ကောင်းအောင်ကြိုးစားမည်…Try to be good…

တနေ့က အာတီဒုံရဲ့ ဖွဘုတ်တော်ကြီးမှာ ရှယ်တဲ့ ဒေါက်တာဖေသက်ထွန်း ပို့စ်လေးမှာ
မြန်မာနိုင်ငံသားတွေ စွဲနေတဲ့ စရိုက်တစ်ခုကို သတိပြုမိတယ်ဗျ…
အဲ့ ဒါကတော့..အိမ်တွေ၊ ရုံးတွေ၊ ဘတ်စ်ကားပေါ်တွေ၊ လမ်းဘေးဝဲယာ မှာ
ဆောင်ပုဒ် တွေချိတ်ဆွဲထားလေ့ရှိတဲ့ စရိုက်ပါပဲ…
လိုက်နာတာ မလိုက်နာတာကတော့တစ် ပိုင်းပေါ့ဗျာ…
ဒါကြောင့်ပဲထင်ရဲ့…ရန်ကုန်မြို့လယ်ကိုလမ်းလျှောက်ထွက်ဖြစ်ရင်..လမ်းဘေးပလက်ဖေါင်း
ပေါ်မှာ လူတွေအကြိုက် အိမ်တွေ ရုံးတွေ ဘတ်စ် ကားတွေမှာကပ်လေ့ရှိတဲ့ ဆောင်ပုဒ်တွေကို
လှပအောင်နည်းမျိုးစုံနဲ့ ပုံနှိပ်ပီး ရောင်းချနေတာတွေ့ရပါရဲ့….
စီးပွားရေးဈေးကွက်ကြီးတစ်ခုကိုဖြစ်လို့…..

အဲ့ဒီဆောင်ပုဒ်တွေထဲမှာ…တချို့က
`အကြွေး ဖြင့်အားပေးခြင်း သည်းခံပါ´
`အကြွေးမရောင်းပါ´ ဆိုရင်လုံလောက်ပြည့်စုံ နေရက်နဲ့….
`ယနေ့အကြွေး မရောင်းပါ´တဲ့ ..(အရင်နေ့တွေကပဲရောင်း သလိုလို..မနက်ဖန်ပဲ အကြွေးရောင်းမလိုလို…ခိခိ

:-D
`လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့´…
`ငါသေဖို့ တစ်ရက်နီးလာပြီ`…
(တရားသဘောလေးနော်..ကပ်ထားသူက နေ့စဉ်ကြည့်မိရဲ့လာတောင်မသိ..ခိခိ)

:-D
တော်တော်ဆိုးတဲ့ ဆောင်ပုဒ်မျိုး ရှိသေးတယ်….
`လူလိုသိပါ´..တဲ့
ဖရား…ဖရား…ကျုပ်တစ်ချက်ကလေး မှားရင် `ခွေး´ ဖြစ်ရချည့်..ငိငိ

