အားမယ် ကစားမယ် စားမယ် – KZ’s ထမင်းဆိုင်

ဇီဇီMay 26, 20141min51679

KZ – ယောက်ခမွသဲရယ် ပျင်းလိုက်တာ။ ကောင်တာမှာထိုင်ပြီးစားဖိုမှူးတွေ ချက်သမျှကို စားနေရတာ အညောင်းမိနေတယ်။ လူကလည်း စည်ပိုင်းဖြစ်တော့မယ်။

TNA – အဲဒီတော့??

KZ – အဲဒီတော့ အားကစားလေး ဘာလေးလုပ်မားလို့။

TNA – ကျားသားမိုးကြိုး နာ့ ချွေးမွ က အားကစားလုပ်မယ်ဆိုတော့ ဟောဒီက ယောက်ခမွက အားပေးရမှာပေါ့။ ပြော! ပြေးမလားးး၊ ကြက်တောင်ရိုက်မလားးး

KZ – ဟင့်အင်းးးး

TNA – ဪ။ ဘောကန်ချင်တာထင်တယ်။ မောင်ဂီတင်တဲ့ ဘောသမားတွေမြင်ပြီးတော့။
KZ – ဟုတ်ပါဘူးးး

TNA – ဟင်? ဒါဖြင့် က မလို့လားးးး ရွာထဲ အက ဆရာမျိုးစုံရှိတာပဲဟာ။

KZ – ခါးမချိုးနိုင်ဘူးးး

TNA – ငင့်။ အာ့ဆို ဘာ အားကစားလုပ်မတုန်းးး?

KZ – ဖဲရိုက်မို့!

TNA – ငင်?? ဪ။ ဪ၊ နာ့ချွေးမွလေး အရမ်းပင်ပန်းမဲ့ ကစားနည်း ရှာတွေ့သွားပြီကိုးးးး

KZ – ဟုတ်တယ်။ အပိုဝင်ငွေလည်း အဲဒီကနေပဲ ရှာရမယ်လေ။

TNA – ဟယ်။ အကြံကြီးတယ်နော်။

KZ –  အင်းဆို။

TNA – အဟင့်။ ဒါမဲ့ ခုက ယောက်ခမွနဲ့ ချွေးမ ၂ ယောက်ထဲဟာ။ ပါချင်းပါ ယောက်ခမွ ပိုက်ဆံတွေကို လုပ်ကြံမို့လားဟင်?

KZ – အာ မဟုတ်ပါဘူးးး။ ယောက်ခမွကို ဒီလို မနှိပ်စက်ပါဘူးးး လက်စွပ် အသစ်လုပ်ပေးမယ် ပြောထားတဲ့ဟာကို။ အဟီးဟီးးး

TNA – ငင်။ တေပျဇီ ။

KZ – နေဦးးး၊ မွမွပြုံး ပြန်ရောက်ပြီ ပြောတယ်။ ဖုန်းဆက်ခေါ်လိုက်မယ်လေ။ ပိုကာဒေါင်းရအောင်။ ဖဲခိုးနိုင်မဲ့ နေရာ အခင်းအကျင်းမဖြစ်စေနဲ့နော်။

TNA – အေးးး ကောင်းတယ်။ ဒါမဲ့ ပိုကာဆိုတော့ကာ ၅ အိမ်ရှိမှလေ။ ကျန် တဲ့ ၂ ယောက် ဘယ်သူ့ကို ခေါ်မလဲ။

KZ – အဲလာ ယောက်ခမွစဉ်းစားပေါ့။

TNA – အင်းးးးးးးးးးးး ဟိုတလောက ထမင်းဆိုင် လာစားတဲ့သူတွေ သွေးတက်လို့ ကွန်ပလိမ်းလာတယ်။
ပြီးတော့ အဲဒီ သူတို့ကို လစာလည်း မပေးရသေးဘူးးး
အဲဒီသွေးတက်စာ အတွဲကို ခေါ်ပြီး ရိုက်ရင် မကောင်းဘူးလားးး။
တို့နိုင်ရင် လစာဖြတ်
တို့ရှုံးရင် တိုင်လို့ လျော်ရတဲ့ ဆေးဖိုးတောင်းးး၊ မဂွတ်ဖူးလားးးးး

KZ – တော်လိုက်တဲ့ ယောက်ခမွ။ ဂွတ်မှဂွတ်။

 

 

အဲဒီလိုနဲ့ သမီး ယောက်ခမွ တိုင်ပင်ပြီး ဖဲဝိုင်း တစ်ဝိုင်းဖြစ်လာတော့တာပါပဲ။ ငိငိငိ။

