အနာဂတ်ကလူငယ်တွေရဲ ့လက်ထဲမှာ

Sine SantMay 26, 20141min30633

တိုင်းပြည်တစ်ခုရဲ ့အနာဂတ်ဟာ
လူငယ်တွေလက်ထဲမှာပဲရှိတာပါ ။
ဒါကို လက် ရှိဦးဆောင် ဦးရွက်ပြုနေတဲ ့
လူကြီးတွေအ နေ နဲ ့မသိတာလား ။
ဂရုမစိုက်တာလား ဒါမှမဟုတ် နင် တို ့
ငယ်ပါသေးတယ်ကွာ ဆိုပြီးအထင် သေး
တဲ့စိတ်နဲ ့နေရာဖယ် မ ပေးချင် ကြတာလား။
အခု လက် ရှိလူငယ်တစ်ဦးအ နေနဲ ့ခံစား
နေရတာကို ဖွင့်ပြပါရ စေ ။ 😆

ဘာသာရေးဘက်ကကြည့်မယ်ဆိုရင်
ဘုရားကျောင်းကန်သွားတာတောင် က လေး
တွေကိုရှုပ်တယ်ဆိုပြီးခေါ်မသွားကြဘူး ။
ဒီလိုလစ်လျူရှု ထားတဲ့အတွက် က လေး
တစ်ယောက် အ နေနဲ သူ ့ရဲ ့လေ့လာစူး
စမ်းခွင့်ကိုပိတ်ပင် ခံလိုက် ရတယ် ။ :buu:
ဘာသာတရားဘက်မှာအသိနောက်ကျ
ခဲ့ရတယ် ။ ကြာလာတော့ ဘုရားကျောင်း
ကန်ဆိုတာ က လေးတွေနဲ ့မဆိုင် သလို
သွားစရာမလိုတဲ ့နေရာတစ်ခုလို ထင် လာ
ခဲ့ကြတယ်။ ဒါ ဟာ ဗုဒ္ဓဘာသာ မိဘ တွေ
ရဲ ့အားနဲချက် တစ်ခု ပဲ ။ က လေးတွေကြီး
လာရင် သူ ့အလိုလိုတတ်လာလိမ့်မယ် ၊
သိလာလိမ့်မယ်လို ့ယူဆထားကြတယ် ။
ငယ်ငယ်ကတည်းကအ ခြေခံတောင် ရှိ
မလာမှတော့ ဒီက လေးတွေစိတ်ထဲမှာ
ဘာသာရေးဆိုတာကိုပေါ့ပေါ့ပဲသ ဘော
ထားလာကြတယ် ။နောင် တချိန် အိမ်
ထောင် ပြုကြတဲ့အချ ိန်ကိုယ့်ဘာသာကို
တန်ဖိုးမထားတတ်တော့အလွယ်တကူ
သူများဘာသာထဲရောက် သွားကြတယ်။
အဲ့ချိန်ကြမှ လူကြီးမိဘ တွေ အ နေနဲ ့စိတ်ဆိုးဝမ်းနဲ နေလည်းဘာမှမထူးတော့
ဘူး ။ က လေးတွေရဲ ့နှလုံးသားမှာဘုရား
မတည်ခဲ့ကြလို ့ဒီလိုအဖြစ်တွေနဲ ့ရင် ဆိုင် ရ ၊အမျိုးပျောက်ကြရ မှာပဲ ။
လုလု တို ့ငယ်ငယ်တုန်းက
ဆို မူကြိုအရွယ်ကစပြီး sunday school
ဆိုတာကို sundayမနက်တိုင်းတက် ရ
တယ် ။ အသက်အရွယ်နဲ ့လိုက်ပြီ း
သင် တန်းအဆင့်ဆင့်မှာကျမ်းစာတွေ
ကိုလေ့လာရတယ် ။သင် ရတယ်။
ဘာသာရေးဘက်မှာလူငယ်တွေစိတ်ပါလာ
အောင် music သင် တန်းပေါင်းစုံကို ဖွင့်ထားပေးတယ် ။နောက်ဆုံးမတက်နိုင်
ရင် အခမဲ ့သင် ပေးတယ် ။
အဲ့သ လောက်ထိလူငယ်တွေကို စည်း
ရုံးခဲ့ကြတယ် ။ဒါ သူတို ့ရဲ ့လူငယ်တွေ
ကိုအ လေးထားတယ် ၊ ဘာသာတရား
တိုးတက်ဖို ့၊တည်တန် ့ဖို ့အတွက် လူ
ငယ်တွေကိုလက်ဆွဲခေါ်တယ် ။ 🙂
တကယ်အားကျ အတုယူစရာပါ ။
နောက် ပညာရေး မှာလည်း တချို ့မိဘ
တွေအ နေ နဲ ့ထောက်ပံ့မှုအားနဲတာ
တွေရှိတယ် ။ငွေကြေးအဆင် မ ပြေတာ
တော့ မ ပြောလိုပါဘူး ။ မိဘတိုင်းတော့
ကိုယ့်က လေးကို ပညာတတ်ကြီးပဲဖြစ်
စေချင် မှာပါ ။ ဒါမဲ့ငွေကြေးထောက်ပံ့ရုံ
နဲ ့တော့ပညာတတ်ဖြစ်လာမှာမဟုတ်ပါ
ဘူး ။ နွေးထွေးမှု ကြင် နာဂရုစိုက် မှုတွေ
နောက် ကိုယ့်က လေးနဲ ့သူငယ်ချင်းလို
ညီအစ်ကိုမောင် နှမလို နေ ပေးပြီ်း သူ ့
ရင် ထဲမှာခံစားနေရတာတွေကို ပွင့်ပွင့်
လင်းလင်းထုတ်ဖော် ပြောပိုင် ခွင့် တွေ
ကိုပေးသင့်ပါတယ် ။ သူတို ့လေးတွေ
ပြောတာကိုလည်းသေချာနားထောင် ပေး
ဖို ့တော့လိုပါတယ် ။
အခုလပိုင်းမှာ တော့ လမ်း တွေ ၊ အထင် ကရ နေရာတွေမှာ ” ဘက်စုံထူးချွန်သောလူငယ်များကိုလှိုက်လှဲစွာကြိုဆိုပါ၏ ” ဆိုတဲ့ဆိုင်းဘုတ် တွေကိုတွေ့