:-D
ဆိုတော့ဗျာ..ခီများတို့လည်း…မြန်ပြည်သားတွေမို့..မြင်ဖူးတွေ့ဖူးကြမှာပါလေ…

အိမ်တွေ၊ ရုံးတွေတင်မကပါဘူးလေ…နိုင်ငံ့အဝှမ်း လမ်းဘေးတွေတောင် ဆောင်ပုဒ်တွေ
တွေ့နိုင်ပါပေရဲ့…အာဏာရှင် စစ်အစိုးရလက်ထက်ပိုများလာသပေါ့…..
အဲ့ အချိန်က ကြံဖန်တွေးရင် ဆိုင်ဘုဒ်ရေးစားသူတွေ အတွက်မတော့..
အလုပ်ဖြစ်သမို့…ကြံဖန် မုဒိတာပွားနိုင်ပါသဗျာ…
ဒီနေရာမှာ ..ရီစရာလေးတစ်ခုပြောချင်တယ်…စစ်တပ်ကအာဏာသိမ်းပြီးတော့
မြို့တိုင်း၊ ရွာတိုင်းရဲ့ လမ်းဘေးတွေမှာ နောက်ခံအနီရောင်နဲ့ ဆိုင်းပုဒ် ကြီးတွေ
အလျှို လျှိုပေါ်လာသဗျ…ဗမာလိုရော…ဗျိတိသျှလိုရောနော်…နိုင်ငံခြားသားတွေပါ
နားလည်စေချင်လားမသိ..ဒါမှမဟုတ်..ဗမာဖြစ်ရက်နဲ့ ဗမာစကားမတတ်ပဲ
ဗျိတိသျှစကားပဲ တတ်သူတွေ ပြည်တွင်းမှာရှိနေလို့လားမပြောတတ်ပါဘူးဗျာ…ခိခိ  :mrgreenn:
အဲ့ ဆိုင်းဘုတ်ကြီးတွေကို ကြီးမိုက်တို့မြင်တိုင်း…
ကလိကလိနဲ့..ရင်ထဲမှာ…ကိုယ်လည်းဘာမှ မတတ်နိုင်..ဆိုတော့….
နာစရာကိုရယ်စရာလုပ်ကြသပေါ့ဗျာ……ဥပမာ…
`LOVE YOUR MOTHER LAND´ ကို ကျုပ်တို့ကဒီလိုဖတ်သဗျ..
`လပ်ဗ်ရွာမားသားလင်´
`မင်း အမေလင်ကိုချစ်ပါ´ လို့…ခိခိခစ်

:-D
`တပ်မတော်သာအမိ တပ်မတော်သာအဖ´..ဆိုတာကို…
`တပ်မတော်သာ မိထွေး တပ်မတော်သာ ပထွေး´ လို့..
ဟုတ်တယ်လေ..နှိပ်စက်လိုက်တာ လွန်ပါရောလား…
ဒီတော့..အမိ၊ အဖ အရင်းတော့မဟုတ်နိုင်ဘု…… ခိခိခစ်

:-D
နောက်ရှိသေးတယ်…ဘာတဲ့…
`တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်´ ဆိုပဲဗျ….
ဒါကြောင့်ထင်ပါရဲ့…တိုင်းပြည်အင်အားရှိအောင် ဆိုပြီး..
တပ်မတော် စားလိုက်ပုံများ..ပလုပ်ပလောင်းနဲ့..မြင်လို့တောင်မကောင်း..
သူတို့အင်အားရှိအောင်စားနေပေမဲ့..ပြည်သူကိုကျတော့…
`တစ်နပ်လျှော့စားကြ´ တဲ့…အောင်မလေးဟဲ့…ပထွေးတော်..မိထွေးတော်များ…

:-D
…………………………………………………………………
ကဲ..ကဲ…ကဲ..ပြောရင်းဆိုရင်းက စကားတွေလွဲချော်ကုန်ပြန်ပါပြီ…
ပြန်တည့်လိုက်အုံးမှပါ..ဒီလို ဒီလို…ကျုပ်တကယ်ပြောချင်တာက…
ကျုပ်ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်အိမ် အလည်သွားတုန်းကပေါ့…
သူ့အိမ်ရှေ့ခန်းမှာကပ်ထားတာ….ဆောင်ပုဒ်က…
`သင်ကောင်းလျှင် ကျွနှု်ပ် မဆိုးပါ´…တဲ့
ကျုပ် ဆောင်ပုဒ်ကို ဖတ်ပြီး စဉ်းစားမိတယ်
`သင်များဆိုးရင် ကျုပ် သင့်ကိုသတ်မည်´ ဆိုတဲ့သဘော တွေးမိတယ်
နောက်တဆင့်တွေးမိတာက `မမျှတမှု´ ကိုပါ…
သူကောင်းနေတာတောင်….ကိုယ်က မဆိုးပါ အဆင့်ပဲရှိတယ်….
`မဆိုးပါဘူး´ ဆိုတဲ့စကားကို ပိတ်သတ်ကြီးလဲသိမှာပါ…
ဒါလေးဘယ်လိုနေလဲမေးရင်…မဆိုးပါဘူးဆိုတာ…သိပ်အကြိုက်မတွေ့သေးဘူး၊
သိပ်ဆိုးတာထက်တော့ တော်သေးတယ် ဆိုတဲ့သဘော…
မှန် ကိုကြည့်ရင်တောင် မျှတတဲ့ တုန့်ပြန်မှုကိုရပါတယ်လေ…..

