KZ – ယောက်ခမွသဲရယ် ပျင်းလိုက်တာ။ ကောင်တာမှာထိုင်ပြီးစားဖိုမှူးတွေ ချက်သမျှကို စားနေရတာ အညောင်းမိနေတယ်။ လူကလည်း စည်ပိုင်းဖြစ်တော့မယ်။

TNA – အဲဒီတော့??

KZ – အဲဒီတော့ အားကစားလေး ဘာလေးလုပ်မားလို့။

TNA – ကျားသားမိုးကြိုး နာ့ ချွေးမွ က အားကစားလုပ်မယ်ဆိုတော့ ဟောဒီက ယောက်ခမွက အားပေးရမှာပေါ့။ ပြော! ပြေးမလားးး၊ ကြက်တောင်ရိုက်မလားးး

KZ – ဟင့်အင်းးးး

TNA – ဪ။ ဘောကန်ချင်တာထင်တယ်။ မောင်ဂီတင်တဲ့ ဘောသမားတွေမြင်ပြီးတော့။
KZ – ဟုတ်ပါဘူးးး

TNA – ဟင်? ဒါဖြင့် က မလို့လားးးး ရွာထဲ အက ဆရာမျိုးစုံရှိတာပဲဟာ။

KZ – ခါးမချိုးနိုင်ဘူးးး

TNA – ငင့်။ အာ့ဆို ဘာ အားကစားလုပ်မတုန်းးး?

KZ – ဖဲရိုက်မို့!

TNA – ငင်?? ဪ။ ဪ၊ နာ့ချွေးမွလေး အရမ်းပင်ပန်းမဲ့ ကစားနည်း ရှာတွေ့သွားပြီကိုးးးး

KZ – ဟုတ်တယ်။ အပိုဝင်ငွေလည်း အဲဒီကနေပဲ ရှာရမယ်လေ။

TNA – ဟယ်။ အကြံကြီးတယ်နော်။

KZ –  အင်းဆို။

TNA – အဟင့်။ ဒါမဲ့ ခုက ယောက်ခမွနဲ့ ချွေးမ ၂ ယောက်ထဲဟာ။ ပါချင်းပါ ယောက်ခမွ ပိုက်ဆံတွေကို လုပ်ကြံမို့လားဟင်?

KZ – အာ မဟုတ်ပါဘူးးး။ ယောက်ခမွကို ဒီလို မနှိပ်စက်ပါဘူးးး လက်စွပ် အသစ်လုပ်ပေးမယ် ပြောထားတဲ့ဟာကို။ အဟီးဟီးးး

TNA – ငင်။ တေပျဇီ ။

KZ – နေဦးးး၊ မွမွပြုံး ပြန်ရောက်ပြီ ပြောတယ်။ ဖုန်းဆက်ခေါ်လိုက်မယ်လေ။ ပိုကာဒေါင်းရအောင်။ ဖဲခိုးနိုင်မဲ့ နေရာ အခင်းအကျင်းမဖြစ်စေနဲ့နော်။

TNA – အေးးး ကောင်းတယ်။ ဒါမဲ့ ပိုကာဆိုတော့ကာ ၅ အိမ်ရှိမှလေ။ ကျန် တဲ့ ၂ ယောက် ဘယ်သူ့ကို ခေါ်မလဲ။

KZ – အဲလာ ယောက်ခမွစဉ်းစားပေါ့။

TNA – အင်းးးးးးးးးးးး ဟိုတလောက ထမင်းဆိုင် လာစားတဲ့သူတွေ သွေးတက်လို့ ကွန်ပလိမ်းလာတယ်။
ပြီးတော့ အဲဒီ သူတို့ကို လစာလည်း မပေးရသေးဘူးးး
အဲဒီသွေးတက်စာ အတွဲကို ခေါ်ပြီး ရိုက်ရင် မကောင်းဘူးလားးး။
တို့နိုင်ရင် လစာဖြတ်
တို့ရှုံးရင် တိုင်လို့ လျော်ရတဲ့ ဆေးဖိုးတောင်းးး၊ မဂွတ်ဖူးလားးးးး