လာရပါတယ် ။ ကင်းထောက်တွေလို့ ့လည်းခေါ်ကြပါ တယ် ။ တစ်နိုင် ငံလုံးမှာရှိတဲ့ထူးချွန်တဲ့က လေးတွေဖြစ်ပါတယ်။
နိုင် ငံတော် ရဲ ့စရိတ်နဲ ့မြန်မာတစ်နိုင် ငံ
လုံးမှာရှိတဲ့စက် ရုံအလုပ် ရုံ တွေကို သွားရောက် လေ့လာခွင့်ရကြပါတယ်။
လုလုတို ့စက် ရုံကိုတောင် ရောက်လာ
ကြပါတယ် ။ Express ကားငါးစီးန ဲ့ ့အပြည့် ရောက်လာကြတာပါ ။ ဆရာ ၊
ဆရာမ တွေ ရော ။ကျန်းမာရေး ဝန်ထမ်း
ကအစလိုက်ပါခဲ့ကြပါတယ် ။ လုလုတို ့
ခေတ်တုန်းက တော့ အ မှောင် ချခံထား
ရတဲ့အတွက် ဒီလိုမျိုးတွေကို မသိခဲ့ဘူး
မကြားဖူးခဲ့ပါဘူး။ဒါဝမ်းသာစရာပါ သမ္မတ
ကြီးကိုကျေးဇူးတင် ပါတယ် ။
နိုင် ငံရေးမှာတော့ အခုခေတ်အတုယူ
စရာတော့ခက် ရှားရှားလို ့ထင် ပါတယ် ။
ဦးရာလူ နိုင် ရာစားဘဝဖြစ်နေတဲ့အတွက်
ကိုယ်ကျိုးစွန် ့အနစ်နာခံရတဲ့သူက ပြနါ
တောင် နလံမထူနိုင် အောင် ခံစားကြရ
ပါတယ် ။ ဒါ နိုင် ငံရေးနဲ ့ပတ်သက်တော့
လုလုသိပ်နားမလည်တဲ့အတွက် မ ပြော
တော့ပါဘူး ။ ဘယ် နေရာဖြစ်ဖြစ် လူငယ်
တွေအ နေနဲ ့လုပ်ပိုင် ခွင့် တွေ ရပိုင် ခွင့်
တွေတော့ ရှိသင့်ပါတယ် ။ နိုင် ငံရေး မ ပြော နဲ ့အလုပ်ခွင် ထဲမှာတောင် လက်တွေ ့ရင် ဆိုင် နေရတဲ့အ ခြေအ နေ ကို လူငယ် တွေအ နေ နဲ့တင်ပြခွင့် ပြောဆို
ခွင့်မရှိပါဘူး ။တယူတန် ၊ငါတတ်ငါသိ
တဲ့အထက် လူကြီးတွေ နဲ ့တွေ ့ရင် ပို တောင် ဆိုးပါသေးတယ် ။
လုလုပြောချင် တာက လူငယ် တွေရဲ ့
စိတ် မှာ ဖြစ်ချင် တာ တွေ လုပ်ချင် တာ
တွေ စိတ်ကူးအိမ်မက် တွေအများကြီး
ရှိကြပါတယ် ။ ကိုယ်ဖြစ်ချင် တာလေးကို
တွေးနေရ ရင် ကို ပျော် ရွှင် ကြည်နူးရပါ
တယ် ။ဒါ တော့ လုလု ကိုယ်တိုင် ခံစား
ရတာပါ ။ လူကြီးတွေမတတ်နိုင် တော့
တဲ့တ နေ ့ကြရင် နိုင် ငံရေး ၊ဘာသာရေး
၊လူမျိုးရေးက အစ လူငယ်တွေရဲ ့လက်ထဲ
မှာပဲ ပုံအပ်ခဲ့ရမှာပါ ။ ဒီတော့ အခု ချိန်မှာ
လူငယ်တွေကို လက်တွဲခေါ်သင့်ပါပြီ ။
လစ်လျူရှုနေရမယ့်အချိန်မဟုတ်တော့ပါဘူး
လုလုတို ့လည်းကိုယ့်ထက်ငယ်တဲ့
က လေးတွေကို လက်တွဲခေါ် ရမှာပါပဲ ။
ဒီစာရေးလိုက်လို ့လုလု ဟာလူကြီးတွေ
ကို စော်ကားတာ မဟုတ်ပါဘူး ။
ကိုယ်တိုင် ခံစားခဲ့ရ တော့ နောက်လာမယ့်
မျိုးဆက် လူငယ်တွေကိုယ့်လိုဘဝကို
မခံစားစေချင် ဘူး ။ မ ရောက်စေချင် ဘူး ။့
ကိုယ့်မိဘ တွေလို လည်းနောက် မိဘ ဖြစ်လာမယ့်သူတွေကို
မဖြစ်စေချင် ဘူး။ ဒါမိဘ ကိုစော်ကားတာမဟုတ်ပါဘူး ကိုယ့်မိဘ
တွေကိုအားမရနိုင် တာ ။ လုလုမိဘ တွေကို ဒီထက်မကသိ စေ
ချင် တယ် ။ သားသမီးတွေရဲ ့စိတ်ကို အကဲခက်တတ်တဲ့ မိဘမျိုး
နားလည်ပေးတတ်တဲ့မိဘမျိုးဖြစ်စေချင် တာ ။ ကိုယ်ဖြစ်စေချင် သ
လိုဖြစ်မလာတော့ အားမရဘူး ပေါ့ ။
ဒါ လုလု လည်းလူငယ်တစ်ယောက်ဖြစ်တဲ့ အတွက် လူငယ်
တွေဘက် က ခံစားပြီးရေးလိုက်တာပါ ။နောင် တချိန် လုလု လူကြီး
ဖြစ်ခဲ့ရင် လည်းလူကြီးဘက် ကခံစားပြီးရေးပါဦးမယ် ။
:mrgreen:

lulu
တောင် ကြီး
26,5,2014,9:20 PM

33 comments

  • ကေဇီ

    May 26, 2014 at 9:25 pm

    လူဂျီး ဆိုတာ တခါတုန်းက ကလေးပါပဲ။
    ခက်တာက အသက်ကြီးသွားနဲ့ အမျှ ကလေး တုန်း က အတွေးတွေက ပျောက်ပျောက်ပြီး ကလေး နေရာက မခံစားတတ်တော့တာ ခက်တယ်။

    😀

  • ROssI

    May 26, 2014 at 9:31 pm

    ကျော်တို့လို ဇဂေါဇဂ တေကိုရော …ဘူ တာဝန်ယူသင်ပေးမှာယဲ ဟင်င်င်င်

    :mrgreen:

    • lu lu

      May 27, 2014 at 6:27 am

      အလယ်အလတ် လမ်းလယ်မှာရောက်နေတဲ့သူဆိုတော့
      ကိုယ့်အားကိုယ်ကိုးရပြီပေါ့ ဒီလိုအရွယ် ဆို ဘူးးမှသင် ပေးလည်းရမှာဟုတ်ဘူး
      ကိုယ်လုပ်ချင် တာလုပ်မယ့်အရွယ် လေ အဟိ
      😀

  • lu lu

    May 26, 2014 at 9:32 pm

    ဟိုက် 🙂
    မြန်လှချည် လား အဲ ဟုတ်ဘူး မှန်လှချည် လား
    မဂျီးကေဇီ ရဲ ့ လုလု တို ့လည်းအခု လူငယ်မို ့လို ့ဒီစကား
    ပြောနိုင် တာပေါ့ ညှော် တော်ဘီ လူကြီးလုပ်တော့ဘူး
    😀

  • ဦးကြောင်ကြီး

    May 27, 2014 at 12:02 am

    လုလုလေး ဆိတ်ရှိသဗောရှိ ဦးကြောင်ကို ပယ်ပယ်နှယ်နှယ် အားရပါရ မီးကုန်ယမ်းကုန် ပဝါမကူ ရေမရှုစတမ်း စော်ကားနိုင်ပါတယ်။

    မှက်ချက်- ရဲတိုင်မြည်အဟုတ်ပါ။ ရှလွတ်…

  • naywoon ni

    May 27, 2014 at 1:10 am

    အနာဂါတ်​က လူငယ်​ ​တွေရဲ့ လက်​ထဲမှာ ဆိုတာက​တော့ ဟုတ်​ပါပြီ ။ ကိုယ်​လိုချင်​တဲ့ အနာဂါတ်​ကို စိတ်​ကူးထဲမှာ အရင်​ပုံ​ဖော်​ကြည်​့လိုက်​ဦး ။ အဲ့ ကိုယ်​့စိတ်​ကူးထဲမှာ လိုချင်​တဲ့ အနာဂါတ်​ပုံစံကို ​ဖော်​​ဆောင်​​ပေးမဲ့ လူငယ်​​တွေကို ဘယ်​သူက ဘယ်​လို​မွေးထုတ်​​ပေးမလဲ အဲ့ဒါက အ​ရေးအကြီးဆုံးပဲ ။ ကိုယ်​လိုချင်​တဲ့ အနာဂါတ်​ကို​တောင်​ ပီပီပြင်​ပြင်​ မသိပဲနဲ့ လူငယ်​​တွေကို ဓာတ်​ခွဲခန်​းထဲ ထည်​့ပြီး စမ်​သပ်​သလိုလုပ်​​နေမယ်​ဆိုရင်​ဖြင်​့ ဘာမှမလုပ်​တာက ပို​ကောင်​းမလားလို့ပါ ။