`ကိုယ်ပြုံးပြလျှင် သူက တုန့်ပြန်ပြုံးလေသည်
ကိုယ်မဲ့ပြလျှင် သူကတဖန် မဲ့ဟန်ဆင်၍
သူပင်တုန့်ပြန်တတ်လေသည်´။
တဲ့ မှတ်မိသလောက် `မှန်´အကြောင်း
ရေးဖွဲ့ထားတာလေးပါ……
ဘယ်ဆရာကြီး ရေးခဲ့တာလည်းမမှတ်မိတော့….….

အပေါ်မှာပြောပြခဲ့တဲ့…အိမ်တော်တော်များများမှာချိတ်ဆွဲလေ့ရှိတဲ့…
`သင်ကောင်းလျှင် ကျွနှု်ပ် မဆိုးပါ´ဆိုတဲ့ ဆောင်ပုဒ်ကတော့..
မမျှတတဲ့ အပြင်…ကိုယ့် ကိုယ်ကျင့်တရားနဲ့ အပြုအမူဟာ
သူတပါး( ကိုယ်ထိတွေ့နေတဲ့ ပါတ်ဝန်းကျင်) အပေါ် သိပ်တည်မှီလွန်းတယ်လို့
ကျုပ်ထင်တယ်…ပါတ်ဝန်းကျင်ဆိုးရင် ကိုယ်ဆိုးမယ်…
ပါတ်ဝန်းကျင်ကောင်းရင် တောင်…ကိုယ်သိပ်မဆိုးတဲ့အဆင့်မှာပဲရှိတယ်…
ပြောရရင်ဗျာ…ကျုပ်အဲ့..ဆောင်ပုဒ်ကိုမကြိုက်ဘူး….
ကိုယ့် ကိုကိုယ်တောင်အစိုးမရလို့ပေါ့ဗျာ။
ဒါပေမဲ့…အဲ့ဆောင်ပုဒ်ကို ဘာနဲ့ အစားထိုးရ မှန်းလည်း…အတွေးမပေါ်ဘူးဗျ။

………………………………………………..
……………………………………………….
ဒီလိုနဲ့ နေလာရာက တစ်နေ့တော့…အလုပ်ကိစ္စတစ်ခုနဲ့
ရုံးတစ်ရုံးကိုသွားဖြစ်ခဲ့တယ်..အလုပ်ကိစ္စက အဲ့ရုံး က
ရုံးအုပ်စာရေးကြီး ဆီ စာရွက်စာတမ်းတွေတင်ရမှာ..
ကျုပ်ရောက်သွားတော့ ရုံးအုပ်ကြီးက ကိစ္စနဲ့အပြင်ခဏသွားနေတော့
စာရေးမလေးက..ရုံးအုပ်ကြီးစားပွဲ ရှေ့ ကထိုင်ခုံမှာနေရာချပေးပြီး..
ခဏစောင့်ဖို့ပြောတယ်…..
ကျုပ်လည်း ရုံးအုပ်ကြီးစားပွဲ ထိုင်နေရင်း တောင်ကြည့် မြောက်ကြည့်
လုပ်နေတုန်း…ကျုပ်မျက်စေ့ဟာ ရုံးအုပ်ကြီး စားပွဲတင်မှန်အောက်က
စာတန်းတစ်ခု( ဆောင်ပုဒ် ဆိုပါတော့) မှာ မျက်လုံးတွေကျောက်ချမိတော့တယ်…

ကျုပ်စိတ်ထဲ တအုံနွေးနွေး ဖြစ်နေတဲ့ အဖြေ ကျုပ်တွေ့လိုက်ရလို့ပဲ……

ကျုပ်ဘာများတွေ့မိလို့ပါလဲ…………………………

`ဘယ်သူကောင်းကောင်း မကောင်းကောင်း မိမိကောင်းမည်´…..တဲ့
ကောင်းလိုက်တဲ့ဆောင်ပုဒ်…..ကျုပ်မှာရေဆာနေတုန်း ရေတွင်းထဲကျသလိုပါပဲ..
ကျုပ်လိုချင်နေတဲ့ အလှပဆုံးအဖြေက ..အဲ့ဒါပဲဗျ…..