KZ – တော်လိုက်တဲ့ ယောက်ခမွ။ ဂွတ်မှဂွတ်။

 

 

အဲဒီလိုနဲ့ သမီး ယောက်ခမွ တိုင်ပင်ပြီး ဖဲဝိုင်း တစ်ဝိုင်းဖြစ်လာတော့တာပါပဲ။ ငိငိငိ။

:s:
~~~~~~~~~~~~~~~~~~~~~~
ချွိချွိရေ ထမင်းခြောက်မျုးိရဘီ။ ပေါ့ပေါ့ပါးပါး ညဖဲရိုက်ပီး ဗိုက်ဆာရင် လုပ်းစားနေကျဟာဒွေ အဟဲ!!!

.

.
အမှန်တော့ ယောက်ခမွ က အဲလိုလာပြောလို့ အပေါ်က ဟာတွေလျှောက်ရေးပလိုက်တာ။
၅ မျိုးပဲရှိတယ်။ ရ ရက်မပြည့်လို့။
အဲဒါ၂  မျိုး ကို ထမင်းလွယ်လွယ် အချိန်တို အတွင်း လုပ်စားလို့ရမယ်ဆိုရင် ပြောပြ ပေးသွားပါ။

.

.
1) ငါးဖယ်ဟင်းထမင်းသုတ်
ဒါကတော့ ငယ်ငယ်ကစားခဲ့ရတဲ့ထမင်းသုတ်ပါ။

အရမ်းကြိုက်လို့ အမြဲလုပ်စားဖြစ်တဲ့ထမင်းသုတ်ပါ။

သူကငါးကြင်းခြစ်နဲ့လုပ်တာပါ။
ငါးကြင်းခြစ်ကို ကြက်သွန်ဖြူ၊ ဆားနဲ့နှံ့အောင်နယ်ပြီး အပြားဝိုင်းဝိုင်းပါးပါးလေးတွေလုပ်ပြီးကြော်ပါ။

နောက်ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကိုဆီသတ်ပါ။

နောက်ကြော်ထားတဲ့ ငါးဖယ်ပြားတွေထည့်ပြီးရေများများနဲ့ချက်ပါ။

ရေလည်ဆီလည်ရလျှင်ချထားပါ။
ထမင်းကိုတပွဲစာပြင်ပါ။

ငါးဖယ်ဟင်းရည်ကိုဆမ်းပါ။

ပဲမှုန့်ကိုထည့်ပါ။ ငံပြာရည်ထည့်ပါ။

အစပ်ကြိုက်လျှင်ငြုတ်သီးမှုန့်ထည့်ပါ။ နှံအောင်နယ်ပါ။

ပြီးှလျှင်အပေါ်မှ ငဖယ်ကိုတင်ပါ။ ပဲတီချဉ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါတယ်။

တခြားအချဉ်နဲ့မလိုက်ပါဘူး။

ပဲတီချဉ်တမျိုးထဲနဲ့ပဲလိုက်ဖက်ပါတယ်။

.

.

2) အမေရိကန်ထမင်းကြော်
ထမင်းကို ဆား၊ အရသာမှုန့်များ( မထည့်လဲရတယ် ) ဖြင့်ခြေထားပါ။

အိုးထဲဆီထည့်ပြီး ဆီပူလာလျှင်ထမင်းကိုထည့်မွှေပါ။

နှံသွားလျှင် ခရမ်းချဉ်သီးကက်ချပ်၊ ယိုးဒယားကလာတဲ့ ထမင်းကြော်တဲ့ ပဲငံပြာရည်တို့ကိုထည့်မွှေပါ။

အရသာအတော်ပဲဆိုလျှင်ချပြီးပန်းကန်ထဲထည့်ပါ။

အပေါ်ကကြက်ဥကြော် အုပ်ပါ။

ကြက်ဥချောင်းကြော်၊ ကြက်သားကြော်တို့ဖြင့်အလှဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

.

.

 

 

 

 

 

3) ဆီသတ်ထမင်းကြော်
ကြက်သွန်နီခပ်များများကို ပါးပါးလှီးပါ။

