အခမဲ့ပညာရေးတဲ့လား

Ko chogyiMay 27, 20141min35247

ညနေပိုင်းအလုပ်ကအပြန် ရုပ်မြင်သံကြားအစီအစဉ်ကြည့်ရင်း တစ်နေ့တာ လုပ်ငန်းခွင်မှာ ပင်ပန်းသမျှကို အနားယူနေမိပါတယ်။

ဇာတ်လမ်းတွဲတစ်ခုအပြီး သတင်းကြေငြာလို့ ဆက်ကြည့်မိပါတယ်။ ကရင်ပြည်နယ် မှာ ပညာရေးစနစ်သစ်အစီအစဉ်အရ မူလတန်း၊ ကျောင်းလခနှင့် ကျောင်းသုံးစာအုပ် အခမဲ့ဖြစ်ပြီး၊ အလယ်တန်းကျောင်းလခအခမဲ့အဖြစ် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ပေးဝေခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးကိုလည်း ရုပ်သံအစီအစဉ်က မေးခွန်းတွေမေး၊ ဆရာမကြီးကလည်း ဘာကြေးညာကြေးတစ်ခုမှ မကောက်ခံပါဘူး လို့ပြန်ဖြေတယ်။

ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ နာမည်ကလည်းမှတ်မှတ်ရရပါပဲ မလွမ်းပိုတဲ့ တိုင်းရင်းသားသံ ဝဲဝဲလေးနဲ့ ကျောင်းစရိတ်အပြင် ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေ အခမဲ့ရလို့ မိဘတွေက ဝန်ထုပ်ဝန်ပိုးမဖြစ်ပဲ သား၊ သမီးတွေ ကျောင်းကိုလွှတ်နိုင်လို့ ဝမ်းသာမိပါတယ်တဲ့။

တစ်ချို့ဌာနတွေဆို ကျောင်းဝတ်စုံတွေ အခမဲ့ပေးဝေတာကြားမိလို့၊ မနှစ်က ကျွန်တော်တို့ ဌာနက ကျောင်းဝတ်စုံတွေ အခမဲ့ပေးတာ သားနှစ်ယောက်က ထွားလို့ ဝတ်မရအောင်သေးတာကို ပြန်တွေးပြီး ပြုံးမိလိုက်ပါတယ်။

ဪ ဒို့နိုင်ငံကြီးတိုးတက်လာပါပြီကော၊ လူကြီးမင်းတို့လဲ အပြောနဲ့အလုပ် တစ်ကယ်ဟုတ်ပြီလို့ ကြည်နူးပီတိဖြစ်မိပါတယ်။

“ အဖေကြီးရေ ဒီနေ့ကလေးတွေကျောင်းအပ်ရတာ ပိုက်ဆံတော်တော်ကုန်သွား တယ်” သာယာကြည်နူးစွာအပန်းဖြေနေတုန်း အိမ်သူသက်ထား ဇနီးမယားရဲ့စကား ကြောင့် ခုနက ကြည်နူးမှုတွေ လေအဟုန်မှာလွင့်ပါသွားသလို ဖြစ်ခဲ့ရတယ်။

“ ဘာကွ နိုင်ငံတော်က အခမဲ့ပညာရေးစနစ်နဲ့ ပြည်သူတွေ ဝန်ပေါ့အောင်လုပ်ပေး နေတာ ငါမသိဘူးမှတ်လို့လား၊ စာရင်းလာမတင်နဲ့၊ မရဘူးကွ” ရုပ်သံအစီအစဉ် အားကိုးနဲ့ အပီဟောက်ပစ်လိုက်တယ်။

“ အခမဲ့ဟုတ်လား၊ ကျောင်းလခမတောင်းဘူးမှန်တယ်၊ စာအုပ်ဖိုးတဲ့ ၄၀၀ဝ ပေးရတယ်၊ ကျောင်းလခနဲ့ ဘာကြေးညာကြေးမတောင်းပေမဲ့၊ ကျောင်းမှာ လိုအပ် နေတာတွေ လှူပါတဲ့၊ ပိုက်ဆံကောက်တယ်ပြောမှာစိုးလို့၊ ကိုယ့်ဘာသာ ဝယ်ပြီးလာပို့ ပေးရမှာတဲ့၊ သိရဲ့လား ရှင့်၊ ပြီးတော့ လစာတွေတိုးလို့တဲ့ ဆရာမတွေက ကျူရှင်ခ လည်း မနှစ်ကထက်ပိုတိုးသွားပြီ သိရဲ့လား ဟင်းးးးးးးးးးးးး” မဟေသီရဲ့ ခွန်းတုံ့ စကားကြားရတော့ ကျွန်တော်လည်း ရုပ်သံကိုယုံရမှာလား၊ မဟေသီကိုယုံ ရမှာလား?????????????? ဝေခွဲမရဖြစ်ရင်းအတွေးတွေ ချာချာလည်လို့ လာပါတော့တယ်။