အဲ့နေ့က အင်မတန်အဆင်မပြေဘူးလို့ နာမည်ကြီးနေတဲ့ရုံးမှာ….
ကျုပ် ဆောင်ပုဒ်ပိုင်ရှင်နဲ့တွေ့ ခဲ့ပြီး ဆောင်ရွက်ခဲ့တာ…အဆင်ပြေချက်ကတော့
မပြောပါနဲ့တော့…ကျုပ်သွားလုပ်တဲ့ အလုပ်ကိစ္စ အဆင်ပြေတဲ့အပြင်…
သူနဲ့ကျုပ်တောင် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ရတယ်…

အဲ့..နေ့ကစလို့…ကျုပ်ရဲ့ ကိုယ်ပိုင်ဆောင်ပုဒ်ကလည်း…………
`ဘယ်သူကောင်းကောင်း မကောင်းကောင်း မိမိကောင်းမည်´..လို့

အိမ်ပြန်ရောက်တော့ …ခက်ခဲမယ်လို့ ထင်ထားတဲ့ အလုပ်ကိစ္စကလည်း
လျှောလျှော ရှုရှု အဆင်ပြေလာတော့ လူက စိတ်လက်ပေါ့ပါးပြီး…
ကလေးလိုဖြစ်နေတယ်…အဲ..
အဲ့ဒီမှာ..ပါးစပ်ထဲ ဘယ်လိုက ဘယ်လိုရောက်လာမှန်းမသိလိုက်…
ပထမတော့..စိတ်ထဲပဲရောက်လာတာ…နောက်တော့…
ငယ်ဘဝ သတိရပြီး..အသံထွက်ဆိုမိတယ်…..ဒီလိုဗျ…

`မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားမည်´
`မိမိအတန်း ကိုကောင်းအောင်ကြိုးးစားမည်´
´မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်´
`မိမိ တိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်´
…………………………………………………
……………………………………………………
………………………………………………….
………………………………………………….
ကျုပ်တို့ ငယ်ငယ် ကျောင်းမှာ အဆန်ဘလီစီတဲ့နေ့တွေဆို…
ရှေ့ကတိုင်ပေးတဲ့ဆရာနောက်လိုက်ပြီး…..
နိုင်ငံတော်အလံကိုအလေးပြု…
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ..ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကို
အလေးပြု….ပြီးရင်….
နိုင်ငံတော်သီချင်းကိုသံပြိုင်ဆို…
အဲ့ဒါပီးတော့….
ခုနင်က ပါးစပ်ထဲအလိုလိုရောက်လာတဲ့…ကျောင်းကောင်စီ သီချင်းဆိုပေါ့ဗျာ..
အသင်းလေးသင်းဖွဲ့ပါသည် တို့ဘာတို့ပေါ့….

…………………………………………………………..
ထားပါလေ….ကျုပ်အထူးသတိပြုမိလိုက်တာကတော့…..
အာတီဒုံ ပို့စ်ရေးတင်ခဲ့သလို…`ကြွေးကြော်နေရုံမျှနဲ့ မလုံလောက်နိုင်ပေ´
ဆိုတော့…….
`ဘယ်သူကောင်း ကောင်း မကောင်းကောင်း မိမိကောင်းမည်´
ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲပြီး……
ငယ်ငယ်တုန်းက အော်ကြီးဟစ်ကျယ်ဆိုခဲ့ဖူးသလို….
မိမိကိုယ်ကို ကောင်းအောင်အရင်ကြိုးစားဖို့…သတိပြုမိပါကြောင်းဗျာ….
(ပြောသာပြောနေတာ..ကျုပ်ကလည်း..ခုထိမကောင်းသေးဘူးဗျ..
အဲ့တော့..သူများတွေကောင်းအောင် ကျုပ်ဘယ်လုပ်နိုင်အုံးမှာလည်းလေ…
အဟွတ်..အဟွတ်…ခုမှသတိရတယ်…ရွာထဲကလူငယ်ကာလသားတချို့နဲ့
သေရည်ဆိုင်မှာချိန်းထားတာ…သွားအုံးမယ်…မိုက်လိုက်အုံးမယ်ဗျို့..)  😛

