​တော်​လဲသံ

naywoon niMay 26, 20141min1414

ကျုပ်​တို့ ဘိုးဘွားလက်​ထက်​
ဆန်​တစ်​ပြည်​ ပြား​လေးငါးဆယ်​
အဲ့ဒိအချိန်​တုန်​းကလည်​း
မနက်​အာရုံမလာခင်​ကတည်​းက
ခ​မောက်​နဲ့နွားဆွဲ
လယ်​​တောထွက်​ကြရတာပဲ ။
ကျုပ်​တို့ အ​ဖေ အ​မေလက်​ထက်​
ဆန်​တစ်​ပြည်​ ​လေးငါး​ခြောက်​ကျပ်​
မြင်​ကွင်​းက မ​ပြောင်​းလဲပါဘူး
မနက်​လင်​းရင်​
လယ်​ကွက်​ထဲ​ရောက်​​နေပြီ ။
​ဟော အခု ကျုပ်​တို့ လက်​ထက်​
ဘာမှ မထူးခြားပါဘူး
တိုးတက်​လာတဲ့ ကုန်​​ဈေးနှုန်​း နဲ့
အရည်​အ​သွေးမပြည်​့ဝတဲ့ လူသုံးကုန်​ပစ္စည်​း ​တွေရယ်​
အဟာရ ဓာတ်​နဲနဲ လာတဲ့ စား​သောက်​ကုန်​ပစ္စည်​း​တွေရယ်​
မီးညှိထားတဲ့ အ​မွှေးတိုင်​လို တစ်​​ဖြေး​ဖြေး တို တိုလာတဲ့လူ့သက်​တမ်​းရယ်​
ဒီ​လောက်​ပါပဲ ။
” မင်​းတို့က ပညာမှ မတတ်​တာ
ဖင်​ထဲ ရွံ့ တစ်​ပိဿာ မက နှစ်​ပိဿာ ဝင်​လဲ သနားတဲ့သူ မရှိဘူး ” တဲ့
လူသားချင်​းမစာမနာ မ​ပြောကြပါနဲ့ ။
ကျုပ်​တို့ ပညာတတ်​​အောင်​ ဘယ်​သူက အား​ပေး အာ​းမြှောက်​လုပ်​​ပေးလဲ
ဘယ်​သူက လာသင်​​ပေးလဲ
ရွာကို လူ​တွေ လာကြပါတယ်​
ထွက်​ကုန်​ပစ္စည်​း ​ဈေးနှိမ်​ဝယ်​ဖို့
အတိုးနဲ့ ​ငွေ​ချေးဖို့
အဆမတန်​ အမြတ်​တင်​ပီး
အ​ကြွေးနဲ့ ကုန်​​ရောင်​းဖို့
ညာတာပါ​တေး ချ​ကြွေးတာစား ​ယောင်​​တောင်​​ပေါင်​​တောင်​နဲ့ အပြန်​ကျ ဟိုဟာ​တောင်​း ဒီဟာ​တောင်​း
ယူပြီးဂျီကျတဲ့ ယူဂျီ​တွေကလည်​း အများသား ။
ခင်​ဗျားတို့ ကျုပ်​တို့ဆီလာတာက
​ပေးဖို့ရာထက်​ ယူဖို့ရာပဲ​တွေးပီးလာတာ
ကျုပ်​တို့ ခင်​ဗျားတို့ဆီ သွားရင်​လဲ
ရလာတာထက်​ ပြန်​​ပေးရမဲ့ရာခိုင်​နှုန်​းကများ​နေတာ
ပြန်​စဉ်​းစားကြည်​့စမ်​းပါ ။
ခင်​ဗျားတို့​တောင်​ သင်​တန်​း​တွေ အမျိုးမျိုးတက်​ပီး ပညာမပြည်​့စုံ​သေးတာ
ကျုပ်​တို့မှာ မိရိုးဖလာ အသက်​​မွေးမှုရှိ​သေးတယ်​ ။