:s:
~~~~~~~~~~~~~~~~~~~~~~
ချွိချွိရေ ထမင်းခြောက်မျုးိရဘီ။ ပေါ့ပေါ့ပါးပါး ညဖဲရိုက်ပီး ဗိုက်ဆာရင် လုပ်းစားနေကျဟာဒွေ အဟဲ!!!

.

.
အမှန်တော့ ယောက်ခမွ က အဲလိုလာပြောလို့ အပေါ်က ဟာတွေလျှောက်ရေးပလိုက်တာ။
၅ မျိုးပဲရှိတယ်။ ရ ရက်မပြည့်လို့။
အဲဒါ၂  မျိုး ကို ထမင်းလွယ်လွယ် အချိန်တို အတွင်း လုပ်စားလို့ရမယ်ဆိုရင် ပြောပြ ပေးသွားပါ။

.

.
1) ငါးဖယ်ဟင်းထမင်းသုတ်
ဒါကတော့ ငယ်ငယ်ကစားခဲ့ရတဲ့ထမင်းသုတ်ပါ။

အရမ်းကြိုက်လို့ အမြဲလုပ်စားဖြစ်တဲ့ထမင်းသုတ်ပါ။

သူကငါးကြင်းခြစ်နဲ့လုပ်တာပါ။
ငါးကြင်းခြစ်ကို ကြက်သွန်ဖြူ၊ ဆားနဲ့နှံ့အောင်နယ်ပြီး အပြားဝိုင်းဝိုင်းပါးပါးလေးတွေလုပ်ပြီးကြော်ပါ။

နောက်ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကိုဆီသတ်ပါ။

နောက်ကြော်ထားတဲ့ ငါးဖယ်ပြားတွေထည့်ပြီးရေများများနဲ့ချက်ပါ။

ရေလည်ဆီလည်ရလျှင်ချထားပါ။
ထမင်းကိုတပွဲစာပြင်ပါ။

ငါးဖယ်ဟင်းရည်ကိုဆမ်းပါ။

ပဲမှုန့်ကိုထည့်ပါ။ ငံပြာရည်ထည့်ပါ။

အစပ်ကြိုက်လျှင်ငြုတ်သီးမှုန့်ထည့်ပါ။ နှံအောင်နယ်ပါ။

ပြီးှလျှင်အပေါ်မှ ငဖယ်ကိုတင်ပါ။ ပဲတီချဉ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါတယ်။

တခြားအချဉ်နဲ့မလိုက်ပါဘူး။

ပဲတီချဉ်တမျိုးထဲနဲ့ပဲလိုက်ဖက်ပါတယ်။

.

.

2) အမေရိကန်ထမင်းကြော်
ထမင်းကို ဆား၊ အရသာမှုန့်များ( မထည့်လဲရတယ် ) ဖြင့်ခြေထားပါ။

အိုးထဲဆီထည့်ပြီး ဆီပူလာလျှင်ထမင်းကိုထည့်မွှေပါ။

နှံသွားလျှင် ခရမ်းချဉ်သီးကက်ချပ်၊ ယိုးဒယားကလာတဲ့ ထမင်းကြော်တဲ့ ပဲငံပြာရည်တို့ကိုထည့်မွှေပါ။

အရသာအတော်ပဲဆိုလျှင်ချပြီးပန်းကန်ထဲထည့်ပါ။

အပေါ်ကကြက်ဥကြော် အုပ်ပါ။

ကြက်ဥချောင်းကြော်၊ ကြက်သားကြော်တို့ဖြင့်အလှဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

.

.

 

 

 

 

 

3) ဆီသတ်ထမင်းကြော်
ကြက်သွန်နီခပ်များများကို ပါးပါးလှီးပါ။

ခရမ်းချဉ်သီးကို အစေ့မညှစ်ပဲ ပါးပါးလှီးပါ။

ထမင်းကို ပဲငံပြာရည် အနောက်ခပ်များများ ( ကြာညှို့ ) ၊ ဆားဖြင့်နှံအောင်နယ်ထားပါ။

အိုးထဲဆီအနေတော်ထည့်ပါ။

ကြက်သွန်နီကို နွမ်းအောင်ကြော်ပါ။

ကြက်သွန်နွမ်းလျှင် ခရမ်းချဉ်သီးထည့်မွှေပါ။

လုံးသွားပြီဆိုလျှင် ထမင်းထည့်ပြီး နှံ့အောင်မွှေကြော်ပါလေ။

ထမင်းဝါထမင်းကို မုန့်လုပ်ရာမှာသုံးတဲ့ အဝါရောင်ဆိုးဆေးထည့်ချက်ပါ။

အေးလျှင် လက်နှစ်ခုပ်စာအလုံးလေးများ လုံးထားပါ။

မြေပဲညက်အောင်ထောင်းပြီး ပဲပုပ်ကိုမီးဖုတ်မှုန့်အောင်ထောင်းထားပါ။

( မြေပဲနဲနဲ၊ ပဲပုပ်များများ )။

ကြက်သွန်နီအနည်းငယ်ကိုဆီသတ်ပါ။

ခရမ်းချဉ်သီးခပ်များများကိုထည့်ချက်ပါ။

လုံးသွားလျှင် မြေပဲနှင့် ပဲပုပ်ထည့်ပြီး အရည်စပ်စပ်ကလေးချက်ပါ။

စားမည်ဆိုလျှင် ထမင်းပေါ်ကို ပဲပုပ်ချက်ဆမ်းပေးပါ။

တိုဟူးခေါက်ကြော်၊ ဂျူးမြစ်၊ ငရုတ်သီးကြော်ဖြင့်စားနိုင်ပါတယ်။

ကျွန်မတို့ဆီမှာတော့ ထမင်းဝါလို့ ခေါ်ပေမဲ့ ရန်ကုန်မှာတော့ ရှမ်းထမင်းချဉ်ဆိုပြီးရောင်းနေပါတယ်။

တကယ်တော့မတူပါဘူး။

.

.

 

 

4) ကြက်သွန်ဖြူထမင်းကြော်
ရှမ်းကြက်သွန်ဖြူခပ်များများလေးကို ညက်အောင်ထောင်းပါ။

စက်နှင့်ကြိတ်တာမကောင်းပါဘူး။

ငရုတ်ဆုံဖြင့်ထောင်းတာပဲကောင်းပါတယ်။

ထမင်းတပွဲစာလျှင် ကြက်သွန်ဖြူလက်တဆုတ်ခန့်လိုပါတယ်။

ထမင်းကို ဆား၊ အရသာမှုန့်များနှင့်နှံအောင်ခြေကာနယ်ထားပါ။

အိုးထဲဆီအနေတော်ထည့်ပါ။

ဆီပူလာလျှင် ကြက်သွန်ဖြူကိုရွှေဝါရောင်သန်းလာအောင်ကြော်ပါ။

ပြီးလျှင်ထမင်းထည့်ပြီး မီးအေးအေးဖြင့်နှံအောင်ကြော်ပါ။

ပြီးလျှင်နှစ်သက်ရာ အကြော်များဖြင့်စားနိုင်ပါပြီ။

.

.

 

 

5) Seafood ထမင်းကြော်
ပုဇွန်၊ ပြည်ကြီးငါး၊ ဂုံး၊ ခရုတို့ကိုရေဆေးစစ်ထားပါ။

ကြက်သွန်နီကိုတောက်တောက်စင်းပါ။

ကြက်သွန်ဖြူကို နုတ်နုတ်စဉ်းပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နှမ်းဆီတွင်ဆီသတ်ပါ။

Seafood များထည့်မွှေပါ။

Seafood များကျက်လျှင် ထမင်း ထည့်မွှေပါ။

နှံ့လျှင် ထမင်းကြော်သော ပဲငံပြာရည်အချို၊ ငြုတ်ကောင်းမှုန့်၊ နှမ်းနက်၊ ကြက်သွန်ဖြူဒါးပြားရိုက် တို့ကိုထည့်မွှေပါ။

နှံစပ်လျှင် ဘဲဥကြော်ကိုညှပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

 

6) ခရမ်းချဉ်သီး ထမင်းသုပ် *** (by U Sur Mi)

ဟုတ်ကဲ့ …… အထူးမပြင်ဆင်ရပဲ မီးဖိုချောင်ထဲပြေးဝင်ပြီး တွေကရာနဲ့သုပ်တဲ့ထမင်းသုပ်ပါ ။
ကျနော်တို့ကျောင်းသားဘဝက ညဖက်ဗိုက်ဆာရင် လုပ်စားနေကျပေါ့ ။
ကြက်သွန်ဖြူ ငါးမွှာလောက်ကိုဓါးပြာရိုက်ပြီးဆီသုံးဇွန်းခန့်နဲ့ဆီသပ်ပါ ။ နနွင်းမှုန့်လေး အနဲငယ်ကို
ဆီသပ်ပြီးချိန် ပူနေစဉ်ထည့်ပါ။
ထမင်း တစ်ယောက်စာကိုချေထားပါ ။
ခရမ်းချဉ်သီး အရွယ်တော်တစ်လုံးကို ကျေမွနေအောင်လက်နဲ့ဖျစ်ပါ ။
(လှလှလေးပြင်ဆင်ခြင်ရင် ပါးပါးလှီး)