ခင်မင်ရင်းနှီးစွာဖြင့်….
ထာဝရ လမ်းဆက်လျှောက်နေမဲ့…
ကြီးမိုက်။
၂၃၊ ဝ၅၊ ၁၄
8:25 pm

 

 

25 comments

  • ဦးကျောက်ခဲ

    May 27, 2014 at 3:41 pm

    မ.ဆ.လ ခေတ်ကတည်းက ဆောင်ပုဒ်နဲ့ကြီးပြင်းခဲ့ရသူမို့…
    နိုင်ဂျံကားကိုရောက် ၊ အဲဒါတွေ မတွေ့ရတော့ ဘာဂလိုတိုတို…
    ဘာတဲ့ “ပြည်ပအားကိုး ပုဆိန်ရိုး ၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” တဲ့
    အဟိ… ဖျက်ဆိုလိုက်တယ် “တရုတ်အားကိုး xxx ၊ xxxxx ဆန့်ကျင်ကြ”
    😀

    • အိမ်လွမ်းသူ

      May 28, 2014 at 2:57 pm

      ကိုကျောက်ရေ အဲဒိ “ပြည်ပအားကိုး ပုဆိန်ရိုး ၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” မြင်လို့ ရှေနောက်မညီတဲ့ နောက် ဆောင်ပုပ်တခုကို သွားသတိရတယ် ဘာတဲ့ ” ပြည်ပမှ အတတ်ပညာ နှင့် အရင်းအနှီးများ ဖိတ်ခေါ် ၍ စီးပွါးရေး ဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရေး” ဆိုလား သူတို့ပဲ ပြည်ပကို အားမကိုး ဘူးပြောသေး ပြည်ပက အတတ်ပညာတွေကိုလဲ ဖိတ်ခေါ်မယ်လဲပြောသေး ဘယ်လိုနားလည်ရမှန်းကို မသိတော့ဘူး

  • kai

    May 27, 2014 at 3:50 pm

    `ဘယ်သူကောင်းကောင်း မကောင်းကောင်း မိမိကောင်းမည်´…

    မတူတဲ့အတွေးနဲ့.. ချရေးပြရင်ဖြင့်.. တော်တော်မဟန်ဘူး… ပြောရမယ်..
    ဘုရားဟောနဲ့လည်းမညီ…

    ကံ..ကံရဲ့အကျိုးတဲ့..
    တကယ်တော့.. လူသားမှာ.. ထိုက်သင့်တဲ့တုံ့ပြန်မှုလုပ်ပေးဖို့တာဝန်ရှိတယ်…. လို့ဆိုလိုတာပါ…
    ဆိုးတဲ့သူတယောက်ကို.. ဒီအတိုင်းထားရင်.. ပိုဆိုးလာမယ်ဖြစ်ပြီး.. ကိုယ်တင်မက..ပါတ်ဝင်းကျင်ကိုပါထိခိုက်စေလို့ပါ…

    သူကောင်းရင်.. ကိုယ်ကောင်း..
    သူဆိုးရင်…ကိုယ်လိုက်ဆိုးတာထက်..
    … သူနဲ့..ကိုယ်.. ကောင်းကျုးိရှိမှာရှာပြီး.. ထိုက်သင့်တဲ့တုံ့ပြန်မှု.. ပြုစေလို.. :mrgreen:

    ဒိလိုရေးတာမှာ.. ဂျပန်ဇင်ဗုဒ္ဓဘာသာရဲ့သွန်သင်မှုလေးသတိရမိလို့ပါ..
    သူတို့သဘောက…
    ငါးပါးသီလကို.. စောင့်ထိန်းပါ..။ သူများစောင့်ထိန်းအောင်လည်း.. တိုက်တွန်းပါ…။
    ဖောက်ဖျက်သူကိုလည်း.. ပြုပြင်သွန်သင်ပေးပါ.. တဲ့..။

    • kyeemite

      May 28, 2014 at 8:33 am

      `ဘယ်သူ ကောင်းကောင်း မကောင်းကောင်း မိမိကောင်းမည်´
      ဆိုတာ ဘုရားဟောနဲ့ လည်းမညီ..တဲ့..သဂျီးကဝေဖန်တယ်