“ ဖေကြီး ” “ကိုကိုက ပုံနှိပ်စာအုပ်တွေရလာတယ်၊ သားကျတော့မရသေးဘူး၊ သားကျူရှင်မှာ ဖတ်စရာစာအုပ်မရှိသေးဘူး” သားငယ်က ဆိုလာပြန်တယ်။

လာပြန်ပြီတစ်ယောက် “ မင်းအမေပြောတော့ စာအုပ်ဖိုးပေးခဲ့ရတယ်ဆို” “ဖေကြီး ကလည်း သားတို့အတန်းက လူဦးရေနဲ့ ကျောင်းကထုတ်ပေးတဲ့ စာအုပ်အရေအတွက် မလောက်လို့ ၃၁ ရက်နေ့ကျမှ ကျောင်းကို တစ်ခေါက်သွားပြီး မဲနိုက်ရဦးမှာ ဖေကြီးရဲ့၊ မဲမပေါက်ရင်အပြင်ကဝယ်ရမှာ” သားငယ်ရဲ့အဖြေစကားးးးးးးးးးးးးးးးးး

“ မင်းကလည်းကွာ၊ ငါကပုံနှိပ်တွေရလာပြီဆိုပေမယ့် စာအုပ်ကနှစ်မျိုးတောင်ကွ ၊ တစ်မျိုးက စာရွက်အချောနဲ့၊ တစ်မျိုးကအကြမ်းနဲ့ကွ ၊ ဆရာမကိုစာအုပ်တွေကူသယ် ပေးလို့ ငါ့ကို ချောတဲ့စာအုပ်တစ်အုပ်အပိုထည့်ပေးထားတယ် ဒီမှာကြည့် အချော ၅ အုပ်၊ အကြမ်း ၃ အုပ်ကွ” သားကြီးရဲ့ဆိုစကားးးးးးးးးးးးး

 

12စာအုပ် ၂ မျိုး

     အေးအေးလူလူအနားယူမယ်ရယ်လို့ ရုပ်သံအစီအစဉ်ကြည့်မိပါတယ်။ ရုပ်သံသတင်းက တစ်မျိုး၊ မဟေသီရဲ့စကားကတစ်ဖုံ၊ သားနှစ်ယောက်ရဲ့ ဆိုစကား တွေကို ပြန်လည်ကြားယောင်တွေးမိရင်း ခေါင်းတွေခြောက် အာရုံတွေနောက်ကာ စိတ်ကျန်းမာရေးဆေးရုံပြေးရမလို ဖြစ်သွားပါတော့တယ်။

–      လူကြီးမင်းတွေ ချမှတ်တဲ့ အစီအစဉ်က အောက်ခြေအထိမရောက်တာလား????

–      လူကြီးမင်းတွေ ကိုယ်တိုင်ရောက်တဲ့နေရာအထိပဲ သက်ရောက်တာလား?????

–      လူကြီးမင်းတွေက ပြည်သူကို မျက်လှည့်ပြနေတာလား????????

–      စာအုပ်က အချောတွေထုတ်ရင်း စာရွက်တွေကုန်သွားလို့ အကြမ်းတွေထပ်ထုတ် တာလား?????????

–      စာအုပ်တွေ အဆင့်ဆင့်သယ်ရင်း ခရီးကြမ်းလို့ ကြမ်းသွားတာလား??????

–      နိုင်ငံတော်ဘတ်ဂျတ်လိုငွေပြလို့ စရိတ်သက်သာအောင် ၂ မျိုးထုတ်တာလား???

–      လူကြီးမင်းတွေ ရောက်တဲ့နေရာမှာရော ဒီလိုမျိုးပဲလား၊ ငါတို့ဆီမှာပဲဖြစ်တာလား??????