    • lu lu

      May 27, 2014 at 6:23 am

      ဟုတ် မှန်ပါတယ်
      လူကြီးတွေတောင် မှုန်ဝါးဝါးဖြစ်နေတဲ့အချိန်
      လူငယ်တွေက ယောင် ဝါးဝါး ဖြစ်နေတာမဆန်းပါဘူး
      လူငယ်တွေစာမဖတ်ကြဘူးလို ့စွပ်စွဲ နေမယ်အစား တံခါးတွေကိုပိတ်မထား ကြပါနဲ ့
      လို ့တော့ပြောချင် ပါတယ် ,လုလုတို ့နိုင် ငံကလူကြီးတွေလည်းစာမဖတ်အားကြပါဘူး
      စားဝတ်နေ ရေးအတွက် ရုန်းကန်နေရလို ့ပါ ။ ကိုယ်မလုပ်နိုင် တာမလုပ်ခဲ့ရတာကိုတော့
      လူငယ်တွေကိုလုပ်ခွင့်ပေးလိုက်တာကောင်းပါတယ် ။
      ဘာမှမလုပ်ပဲနေမယ် ၊ ထားခဲ့မယ်ဆိုရင် တော့ဘာမှဖြစ်လာမှာ
      မဟုတ်ပါဘူး ။
      😆

  • အင်း ဒီပို.စ်လေးဖတ်ရတော့ ကျုပ်မန်းလေးမှာနေတုန်းက အဖြစ်လေးသွားသတိရမိတယ်..
    လမ်း ၈ဝ ၁၄ကျောင်းနားမှာပေါ့ဗျာ.. ကျုပ် ဆိုင်ကယ်မောင်းလာတာ.. အဲဒါ လမ်းလယ်ခေါင်မကျတကျမှာ အသက်ကြီးကြီး ဦးလေးကြီးနှစ်ယောက် ဆိုင်ကယ်ရပ်ပြီး စကားပြောနေတာ… ဟိုဘက်ကလဲ ကားလာနေတော့ ကျုပ် ရှောင်ရင် အန္တရာယ်များတာပေါ့ဗျာ… ဒါနဲ.ကျုပ်လဲ စိတ်တိုပြီး အဲဒီလူကြီးတွေကို ခင်ဗျားတို.နှယ့်ဗျာ.. လမ်းဘေးလေးကပ်ရပ်တော့ဘာဖြစ်မှာတုန်းလို.ပြောလိုက်မိပါတယ်.. အမလေးလေး.. မင်းကဘာကောင်လဲ လူကြီးကိုလူကြီးမှန်းမသိ မိမဆုံးမဖမဆုံးမ အိုးစုံလို. အပြောခံလိုက်ရတယ်… ကျုပ်လဲစိတ်ဆိုးပြီး ရန်တွေ.မယ်လုပ်တော့ ဘေးကသူငယ်ချင်းက ဆွဲလို. အဆဲခံပြီး ပြန်လာခဲ့ရတယ်…
    ကဲကဲ အဲဒါသာကြည့်တော့ဗျာ… လူကြီးလူကြီးမှန်းမသိအောင် ဘယ်သူကလုပ်တာလဲ… လူငယ်က မှန်နေပေမယ့်. လူကြီးဆိုပြီး နိုင်ထက်စီးနင်း သူလုပ်တာအမှန်ဆိုပြီး အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီးတွေ အများကြီးနောာာာာာာာာာာ…
    ဟိုစကားလဲရှိတယ်မို.လား လူကြီးမှားတော့ ဆောတီး ကလေးမှားတော့ ဗျောတီးဆိုတာ…
    အဲအဲ တစ်ချို.လူကြီးတွေကတော့ နေရာပေးကြပါတယ်ဗျာ… သူတို.မလုပ်နိုင်တဲ့နေရာတွေလေ…. ပစ္စည်းသယ်တို.၊ ဟိုပြေးဒီပြေးတို. …………..
    အင်းဒီလောက်ပဲဗျာ.. ဆက်ပြောရင် ရွှေတိုက်လွန်ရာကျမယ်….

    ဒါနဲ. ပို.စ်ပိုင်ရှင်ရေ ဟာသပါနော.. အနာကပ်ဆိုတော့ လူငယ်တွေရဲ.လက်ထဲမှာရှိပါတယ်…ဗျာ.. ဘာလုပ်ဖို.လဲဆိုတော့ လူကြီးတွေ စော်ပလော်တီးရင် ကပ်ဖို.ပါ….ဟဟဟဟဟဟ

    • ဒီမယ် မိ တိုက် နင် က ဘယ် တော့ မှ လူ ကြီး ဖြစ ်မယ့် ကောင် မ ဟုတ် ဘူး

      ဘာ လို့ လဲ ဆို တာ သိ ချင ်ရင် မန်းလေး လာေ တာ့ ပြော ပြ မယ်

      • ဟင်လေးပေါက် ဘာမှလဲဆိုင်ဘူး…. တိတ်တိတ်ကလေးမေးလ်ပို.ပြောလဲ ရသားနဲ.ဟာပဲ ဟာပဲ..
        တွေ.အုံးမယ်…. လေးပေါက်ကြီးတော့…