ထမင်းထဲကိုထဲ့ ၊ ပုဇွန်ငံပြာရည် သင့်သလောက်ထည့် ၊ ပုဇွန်ခြောက်မှုန့်နဲ့ ငရုပ်သီးမှုန့်လှော်ထောင်းကိုနဲနဲထည့် ။
ကြက်သွန်နီခတ်လတ်လတ် တစ်လုံးပါးပါးလှီးထည့် ။
အချိုမှုန့်ကတော့ ကြီုက်တတ်ရင် ထည့်ပေါ့ဗျာ ။
ပြီးရင် ဆီချက်လေးဆမ်း ၊ နှံ့အောင်နယ်ပြီး ဖဲဝိုင်းမှာတစ်ယောက်တစ်ဇွန်း မြည်းကြ ။
ဇွန်းမလယ်ဘူးဖြစ်သွားမယ် ဟေးဟေး

နောက်တစ်မျိုးကိုတော့ နောက်ထပ်စားဖိုမှူးတွေအတွက်ချန်ထားလိုက်ပါတယ် ။

 

7).ငပိစိမ်းစား..ထမင်းကြော် (by Swe)
ထုံးစံအတိုင်း ထမင်းချက်..ပဲငံပြာရည်.ဆား..ဟင်းချိုမှုန့်နဲ့နယ်ထား
ဝက်သားသို့မဟုတ်ာက်သားကို အသားနွင်ထား အတုံးကလေးတွေလှီးထား
ကြက်သွန်ဖြူ ၆ဥလောက် ဓပြားရိုက်..ဆီ ထောပတ်နဲနဲ ထည့်ပြီး ဆီသတ်.
အသားထည့်..အသားနီလာရင် ထမင်းရော..ပြီးရင် ငပိစိမ်းစား ရေဖျော်ထားတာကို..အပေါ်ကဆမ်း..
ကျက်ရင်..ဆီတို့ဟူး..ကြက်သွန်ချဉ်..မုန်ညင်းရှမ်းချဉ်..ငြုပ်သီးစိမ်း ချဉ်ဖတ် တို့နဲ့ တွဲစား..
ဆေးတော့ ဆက်သောက်နော…ဗေတားတော့ Nephidapine ဆောင်နေရပြီ…ခိခိ

 

8) စားမြိန် လွယ်ကူ ကင်မ်ချီထမင်းကြော် (By Kyauk)
Ham (သို့) ကြက် (သို့) ဝက်စဉ်းကောကို ငရုပ်သီးခွဲခြမ်းနဲ့ ဆီသတ်…
ကျတ်ပြီဆိုရင်လှီးထားတဲ့ကင်မ်ချီကို အရည်ပါထဲ့ ၊
ပြီးရင် ထမင်း ၊ ဆား ၊ ကြက်သားမှုန့်ထည့်…
ကြက်ဥကြော်လေးနဲ့ဆို… ရှလွတ်… အခုတောင် စားချင်လာပြီ..

ကိုင်း လူ ၃ယောက်စာဆို…
ဆီ စားပွဲတင် ၃ ဇွန်း
ငရုပ်သီးခွဲခြမ်း စားပွဲတင် ၁ ဇွန်း
ကင်မ်ချီ ၃၀ဝ ဂရမ် (ခပ်သေးသေးလှီးထား)
ကြက်ဥ ၃လုံး
Ham (သို့) ကြက် (သို့) ဝက်စဉ်းကော ၃၀ဝ ဂရမ်
ထမင်း ၃ခွက်
ဆီအတော်အသင့်ပူရင် ငရုပ်သီးခွဲခြမ်းကိုဆီသတ် ၊ ပြီးရင် Ham (သို့) ကြက် (သို့) ဝက်စဉ်းကောကိုထည့် ။ ကျတ်ပြီဆိုရင်လှီးထားတဲ့ကင်မ်ချီကို အရည်ပါထဲ့ ။ ခဏနေရင် ထမင်း ၊ ဆား ၊ ကြက်သားမှုန့်ကို အရသာလိုသလောက်ထည့်…။ သိပ်အကြာကြီးထားစရာမလို ၊ အဆာပလာတွေနှံ့သွားရင်… ကြက်ဥ ဟတ်ဖရိုင်းလေးနဲ့ တွဲပြီး စားရုံပါ…’

 

9) အရီး ရဲ့ ထမင်းသုတ်နည်း က

Rice Cooker ထဲမှာ ထမင်း၊ အာလူး ရောထည့်။

ရေနဲနဲ ပိုထည့်ချက်။
ကျက်ရင် ဇွန်းနဲ့ခြေ။

ငါးသေတ္တာဖောက်ထည့်။

အောလစ်ဆီ ထည့်။

ပဲမှုန့်ထည့်။

တရုတ်ငရုတ်ကြော်ထည့်။

ငံပြာရည်ထည့်။ ခရန်းချဉ်သီး နှစ်ထည့်။
ပြီးရော။
ကောင်းမှကောင်း။

 

10) Lazy cook ထမင်းကြော် (By Ma Ma)

ပုစွန်ခြောက်ကို ဆီပူထဲထည့်ပြီး ကျွပ်အောင်ကြော်ပြီး ဆယ်ထားပါ။
ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီသတ်၊ နီလာရင် ဘဲဥတစ်လုံးထည့်ပြီး မွှေ (ခြေ)ပါ။
အရသာလိုသလို ထည့်ပါ။
ပြီးရင် ထမင်းထည့်ကြော်ပြီး ပုစွန်ခြောက်ကြော်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

 

အလွယ်ဆုံး နည်း (By Wei Wei)

rice cooker နဲ့ ထမင်းချက်တယ် ..

ဆန်ကိုတောင် ရေမဆေးဘူး (ယိုးဒယားပေါင်းဆန်) ကို ဒီအတိုင်းထည့်၊

ရေသန့်ဗူးထဲက ရေထည့်ပြီး ပလပ်ပေါက်ထိုးထားလိုက်တယ် ..

ကျက်တဲ့အခါ ထမင်းအိုးထဲကို ဆီအစိမ်း ဒီအတိုင်းထည့်တယ်။

ဆား၊ ပုဇွန်ခြောက်၊ မြေပဲလှော်၊ ပဲခြမ်းကြော်၊ နှမ်း၊ ကြက်သွန်ဖြူကြော်ထည့်ပြီး ရောနယ်တယ်။

အိုးလိုက် ဇွန်းတပ်ပြီး တစ်ယောက်တစ်လှည့် စားလိုက်တာ ခဏနေတော့ အကုန်ပြောင်ရော ..

 

79 comments

  • ခင် ခ

    May 26, 2014 at 9:23 am

    ငါးဖယ်ဟင်း ထမင်းသုတ်ကို စားချင်ပေမယ့် မနက်မနက် ရုံးချိန်အမှီပြေးနေရတာမို့ အမေရိကန်ထမင်းကြော်ဘဲ စားပြီး ပြေးလိုက်အုံးမယ်ဗျို့။

    • ကေဇီ

      May 26, 2014 at 10:10 am

      ရုံး အပြန်ဝင်ခဲ့ဦးနော်။

      😀

  • nozomi

    May 26, 2014 at 9:51 am

    ဒီ ထမင်းဆိုင်က ဂျိုင့်ဆွဲ မှာလို့ ရမလား ၊ သိချင်ပါတယ်
    တစ်လ ဘယ်လောက်၊ ဘာဟင်းတွေ ပါမယ်၊ လာပို့မဲ့ ကောင်မလေးကချော မချော ၊ တစ်လစား ရင် ငါးလ အခမဲ့ ရမလား ၊ ဆိုတာကစ ပြည့်ပြည့်စုံစုံလေး ဖြေပေးပါ

    ရွာထဲလဲ ဖဲရိုက်တတ်ပါတယ်လို့ ဝန်ခံထားတဲ့ ရွာသူား တော်တော်များတာပဲ
    အရင်ဆုံး မှတ်မိတာကတော့ အီးဒုံ၊
    ဟိုတစ်လောက မနိုဗွီ ပို့စ် တင်တော့တောင် ဖုံးနဲ့မို့ ဝင်မမန့်လိုက်ရတာ
    ဘာတဲ့ သူကြီး သေသင့် မသေသင့် ဆိုလား
    တကယ်လို့ မပြောကောင်း မဆိုကောင်း သူကြီးများ မြန်မာပြည်ပြန်လာပြီးသေခဲ့ရင်
    ( ဖွ လွဲပါစေ ဖယ်ပါစေ သူကြီး ယုံယုံ မယုံယုံ ပွိုင့် တစ်သိန်း မပြည့်ခင် သေလို့ မဖြစ်သေးဘူး )

    ရွာသူား တွေကို ဖဲဝိုင်းထောင်ပြီး အကောက်ကောက်ရင်ကို ဒီ ရွာဆက်ရပ်တည်ဘို့ ပိုက်ပိုက် ရလောက်တယ်၊ အဲဒီကျရင် ၂၁ ဒိုင်ကို်င်မယ် ၊ မနှင်းပြုံး မပါတဲ့ ဝိုင်းမှာ ပိုကာဒေါင်းမယ်

    • ကေဇီ

      May 26, 2014 at 10:10 am

      ဒီ ထမင်းဆိုင်က ဂျိုင့်ဆွဲ မှာလို့ ရမလား ၊ သိချင်ပါတယ်
      Ans: ရတယ်။

      တစ်လ ဘယ်လောက်၊ ဘာဟင်းတွေ ပါမယ်၊
      Ans: တစ်လ ကိုနို ရတဲ့ လစာ အကုန်ပေးရင် ကြိုက်ရာဟင်း ကျွေးတယ်။