–      ကျောင်းမှာ ဘာကြေးညာကြေးမကောက်ရဆိုလို့ ပိုက်ဆံမကောက်ဘူး၊ လိုအပ်တဲ့ ပစ်စည်းတွေဝယ်ပေးပါဆိုတော့ နိုင်ငံတော်က မပေးဘူးလား????

–      နိုင်ငံတော်က မပေးလို့ တောင်းရတာပါဆိုရင်လဲ အခမဲ့စနစ်ဆိုပြီးအသံကောင်းဟစ်မနေပါနဲ့လား?????

–      နိုင်ငံတော်က မပေးနိုင်ဘူးဆိုရင်လဲ ပြည်သူတွေဆီက ကောက်တဲ့အခွန်ငွေတွေ ဘယ်မှာသုံးမှာလဲ???????

–      ?????????????????

–      ?????????????????

–      ?????????????????

–      ?????????????????

–      ဪ ဒါ့ကြောင့်မို့လဲ ကျောင်းဖွင့်ရာသီဆိုတဲ့ စကားလုံးတွေကို မိဘတွေက အရမ်းကြောက်တာပါလားးးးးးးးးးးးးးးးးးးးးးး

သင့်တို့လည်း ကျွန်တော်လို့ အတွေးတွေပွားရင်တော့…………………….

အဖြေထွက်နိုင်မယ်ထင်ပါရဲ့လား။

47 comments

  • naywoon ni

    May 27, 2014 at 2:40 pm

    သူမို့ MRTV က လွှင်​့တဲ့သတင်​းကို ယုံ​နေတယ်​ ။ လိမ်​ဆင်​ကြီး ဆိုတာ က​လေး​တောင်​သိ​နေတဲ့ဟာကို ။

    • Ko chogyi

      May 27, 2014 at 5:27 pm

      တစ်ခါလောက်များ မှန်မလားလို့ပါ

  • Paing Lay

    May 27, 2014 at 3:19 pm

    ဒါကြောင့် သတင်းကြည့်ရင် MRTV ကိုမကြည့်တာ :mrgreen:

  • kyeemite

    May 27, 2014 at 3:24 pm

    – ?????????????????
    – ?????????????????
    – ?????????????????
    – ?????????????????
    မေးခွန်းတွေကများလှချည်လား ကိုရင်ချိုရယ် 😛
    စာအုပ်က၂ မျိုးထုတ်တာကိုတော့ အံ့ဩမိပါတယ်…အိမ်ရောက်မှ အငယ်ကောင်စာအုပ်တွေကြည့်ရအုံးမယ်
    ကျုပ်သားလည်း ဂရိတ် 10 တက်မှာဗျ….

  • kyeemite

    May 27, 2014 at 3:35 pm

    မွှားသွားလို့…ကျုပ်သားက GRADE 9 😀

  • ဦးကျောက်ခဲ

    May 27, 2014 at 3:38 pm

    အင်း… အနှီ ပူပင်သောက ဗျာပါဒ ဒုက္ခမှ ဒါရိုက်ဟစ် လွတ်သေးပေမည့်…
    နယ်ကိုပြောင်းသွားတဲ့ တူမတော် ၂ယောက်အတွက်တော့ စိတ်ပူမိသား…
    နိုင်ငံတော် လူကြီးမင်းတွေက အဆင့်ဆင့် လိမ်လာတာ…
    ပြည်သူတွေလည်း မုန့်ကြိုးလိမ်လို ဖြစ်ကုန်ပြီ…
    🙁

    • Ko chogyi

      May 27, 2014 at 5:30 pm

      ကြံကြိတ်သလို မဖြစ်ပါစေနဲ့ ဆုတောင်းရတော့မှာပေါ့

  • kai

    May 27, 2014 at 3:44 pm

    အဲလိုတွေ..အထောက်အထားနဲ့.. တင်ပါများရင်.. လူကြီးမင်းများ…
    .. ပြုတ်ကိန်း… မြင်တယ်.. မြင်တယ်.. :mrgreen:

    • Ko chogyi

      May 27, 2014 at 5:57 pm

      အင်းးးးးးးးးးးးးးးးးးးး

  • အော်ကိုချိုကြီးရေ.. ကျုပ်တော့ဘာမှကို မပြောနိုင်အောင်ပါပဲလား…
    အပေါ်က ခေါင်းပေါင်းနဲ. တိုက်ပုံနဲ. ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ်… ဟိုလိုအဆင်ပြေအောင်လုပ်ပေးမယ်……
    အောက်မှာတော့ ဖင်ပြောင်ကြီးနဲ.ဆိုသလို ဖြစ်နေပါပေါ့လား……………
    အမလေး…. ကျုပ်သမီး ပညာရေးးးးးးးးးးးးးးရင်လေးပတော်…………

    • Ko chogyi

      May 27, 2014 at 5:32 pm

      စောစောစီးစီး အဝှာပြုခိုင်းလိုက် (မယ်သီလရှင်ဝတ်တာပြောတာပါ)

      • ဟွန်.နော် ကိုချိုကြီး အတင်းပဲတော့.. သူမှာ သားနှစ်ယောက်ရှိတယ်ဆိုပြီး အနိုင်ကျင့်တယ်ပေါ့လေ…
        ကိုချိုကြီး ဆိုတော့ ချိုမှာပဲ လျှက်ပလိုက်ရမလား… ဟွင်းဟွင်း..

        • Ko chogyi

          May 28, 2014 at 12:19 pm

          အာလိုလုပ်နဲ့အေ

  • ခက်တာ က အ ထက် က လူ ကို အောက်က ကြည့် ကောင်းကြား ကောင်းေ အာင် လိမ်ပြော နေတ ဲ့ အဆင့် က မတက် သေး ပါ ဘူး။

    အောက်ကဘဲ မပြောရဲ တာ လားအ ထက် ကဘဲ နားမ ထောင် ရဲ တာ လား တစ် ခု ခု တော့ တစ် ခု ခုပ ါဘဲ။

    • Ko chogyi

      May 27, 2014 at 5:33 pm

      အဲဒီလိုနဲ့ နောက်ကျကျန်နေရတဲ့ တိုင်းပြည်ပါ

  • ကေဇီ

    May 27, 2014 at 4:02 pm

    ခေတ် အဆက်ဆက် အကြိမ်ကြိမ် အလိမ်ခံနေရတာ ဆိုတော့လည်းးးးး
    ……………………………………..
    အာ့ ကိုချိုကြီး အပြစ်ပဲ။ :mrgreenn:
    အစိုးရတို့ ဝန်ကြီးဌာန တို့က သူ့ အလိမ်နဲ့ သူ (အဲလေ) သူ့ အလုပ်သူ လုပ်တာ,,,,,

    😀

    • Ko chogyi

      May 27, 2014 at 5:34 pm

      တားမှားတာပါ ရွာထဲမရောက်တာကြာလို့ ဝင်မွှေမိတာ

  • Mr. MarGa

    May 27, 2014 at 4:22 pm

    အစ်ကိုရေ
    ကျနော် ဒီမနက်ပဲ ဒီအကြောင်းတွေးမိနေသေးတယ်ဗျ
    စာအုပ် အကြမ်းနဲ့ အချောကတော့ ပုံနှိပ်စက်မတူတာကြောင့်လားလို့ တွေးမိတယ်။

    ၂၀၁၄-၂၀၁၅ အတွက် ပညာရေးဘတ်ဂျက်ကို စုစုပေါင်းဘတ်ဂျက်ရဲ့ ၅.၉၂ ရာခိုင်နှုန်း ချပေးထားတယ်လို့ သတင်းတစ်ခုမှာ ဖတ်လိုက်ရတယ်။

    သို့ပေမင့် ကျောင်းနေအရွယ်ကလေး ကျောင်းအပ်ရေးနဲ့ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးအတွက် ခရိုင်တွေ၊ မြို့နယ်တွေကို အဖွဲ့တွေဖွဲ့ပေးပြီး စီမံချက်တွေနဲ့ အကောင်အထည်ဖော်နေတာတွေကို ကြည့်မိတော့ အစိုးရဘတ်ဂျက်တင်မကဘဲ ပုဂ္ဂလိက အလှူရှင်တွေပါ ဖိတ်ခေါ်နေတာတွေ့မိလို့ ဘဝင်မကျ ဖြစ်နေတယ် ဆိုတာလေးး ဝင်ပြောသွားမယ်ဗျို့