    • lu lu

      May 27, 2014 at 5:01 pm

      မှန်လိုက်လေခြင်း ပေါ့
      ကိုရွှေတိုက်ရေ ဒီလို လူကြီးတွေကို ဘူဒိုဇာ နဲ ့ကော်ပြီးရွာပြင် ထုတ်ပစ်သင့်
      တယ် နို ့မို ့ အခြားလူကြီးသူကြီး တွေသိက္ခာ ကျ စရာရှိတယ် နော့
      လုလု တို ့လူငယ်တွေဘဝက ဆုတ်လည်းစူးစားလည်းရူး နေရပါတယ်
      ဟုတ်မှန်တာပြောရင် လူကြီးကို ပြန်ခံပြောတယ်တဲ့
      ပြန်မ ပြောတော့လည်း မခန် ့လေးစားလုပ်တယ်ဖြစ်ရော
      ဒီတော့ လူငယ်တွေလိမ်တတ်လာတာ လူကြီးတွေ ကြောင့်လို ့ထင် တယ်
      အမှန်ပြောရင် မကြိုက် ၊ လိမ် ရင် ရိုက်ခံရ တယ်
      အ သေချာဆုံးက အနာကပ် တွေ ဆောင် ထားလိုက်ဖို ့ပါပဲ
      😀

      • snow smile

        May 27, 2014 at 10:43 pm

        ပိုစ် ကို မန် ့ မ လို ့ ဝင် လာ ရင်း က နေ
        ပိုစ် ့ ထက် ကွန် မန် ့ ကို ပို စိတ် ဝင် စား လာ လို ့
        လု လု က ခု မှ ဝင် လာ သူ ဆို ပေ မဲ့
        မွ ပြုံး တို ့ ထက် ပို အ မြင် စူး ရှ တယ် နော်
        ”ဒီ လို လူ ကြီး တွေ ကို ဘူ ဒို ဇာ နဲ့ ကော် ပြီး ရွာ ပြင် ထုတ် ပစ်
        သင့် တယ် နို ့ မို ့ အ ခြား လူ ကြီး သူ ကြီး တွေ သိ ကာ္ခ ကျ စ ရာ ရှိ
        တယ် တဲ့ လား”
        ” ဒီ လို လူ ကြီး တွေ က ဘယ် သူ တွေ လဲ ? ”
        လုပ် စမ်း ပါ အုန်း နာ မည် လေး တွေ တ ဆိတ် လောက်
        ‘တွေ ‘ဆို တော့ တစ် ယောက် မ က ဘူး ပေါ့
        ကျား လား မ လား
        ကျား ရော မ ရော လား
        ကိုယ် က လဲ လူ ကြီး အ ရွယ် ရောက် နေ ပြီ ဆို တော့ လေ
        တိ တိ ကျ ကျ သိ ချင် ပါ တယ်

        • lu lu

          May 28, 2014 at 5:54 am

          လုလု ပြောချင် တဲ့ဒီလိုလူကြီးတွေ ဆိုတာ အသက်သာကြီးသွားပြီး အသိဉာဏ်
          မရင့်ကျက်တဲ့သူ ၊ ရိုသေတန်အောင် မ နေတဲ့လူကြီး ။ လုလု အားကျရ လောက်တဲ့
          လူကြီးတွေလည်းအများကြီးရှိပါတယ် ။ အလုပ်ခွင် ထဲရောက်နေပြီဖြစ်တဲ့အတွက်
          လူကြီးအမျိုးအစားအများကြီးကိုရင် ဆိုင် ဆက်ဆံနေရပါပြီ ။ တချို ့အထက်လူကြီး
          တွေဆိုရင် ကိုယ်ကဘယ်လောက်ကောင်းအောင် လုပ်ပါစေ အမြဲအပြစ်မြင် ပြီးပြော
          ချင် နေတယ် သူ ့ဆွေမျိုးနီးစပ် ရာကိုပိုမျက်နှသာပေးတယ် အလုပ်ခွင် ထဲမှာမျက်နှာ
          လိုက်တယ် ။ နောက် ရှိသေးတယ် ကိုယ် ရာထူးတက်ချင် တာနဲ ့တခြားသူတွေကို
          ရစရာမရှိအောင် ဖိနှိပ်ပြောပြီး ရွံစရာကောင်းတဲ့စိတ်ဓာတ်နဲ့ ့အ ့ပေါ်တက်ထိုင် နေတဲ့
          လူကြီးလည်း ရှိတယ် ။ ဒီလိုမ ကောင်းတဲ့လူကြီးတွေကြော င့် လုလုလေးစား အားကျရ
          တဲ့လူကြီးတွေပါ သိမ်းကြုံးပြောခံနေရ လို ့ ဘူဒိုဇာနဲ ့ကော်ထုတ်ပစ်ချင် တယ်လို ့
          ပြောတာပါ လွန်ဒါရှိ ရင် တောင်းပန်ပါတယ် ,