      လာပို့မဲ့ ကောင်မလေးကချော မချော ၊
      Ans: ပို့ခ သပ်သပ်ပေးရင် မိုးဟေကိုတောင် ငှါးပေးမယ်။

      တစ်လစား ရင် ငါးလ အခမဲ့ ရမလား ၊ ဆိုတာကစ ပြည့်ပြည့်စုံစုံလေး ဖြေပေးပါ
      Ans: အခမဲ့ ရမယ်။ နံနံပင်။

      :mrgreen:

  • ROssI

    May 26, 2014 at 9:51 am

    စားချင်ထှာဗျာ … ပလပ်ပလပ်..

    • ကေဇီ

      May 26, 2014 at 10:05 am

      အာ့ ဆို ပိုက်ဆံများများယူပြီး လာခဲ့၊.
      😀

  • surmi

    May 26, 2014 at 9:57 am

    ခရမ်းချဉ်သီး ထမင်းသုပ် ***

    ဟုတ်ကဲ့ …… အထူးမပြင်ဆင်ရပဲ မီးဖိုချောင်ထဲပြေးဝင်ပြီး တွေကရာနဲ့သုပ်တဲ့ထမင်းသုပ်ပါ ။
    ကျနော်တို့ကျောင်းသားဘဝက ညဖက်ဗိုက်ဆာရင် လုပ်စားနေကျပေါ့ ။
    ကြက်သွန်ဖြူ ငါးမွှာလောက်ကိုဓါးပြာရိုက်ပြီးဆီသုံးဇွန်းခန့်နဲ့ဆီသပ်ပါ ။ နနွင်းမှုန့်လေး အနဲငယ်ကို
    ဆီသပ်ပြီးချိန် ပူနေစဉ်ထည့်ပါ။
    ထမင်း တစ်ယောက်စာကိုချေထားပါ ။
    ခရမ်းချဉ်သီး အရွယ်တော်တစ်လုံးကို ကျေမွနေအောင်လက်နဲ့ဖျစ်ပါ ။
    (လှလှလေးပြင်ဆင်ခြင်ရင် ပါးပါးလှီး)
    ထမင်းထဲကိုထဲ့ ၊ ပုဇွန်ငံပြာရည် သင့်သလောက်ထည့် ၊ ပုဇွန်ခြောက်မှုန့်နဲ့ ငရုပ်သီးမှုန့်လှော်ထောင်းကိုနဲနဲထည့် ။
    ကြက်သွန်နီခတ်လတ်လတ် တစ်လုံးပါးပါးလှီးထည့် ။
    အချိုမှုန့်ကတော့ ကြီုက်တတ်ရင် ထည့်ပေါ့ဗျာ ။
    ပြီးရင် ဆီချက်လေးဆမ်း ၊ နှံ့အောင်နယ်ပြီး ဖဲဝိုင်းမှာတစ်ယောက်တစ်ဇွန်း မြည်းကြ ။
    ဇွန်းမလယ်ဘူးဖြစ်သွားမယ် ဟေးဟေး

    နောက်တစ်မျိုးကိုတော့ နောက်ထပ်စားဖိုမှူးတွေအတွက်ချန်ထားလိုက်ပါတယ် ။

    • ကေဇီ

      May 26, 2014 at 10:04 am

      အာ့ကြောင့် ယောက်ခမ ဆာကိုချစ်တာ၊
      ထည့်ဖြည့်လိုက်မယ်။

      :s:

    • TNA

      May 26, 2014 at 5:51 pm

      မှတ်သွားပါပြီ။ ကျေးဇူးပါချင့်။

  • Wow

    May 26, 2014 at 10:11 am

    ငါးပိထမင်းကြော်ရှိသေးတယ်… Feel မှာရတယ်… ဘီလိုကျော်လဲတော့မသိ အတော်စားကောင်းအိ…
    ရန်ကင်းစင်တာမှာ စားတာ :kwi:

    • TNA

      May 26, 2014 at 5:52 pm

      ချွိချွိထမင်းကြော်ပိုစ့်ထဲပါပြီးပလေ။ အင်းလှည်းသားငါးရာလက်ချက်မိထားလို့ မေ့ကုန်ပထင့် :mrgreen:

      • Wow

        May 27, 2014 at 9:13 am

        အသွားအပြန်မွသဲ… :mrgreen:

        ဆီကုန်သည်ကြီးကို ဆီကူရောင်းပေးတာပါ… :mrgreen:

        • ကေဇီ

          May 27, 2014 at 11:39 am

          ဖျားဖျားးးးး
          အဲ ဒီ ၅၀ဝ က နာ့ အကိုဂျီးကို ချမ်းသာပေးသွားရဲ့လားးး
          ပိုက်ဆံ အပြီး ရှင်းသွားလားလို့ မေးတာပါ။ အဟွတ်။

          :mrgreen:

  • တိမ်မည်း

    May 26, 2014 at 10:13 am

    ရှလွတ် ရှလွတ်…. ကျုပ်က ထမင်းကြော်ဆို သိပ်ကြိုက်တာဗျ…. :mrgreen:

  • ကေဇီ

    May 26, 2014 at 10:15 am

    ထမင်းကြော်တွေက
    ထမင်းကြော် ပို့(စ) မှာ စု ရေးပြီး ပြီလေ။
    ဟမ်)) ရှင်းသွားတာပဲ။

    ဒါက ယောက်ခ မ တွေရဲ့ ထမင်းကြော်။
    :mrgreen:

  • ဦးကျောက်ခဲ

    May 26, 2014 at 10:15 am

    တက္ကသိုလ်ကျောင်းသားဘဝ အဆောင်မှာဖဲရိုက်ကြရင် ဇလုံကြီးနဲ့ …
    တစ်ယောက်တစ်လှည့် ဝိုင်းတွယ်ကြတဲ့ လဘက်ထမင်းတို့ ထမင်းသုပ်တို့ကို လွမ်းပါ၏…
    စလုံးရောက်တော့ စားမြိန် လွယ်ကူ ကင်မ်ချီထမင်းကြော်လေ…
    Ham (သို့) ကြက် (သို့) ဝက်စဉ်းကောကို ငရုပ်သီးခွဲခြမ်းနဲ့ ဆီသတ်…
    ကျတ်ပြီဆိုရင်လှီးထားတဲ့ကင်မ်ချီကို အရည်ပါထဲ့ ၊ ပြီးရင် ထမင်း ၊ ဆား ၊ ကြက်သားမှုန့်ထည့်…
    ကြက်ဥကြော်လေးနဲ့ဆို… ရှလွတ်… အခုတောင် စားချင်လာပြီ
    😀

    • ကေဇီ

      May 26, 2014 at 10:21 am

      အသေးစိတ်ရေးပေးပါ။
      ထပ်ဖြည့်မို့။

      😀

      • ဦးကျောက်ခဲ

        May 26, 2014 at 10:36 am

        တိန်… အဲဒါ အသေးစိတ်…
        အဲသည့်လောက်ကို လွယ်တာပါကွီ…
        😀

        • ကေဇီ

          May 26, 2014 at 10:39 am

          အာ့ဆိုဖြည့်လိုက်ပြီနော်။

          😀

      • ဦးကျောက်ခဲ

        May 26, 2014 at 10:46 am

        ကိုင်း လူ ၃ယောက်စာဆို…
        ဆီ စားပွဲတင် ၃ ဇွန်း
        ငရုပ်သီးခွဲခြမ်း စားပွဲတင် ၁ ဇွန်း
        ကင်မ်ချီ ၃၀ဝ ဂရမ် (ခပ်သေးသေးလှီးထား)
        ကြက်ဥ ၃လုံး
        Ham (သို့) ကြက် (သို့) ဝက်စဉ်းကော ၃၀ဝ ဂရမ်
        ထမင်း ၃ခွက်
        ဆီအတော်အသင့်ပူရင် ငရုပ်သီးခွဲခြမ်းကိုဆီသတ် ၊ ပြီးရင် Ham (သို့) ကြက် (သို့) ဝက်စဉ်းကောကိုထည့် ။ ကျတ်ပြီဆိုရင်လှီးထားတဲ့ကင်မ်ချီကို အရည်ပါထဲ့ ။ ခဏနေရင် ထမင်း ၊ ဆား ၊ ကြက်သားမှုန့်ကို အရသာလိုသလောက်ထည့်…။ သိပ်အကြာကြီးထားစရာမလို ၊ အဆာပလာတွေနှံ့သွားရင်… ကြက်ဥ ဟတ်ဖရိုင်းလေးနဲ့ တွဲပြီး စားရုံပါ…
