လွမ်းလို့ ပြန်လာပြီ

manawphyulayMay 27, 20141min26220

မင်္ဂလာပါရှင်

သဂျီးနဲ့ ရွာသူရွာသားများကို သတိရ လွမ်းဆွတ်သဖြင့် လမ်းကြုံ အဲ မျက်စိလည်ပြီး လွမ်းလို့ ပြန်လာတာပါ။ အားလုံးပဲ ဝမ်းသားအာရနဲ့ ကြိုဆိုနှုတ်ခွန်းဆက်ကြမယ်လို့ မျှော်လင့်နေမိပါတယ်။

နှစ်တွေ ဘယ်လောက်ကြာကြာ
စနစ်တွေ ဘယ်လိုပြောင်းပြောင်း
အသစ်တစ်ဖန် ပြန်လည် မျက်စိလည်လာတဲ့
မနောဖြူလေးကို
စိတ်ရင်းနဲ့ ကြိုဆိုပေးကြမယ်ထင်ပါတယ်ရှင်

မေတ္တာသည်သာ
ထာဝစဉ်မှာ အေးမြစိတ်ဝမ်း
ပျော်စရာလွှမ်းသည့်
ရင်တွင်းပီတိ
ခံစားမိသည်၊ ခံစားသည်…..

ပန်းတစ်ပွင့်ကို နွမ်းလို့
ပစ်ဖူးချင် ပစ်ဖူးမယ်
ရွာတစ်ရွာကို လွမ်းဖို့
ဘယ်သူက ချစ်ခဲ့ဖူးပါသလဲ
ပစ်ခဲ့တဲ့ပန်းကို
ဘယ်သူမှ သတိမရကြပေမယ့်
ဖြစ်ခဲ့တဲ့အလွမ်းကို
ဘယ်သူက မေ့နိုင်မှာလဲ?

အလွမ်းများစွာဖြင့်

မနောဖြူလေး

20 comments

  • ဦးကျောက်ခဲ

    May 27, 2014 at 11:25 am

    ကြိုဆိုပါတယ် မမနောဖြူရေ…
    လူစုံရင် အရင်လိုပြန်ငြင်းကြတာပေါ့… အဲဒါမှ ရွာစည်မှာ
    😀

    • manawphyulay

      August 30, 2014 at 2:43 pm

      ဟုတ်ကဲ့ပါ လေးလေးကျောက်..
      ဘယ်နေရာရောက်ရောက်
      ရွာကိုတော့ အမြဲသတိရလျှက်ပါရှင်…

  • surmi

    May 27, 2014 at 11:30 am

    စာများများရေး
    လေများများဖေါ
    ဒါမှ …… ဘွားသက်ရှည်မနော 🙂

  • တောတွင်းပျော်

    May 27, 2014 at 11:32 am

    အဟေး ဟေး!
    ရွှီး ရွှီး ရွှီး ( လက်ခေါက်မှုတ်သံ )
    ဖြောင်း ဖြောင်း ဖြောင်း ( လက်ခုပ်သံ )

  • ကေဇီ

    May 27, 2014 at 11:36 am

    ဝဲ လ ကမ်း ဘက် (ခ)

    :s:

  • ခင် ခ

    May 27, 2014 at 12:53 pm

    ရွာပြန်ခရီးမှာ ဘာလက်ဆောင်ပါသလဲ
    စာလက်ဆောင်တွေ ပါခဲ့တယ်ဆို
    ရေးသာရေးလှည့် ဖတ်မယ်ကွယ့်။

  • manawphyulay

    May 27, 2014 at 1:35 pm

    ကျုုပ်တို့ ရွာပဲ ကောင်းပါတယ်တော်။ မြို့က ပြန်လာတော့ ကားတွေ ကြပ်၊ လမ်းတွေပိတ်၊ မီးခိုးငွေ့၊ ဆေးလိပ်ငွေ့၊ စက်ရုံငွေ့တွေနဲ့ လူက မူးနောက်ပြီး ပြန်လာတော့ ရွာက ကိုရင်သာအေးတို့အတွက် ဘာမှ အမှတ်တရ မယူခဲ့ရဘူးရှင့်။