      • ဟယ်လုလုရယ်.. ညည်းနှယ့်အေ… လုပ်ချလိုက်ပြန်ပြီ…
        သများကို ထောက်ခံတာ လေးပေါက် Reply ကို ပြန်ဆော်သလိုဖြစ်နေဘီအေ့.. ဟေးဟေးဟေး..
        ဟိုလူကြီးတော့ စိတ်ဆိုးတော့မယ်….
        ညည်းပြောတဲ့ လူကြီးတွေဆိုတာတော့ ဟုတ်ပါတယ်.. သများ ကော့မန်.ကို ထောက်ခံတာ.. ဘူဒိုဇာနဲ. ရွာပြင်ထုတ်ဆိုတာကျတော့ ရွာထဲက လူကြီးတွေ ကို ရည်ညွှန်းသလိုဖြစ်နေပြီအေ့…
        ဒုက္ခခေါ… နာပါဘူးညှော်… ခိခိ…. ညည်းတော့ အပွတ်ခံရတော့မယ်…. ခစ်ခစ်…

        တကယ်ကလော်ထုတ်ချင်တယ်ဆိုရင်… သဂျီးအရင်ကလော်ထုတ်အေ… ဟေးဟေး..

        လေးပေါက် ဆိတ်ဆိုးနဲ.နော်… တိတ်တိတ်…. တူဂ မတိယို.ပါညှော် နော်ယေးပေါက် နော်..

        • lu lu

          May 28, 2014 at 12:09 pm

          ဟာာာာာ ဂျာာာာာ
          ကိုရွှေတိုက် ဂျီးပေါ မှပိုဆိုးနေဘီ
          အ နော် ကဘာလို ့ဒီရွာကလူကြီးတွေကိုကော်ထုတ် ရ မှာလဲ အဓိပ္ပာယ် မရှိတာဂျာ
          ဒီရွာမှာ လူကြီးလူငယ်အားလုံးက အတွေးအမြင် ကိုယ်စီနဲ ့လေးစားအားကျရ တဲ့စီနီယာ
          ကြီးတွေပဲဟာ ဒါကို မ လေးမစားလုပ် ရင် အ နော်ပဲ ရွာပြင် ထွက် ရလိမ့် မယ်ဂျ
          :buu:

  • Paing Lay

    May 27, 2014 at 1:54 pm

    ပြောရမယ်ဆိုရင်တော့ဗျာ ကျွန်တော်တို့ တိုင်းပြည်မှာ ဘက်မလိုက်စည်းလုံးမှုနဲ့ပတ်သက်ပြီး အရမ်းအားနည်းနေတယ်ဗျ။ နောက်တစ်မျိုးထပ်ပြောရမယ်ဆိုရင် ကျောသားရင်သားမခွဲခြားဘဲ သေဒဏ်ပေးတတ်တဲ့ ပြည်သူ့တရားရှင်ပေါင်ချိန်လို လူစားတော့ ရှိမယ်မထင်။ ရှိမှာပါ TV ဇာတ်လမ်းတွဲထဲမှာလေ 🙁

    • lu lu

      May 27, 2014 at 4:52 pm

      ကျောသားရင် သားမခွဲခြားဘဲခေါင်းဖြတ်သတ်မယ့် ပေါင် ချိန် သာရှိရင်
      သူအရင် အသတ်ခံရမှာဗျ ဒီလိုဖြောင့်မတ်တဲ့ လူတွေက တို ့နိုင် ငံမှာ နေလို ့မရဘူး
      နေမယ်ဆိုရင် တောင် လေးဖက်လေးတန် အုတ်တံတိုင်းကြားမှာပဲနေရလိမ့်မယ်
      🙁

  • black chaw

    May 27, 2014 at 1:57 pm

    ရော့…ဟောဒီမှာ အနာဂတ်…။
    သမီးတို့လက်ထဲကိုထည့်တယ်…ယူလိုက်တော့…။
    😀

    • lu lu

      May 27, 2014 at 4:47 pm

      ဦးဘလက် ပေးလိုက်တဲ့အနာဂတ်က သက်တမ်းကုန်နေလို ့
      မီးး ဆီကို မ ရောက်ဘူးတော့ ။ လေ ပေါ်မှာတင် ပိတ်ပင် ခံထားရတယ် ထင့်
      😆

  • kai

    May 27, 2014 at 3:39 pm

    စကားလုံးတွေဆီမှာရှိပါတယ်..
    မောင်.. ကို.. ဦး.. ဗိုလ်.. အရှင်.. ဘုရား..
    မ..ဒေါ်…
    စသဖြင့်.. လူုတွေကို..အသက်တန်းအလိုက်.. အမည်အခေါ်အဝေါ်တွေ..ထားတဲ့အပေါ်မှာ..( မြန်မာတွေရဲ့.. ယဉ်ကျေးမှုမျက်နှာဖုံးတပ်ပြီး.. )အသက်အလိုက်အဆင့်အတန်းခွဲ.. ဆက်ဆံမှုအမြုတေက.. ရှိနေပါတယ်…။

    အဲဒါကိုပြင်နိုင်တဲ့နေ့မှ… ရမယ်ထင်.. :mrgreen:

    • lu lu

      May 27, 2014 at 4:44 pm

      သူဂျီး ရေ အဲ့ အသက်အလိုက်အဆင့်အတန်း ခွဲခြားတာကိုပြင် ပြီးမှ
      ရမယ် ဆိုရင် တော့ မီးတို ့ဒီတသက် မက နောက်အသက်တွေတောင် ရမှာ
      ဟုတ်ဘူးထင် တယ် နော်
      ( ဒီဘဝအတွက်တော့ ဝေးပြီကွယ် ) ပေါ့
      🙁