        😀

        • ကေဇီ

          May 26, 2014 at 10:51 am

          အာ့ကြောင့် ဒီ စားဖိုမှူးတွေ ကို အားဂျီး များဂျီး ချစ်ရတာ။

          :s:

  • ကူမားရ်

    May 26, 2014 at 10:25 am

    ဖဲလိမ်ရိုက်ခံရရင်ရှုံးမှာ သိသိကြီးနဲ့… ဝင်ပါရမယ်ဆိုတော့..ဒါသက်သက်..ညွန့်တာ..
    ရိုက်ရမယ့်လူတွေလဲကြည့်ဦး..ဖဲဝိဇ္ဖာ နှင်းတောင်မယ်တော်ကြီး….မန္တလေးတိုင်း ဖဲသမားလက်ရွးစင် လက်ရှိစင်္ကာပူ ဖဲသမားလိဂ် မှာ ဆော့နေတဲ့ ဇီဇီ..ရန်ကုန်တိုင်းအပြည်ပြည်ဆိုင်ရာ ဖဲ ဥက္ကဠ မိအေး…….
    တတ်နိုင်ဘူး..ရှိတာတွေ ခွစားပြိးမှပြန်မယ်..
    ၅ရက်ထဲစားရင် မကြေ မစိုးလို့ ၆ရက်ဖြစ်အောင် တစ်ရက်စာ ဝင်ကြော်မယ်..ဒါမှတန်မှာ
    .ငပိစိမ်းစား..ထမင်းကျော်
    ထုံးစံအတိုင်း ထမင်းချက်..ပဲငံပြာရည်.ဆား..ဟင်းချိုမှုန့်နဲ့နယ်ထား
    ဝက်သားသို့မဟုတ်ာက်သားကို အသားနွင်ထား အတုံးကလေးတွေလှီးထား
    ကြက်သွန်ဖြူ ၆ဥလောက် ဓပြားရိုက်..ဆီ ထောပတ်နဲနဲ ထည့်ပြီး ဆီသတ်.
    အသားထည့်..အသားနီလာရင် ထမင်းရော..ပြီးရင် ငပိစိမ်းစား ရေဖျော်ထားတာကို..အပေါ်ကဆမ်း..
    ကျက်ရင်..ဆီတို့ဟူး..ကြက်သွန်ချဉ်..မုန်ညင်းရှမ်းချဉ်..ငြုပ်သီးစိမ်း ချဉ်ဖတ် တို့နဲ့ တွဲစား..
    ဆေးတော့ ဆက်သောက်နော…ဗေတားတော့ Nephidapine ဆောင်နေရပြီ…ခိခိ

    • ကေဇီ

      May 26, 2014 at 10:30 am

      ကျန်းးးး
      ဗေတားတို့ ချစ်ဖို့ကောင်းချက်။။
      :s:
      ဝင်ချက်တဲ့ တစ်ခွက်တောင် သွေးတက်အောင် လုပ်လိုက်သေးးး
      :mrgreenn:

      • Wow

        May 26, 2014 at 10:54 am

        ဟေး ဒီတစ်ပတ်ကျော်စားမယ်…

        အချိုပွဲက ဒွင်းသီး :mrgreen:

        • ကေဇီ

          May 26, 2014 at 10:58 am

          ယောက်ခမွရေ။
          ဒမာ လာကျိကျိပါဦးးးး
          သများတို့ ကို လုပ်ကြံနေတဲ့ သွေးတက် စာ ၂ ယောက်ပါ တော့!!

          :mrgreen:

        • TNA

          May 26, 2014 at 5:54 pm

          ဒီအတွဲဖဲများများရှုံးပါဇီတော် :mrgreen:

        • Wow

          May 27, 2014 at 9:08 am

          မရှုံးမှာမပူနဲ့ မွသဲ… အနော်က ခလေးတွေကို ပိုကာသင်ပေးပြီးရိုက်တာတောင် အနော်ရှုံးတယ်… :mrgreen:

  • MAUNG

    May 26, 2014 at 10:35 am

    ပိုကာ ဒေါင်းတတ်ဘူး

    ရှမ်းကိုးမီး ချမယ် 😀

    မိုးဟေကို နဲ့ ထမင်းကြော် တစ်ပွဲ ၊ အဲလေ ယောင်လို့…..seafood နဲ့ တစ်ပွဲ

    • ကေဇီ

      May 26, 2014 at 10:40 am

      ဟင့်။
      မိုးဟေကို ဖိုးပါပေးမှ ရမှာနော်။
      :mrgreen:

      • surmi

        May 26, 2014 at 10:51 am

        အဟမ်းးးး
        သူက ဈေးငတ်မှတ်ထားတယ်ပေါ့ ဟုတ်စ
        :mrgreen:

        • ကေဇီ

          May 26, 2014 at 11:02 am

          အင်းးး
          ဟုတ်တယ်။
          ချိုင်ဆွဲ ပို့ခ ကို ပြောတာပါ ဆာဆာရယ်။

          :mrgreen:

  • kyeemite

    May 26, 2014 at 10:57 am

    အင်း..ကျုပ်ကလည်း ဖဲဝါသနာအိုးဗျ…ဒါပေသိ..ပိုကာတော့ပျင်းလို့ ရိုက်ချင်ဘု
    သတ္တိရှိရင် “ရှိုး” ကြမယ်လေ..ခိခိ
    ရှိုး ရိုက်ရင်း ကေဇီ့ဆိုင်က ထမင်းသုတ်နဲ့ ထမင်းကြော်တွေ တစ်မျိုးပီး တစ်မျိုး မှာပီးလွေးကြမယ်… 😛

    • ကေဇီ

      May 26, 2014 at 11:00 am

      မိုက်မိုက်ရေ။
      သများ မရှိုးတတ်ဘူး တော့။ (ဖဲမှာ ပြောပါတယ်။) :mrgreenn:
      သင်ပေးကြပါ၊

      😀

      • kyeemite

        May 26, 2014 at 2:08 pm

        “ရှိုး” ကစားနည်း က တတ်သွားရင် စွဲတယ်နော…
        အခြားကစားနည်းတွေမကစားချင်တော့ဘူး…
        အန်တီsnow smile ဆီမှာသင်ထားလိုက်နော်…
        ရန်ကုန်ပြန်ရောက်ရင် ရိုက်ကြမယ်(ဖဲ) 😀

        • TNA

          May 26, 2014 at 5:55 pm

          ရှိုးကခဏလေးနဲ့ပြီးသမို့ ကြိုက်ဖူး။ ကြာကြာကစားရတဲ့ ပိုကာပဲကြိုက်တယ်။

  • Ba Kyaw

    May 26, 2014 at 11:29 am

    မှတ်သားသွားပါတယ်
    ကျေးဇူးပါ
    ဆိုင်လိပ်စာလေးပြောလျှင် လာအားပေပါမယ်

    • ကေဇီ

      May 26, 2014 at 1:01 pm

      ဆိုင်လိပ်စာက ဒီ မှာပဲလေ။
      တနင်္လာနေ့တိုင်း ဖွင့်တယ်။
      ဒီကိုပဲလာ။ ကွန်မန့် အများပေးးး
      ဟိဟိ။

      လူသစ်ထင်တယ်။ ခါမှ မတွေ့ဖူးးး
      ကြိုဆိုပါတယ်။

      😀

      • TNA

        May 26, 2014 at 5:56 pm

        လူသစ်က ဟင်းချက်တတ်လားဟင်။ စာဖိုမှုးခန့်မို့ 🙂

  • snow smile

    May 26, 2014 at 12:23 pm

    အင် ငှင်င်င်င်င်
    နာ မ ရှိ တုန်း ပြော နေ လိုက် ကြ ဒါ