ခရမ်းချဉ်သီးကို အစေ့မညှစ်ပဲ ပါးပါးလှီးပါ။

ထမင်းကို ပဲငံပြာရည် အနောက်ခပ်များများ ( ကြာညှို့ ) ၊ ဆားဖြင့်နှံအောင်နယ်ထားပါ။

အိုးထဲဆီအနေတော်ထည့်ပါ။

ကြက်သွန်နီကို နွမ်းအောင်ကြော်ပါ။

ကြက်သွန်နွမ်းလျှင် ခရမ်းချဉ်သီးထည့်မွှေပါ။

လုံးသွားပြီဆိုလျှင် ထမင်းထည့်ပြီး နှံ့အောင်မွှေကြော်ပါလေ။

ထမင်းဝါထမင်းကို မုန့်လုပ်ရာမှာသုံးတဲ့ အဝါရောင်ဆိုးဆေးထည့်ချက်ပါ။

အေးလျှင် လက်နှစ်ခုပ်စာအလုံးလေးများ လုံးထားပါ။

မြေပဲညက်အောင်ထောင်းပြီး ပဲပုပ်ကိုမီးဖုတ်မှုန့်အောင်ထောင်းထားပါ။

( မြေပဲနဲနဲ၊ ပဲပုပ်များများ )။

ကြက်သွန်နီအနည်းငယ်ကိုဆီသတ်ပါ။

ခရမ်းချဉ်သီးခပ်များများကိုထည့်ချက်ပါ။

လုံးသွားလျှင် မြေပဲနှင့် ပဲပုပ်ထည့်ပြီး အရည်စပ်စပ်ကလေးချက်ပါ။

စားမည်ဆိုလျှင် ထမင်းပေါ်ကို ပဲပုပ်ချက်ဆမ်းပေးပါ။

တိုဟူးခေါက်ကြော်၊ ဂျူးမြစ်၊ ငရုတ်သီးကြော်ဖြင့်စားနိုင်ပါတယ်။

ကျွန်မတို့ဆီမှာတော့ ထမင်းဝါလို့ ခေါ်ပေမဲ့ ရန်ကုန်မှာတော့ ရှမ်းထမင်းချဉ်ဆိုပြီးရောင်းနေပါတယ်။

တကယ်တော့မတူပါဘူး။

.

.

 

 

4) ကြက်သွန်ဖြူထမင်းကြော်
ရှမ်းကြက်သွန်ဖြူခပ်များများလေးကို ညက်အောင်ထောင်းပါ။

စက်နှင့်ကြိတ်တာမကောင်းပါဘူး။

ငရုတ်ဆုံဖြင့်ထောင်းတာပဲကောင်းပါတယ်။

ထမင်းတပွဲစာလျှင် ကြက်သွန်ဖြူလက်တဆုတ်ခန့်လိုပါတယ်။

ထမင်းကို ဆား၊ အရသာမှုန့်များနှင့်နှံအောင်ခြေကာနယ်ထားပါ။

အိုးထဲဆီအနေတော်ထည့်ပါ။

ဆီပူလာလျှင် ကြက်သွန်ဖြူကိုရွှေဝါရောင်သန်းလာအောင်ကြော်ပါ။

ပြီးလျှင်ထမင်းထည့်ပြီး မီးအေးအေးဖြင့်နှံအောင်ကြော်ပါ။

ပြီးလျှင်နှစ်သက်ရာ အကြော်များဖြင့်စားနိုင်ပါပြီ။

.

.

 

 

5) Seafood ထမင်းကြော်
ပုဇွန်၊ ပြည်ကြီးငါး၊ ဂုံး၊ ခရုတို့ကိုရေဆေးစစ်ထားပါ။

ကြက်သွန်နီကိုတောက်တောက်စင်းပါ။

ကြက်သွန်ဖြူကို နုတ်နုတ်စဉ်းပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နှမ်းဆီတွင်ဆီသတ်ပါ။

Seafood များထည့်မွှေပါ။

Seafood များကျက်လျှင် ထမင်း ထည့်မွှေပါ။