အစည်​းအရုံး ဆိုတာလည်​း
မစားရ ဝ ခမန်​း ​ပြောပြီး
ဧည်​့စရိတ်​​ထောင်​းရုံထက်​မပိုဘူး ။
လူဆိုတာ ​မွေးကတည်​းက ဘာမှတတ်​မလာပါဘူး
လမ်​း​လျှောက်​တာ စကား​ပြောတာ စာ​ရေးစာဖတ်​ အတွက်​အချက်​​တောင်​ သင်​မှတတ်​တာ
ဆို​တော့ကာ ကျန်​တာ​တွေက အဲ့​လောက်​ခက်​မယ်​မထင်​ပါဘူး
ဒါ​ပေမဲ့ ဘယ်​သူ​တွေက လာသင်​​ပေးလဲ ။
ကျုပ်​တို့ဘဝ မြှင်​့တင်​​ပေးမယ်​​ပြောပြီး
ညာဝါးပြီး​ချောက်​ချသွားတာပဲ ရှိတယ်​ ။
အဲ့ဒိ​တော့
ခင်​ဗျားတို့ ​ပြောသလိုပဲ
ပညာမတတ်​ဖူး
စီမံခန်​့ခွဲမှု ဆိုတာနားမလည်​ဖူး
ဝင်​​ငွေ ထွက်​​ငွေ ဆိုတာ မချင်​့ချိန်​ဘူး
ရာသီချိန်​​ရောက်​ရင်​ စိုက်​မှာပဲ
ရာသီဥတု ​ကောင်​းရင်​ထွက်​မယ်​
​မြေ​တွေက​တော့ ပိုးသတ်​​ဆေးနဲ့ ​မြေဩဇာက ဖျက်​ဆီးလိုက်​ပီ
ဖျက်​ဆီးလိုက်​မဟုတ်​ဘူး
မုဒိမ်​းအကျင်​့ခံလိုက်​ရတာ
အရည်​အ​သွေးမမှီတဲ့ ပစ္စည်​း
ကျုပ်​တို့က်​ို လိမ်​​ရောင်​း
ခု​တော့ ခင်​ဗျားတို့အနာဂါတ်​
ငလျင်​လှုပ်​​နေပီ
ငလျင်​ဆိုတာ အထပ်​မြင်​့​လေ ပျက်​စီးမှုများ​လေ ပြိုကွဲမှုအား​ကောင်​း​လေ
ကျုပ်​တို့က ​မြေပြင်​​ပေါ်ကလူသား
​မြေကြီးနဲ့ အတူ ကျွံဝင်​သွားလဲ
ဒိထက်​ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး ။
ဘဝမှာ တွယ်​တာစရာ မရှိပါဘူး ။
အဓမ္မ ​လောဘနဲ့ အပ်​တို တစ်​​ချောင်​း​တောင်​ ​ကောက်​မယူခဲ့ဖူးဘူး ။

​နေဝန်​းနီ

4 comments

  • alinsett (gazette)

    May 26, 2014 at 7:42 am

    ကျနော်တို့ဘဝတွေ
    ကျနော်တို့တော်တော်များများရဲ့ဘဝတွေ. . . .
    အညာမိနေတယ်
    ညာနေမှန်းသိသိလျက်နဲ့ အညာခံနေရတယ်

  • Ba Kyaw

    May 26, 2014 at 11:16 am

    ဟုတ်တယ် တော်လဲသံဆိုတာငလျင်မလှုပ်ခင် ကြားရတာပဲ
    ကဗျာဆရာရဲ့ တင်စားတာလေးမှတ်သားသွားပါတယ်

  • black chaw

    May 26, 2014 at 2:30 pm

    ကိုနေကြီးရေ…
    ငလျင် ကဗျာရော…
    တော်လဲသံ ကဗျာရော…
    နှစ်ပုဒ်လုံး ဖတ်ရှုခံစားသွားပါတယ်…။

  • အရီးခင်

    May 26, 2014 at 2:53 pm

    “ငလျင်​ဆိုတာ အထပ်​မြင်​့​လေ ပျက်​စီးမှုများ​လေ ပြိုကွဲမှုအား​ကောင်​း​လေ”
    အဲဒါမှန်ပါ့။
    နောက်တစ်ချက်က အဲလို ပျက်စီး မှာ ကြောက်လွန်းလို့ ကြောက်ကန်ကန် နေကြတာ မို့ ပိုပြီး ကြောက်စရာကောင်းလာမှာ အဘနီရေ။
    အင်မတန် သတိထားဖို့ အချိန်ပါဘဲ။
    သူတို့ ကိုယ့်ကို လာမပိအောင် ဘယ်လို လုပ်မလဲ သိထား ပြင်ထား သင့်ကြပြီ။

Leave a Reply