    ထ မင်း ကောင်း ကောင်း မ ကြော် ကြ ဘဲ
    ဖဲ သ မား အ ဆစ် ပါ နေ သေးးးးးး
    သ များ က ဘူ ကြီး ကိုး မီး တွမ် တီ ဝမ်း ဘဲ သိ ဒါ ပါ ဆို မှ
    နောက် ပြီး ဖဲ ခိုး ရိုက် ရ မဲ့ နေ ရာ အ ခင်း အ ကျင်း လေး လဲ ရှိ ပါ မှ
    နောက် ပြီး ကိုယ့် လို ဝိုင်း ခိုး ပေး မဲ့ အ ဖော် အ ပေါင်း လေး လဲ ရှိ ပါ မှ
    အဲ့ လို အ ချက် တွေ နဲ့ ညီ မှ ဖဲ ရိုက် တတ် ပါ ကြောင်း
    သ များ မှာ လဲ ဘယ် သူ နဲ့ မှ မ တူ တဲ့ ထ မင်း ကြော် နည်း အ သစ် ရှိ ပါ တယ် နော်

    • ကေဇီ

      May 26, 2014 at 1:00 pm

      အာ့ ဆို အဲ့ ထမင်းကြော် အကြောင်း ပြောပြ။
      မပြောရင် သများ အကြောင်း သိတယ်နော်။

      :s:

    • TNA

      May 26, 2014 at 5:56 pm

      ပေးပါ ချစ်မ အဟိ

  • black chaw

    May 26, 2014 at 12:30 pm

    အစားအသောက်တွေ ထက် ဖဲရိုက်တဲ့ ကိစ္စကို
    အကြီးကြီး စိတ်ဝင်စားသွားတယ်…။
    ဘာရိုက်ကြရင်ကောင်းမလဲ ဆိုတော့…
    ဟောလီးဝုဒ် ကိုတော့ အကြိုက်ဆုံးပဲ…။
    ကလိန်ကကျစ် ဉာဏ်ရှိလေ ဟောလီးဝုဒ် ကစားလို့ ကောင်းလေပဲ…ဟေးဟေး…။
    ဟောလီးဝုဒ်ကစားရင်း ငါးဖယ်ဟင်း ထမင်းသုတ်လေး လွေးမယ်ဗျာ…။
    ရေနွေးကြမ်းလေးလည်း ပါပလေ့စေနော့်…။
    အော်…တက်နေတဲ့ ဇက်ကျောလေးတွေကို လက်ဖဝါးနုနုလေးတွေနဲ့…
    ဆုပ်နယ်ဖြေလျှော့ပေးဖို့ ခေးမလေးတွေ ခေါ်ထားပေးဦးနော့်…။
    အဲ…ဟောလီးဝုဒ် တစ်ဆက်ရှင်လောက် ကစားပြီးရင်…
    ရှမ်းကိုးမှီးလေး ဆက်ဆွဲလိုက်ရအောင်ဗျာ…။
    သွေးကောင်းတဲ့လူတွေ ဝိုင်းထဲဝင်ခဲ့လိုက်ပေတော့…။
    ရှမ်းကိုးမှီးရိုက်ရင်း အမေရိကန် ထမင်းကြော် လွေးမယ်ဗျာ…။
    ရှမ်းကိုးမှီး ရိုက်လို့ ပျင်းလာရင် ပိုကာဒေါင်းကြတာပေါ့…။
    ကိုမိုက်ကြီးက တိုက်စကတ် ကိုင်ဗျာ…။
    ပိုကာကဖဲမကောင်းရင် တိုက်စကတ်လေးနဲ့ ထိန်းရတယ်ဆိုလား…။
    ဟေးဟေး…အတတ်ကောင်းတွေ…။
    ပိုကာ ၂ ဆက်ရှင်လောက် ကစားပြီးရင်…
    ကိုနိုဇိုးမိက ၂၁ ဒိုင်ကိုင်ဗျာ…။
    ဒီလူကြီးက တစ်လမ်းမောင်း…။ ၂၁ တစ်မျိုးပဲ ရိုက်တတ်တာ…။
    ဖဲမျိုးစုံအောင် ပြောင်းရိုက်ကြရင်း ခင်ဗျားတို့ရဲ့
    ထမင်းတွေ ဟင်းတွေ ကုန်အောင် အားပေးမယ်ဗျို့…။
    ငွေအတွက်တော့ မပူပါနဲ့ဗျာ…။
    ကိုနိုကြီးတစ်ဝိုင်းလုံးသိမ်းထားတယ်…သူ ရှင်းလိမ့်မယ်…။
    :mrgreenn:

    • ကေဇီ

      May 26, 2014 at 12:57 pm

      ကျုပ် ထမင်းဆိုင်ကို အဟွာ ဖြစ်အောင် လုပ်နေကြသလားဟမ်?

      အဟွာ = ကာစီနို

      :mrgreen:

      • TNA

        May 26, 2014 at 5:58 pm

        ဟုတ်ပါ့ အူးအူးဘလက်လာမှပဲ ဖဲဝိုင်းလေးစည်ကားသွားတော့တယ်။ 😀

  • Crystalline

    May 26, 2014 at 12:44 pm

    မွသဲက သူ့ရဲ့အလွယ်ကူဆုံး ကိုသန့်စင်ထမင်းသုတ်တော့ထည့်မထားဘူး.. :mrgreenn: ယိုးဒယားထမင်းကြော်ကြိုက်တယ်.. ခပ်ဖြူဖြူ..ကြက်ဥများများ..ပုဂျွန်လေးနဲ့ ထောပတ်နဲ့ထင်တယ်.. ပွပွရွရွလေး ကြိုက်တယ်… နောက်တစ်ခုက ဝက်ဆီနဲ့ကြော်တဲ့ထမင်းကြော်ကြိုက်တယ်… စိတ်ထဲ.. ထမင်းတွေ ခေါက်ဆွဲတွေကြော်တာ.. ဝက်ဆီနဲ့ကြော်တာပိုစားကောင်းသလိုပဲ.. :mrgreenn: ဖဲကတော့ သူများလည်းပါမယ်နော်… သများက ဖဲလပ်ခ်ရှိတယ်.. :mrgreenn: အိမ်မှာ အစ်ကိုတွေနဲ့ကစားရတာတော့မဟန်ဘူး… စားချင်လည်း ကိုယ်ပဲထပြီးပြင်ဆင်ပေးရ… ကစားပြီးလည်း ကိုယ်ပဲရှင်းလင်းရ.. :))

    • ကေဇီ

      May 26, 2014 at 12:58 pm

      ဟင်။ ဖဲလပ် ရှိတဲ့သူ ပါခိုင်းရင် သများပေးနေရမှာပေါ့။
      ဂလိုလုပ်။
      ခွစ်က သများ အတွက် ဝင်ကစားပေးးး
      အဟေးဟေးဟေးး

      😀

    • TNA

      May 26, 2014 at 5:59 pm

      ကိုသန့်စင်ကတော့ လွယ်နွန်းနို့မထည့်လိုက်တာ။ ဖဲလပ်ခ်ရှိရင်တော့ သများနဲ့ပူးပေါင်းရိုက်ပါ။ ဟိုအတွဲကို အပြုတ်ချမို့ အဟိ :mrgreen:

  • alinsett (gazette)

    May 26, 2014 at 1:08 pm

    ပင်လယ်စာ ထမင်းကြော်လေး
    တစ်ယောက်ယောက် ကြော်ကျွေးရင် ဘယ်လောက်ကောင်းမလဲ

    😆

    • ကေဇီ

      May 26, 2014 at 1:16 pm

      စကားတွေက တော့ ခေါ်တယ်။
      ဟိ။။
      မာဂကြော် ကို ပဲ ကြော်ကျွေးခိုင်းနော

      😀

  • Myo Thant

    May 26, 2014 at 1:12 pm

    ညကဝိုင်းမှာ တစ် ကိုး ကင်းချည်းပဲ ကြီးစိုးလို့ ကားခတောင်မကျန် 🙂

    ဟိုဖန် ဒီဖန် လုပ်နေရလို့ ရုံး နောက်ကျသမို့ ဒီပို့စ်ကို ခုမှမြင်တယ် ၊

    ဘာထမင်းကြော်ဖြစ်ဖြစ် တစ်ပွဲဗျာ ၊

    လက်ငင်းတော့ ရှိဘူးနော် ၊ လကုန်ပေး ရတယ်ဟုတ် 🙂

    • ကေဇီ

      May 26, 2014 at 1:17 pm

      ရပါတယ်။
      အတိုးတက်မှာ ပဲရှိတာ။

      :mrgreenn:

  • Ma Ei

    May 26, 2014 at 1:14 pm

    ဖဲ …ကိုးမီးကလွဲ ဘာမှမသိလို့
    ဝိုင်း ဘေးထိုင် ထမင်းကြော်စား
    အကောက်ပဲ ကောက်တော့မယ်…