      လူတစ်ယောက်မိုက်နေလို့ ကျုပ်လိုက်မမိုက်၊ လူတစ်ယောက် ဆိုးနေလို့
      ကျုပ်လိုက်မဆိုး..ဒီလောက်ပဲရည်ရွယ်တာပါ….
      ကျုပ်နဲ့ ကျုပ်ပတ်ဝန်းကျင်ကို ရန်ပြု ခြိမ်းခြောက်လာလို့ကတော့
      ဘယ်ရမလည်းဗျာ…အပြင်းအထန်တုန့်ပြန် မှာပေါ့…

      ကျုပ်ဆိုလိုချက်ကို သဂျီး မဖမ်းမိဘူးကိုးဗျ…..
      ကျုပ်ဆိုလိုတာက `ကျုပ်ရဲ့ စာရိတ္တ နဲ့ ကိုယ်ကျင့်တရား ဟာ သူတပါး
      အပေါ်မမှီ ခိုဘူးလို့သာဆိုလိုရင်းပါ´
      `အများ မိုးခါးရေသောက်တိုင်း ကျုပ်လိုက်မသောက်နိုင်ဘူး´
      `အများညီ လို့ ဤ ကို ကျွဲဖတ်လည်း ကျုပ်လိုက်မဖတ်နိုင်ဘူးလို့ဆိုလိုတာပါ´
      တိုတိုပြောရရင် ကျုပ်သူများလုပ်တိုင်းလိုက်မလုပ်ဘူး လို့ဆိုလိုတာ ဖြစ်ကြောင်းးး
      ဒါက ဒီဆောင်ပုဒ်တစ်ခုတည်းအတွက်ပြောတာပါ…..

      ဆောင်ပုဒ်တစ်ခုဟာ ကိစ္စတစ်ခုအတွက်ပဲရည်ရွယ်တာပါ….
      တကယ်က ကျုပ်မှာ အခြား ကိုယ်တိုင်ကျင့်ကြံ လိုက်နာလုပ်ကိုင်နေတာတွေ
      ခံယူချက်တွေ အများကြီးပါ …ကျုပ်အပြုအမူ အလုပ်အကိုင်ကို ပါတ်ဝန်းကျင် အလွှမ်းမိုးမခံဘူးလို့ ဆိုလိုတာပေါ့……
      ကျုပ်လက်တွေ့ ဘယ်လို ခံယူ လုပ်ကိုင် ်နေလည်းဆိုတော့…
      `ကြီးမိုက်သည် ကောင်းတာချည်းပဲလည်းမလုပ်ပါ…
      မကောင်းတာချည်းပဲလည်းမလုပ်ပါ…
      ကြီးမိုက် မလုပ်မဖြစ်သည့် အရာကိုသာ လုပ်ပါသည်´

      ဆိုလိုတာက ကျုပ်ဟာ ဒီနေ့အထိ ကိုယ်မလုပ်မဖြစ်တာတွေကိုပဲလုပ်ခဲ့ပါတယ်
      အဲ့..အပေါ်မှာ လူ့အမြင်တစ်ဦးနဲ့တစ်ဦး မတူညီမှုပေါ်မူတည်ပြီး
      ကုသိုလ်…အကုသိုလ် ကြိုက်သလိုသတ်မှတ် ကျုပ်ဂရုမစိုက်ပါဘူး…
      လုပ်စရာရှိတာလုပ်မှာပါပဲ….
      ဥပမာ………….