    • Ko chogyi

      May 27, 2014 at 5:39 pm

      ပုံနှပ်စက်မတူရင် ဂိုဒေါင်ထဲကျတော့ တူတူလာနေတယ်. စီမံကိန်းဆွဲတာတော့အရမ်းတော်တယ် လက်တွေ့မဖြစ်တာတစ်ခုပဲ

  • ခင် ခ

    May 27, 2014 at 4:28 pm

    အခမဲ့ပညာရေးဆိုတာ ကျောင်းဝင်ကြေး အခမဲ့ အပ်နှံနိုင်ပြီးကို ပြောတာပါတဲ့ဗျာ။
    ကဲ ဘယ့် နဲ့ လဲ သူ တို့ က အဲ လို ပါ ဆို ရှေ့ ပြော နောက် ဖုံး တွေ လေ။

    • Ko chogyi

      May 27, 2014 at 5:40 pm

      တစ်ခါလောက်ယုံရရင်တော်ပါပြီ

  • alinsett (gazette)

    May 27, 2014 at 5:36 pm

    ကျနော့်သဘောနဲ့ပြောရင်
    ကျနော်တို့ရဲ့ ကလေးတွေအတွက် အခမဲ့ပညာရေးမလိုပါဘူး
    ထိုက်သင့်တဲ့မျှတသော အခ ပေးမယ်
    ပေးလိုက်တာနဲ့တန်တဲ့ အရည်အသွေးရှိသော ပညာရေး
    တကယ်စေတနာထားပြီး ပေးသော ပညာရေးကိုပဲ လိုအပ်ပါတယ်။
    စကားလုံးတွေ မလိုချင်ဘူး
    လူကြားကောင်းအောင် ပြောတာလောက်တော့ အရှက်မရှိရင်
    ဘယ်အချိန်ထပြောပြော ရတယ်
    တကယ်လိုအပ်တာက လက်တွေ ့ကျကျ အသုံးဝင်မှုပါ

    ဒါပဲ

    😆

    • Ko chogyi

      May 27, 2014 at 5:49 pm

      တော်လိုက်တဲ့ ငါ့ညီလေး

      • alinsett (gazette)

        May 28, 2014 at 10:22 am

        အဟဲ
        အခုတလော
        ပညာရေးတွေ နိုင်ငံရေးတွေအကြောင်းပြောချင်တာ
        လျှာယားနေတယ်
        ပြောမိသမျှကလည်း တစ်တစ်ခွခွတွေ ထွက်ထွက်လာလို့
        မနည်း ဘရိတ်အုပ်ထားရတယ် အစ်ကိုရေ ့

        ——

        ဆိုတော့ အစ်ကိုတို့ ကျွန်တော်တို့
        အခုလို ပိုစ့်မျိုးတွေ နဲ့
        များများ အော်ရမယ်ထင်တယ်
        လူညီရင် ဤဟာ ဤ ကျွဲဟာကျွဲ
        နေရာမှန်ရောက်ရမှာပေါ့. . .

        🙂

  • TNA

    May 27, 2014 at 6:37 pm

    စာအုပ်သားနှစ်မျိုးဖြစ်နေတာကတော့ ပြောကြည့်မယ်နော်။ သိသလောက်။ အစိုးရက စာရွက်သားအချောနဲ့ ထုပ်ပါတယ်။ သို့သော် လောက်ငအောင်မရိုက်ပါဘူး။ ဘာလို့လဲတော့မသိဘူးနော်။ အမြဲတမ်းနှစ်တိုင်းလိုနေ တာပဲ။ အဲ သို့သော်လဲ သူ့ထက်တဆင့်နိမ့်တဲ့စာရွက်သားနဲ့ကျတော့ လုံလောက်ရုံတင်မက ပိုလျှံအောင် ထုပ်နေတယ်။ အဲ့ဒီတဆင့်နိမ့်စာရွက်သားနဲ့ကိုက အစိုးရကမထုပ်ပဲ ရာထားချက်မပြည့်မှီလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်မှာရိုက်ခိုင်းတယ်။ ဒါကြောင့် ကျောင်းသုံးစာအုပ်တွေက အမြဲနှစ်စားဖြစ်နေတာ။ အပြင်ကိုဘယ်လိုဘာ့ကြောင့်ရိုက်ခိုင်းသလဲဆိုတာတော့ ကွ့ကိုယ်တွေးကြည့်ရင်ရပြီထင်တယ်နော်။ လိပ်စာကတော့ သိချင်ရင် မတ်စိဘောက်လာခဲ့။