    • TNA

      May 26, 2014 at 6:02 pm

      မွအိခုတလော ဘာမှမချက်ဘူးလားလို့။ ချက်ပါအုံး

  • ကေဇီ

    May 26, 2014 at 1:19 pm

    အဟိဟိ။
    မွအိ လေးးး သများကို ဘာမှ ချက်မကျွေးတာ ကြာပြီနော်။
    :s:

  • အရီးခင်

    May 26, 2014 at 2:34 pm

    ဖဲ လားဟေ့။ ဝင်ခဲ့လေကွယ်။
    ငယ်တုန်းက ကျားတွေကြားမှာ ဖဲရိုက်နေတာကို မှတ်တမ်းတင်ထားခံရတာနော။
    သူတို့ကို နိုင်တော့ ဖဲလာဘ်ကောင်းလို့ တဲ့။ တော်လို့ ဟုတ်ဘူးတဲ့။
    ဟင်း ဟင်း။ ပြောရင်လဲ အတင်းဖြစ်ဦးမယ်။
    မပြောတော့ဘူး။ ;-))))

    သဲနု က အသုတ်ကောင်း ထင်ရဲ့။
    ဖတ်ကြည့်ပြီး သုတ် ပလိုက်ဦးမယ်။
    အရသာလဲ ရှိ လွယ်လဲလွယ်မဲ့ပုံ။

    အရီး ရဲ့ ထမင်းသုတ်နည်း က ထဲမှာ ထမင်း၊ အာလူး ရောထည့်။ ရေနဲနဲ ပိုထည့်ချက်။
    ကျက်ရင် ဇွန်းနဲ့ခြေ။ ငါးသေတ္တာဖောက်ထည့်။ အောလစ်ဆီ ထည့်။ ပဲမှုန့်ထည့်။ တရုတ်ငရုတ်ကြော်ထည့်။ ငံပြာရည်ထည့်။ ခရန်းချဉ်သီး နှစ်ထည့်။
    ပြီးရော။
    ကောင်းမှကောင်း။ :LOL:-)

    အချိန်ပေး မျှဝေ ကြတဲ့ သမီး ယောက္ခမ နှစ်ယောက်လုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း။
    :-)))

    • ကေဇီ

      May 26, 2014 at 4:22 pm

      ခိခိ။
      အရီးရဲ့ ထမင်း သုပ်နည်းပါ ထည့်လိုက်မယ်နော်။

      :s:

    • TNA

      May 26, 2014 at 6:01 pm

      အရီးထမင်းသုတ်က အဆန်းပဲ။ မှတ်ထားလိုက်မယ်အရီးရေ။ ကျေးကျေး

  • Ma Ma

    May 26, 2014 at 10:24 pm

    အားတာရော၊ ကစားတာရော၊ စားတာရော စိတ်ဝင်စားလို့ စာရင်းပေးသွားတယ်။

    ကစားရင်းနဲ့စားဖို့ Lazy cook ထမင်းကြော်လည်း လက်ဆောင်ပေးသွားမယ်။

    ပုစွန်ခြောက်ကို ဆီပူထဲထည့်ပြီး ကျွပ်အောင်ကြော်ပြီး ဆယ်ထားပါ။
    ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီသတ်၊ နီလာရင် ဘဲဥတစ်လုံးထည့်ပြီး မွှေ (ခြေ)ပါ။
    အရသာလိုသလို ထည့်ပါ။
    ပြီးရင် ထမင်းထည့်ကြော်ပြီး ပုစွန်ခြောက်ကြော်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

    • ကေဇီ

      May 26, 2014 at 10:31 pm

      ချစ်မမ ရေ။
      ကျေးဇူးပါ။
      ခိခိ။
      ကစားမဲ့ စာရင်းထဲလည်းထည့်လိုက်ပါပြီ။

      :chit:

  • lu lu

    May 27, 2014 at 7:33 am

    မဂျီး , ပိုကာဒေါင်းမဲ့လူစာရင်းထဲ မိလု ကိုလည်းထည့်
    လိုက် , လာကစားရင်း လာစားမယ် , အဟိ ကိုယ်တိုင်
    လုပ်စားရင် ကောင်းမှာဟုတ်ဘူးး
    😀

    • ကေဇီ

      May 27, 2014 at 11:42 am

      လာခဲ့ လာခဲ့။
      ပိုက်ဆံတော့ များဂျီး ယူခဲ့နော်။

      😀

  • ROssI

    May 27, 2014 at 7:57 am

    အင်း… ဟုတ်တော့ ဟုတ်နေဘီ…
    သဂျီး ပျောက်နေတာ ပြောပါတယ်…
    သူ့မလဲ သေခိုင်းတဲ့ လူနဲ့ .. သေလမ်းရွေးပေးတဲ့လူနဲ့ …
    သေရင် ဖဲဝိုင်းထောင်ပီး အကောက်ကောက်ချင်တဲ့လူနဲ့…
    အာဟိ…
    ကိုယ်တိုင်ကလည်း မဟာအဝီဇိ က ငရဲမီးအင်နာဂျီ အကြောင်း
    အားတိုင်းပြောတာဆိုတော့ … အဲ့မှာများ လေလံအောင်သွားသလားဗဲ…
    ဒချီ ဒချိ. ….
    အော်ရီဂျင်နယ် ဆင်းမ်. .အဲ့လေ. .. အော်ရီဂျင်နယ် ရွမ်း ..၁ရွမ်းရဗီ…

    :mrgreen:

    • Wow

      May 27, 2014 at 9:05 am

      ဟိုကိတ်စပီးကထဲက ပျောက်သွားတာအေရဲ့ :mrgreen:

      • ကေဇီ

        May 27, 2014 at 11:41 am

        ပြောပါတယ်။ သူ တရားခံ ပါ ဆို။
        😀

  • Mr. MarGa

    May 27, 2014 at 2:01 pm

    အဟမ်း
    ဖဲဝိုင်းကို ဝင်ဖမ်းပါတယ်
    ရှိသမျှ အကုန် ထမင်းကြော်အားလုံးကိုပါ သိမ်းသွားပါတယ်
    အဲ့ဒါ အဲ့ဒါ
    :mrgreen:

    • ကေဇီ

      May 27, 2014 at 4:08 pm

      အကျန်တွေ သိမ်းသွားပြီး ဘာလုပ်မို့လဲ?
      :mrgreen:

  • weiwei

    May 29, 2014 at 9:26 am

    ဝိုင်းကောင်းနေလိုက်ကြတာ .. အခုမှတွေ့လို့ အပြေးအလွှားဝင်လာပါတယ် ..

    တို့တွေ အဆောင်မှာ ဖဲရိုက်ကြတုန်းက အခန်းထဲမှာ မီးဖိုမရှိဘူးလေ .. မီးဖိုချောင်အထိလဲ ဘယ်သူမှသွားပြီး မချက်ချင်ကြဘူး .. အလွယ်ဆုံး စီစဉ်ကြတယ် ..

    rice cooker နဲ့ ထမင်းချက်တယ် .. ဆန်ကိုတောင် ရေမဆေးဘူး (ယိုးဒယားပေါင်းဆန်) ကို ဒီအတိုင်းထည့်၊ ရေသန့်ဗူးထဲက ရေထည့်ပြီး ပလပ်ပေါက်ထိုးထားလိုက်တယ် .. ကျက်တဲ့အခါ ထမင်းအိုးထဲကို ဆီအစိမ်း ဒီအတိုင်းထည့်တယ်။ ဆား၊ ပုဇွန်ခြောက်၊ မြေပဲလှော်၊ ပဲခြမ်းကြော်၊ နှမ်း၊ ကြက်သွန်ဖြူကြော်ထည့်ပြီး ရောနယ်တယ်။ အိုးလိုက် ဇွန်းတပ်ပြီး တစ်ယောက်တစ်လှည့် စားလိုက်တာ ခဏနေတော့ အကုန်ပြောင်ရော ..

    • ကေဇီ

      May 29, 2014 at 9:34 am

      အဟီးဟီးးး။
      ဝေ မလာသေးလို့ မျှော်နေတာ။
      ဒီ နည်းလည်း ထည့်လိုက်မယ်နော်။
      ခိခိ

      :s:

