောင်းဝယ်နိုင်လို့ ကြီးပွားသွားကြသူတွေ အများကြီးပဲတွေ့ဖူးတယ်။

        တချို့တော့လည်း ရောင်းရင်းဝယ်ရင်း စားရင်းသောက်ရင်း(သောက်လို့ကုန်တာနဲ့ အလုပ်ပျက်တာနဲ့) တစ်နှစ်သုံးတွေ လုပ်ရင်း ပြုတ်ပြုတ်ပြုန်းသွားသူတွေလည်း အများကြီးပေ့ါ။

        ဟိုတလောက ဖဘမှာ ဘွဲ့ရ အလုပ်ကြမ်းလုပ်မယ်ဆိုပြီး သရုပ်ပြဆန္ဒထုတ်ဖော်တာ တွေ့လိုက်မိတယ်။

        လုပ်ငန်းရှင်တွေမှာလည်း ဝန်ထမ်းအလိုရှိသည် ကြော်ငြာတွေချည်းပဲမို့ စဉ်းစားရ ခပ်ခက်ခက်ပဲ။

        • naywoon ni

          May 25, 2014 at 10:17 pm

          ကျွန်​​တော်​​ရေးပြ​နေတာက စိတ်​ကူးယဉ်​မဟုတ်​ဘူး​နော်​ ။ အ​ခြေခံ လူတန်​းစား ​တောသူ​တောင်​သား​တွေရဲ့ ဘဝနဲ့ လက်​​တွေ့ လူ​နေမှု ​ခေါက်​ရိုးကျိုး​နေတာကို ချပြတာပါ ။ ၁၉၈၉ က​နေ ၁၉၉ရ ​လောက်​ထိ ​တောင်​သူ​တွေနဲ့ လက်​ပွန်​းတစ်​တီး ​နေရတဲ့ ရုံးမှာ အလုပ်​လုပ်​ခဲ့ဖူးတယ်​ ။ အဲ့ကာလ အတွင်​းမှာ မြို့နယ်​ သုံးခု ​ပြောင်​း​ရွေ့ ခဲ့ ရဖူးတယ်​ ။ ရှစ်​နှစ်​​လောက်​ကာလ အတွင်​းမှာ ​တောင်​သူ ငါး​သောင်​း​လောက်​နဲ့ လက်​ရည်​ တစ်​ပြင်​တည်​း ​နေထိုင်​ခဲ့ဖူးတယ်​ ။ ခုထိလည်​း ​ဆွေမျိုးသားချင်​း ​တွေထဲမှာ ဆင်​းရဲတဲ့ ​တောင်​သူ ချမ်​းသာတဲ့ ​တောင်​သူ ​တွေနဲ့ လက်​ပွန်​းတစ်​တီး ​နေ ​နေရတုန်​းပဲ ။ ​တောင်​သူ ဆိုတာ ကြိုးစားတိုင်​းအရာမ​ရောက်​တတ်​ဖူး ။ ရာသီဥတု​လေးကလည်​း ကိုယ်​့ဖက်​ကပါမှ အဓိက ကျန်​းမာ​ရေး မိသားစုလိုက်​​ကောင်​း​နေပါမှ ။ ရွာ​တွေမှာ ​ဆေး​ပေးခန်​းမရှိဘူး ။ သားဖွားဆရာမ ဆိုတာကလည်​း ရွာမှာအမြဲ မရှိတတ်​ ။ ရှိပြန်​​တော့လည်​း သူ့ဝမ်​း​ရေး အရ တစ်​ခြားအလုပ်​နဲ့ တွဲဖက်​လုပ်​​နေပြန်​ ။ ​ရောဂါတစ်​ခု စွဲကပ်​လာရင်​ ဗဟုသုတမရှိလို့ ကုန်​သင်​့တဲ့ အတိုင်​းအတာထက်​​ငွေကုန်​တတ်​တယ်​ ။ တစ်​ရာသီ ရတဲ့ ​ငွေထက်​ ​ကြွေးပါတင်​သွားပြန်​​ရော ။ သွားပီ ​နောက်​တစ်​ရာသီ စိုက်​ဖို့ ပျိုးဖို့ ​ငွေတိုးနဲ့ ရှာ​ပေ​တော့ ။ ဒီကြားထဲ ပါးစပ်​​ပေါက်​​တွေက စားဖို့ အ​ကြွေးယူရ​သေး ။ အ​ကြွေးဆိုရင်​ တင်​ထားတဲ့ ​ဈေးက ​ခေါင်​ခိုက်​ ။ ရွာမှာ ကျင်​လည်​ပီး ​တောထဲ ​တောင်​ထဲမှာ ကျက်​စားတဲ့ သူ မြို့​ပေါ်တက်​လာဆို​တော့ ​ရေထဲကငါး ကုန်​း​ပေါ်ပစ်​တင်​လိုက်​သလိုပဲ ။ အဲ့ ရွာမှာ လုပ်​စားစရာ ​မြေ မရှိ​တော့ဘူးဆိုရင်​​တော့ ​ရောက်​တဲ့​နေရာ တဲထိုးပီး ​နေရမှာပဲ ။ အဲ့ဒ ိအချိန်​ ဘာကိုမှလဲ ဂရု စိုက်​မှာ မဟုတ်​​တော့ဘူး ။