      ကျုပ် မိသားစု စားဝတ်နေရေးအတွက်
      လူအများ ငရဲကြီးတယ်လို့ပြောလေ့ရှိတဲ့ သတ္တဝါများကို
      မရမကရှာဖွေပြီး ဖမ်းဆီးသတ်ဖြတ်စားသောက်ခဲ့ဖူးပါတယ်…
      အဲဒီလုပ်ရပ်အတွက်… အပေါ်မှာကျုပ်ပြောခဲ့တဲ့ခံယူချက်အရ…
      တစ်စိုး တစ်စိ မှနောင်တမရပါဘူး….ဘာလို့လဲဆိုတော့..
      ဘဝမှာ ကိုယ်မလုပ်မဖြစ်တာတွေကိုပဲလုပ်ခဲ့ လို့ပါပဲ….
      နောင်လည်း ကုသိုလ်…အကုသိုလ် ရွေးပြီး ကျုပ်လုပ်မှာမဟုတ်ပါဘူး…
      ရှင်းအောင်ပြောရရင်တော့ဗျာ…ကျုပ်ကိုယ်တိုင် လုပ်မှဖြစ်မဲ့ဟာကို
      ဘယ်သူ့ပေါ်မှ မှီတည်ခြင်းမရှိပဲ ဆက်လုပ်သွားမှာပါ……
      `ဘယ်သူ ကောင်းကောင်း မကောင်းကောင်း မိမိကောင်းမည်´
      ဆိုတာက သူတပါးပေါ်မှီ ပီး ကိုယ်မပြောင်းလဲဘူးလို့ပဲပြောချင်တာဗျ…
      ကိုယ့်ကို လာလုပ်သမျှ သည်းခံနေမယ်လို့ပြောတာမဟုတ်ပါ…
      ကျုပ် ငါးပါးသီလဆောက်တည်ထားတဲ့ အချိန်မှာလည်း …
      ကျုပ်မိသားစုကို အန္တရာယ်ပြုလာ မယ်ဆိုရင်တော့
      ကာကွယ်ဖို့အတွက် လူသတ်သင့်ရင်သတ်ပစ်မှာပဲ…..
      အနှစ်ချုပ်ပြောရရင် ကျုပ်အပြုအမူ၊ အလုပ်အကိုင်၊ အပြောအဆိုမှန်သမျှ
      ကုသိုလ်…အကုသိုလ် ကိုစဉ်းစားပြီးမလုပ်ဘူးဆိုတာပဲ……
      မလုပ်မဖြစ်သည်များကိုသာလုပ်နေသော ကြီးမိုက်လို့မှတ်ထားပေးပါဗျာ…

      သဂျီးပြောတဲ့ ` ဘုရားဟောနဲ့ လည်းမညီ´ ဆိုတာကိုတော့
      ကျုပ်လိုကောင် မဆွေးနွေးတော့ပါဘူး…ရွာထဲက..အဲ..မြို့ထဲက
      ဘာသာရေးကျွမ်းကျင်သူတွေ ဆွေးနွေးဖို့ချန်ထားခဲ့ပါရစေ… 😀
      ဘာပဲပြောပြော ကျုပ်ရေးတဲ့စာစုလေးမှာ သူဂျီး တကူးတက
      ကွန်မန့်လာပေးတဲ့အတွက် ဂုဏ်ယူမိပါဂျောင်းးးးးးးး :boss:

      • kai

        May 28, 2014 at 1:56 pm

        ကျုပ် ငါးပါးသီလဆောက်တည်ထားတဲ့ အချိန်မှာလည်း …
        ကျုပ်မိသားစုကို အန္တရာယ်ပြုလာ မယ်ဆိုရင်တော့..

        အဲဒါလေးအတွက်… သာဓုခေါ်ချင်တာပါ..
        သာဓု.. :mrgreen:

  • ကေဇီ

    May 27, 2014 at 3:55 pm

    အနော့ ဆောင်ပုဒ်ကတော့
    ဘယ်သူတေတေ အနော် ထမင်း ၃ နပ်မှန်ရင် ပြီး ရောပဲ။

    :sar:

    မိုက်မိုက် ဆောင်ပုဒ်ပြောင်းတာတွေဖတ်ပြီး ရီနေရတယ်။

    😀

    • Wow

      May 28, 2014 at 4:15 pm

      အသီးကွဲချိန်ကျ ညနေပိုင်း ဟိုသောက် ဒီစားလေးလဲ ထဲ့တွက်အူး :mrgreen:

      • Wow

        May 28, 2014 at 4:16 pm

        ထမင်းသုံးနပ်အပြင် အာ့လဲ လိုသေးသနော် :kwi:

  • အော် နာမယ်တစ်လုံးတဲ့နေတဲ့ ဦးကြီးမိုက်တောင် လိမ္မာတော့မှာလား…
    ဦးမိုက်ရေ ပြင်တိုင်းသာကောင်းလာမယ်ဆိုလို.ကတော့ ပြင်ဗျာ.. တော်ကြာ တားတားတို.နိုင်ငံက လမ်းတွေလို. ဖာလိုက်ပေါက်လိုက်ပြင်လိုက်ပျက်လိုက်ဖြစ်နေအုံးမယ်ဗျ…

    သများလဲ ဆောင်ပုဒ်ထောင်ပြီး…
    သင်မတိုက်လျှင် ကျွန်ုပ်မမူးပါ……

    ဟသပါ ဗျာ…ဦးမိုက်..