  • kai

    July 12, 2014 at 10:57 am

    ဒီလ ဒါကို အမေရိကားကမြန်မာများ.. ထမင်းမြိန်စေဖို့.. ရွေးတယ်ဗျို့…
    အဲဒါစာဖိုမှုးနဲ့ဆိုင်ရှင်ကို အကြောင်းကြားတာပါ..

    ဆိုတော့…
    ဘယ်ကဘယ်လိုလွတ်သွားမှန်းမသိ…ဒီစာတွေ ဖတ်ဖို့လွတ်သွားတာလေးပါ… တောင်းပန်ရင်း..
    ရွာသူားတွေကို.. တိုးတိုးလေးမေးချင်မိပါရဲ့..
    ရွာအဝင်လွယ်ကြသလား.. :mrgreen:
    (ဆာဗာလစဉ်ကြေး ၂ရ ဒေါ်လှ တက်ပေးထားလိုက်ရကြောင်း)

    • alinsett (gazette)

      July 12, 2014 at 11:43 am

      ရွာအဝင်လား….. သူ ဖျားနေတယ်.. ။

      တုတ်ကွေးမိပြီး.. တုန်တုန်ရီရီနဲ ့..လမ်းလျှောက်နေသလိုပဲ…

      😆

    • ဇီဇီ

      July 12, 2014 at 12:01 pm

      ရ ရက် ပြည့်အောင် ယူမယ် ဆိုရင် နောက် ၂ ယောက်ကို ပါ ခရက်ဒစ်ပေးပေးပါ။
      အဟိ။
      ဒီ လ တိုင်းရင်းသားစာ ယူမယ်မှတ်လို့။

      😀

      • kai

        July 12, 2014 at 1:45 pm

        အမေရိကန်ထမင်းကြော်ကလွဲလို့.. အကုန်ခရက်ဒစ်နဲ့တကွယူလိုက်တာ.. စာမျက်နှာနေရာ ဆန့်သေးတာနဲ့..
        ဒါကို (http://myanmargazette.net/185474 )ပါဆွဲချပေါင်းစပ်လိုက်ကြောင်း.. :mrgreen:
        =
        (တိုင်းရင်းသားစာက ပြီးခဲ့တဲ့လက.. ပါပြီးပြီလေ.. )
        =
        ထမင်း ကာလသားကြော် (By kyeemite)
        ကြက်သွန်ဖြူ ငါးမွှာလောက် ဓါးပြားရိုက်
        ကုလားအော်ငြုတ်သုံးလေးတောင့် တောက်တောက်စင်း
        ကြက်ဥတစ်လုံးခေါက်ထား
        ဆီသတ်ပြီဆိုတာနဲ့ ကြက်သွန်ဖြူ နဲ့ ငြုတ်သုံးလေးတောင့် တောက်တောက်စင်းကိုအရင်သတ်
        (ကြိုက်ရင် နှနွင်းမှုံ့လေးနဲနထြည့်ပေါ့)
        ပြီးရင် ထမင်းထည့်၊ နဲနဲကျွတ်အောင်စိတ်ရှည်ရှည်မွှေကြော်၊ ဆားတော့အလောတော်လေးပေါ့
        နောက် ပုဇွန်ခြောက်မှုံ့လေးနဲနဲထည့်
        ချခါနီးမှ ကြက်ဥမွှေကို သွန်ထည့်ပြီး ချက်ချင်းနှံ့အောင်မွှေလိုက်..စားလို့ရပါပြီ 😀
        နေမကောင်းချင်သလိုလိုဖြစ်နေရင် အဲလိုကြော်စားလိုက်
        ချွေးထွက်ပြီးကောင်းသွားလိမ့်မယ်…လက်တွေ့နော်

        • kyeemite

          July 14, 2014 at 1:43 pm

          ဟေးးးးးးးးး..နာ့ ထမင်းကာလသားကြော်ကြိုက်သတဲ့..ဝမ်းသာထှာ
          ထမင်းကြော်တစ်ပွဲတည်းနဲ့ စာဖိုမှုးဖြစ်ပဟ 😀

        • kai

          July 14, 2014 at 2:48 pm

          သူ့… အမေရိကန်ထမင်းကြော် က.. အမေရိကားမှာ ရှာရခက်တဲ့တချို့တွေနဲ့.. ကြော်ထားသမို့..
          ကကြီးမိုက် ကာလသားထမင်းကြော်ယူသုံးလိုက်တာ…
          နာမယ်လေးကလည်း.. ဆန်းဆန်း…။ :mrgreen:

  • ဦးကြောင်ကြီး

    July 12, 2014 at 1:25 pm

    ကြောင်လဗျွတ်မီးဖုတ်ဟင်း အရှိဗူးလား

    • kai

      July 12, 2014 at 2:48 pm

      ကောင်းမယ့်ပုံ.. :mrgreen:

      BEER ROASTED CATDO NOT USE BEER
      1 cat cut into roast
      1 can of Campbell’s Cream of Mushroom soup
      1 cube of beef bouillon
      1 clove of garlic
      1 Fine Irish Stout, a lot like a popular dark Irish Beer®, but NOT that brand at their lawyers’ request. They alledge this article, educating others in the legal eating habits of over 100 million people world-wide, and specifically in rising East Asian markets, is “highly offensive.”

      Scraped CatCover and soak cat roast in salt water for 24 hours. Drain water and then cover and soak in beer for 6 hours. Drain and place in crock pot with your cans of soup. Add a clove of garlic, and a cube of beef bouillon. If you start to slow cook your cat in the morning with your George Foreman Cooker (or it’s ilk), you’ll have finely cooked feline in time for supper.

      If a slow cooker is not available, a cat can be baked at 350 degrees for 2-3 hours in a conventional oven and still come out pretty good. Beer Roasted Cat is fantastic served with mashed potatoes, collard greens, and fresh, homemade egg rolls. When planning a full meal just remember- cat is a course best served hot!

      Skinned Cat Cat may not be the most glamorous, or tastiest of game meats, but with a little thought and preparation, Baked Cat can make the belly of the persnicketiest diner glow with home baked goodness.

  • Paing Lay

    July 13, 2014 at 2:18 pm

    American ထမင်းကြော် တစ်ပွဲဂျာ သင်ဇာဝင့်ကျော်နဲ့ တစ်ပွဲ :mrgreen:

Leave a Reply