  • lu lu

    May 27, 2014 at 9:11 pm

    အာာာာ
    စာအုပ်သားချောတာကြမ်းတာအ ရေးမကြီးပါဘူး
    အဓိက စာတတ်အောင် သင် ပေး လက်တွေ ့အသုံး
    ချနိုင် တဲ့အဆင့်ထိရောက်အောင် သင် ပေး ကျူရှင်
    တွေအားလုံးပိတ် လစာတိုးပေး ဆောက်လက်စ
    ကျောင်းကိုဘန်းပြပြီးကျောင်းသားမိဘဆီကဘာမှမ
    တောင်းနဲ ့ဘာကြေးညာကြေးလိမ်ကြေးတွေမ ကောက်
    နဲ ့အာ့ပဲ လိုချင် တယ်
    ပေးမှာလားပေးဘူးလား အခမဲ့ဆို
    😀

  • Ko chogyi

    May 27, 2014 at 9:12 pm

    မွသဲကတော့ အဖြေတစ်ခုထုတ်ပြလိုက်ပြီ ကျေးကျေးပါ

    • TNA

      May 27, 2014 at 9:25 pm

      မမြင်ချင်မှအဆုံးအူယားလွန်းလု့ိပါ ကိုပီချိုရယ်။ ခုလိုရာသီဆို ကားကြီးတွေနဲ့ တိုက်တိုက်သွားတာ မျက်စိရှေ့တင်။ လူမျိုးခြားကြီးပွားနေတာ။ ခုဆိုအရမ်းကိုချမ်းသာနေပေါ့။

  • ko six

    May 27, 2014 at 9:28 pm

    ဂလိုဖြစ်​ပါလိမ်​့မယ်​
    အ​ချောက ၂၀၁၄ ထုတ်​၊
    အကြမ်​းက ၂၀…. ထုတ်​​နေမှာပါ
    အကျန်​​ဒေက မီးရှို့ပစ်​ရရင်​
    တန်​ဖိုးရှိပါဒယ်​ဂျာ

  • koko

    May 27, 2014 at 10:14 pm

    အားလုံးလဲသိပြီးသားပါ။ဒါလေးတွေကပါးပါးလေးတွေပါ။ အထူကြီးတွေအားကြီးရှိ။
    ဒါတွေကိုဒီလိုရေးယုံနဲ့ တို့လူများကတော့ပြင်ဖို့ဝေးပါသေး။ အထက်လူကြီးမင်းများက on line ပေါ်မှာမပြောနဲ့ အပြင်က ဂျာနယ်တွေတောင် ရွေးဖတ်ပါသည်။ ဘာတဲ့ ဆိုဝန်ကြီးပြောနဲ့ အနီရောင် ရေးအသားဆိုလား။ အဒါတွေကိုဖတ်ကိုမဖတ်တာပါ။

  • ဝင့်ပြုံးမြင့်

    May 27, 2014 at 11:33 pm

    တစ်နယ်နဲ့ တစ်နယ် မတူဘူးထင်တယ်။ ဒီနေ့ ကျမ သမီး ကျောင်းသွားအပ်တော့ (မအူပင် စာရေးကုန်း အမက ၁ မှာ) တကယ့်ကို တစ်ပြားမှ မပေးရဘူး။ မနှစ်က အလှူငွေ တစ်သောင်းပေးရတယ်။ ဒီနှစ် တကယ်ကို တစ်ပြားမှ မပေးရဘူး။ စာအုပ်တွေလည်း ချောလို့။ အစိုးရကို ကျေးဇူးတောင်တင်မိတယ်။

    • Ko chogyi

      May 28, 2014 at 7:20 am

      တစ်ကယ်ကို တစ်ပြားမှမတောင်းတာပါ
      ပစ်စည်းဝယ်ပြီးကိုယ်တိုင်လာပို့ရမှာတဲ့
      မနှစ်ကဆို ကျောင်းပိတ်ခါနီးမှ
      တယ်လီဖုန်းခွန်နဲ့ သန့်ရှင်းရေးခွန်တဲ့ တောင်းလို့ပေးလိုက်ရသေး
      အဲဒါတွေက ဘယ်သူပေးရမှာလဲ မသိ