  • black chaw

    May 27, 2014 at 1:47 pm

    ပြန်လာတာ ဝမ်းသာတယ်…။
    ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်…။
    😀

  • kai

    May 27, 2014 at 3:04 pm

    ကျုပ်ညလ်း ပြန်လာပြီ…
    မီမိုရီရယ်ဒေးပိ်တ်ရက်.. ခရီးထွက်နေတာ…
    အဟီး..ဟမ်း..အဟွတ်.. ဟား.. :mrgreen:

  • ကူမားရ်

    May 27, 2014 at 5:04 pm

    မနေ့ ကပဲ ဂဇက်စာအုပ်လေး ပြန်ကြည့်မိလို့….တွေ့မြင်ရဖူးတဲ့..သူတွေကိုစဉ်းစား မိတော့…
    ငါ့ညီမပျောက်နေတာ..သတိထားမိ ရင်း ..မလာတာကြာပေါ့လို့ တွေးမိနေတာ….အ သက်ရှည်သီးမယ်..
    စာတွေပြန်ရေးနော…

  • naywoon ni

    May 27, 2014 at 5:56 pm

    ပြန်​လာပီ ဟုတ်​လား ဒီည မီးကင်​းအလှည်​့ကျတယ်​ ။ မ​စောင်​့နိုင်​ရင်​ ဆာမိ ကို နှစ်​​ထောင်​​ပေးပီး ငှား​စောင်​့ခိုင်​းလိုက်​ ။ 🙂 : P

  • TNA

    May 27, 2014 at 6:37 pm

    အရင်လို လူပြန်စည်လာတာ ဝမ်းသာစရာပါပဲ ကြိုဆိုပါတယ် မနောရေ

  • Mr. MarGa

    May 27, 2014 at 9:19 pm

    ပြန်လာပြီ..
    ပြန်လာပြီ..
    ရောက်ရောက်ချင်း သတင်းတစ်ခု ပေးပါမည်
    သဂျီးက ရွာကို မြို့ပြောင်းထားပါသည်။
    ထို့ကြောင့် ကားတော့ နည်းနည်းကျပ်ပါမည်
    အဟီးးး :mrgreenn:

  • အရီးခင်

    May 27, 2014 at 9:47 pm

    ရေချမ်းချမ်း လေး နဲ့ ဆီးကြိုပါတယ် မနော ရေ။ :-))))

  • ဝင့်ပြုံးမြင့်

    May 27, 2014 at 11:20 pm

    မနောပြန်လာပြီဆိုတော့ တအားဝမ်းသာတယ် ။ ဝဲ ကိုမီး ဟိုမီး ပါ မနောရေ။

    • manawphyulay

      June 2, 2014 at 10:36 am

      ဟုတ်ကဲ့ပါ မမ။ မနောလည်း သတိရနေပါတယ်ရှင်။

  • padonmar

    May 29, 2014 at 9:40 pm

    မနောရေ
    ဝမ်းသာလိုက်တာ။
    ဘာမုန့်မှ မပါလည်း ရတယ်။
    အမောပြေ လက်ဖက်ရည်ကြမ်းနဲ့ ထန်းလျက်ခဲကြွေးမယ်။
    ပြီးရင် ရွာ့ထမင်းဆိုင်မှာ အဝသွားစား။

    • manawphyulay

      August 30, 2014 at 2:54 pm

      အန်တီမာကော သတိရနေပါတယ်။ အလုပ်တွေဘက် လှည့်နေဖြစ်တော့ မဝင်ဖြစ်တာ အတော်ကြာခဲ့တာပါ။ ခုတော့ သတိရရင် တစ်ခေါက်တကျင်းလောက်တော့ ဝင်လာခဲ့ပါမယ်ရှင့်…
      ခုလို သတိရဖော်ရကြတဲ့ ရွာသူရွာသားအပေါင်းရဲ့စိတ်ဓာတ်လေးတွေကိုလည်း သိရတဲ့အတွက် အတိုင်းထက် အလွန် ဝမ်းသာမိပါတယ်ရှင်။

Leave a Reply