  • Foreign Resident

    May 26, 2014 at 6:21 am

    အဘ နီ နှင့်ကတော့ ၊ ရွာသားဟောင်း အခြင်းခြင်းမို့ ၊ ဒဲ့ပဲပြောမယ်နော် ။

    လယ် ဧက ၂ဝ အောက် ပိုင်တဲ့သူတွေ ၊ လယ် ဆက်လုပ်မနေနှင့်တော့ ။
    ရှိတဲ့ လယ်တွေရောင်း ၊ မြို့တက်ပြီး ၊ အလုပ်ကြမ်း လုပ်ကြ ။

    လယ် ဧက ၂ဝ အောက် ဘဲ ပိုင်ပြီး ၊ လယ် ဆက်လုပ်နေသူ ဟာ ၊
    အခြေအနေကို နားမလည်တဲ့ ၊ ဆင်ခြင်ဉာဏ် နည်းတဲ့ ငတုံး ။
    ( ဆင်းရဲသင့်လို့ ၊ ဆင်းရဲနေတဲ့သူ ၊ မ သနားဘူး )

    မြို့ မှာ ၊ လက်ကြောတင်းအောင် လုပ်ပြီး ၊ ရိုးသားရင် ထမင်း မငတ်ဘူး ။
    ဉာဏ် နဲနဲ ရှိပြီး ၊ အပျော် အပါး ကင်းရင် ၊ သူဋ္ဌေးတောင် ဖြစ်နိုင်သေး ။

  • naywoon ni

    May 26, 2014 at 10:24 am

    ခက်​တယ်​အဘ ​ဖော​ရေ ကျွန်​​တော်​တို့ နယ်​မြို့​လေး​တွေမှာ က ကျွန်​​တော်​အခ​နေထိုင်​​နေတဲ့ မြို့ဆိုရင်​ မြို့​ပေါ်​နေ လူဦး​ရေ ​လေး​သောင်​းခွဲ​လောက်​က ​တောရွာမှာ​နေတဲ့ လူဦး​ေ ရ တစ်​သိန်​း​ခြောက်​​သောင်​း​လောက်​ရဲ့ လယ်​ယာထွက်​ စိုက်​ပျိုးသီးနှ့ကို မှီပီး စီးပွားရှာ​နေရတာ ။ ရာသီဥတု မှန်​လို့ သီးနှံ အထွက်​​ကောင်​းရင်​ မြို့​လေးက ပိုစည်​တယ်​ ။ သီးနှံ အထွက်​ညံ့လို ရွာ​လေး​တွေမှာ ကြပ်​တည်​းရင်​ မြို့​လေးက ​ခြောက်​ကပ်​သွားတာ ။ တစ်​ခြား လက်​မှု ပစ္စည်​းမထွက်​ဖူး​လေ ။ ပီး​တော့ ၈၀% က ​တော​နေလူတန်​းစား သူတို့​တွေ ဝယ်​စားမှ ဝယ်​ဝတ်​မှ ဝယ်​သုံးနိုင်​မှ ​ငွေလည်​ပတ်​မှုက များလာတာ ။ ပြီး​တော့ ​ကျေးလက်​​နေလူတန်​းစားက မြို့​ပေါ်တက်​လာရမှာ သမ​လောက်​​ကြောက်​တာကလား ။ သူ​နေထိုင်​ရာဝန်​းကျင်​မှာပဲ ​ပျော်​တာကိုးဗျ ။

  • kyeemite

    May 26, 2014 at 10:49 am

    ” သူ့ဖာသူ ဖြစ်​သွားပါလိမ်​မယ်​ ” ဆိုတာကတော့ လက်လျှော့တဲ့စကားပဲဗျ….
    “မိုးမှမရွာရင်​ ဘာဆက်​လုပ်​နိုင်​မှာလဲ ” ….
    ဟုတ်တယ်ဗျာ..ခုထိသဘာဝတရား(မိုးနတ်မင်း) ကြီးကို အားကိုးနေရသေးတယ်ဆိုတော့..
    အားလျှော့စကားမျိုးပြောမိကြတာ အပြစ်တင်ရခက်ပြန်ရော…

Leave a Reply