  • naywoon ni

    May 28, 2014 at 12:11 am

    အခမဲ့ ပညာ​ရေးက သူငယ်​တန်​းက​နေ သတ္တမတန်​းအထိတင်​ပါတဲ့ ကျန်​တဲ့ ရှစ်​တန်​း ကိုးတန်​း နဲ့ ဆယ်​တန်​း က မပါ​သေးဘူး ဆိုပဲ ။ ပြဌာန်​းစာအုပ်​​တွေ အခမဲ့ ထုတ်​​ပေး​ပေမဲ့ စာသင်​နှစ်​ကုန်​ရင်​ ပြန်​အပ်​ရမယ်​ဆိုလား ​ပြော​သံကြား​နေရတယ်​ ။ စာအုပ်​​ချောခြင်​း ကြမ်​းခြင်​းက​တော့ မ​ပြောနဲ့ ဆရာတို့ ။ ပုံနှိပ်​တိုက်​ က ဂို​ဒေါင်​​စောင်​့က ဗိုက်​ဆာလို ့ စက္ကူထုတ်​​တွေ ဝါး စားပစ်​တာတဲ့ ။ ပီးမှ အစားပြန်​ဝယ်​ထည်​့​ပေးတာ စက္ကူ​ချော​တွေ က ဝယ်​လို့မရလို့ ရတာပြန်​ဝယ်​ထည်​့​ပေးထားတာပါတဲ့ ။

  • kyeemite

    May 28, 2014 at 9:31 am

    “ အခမဲ့ဟုတ်လား၊ ကျောင်းလခမတောင်းဘူးမှန်တယ်၊ စာအုပ်ဖိုးတဲ့ ၄၀၀ဝ ပေးရတယ်”

    မနေ့က အိမ်ပြန်ရောက်တော့ သားတော်မောင်ကိုမေးကြည့်တယ်…ပုံနှိပ်စာအုပ်တွေအားလုံး အခမဲ့ပါတဲ့..
    ကိုချို့မိန်းမပြောတာ ဗလာစာအုပ်ဖိုးနဲ့တူတယ်…ကျောင်းကထုတ်ရောင်းတဲ့ ဗလာစာအုပ်ကတော့ ဝယ်ရသဗျ
    🙁

    • surmi

      May 28, 2014 at 10:09 am

      ကျန်ဒေးဒယ်ဆရာ ဟဲဟဲ
      ပညာသင်ထောက်ပံ့ကြေး ရဦးမတဲ့ ဗျ
      မူလတန်းကျောင်းသားတစ်ယောက်ကို တစ်ထောင်စီ တဲ့
      ဟေးဟေး အခုတော့မရသေးဘူးနော် အထက်ကထုတ်မပေးသေးလို့
      ကျောင်းဖွင့်မှ ကလေးနဲ့ထည့်ပေးလိုက်မယ်ဆိုပဲ
      :kwi:

      • surmi

        May 28, 2014 at 10:17 am

        မေ့လို့ဗျ
        ဗလာစာအုပ် ၆ အုပ်လဲအလကားရသဗျ ဟဲဟဲ

  • surmi

    May 28, 2014 at 10:13 am

    အခုပြောနေတာဖတ်ရသမျှတော့
    ကျောင်းတစ်ကျောင်းက်ု တစ်မျိုးစီဖြစ်နေပုံရတယ်
    ကျောင်းအုပ်ကြောင့်လား အစိုးရကြောင့်လားတော့မသိ
    ကျောင်းအုပ်တွေ လုပ်ပုံကိုင်ပုံကလည်းမတူကြဘူဆိုတော့ …………

  • black chaw

    May 28, 2014 at 10:27 am

    ဘာဘာ…ဘာမှ ဝင်မပြောချင်တော့ပါ ကိုချိုကြီးရေ…။
    ကျွန်တော့်မှာ သားသမီးမရှိလို့ ကျောင်းဖွင့်ရာသီမှာ
    ိအပူတစ်ခုလျော့ပါတယ်…။
    သို့ပေမယ့်…
    တူတစ်ယောက်နဲ့ တူမတော်တစ်ယောက်ကို ဒီနှစ်ကျောင်းလိုက်အပ်ရပါတယ်…။
    CJ ကြီးဆိုတော့ အပြစ်ပြောစရာ စေ့စေ့စပ်စပ် ရှာဖွေကြည့်ပါတယ်…။
    ပြောရလောက်တဲ့ အပြစ်မျိုး ကျွန်တော်တော့ မကြုံခဲ့ရပါ…။
    တစ်ကျောင်းနဲ့ တစ်ကျောင်း မတူတာမျိုးလည်း ဖြစ်နိုင်ပါတယ်…။