    • အရီးခင်

      May 27, 2014 at 11:38 pm

      ရှင့် စာရင်းမှာ “အရီး” ကျန်နေသေးတယ် သူကြီးမင်း ရဲ့။
      လက်စသတ်တော့။ ရှင်က ဒီလိုကိုး ။
      ဘာတုန်း။ ဒီတော့ ကျုပ် က နာမည် ပြောင်းရတော့မှာလား။ :angry:

  • alinsett (gazette)

    May 27, 2014 at 5:29 pm

    ကဲ ကဲ
    လူကြီးတွေကို လူကြီးတွေနေရာမှာထားခဲ့လိုက်တော့
    ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီး
    ကိုယ့်မျှော်လင့်ချက်ကို ကိုယ် ယုံကြည်
    ရဲရဲဝံ့ဝံ့တည်ဆောက်
    ကိုယ်လမ်းကိုယ်ဖောက် ကိုယ့်ခြေနဲ့ကိုယ်လျှောက်
    ကိုယ်ပြောင်းလဲမပေးနိုင်တာတွေကို မျက်နှာလွှဲလိုက်ပြီး
    ကိုယ်ပြောင်းလဲနိုင်တာတွေကို အကောင်းဘက် ရအောင်သာပြောင်း
    ဘယ်သူမကောင်းကောင်း
    ကိုယ့်ခေါင်းမရွေ ့နဲ့
    ကိုယ်တိုင်သာ ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်မို့. . .

    ဟဲဟဲ

    ဝင်ဆုံးမတာ. . .

    :mrgreen:

    • lu lu

      May 27, 2014 at 10:09 pm

      ဆက်ဆက်စကားနှစ်နဲ ့စားပြီးကျန်တဲ့အကြွင်းကိုယူသွားပါတယ်
      စိတ်ဆိုးနဲ ့
      😀

    • အောင်မာ အဆက်မ ဒါဆို လူကြီးတွေ မပါပဲ ကိုယ်ကံကြမ္မာကို ဖန်းတီးမယ်ဆို မိဘသဘောမတူတဲ့ နီ ဒေါ်ဖွားမေကြီး ခိုးပြေးပါလားအေ…. ဟွန်. ဟိုက အမွေတောင်ဖြတ်လိုက်လိမ့်အုံးမယ်.. ဟိဟိ

      • alinsett (gazette)

        May 28, 2014 at 12:52 pm

        ဒေါ်ဖွားကို ဦးကြောင်နဲ့ ပေး စားမည်။
        ဒေါ်ဖွားမေက ဦးကြောင်ကို ဆားချဉ်သီတဲ့ ။
        ———
        :mrgreen:

        အယူအဆနဲ့ ပုဂိ္ဂုလ်ရေးရာ ခံစားချက်ကို
        ကွဲကွဲပြားပြား ပြောစေချင်တယ် လို့

        ရောထွေးပြောကြလည်း ဘာမှတော့ မဖြစ်ပါဘူး
        ကျနော်ကတော့ မကြည့်ချင် ဟိုဘက်လှည့်နေလိုက်မယ်
        လောလောဆယ် အဲဒီနည်းနဲ့နေတယ်
        :kwi:

  • naywoon ni

    May 27, 2014 at 5:31 pm

    ခုမှ သတိရလို့ထပ်​​ပြောလိုက်​ဦးမယ်​ ။ ကိုယ်​လိုချင်​တဲ့ အနာဂါတ်​ကို ရ​အောင်​ လူငယ်​​တွေကို ပဲ့ပြင်​ ထိန်​း​ကျောင်​း ​ပေး​နေတာဆိုလို့ ဗမာပြည်​မှာ ဆရာကြီး ဦး​အောင်​သင်​း တစ်​​ယောက်​ပဲ ​တွေ့ဖူး​သေး ။ သူလိုချင်​တဲ့ အနာဂါတ်​က်​ို ရ​အောင်​ လူငယ်​​တွေ ဒီလို​နေ ဒီ လိုထိုင်​ ဒီလို​တွေး ရဲရဲ ချပြရဲတာ​ပြောတာ ။ ကျန်​တာ​တွေက​တော့ ​ကောင်​းနိုးရာရာ စမ်​းသပ်​​နေတယ်​လို့ပဲ မြင်​တယ်​ ။

  • Mr. MarGa

    May 27, 2014 at 9:40 pm

    အင်း…
    နေဦးဗျ ကျုပ်အမြင်လေးကို ပြန်ယူလာတယ်။
    http://myanmargazette.net/191014

    ဆိုတော့
    လူငယ်တွေဆီကို အနာဂတ် လက်ဆင့်ကမ်းဖို့ ပြောတာကတော့ ဟုတ်ပါရဲ့ လက်ဆင့်ကမ်းလောက်တဲ့အဆင့်ထိ ရောက်အောင်ရော ကိုယ်တွေက ကြိုးစားပြီးပလား အဲ့ဒါပြန်တွေးမိတယ်
    ပြီးတော့ စကားမစပ်ပေါ့ဗျာ
    အလွန့်အလွန် အလွန့်အလွန် လက်ပေါက်ကပ်တဲ့လူကြီးတွေဆိုရင်
    ပြန်ပြောနေမယ့်အစား ရင်ဘတ်ထဲရောက်အောင်ကြည့်ဖို့လေးလည်း ကြိုးစားကြည့်ပါလား လို့ 🙂