နှံ့လျှင် ထမင်းကြော်သော ပဲငံပြာရည်အချို၊ ငြုတ်ကောင်းမှုန့်၊ နှမ်းနက်၊ ကြက်သွန်ဖြူဒါးပြားရိုက် တို့ကိုထည့်မွှေပါ။

နှံစပ်လျှင် ဘဲဥကြော်ကိုညှပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

 

6) ခရမ်းချဉ်သီး ထမင်းသုပ် *** (by U Sur Mi)

ဟုတ်ကဲ့ …… အထူးမပြင်ဆင်ရပဲ မီးဖိုချောင်ထဲပြေးဝင်ပြီး တွေကရာနဲ့သုပ်တဲ့ထမင်းသုပ်ပါ ။
ကျနော်တို့ကျောင်းသားဘဝက ညဖက်ဗိုက်ဆာရင် လုပ်စားနေကျပေါ့ ။
ကြက်သွန်ဖြူ ငါးမွှာလောက်ကိုဓါးပြာရိုက်ပြီးဆီသုံးဇွန်းခန့်နဲ့ဆီသပ်ပါ ။ နနွင်းမှုန့်လေး အနဲငယ်ကို
ဆီသပ်ပြီးချိန် ပူနေစဉ်ထည့်ပါ။
ထမင်း တစ်ယောက်စာကိုချေထားပါ ။
ခရမ်းချဉ်သီး အရွယ်တော်တစ်လုံးကို ကျေမွနေအောင်လက်နဲ့ဖျစ်ပါ ။
(လှလှလေးပြင်ဆင်ခြင်ရင် ပါးပါးလှီး)
ထမင်းထဲကိုထဲ့ ၊ ပုဇွန်ငံပြာရည် သင့်သလောက်ထည့် ၊ ပုဇွန်ခြောက်မှုန့်နဲ့ ငရုပ်သီးမှုန့်လှော်ထောင်းကိုနဲနဲထည့် ။
ကြက်သွန်နီခတ်လတ်လတ် တစ်လုံးပါးပါးလှီးထည့် ။
အချိုမှုန့်ကတော့ ကြီုက်တတ်ရင် ထည့်ပေါ့ဗျာ ။
ပြီးရင် ဆီချက်လေးဆမ်း ၊ နှံ့အောင်နယ်ပြီး ဖဲဝိုင်းမှာတစ်ယောက်တစ်ဇွန်း မြည်းကြ ။
ဇွန်းမလယ်ဘူးဖြစ်သွားမယ် ဟေးဟေး

နောက်တစ်မျိုးကိုတော့ နောက်ထပ်စားဖိုမှူးတွေအတွက်ချန်ထားလိုက်ပါတယ် ။

 

7).ငပိစိမ်းစား..ထမင်းကြော် (by Swe)
ထုံးစံအတိုင်း ထမင်းချက်..ပဲငံပြာရည်.ဆား..ဟင်းချိုမှုန့်နဲ့နယ်ထား
ဝက်သားသို့မဟုတ်ာက်သားကို အသားနွင်ထား အတုံးကလေးတွေလှီးထား
ကြက်သွန်ဖြူ ၆ဥလောက် ဓပြားရိုက်..ဆီ ထောပတ်နဲနဲ ထည့်ပြီး ဆီသတ်.
အသားထည့်..အသားနီလာရင် ထမင်းရော..ပြီးရင် ငပိစိမ်းစား ရေဖျော်ထားတာကို..အပေါ်ကဆမ်း..
ကျက်ရင်..ဆီတို့ဟူး..ကြက်သွန်ချဉ်..မုန်ညင်းရှမ်းချဉ်..ငြုပ်သီးစိမ်း ချဉ်ဖတ် တို့နဲ့ တွဲစား..
ဆေးတော့ ဆက်သောက်နော…ဗေတားတော့ Nephidapine ဆောင်နေရပြီ…ခိခိ

 

8) စားမြိန် လွယ်ကူ ကင်မ်ချီထမင်းကြော် (By Kyauk)
Ham (သို့) ကြက် (သို့) ဝက်စဉ်းကောကို ငရုပ်သီးခွဲခြမ်းနဲ့ ဆီသတ်…
ကျတ်ပြီဆိုရင်လှီးထားတဲ့ကင်မ်ချီကို အရည်ပါထဲ့ ၊
