ကျွန်မ အကနဲ့ ပတ်သတ်ရင် လှလှပပ မဟုတ်ပေမယ့် ကတတ်တယ်လို့ ပြောလို့ရမယ်။

ဂျပန်စကားပြော အပြင်သင်တန်းတက်တုန်းက
သင်တန်းက ပွဲလုပ်တဲ့အချိန် ကျွန်မတို့ သင်တန်းက အစ်မတွေနဲ့ ရခိုင်ဆီမီးခွက် အက ကကြတော့ ကျွန်မကတာ ငြင်သာမှုဘယ်လောက်ရှိလဲ မရှိလဲဆိုတာ ညာဘက်လက်မှာ ကိုင်ထားတဲ့ ဆီမီးခွက်ထဲက ဖယောင်းတိုင် ဘယ်လွင့်သွားမှန်းကို မသိတော့သာကြည့်တော့။

အဲဒီပွဲနေ့က ဓာတ်ပုံတွေ ပြန်ရတော့ ကြည့်လိုက်တဲ့အချိန် ကျွန်မခြေထောက်ရဲ့ လှမ်းနေတဲ့ အက က ရခိုင်သမီးပျိုနဲ့မတူဘဲ ဘောလုံးအသင်းက ရှေ့ တန်းတိုက်စစ်မှူး တစ်ယောက်နဲ့ တူနေပြန်ပါရောလား။

အဲလိုနဲ့ နောက်တစ်နှစ်အကြာ သင်တန်းက ပွဲလုပ်ရင် အငြိမ့်ကကြမယ် ပြီးတော့ ဦးရွှေရိုး ဒေါ်မိုးအက ထည့်ကြမယ်လို့ သတင်းကြားရပြန်တယ်။

အငြိမ့်မင်းသမီးနေရာက ကျွန်မကို ဇွတ်ထည့်ကြတော့မှာမို့ စိတ်ညစ်ညစ်နဲ့ ကရဦးမှာပေါ့လေ။ဘယ်တတ်နိုင်ပါ့မလဲ ကိုယ်ကတာကိုက လှနေတာကိုး။

သင်တန်းအရောက် ထင်တဲ့အတိုင်းပါပဲ။သင်တန်းက့ စာရေးအစ်မက ကျွန်မကို လာပြောတယ်။

moon poem ဒီနှစ်လည်း အက ကမယ်မဟုတ်လား။နင်နဲ့ အဆင်ပြေမယ့် နေရာ တွေ့ထားတယ်။

ဟုတ်ကဲ့ အစ်မကျွန်တော်လည်း သိထားပါတယ်။အငြိမ့်ကကြ မလို့ဆို။

အေး ဟုတ်တ
်။ဒါပေမယ့် နင့်ကို ကခိုင်းစေချင်တာ အဲဟာမဟုတ်ဘူး။ဦးရွှေရိုး ဒေါ်မိုးကမယ့် အကမှာ နင့်ကို ဦးရွှေရိုး နေရာကနေ ကစေချင်တာ။ နင်က အရပ်ကလန်ကလားနဲ့ နင်ကနေကြ အတိုင်းသာ က ရယ်ရမှာ။နင်ကမယ်ဆိုရင် ဒေါ်မိုးနေရာကိုတော့ ကောင်လေးတစ်ယောက်ရှာထားလိုက်မယ်တဲ့။

ကြည့် request လုပ်ပြီးကို ကခိုင်းကြတာ။အဲဒီနှစ်က ကျွန်မနာမည်ကြီးပြီး ပရိတ်သတ် မနိုင်မှာစိုးလို့ မက ဖြစ်ခဲ့ပါဘူး။

ဒါပေသိ ခုနကတည်းက ပြောပြီးပါရောလား။ကျွန်မက အကနဲ့ ပတ်သတ်ရင် လှလှပပ မဟုတ်ပေမယ့် ကတတ်ပါတယ်ဆို။

moonpoem

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)