  • lu lu

    May 27, 2014 at 10:33 pm

    သကြား ညွှန်းလိုက်တဲ့ပို ့စ်ကို ဖတ်ခဲ့ပါပြီ ပြောကြ ရေးထားကြတာ အရမ်း
    ကိုစုံ လင် ပါတယ် ။

    ” လူငယ်တွေမှာ အားမာန်တွေရှိပါတယ်။ တောက်ပတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။
    လူကြီးတွေမှာ အတွေ့အကြုံတွေရှိပါတယ်။ ဘဝသင်ခန်းစာတွေရှိပါတယ်။ ”
    လူကြီးနဲ ့လူငယ် တွေ မှာ လိုအပ်နေတာတွေကို အချင်းချင်းဖြည့်စွတ်ပြီး လက်တွဲသွား
    မယ် ဆိုရင် ကိုယ်လိုချင် တဲ့ ပန်းတိုင်းကို တ နေ ့တော့ရောက် နိုင် မှာပါ ။
    မြန်မာစကားပုံ လို ပေါ့ ” ရှေ့ဆောင် နွားလားဖြောင့်ဖြောင့်သွားမှ နောက် နွားတရှဥ့်ဖြောင့်
    ဖြောင့်လိုက် မည် ” သည်အတိုင်းပဲဖြစ်မှာပါ ။
    :buu:

  • အရီးခင်

    May 27, 2014 at 11:52 pm

    လူကြီးထဲမှာ လူကြီး အဆင့်မမှီ တဲ့ လူကြီးတွေရှိသလို လူကြီးပီသတဲ့ လူကြီးတွေရှိပါတယ်။
    ကလေးထဲ မှာလဲ လူကြီးထက်ပိုပြီး ရင့်ကျက်တဲ့ ကလေးတွေရှိသလို လူကြီးဘယ်တော့မှမဖြစ်မဲ့ ကလေးတွေ ရှိပါတယ်။
    ဒီတော့ အစွန်းမထွက်တဲ့ အမြင်လေး တွေ ၂ဦး ၂ဖက် ရှိဖို့လိုမယ်။
    မဟုတ်ရင် လူကြီး အဆင့်မမှီ တဲ့ လူကြီး နဲ့ လူကြီးဘယ်တော့မှမဖြစ်မဲ့ ကလေး တွေ တစ်ယောက် နဲ့ တစ်ယောက် အမြဲ အပြစ်ပြောနေကြလိမ့်မယ်။
    :-)))

    • snow smile

      May 28, 2014 at 5:34 am

      မှန် ပါ တယ် အ ရီး ရေ
      အဲ့ သ လို မျိုး ခွဲ ခြား မြင် တတ် တဲ့ အ သိ လေး
      ရှိ ဘို ့ အ ရေး ကြီး တာ ပါ

    • lu lu

      May 28, 2014 at 6:16 am

      လူကြီးအဆင့်မီတဲ့လူကြီးတစ်ယောက်ဖြစ်ချင် ပါတယ် ။
      လုလုတို ့ကမိသားစု ကံမ ကောင်းခဲ့ရတာပါ
      ဒါ အ ဖေစိတ်မရှိတဲ့ လူကြီးကြောင့် နွေးထွေးတဲ့ဘဝပြိုကွဲခဲ့ရတယ်
      ငယ်ငယ်ကတည်းက ရင် ဆိုင် ရတာဆိုတော့ လူဘုံအလယ်မှာ မျက်နှာမပြရဲလောက်
      အောင် ရှက် ရခဲ့တယ် အခုတော့ ဒါဟာ လောကဓံတရားပဲဆိုတာ နားလည်လက်ခံမိပါတယ်
      ဒါကြောင့် လူငယ်တစ်ယောက် အ နေနဲ ့လုလုလေးစားအားကျအတု ယူ ချင် စရာ
      လူကြီးတွေနဲ ့တွေ ့ကြုံချင် ပါတယ် , အခုတော့ ဆရာအောင် သင်းရဲ ့ကိုယ်ကျင့်နဲ ့ပညာ
      ဆိုတဲ့လူငယ်ပြုပြင် စာအုပ်ဖတ် ရင်းဗဟုသုတ ယူနေပါတယ် စာရေးဆရာတွေကိုလုလုလေးစား
      တယ် ကျေးဇူးတင် တယ် သူ တို ့ရေးတဲ့စာအုပ်တွေ ကြောင့် ဘဝကို ရင် ဆိုင် ဖို ့အားတွေ
      ရခဲ့တယ် ။
      လုလုကိုအားပေးထောက်ပြလမ်းပြ ပေးခဲ့တဲ့ အရီးခင် ၊ မကြီးနှင်းပြုံး တို ့လိုလူကြီးတွေနဲ ့အမြဲ
      တွေ ့ဆုံ ပြီးအကြံပေးဆုံးမစကားတွေကို နားထောင် ချင် ပါတယ် ။
      🙂

Leave a Reply