ပြီးရင် ထမင်း ၊ ဆား ၊ ကြက်သားမှုန့်ထည့်…
ကြက်ဥကြော်လေးနဲ့ဆို… ရှလွတ်… အခုတောင် စားချင်လာပြီ..

ကိုင်း လူ ၃ယောက်စာဆို…
ဆီ စားပွဲတင် ၃ ဇွန်း
ငရုပ်သီးခွဲခြမ်း စားပွဲတင် ၁ ဇွန်း
ကင်မ်ချီ ၃၀ဝ ဂရမ် (ခပ်သေးသေးလှီးထား)
ကြက်ဥ ၃လုံး
Ham (သို့) ကြက် (သို့) ဝက်စဉ်းကော ၃၀ဝ ဂရမ်
ထမင်း ၃ခွက်
ဆီအတော်အသင့်ပူရင် ငရုပ်သီးခွဲခြမ်းကိုဆီသတ် ၊ ပြီးရင် Ham (သို့) ကြက် (သို့) ဝက်စဉ်းကောကိုထည့် ။ ကျတ်ပြီဆိုရင်လှီးထားတဲ့ကင်မ်ချီကို အရည်ပါထဲ့ ။ ခဏနေရင် ထမင်း ၊ ဆား ၊ ကြက်သားမှုန့်ကို အရသာလိုသလောက်ထည့်…။ သိပ်အကြာကြီးထားစရာမလို ၊ အဆာပလာတွေနှံ့သွားရင်… ကြက်ဥ ဟတ်ဖရိုင်းလေးနဲ့ တွဲပြီး စားရုံပါ…’

 

9) အရီး ရဲ့ ထမင်းသုတ်နည်း က

Rice Cooker ထဲမှာ ထမင်း၊ အာလူး ရောထည့်။

ရေနဲနဲ ပိုထည့်ချက်။
ကျက်ရင် ဇွန်းနဲ့ခြေ။

ငါးသေတ္တာဖောက်ထည့်။

အောလစ်ဆီ ထည့်။

ပဲမှုန့်ထည့်။

တရုတ်ငရုတ်ကြော်ထည့်။

ငံပြာရည်ထည့်။ ခရန်းချဉ်သီး နှစ်ထည့်။
ပြီးရော။
ကောင်းမှကောင်း။

 

10) Lazy cook ထမင်းကြော် (By Ma Ma)

ပုစွန်ခြောက်ကို ဆီပူထဲထည့်ပြီး ကျွပ်အောင်ကြော်ပြီး ဆယ်ထားပါ။
ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီသတ်၊ နီလာရင် ဘဲဥတစ်လုံးထည့်ပြီး မွှေ (ခြေ)ပါ။
အရသာလိုသလို ထည့်ပါ။
ပြီးရင် ထမင်းထည့်ကြော်ပြီး ပုစွန်ခြောက်ကြော်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

 

အလွယ်ဆုံး နည်း (By Wei Wei)

rice cooker နဲ့ ထမင်းချက်တယ် ..

ဆန်ကိုတောင် ရေမဆေးဘူး (ယိုးဒယားပေါင်းဆန်) ကို ဒီအတိုင်းထည့်၊

ရေသန့်ဗူးထဲက ရေထည့်ပြီး ပလပ်ပေါက်ထိုးထားလိုက်တယ် ..

ကျက်တဲ့အခါ ထမင်းအိုးထဲကို ဆီအစိမ်း ဒီအတိုင်းထည့်တယ်။

ဆား၊ ပုဇွန်ခြောက်၊ မြေပဲလှော်၊ ပဲခြမ်းကြော်၊ နှမ်း၊ ကြက်သွန်ဖြူကြော်ထည့်ပြီး ရောနယ်တယ်။

အိုးလိုက် ဇွန်းတပ်ပြီး တစ်ယောက်တစ်လှည့် စားလိုက်တာ ခဏနေတော့ အကုန်ပြောင်ရော ..

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120