  • padonmar

    May 29, 2014 at 12:46 am

    ကျောင်းအုပ်တွေ ကွာတာဖြစ်ပါမယ်။
    ကျမအသိတွေ လှိုင်သာယာ ကျောင်းကတော့ မပေးရဘူးပြောပြီး ပေးရတဲ့ထဲပါပါတယ်။
    (ကာတွန်းထဲပါတယ်လေ၊အောက်ခြေမှာ အနည်တွေနဲ့)

  • Lucifer

    May 29, 2014 at 8:43 am

    အခမဲ့ပညာရေးထက် အရည်အချင်းပြည့်မှီတဲ့ ပညာရေးကို ပိုအားပေးစေချင်ပါတယ်။
    စာအုပ်ဖိုး၊ကျောင်းလခ မပေးရပေမဲ့ ကျောင်းကဆရာ/ဆရာမ စာသင်မကောင်းရင် နောက်ကလိုက်ရမဲ့ ကျူ ရှင်လခက တယ်မသက်သာလှဘူး။
    တန်ဖိုးထက် လက်ခကြီးသဗျာ…

    • surmi

      May 29, 2014 at 9:17 am

      FB မှာတွေ့နေရတဲ့ lucifer နဲ့တူတူဘဲလားခင်ဗျ

      • Lucifer

        May 29, 2014 at 12:23 pm

        မတူဘူးထင်ပါတယ်ခင်ဗျာ…

    • black chaw

      May 29, 2014 at 3:02 pm

      @ Lucifer ;
      နောက်လည်း ကြုံရင် ရွာထဲဝင်လည်ပြီး
      ကွန်းမန့်လေးများ ချီးမြှင့်လှည့်ပါဦး Lucifer ခင်ဗျား…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • ဘယ်ကျောင်းမှာ တက်တာလဲဟင်င်င်..

    ရန်ကုန်မြို့ကြီးမှာက နာမည်ကြီးကျောင်းနဲ့ ရပ်ကွက်ထဲကကျောင်း မတူဘူး ယောက်ခမရဲ့..
    ရပ်ကွက်ထဲကကျောင်းက စည်းကမ်းရှိတယ်.. တိကျတယ်..
    နာမည်ကြီးကျောင်းတွေက ဘာတွေအားကိုးပြီးတော့လဲတော့ မသိဘူး.. လုပ်ချင်တာလုပ်နေဆဲပဲ..

  • Paing Lay

    May 29, 2014 at 3:40 pm

    ဖြစ်နိုင်ချေရှိတာကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားကိုး လွှတ်တော်အမတ်အားကို မြို့နယ်အုပ်ချုပ်ရေးမှူးအားကိုးနဲ့ပဲထင်ပါတယ် မမလုံမလေးရေ :buu:

  • Kaung Kin Pyar

    May 29, 2014 at 8:40 pm

    ၈နာရီကတော့ ဗြောင် လိမ်ပဲ ကိုချိုရေ…။
    ကျူရှင် မယူမနေရကလဲ ခုချိန်ထိ ခေတ်ထတုန်းပဲ။ ကျောင်းချိန်ပေးပြီး ကျောင်းမှာသင်တာ ကျောင်းစာက ပြတ်မသွားဘူးဆိုတော့ အင်းးး ဆရာမတွေကိုပဲပြစ်တင်ရမလား၊ သူတို့ရတဲ့လစာကိုပဲ ပြစ်တင်ရမလားး

  • weiwei

    May 30, 2014 at 9:07 am

    မနေ့ကညက သတင်းထဲမှာ ကျောင်းအပ်နေကြတာပြတယ် ..
    ပိုက်ဆံမတောင်းတဲ့အပြင် ဆရာမတွေက တစ်ထောင်တန် အုပ်လိုက်ချပြီး ကျောင်းလာအပ်တဲ့ ကျောင်းသားမိဘတွေကိုတောင် ပြန်ပေးနေသေးတယ် ..

Leave a Reply