  • ROssI

    May 27, 2014 at 4:23 pm

    ဆောင်ပုဒ်တွေလား ..စိတ်နာလို့ပါ အူးမိုက်ရယ်…
    အတည်အခန့်ထက်.. စတိုင်းယားဖြစ်သွားသော ဟာသဖြစ်သွားသော ဟာတွေက
    တပုံတခေါင်း ကိုး …

    ကြုံတာလေးတခုပါ…။
    စ-ထောင်တဲ့ ကန်ပနီတခု ဝင်သွားကြည့်တယ်…
    အစည်းဝေးခန်းမယ် ခန့်ခန့်ညားညား ၆x၃ ပေ ဘုတ်ပြားကြီးနဲ့
    အစည်းအဝေးရဲ့ ဘလားဘလားဘလား စည်းကမ်းများတဲ့ …
    ဖတ်ကြည့်ပါတယ်…ပထမအချက်ကစပီး (မှတ်မိသလောက် ပြန်ရေးရရင်)

    တတ်နိုင်သလောက် အစည်းအဝေး မလုပ် ပါနဲ့တဲ့ …
    အော် ..အချိန် ကုန်တယ် ဖြုန်းတယ် ဆိုတဲ့သဘော..

    ညင်င်င်င်… မှုတ်ဖူးလေ.. အဲ့လာ အရှိန်ရနေပီး လည်ပတ်နေတဲ့ လုပ်ငန်းမျိုးမှာ ဆိုမှန်တာပေါ့
    ခုက Start-Up လေ… တကယ်ဖြစ်သင့်တာက တတ်နိုင်သမျှ အစည်းအဝေးလုပ်ပါ…။
    လုပ်စရာမရှိ အစည်းအဝေး ထိုင်လုပ်ပါ…။ လိုအပ်နေတဲ့ စည်းမျဉ်း စည်းကမ်း လုပ်ထုံးတွေကို
    အစည်းအဝေးလုပ် အများသဘောနဲ့ ဆုံးဖြတ်ပါ ဒါမျိုး ဖြစ်နေသင့်တာ…

    နောက်တချက်…

    အစည်းအဝေး ကို လူစုံစုံ မစုံစုံ ..သတ်မှတ်အချိန်အတိုင်း စတင်ပါ တဲ့ ..။

    သီအိုရီ အရတော့ ဟုတ်သလိုလို … ဒါပေသိ လွဲတာက …
    ကိစ္စရပ်တခု.. အဆုံးဖြတ်ပေးနိုင်သူက မလာသေးရင်… ဘိုလုပ်မတုန်းဗျာ..
    အဲ့သည့် ရွှေစည်းကမ်းတွေလိုက်နာရမှာလား ..ထိုင်စောင့်ရမှာလားဆိုတာ …
    (ဆိုလိုချင်တာ အဆုံးဖြတ်ပေးနိုင်သူ ဆိုမှတော့ လူကြီးဖြစ်မယ် အလုပ်များမယ် ဆိုပါတော့ )
    ဖြစ်သင့်တာက ဖုန်းတွေ …စကိုက်တွေ နတ်ဝါ့ခ်တွေ အင်တာနက် တွေ ဗီဒယို ကွန်ဖရန့်ဇင်းတွေ .. TV-Meeting တွေ
    စတဲ့ လက်လှမ်းမီရာ နည်းပညာ တခုခုကို အသုံးချပြီး … လူမရှိပေမယ့် သတင်းရောက်အောင်..
    ရောက်တဲ့သတင်း အပေါ် သုံးသပ်ဆုံးဖြတ်ပေးနိုင်အောင် .. ရေးသင့်တယ် မြင်မိပါရဲ့ …။

    ရှိသေးတယ်.. နောက်ထပ် အူတက်အောင် ရီရတဲ့ အချက်တွေ..။

    ဘာတဲ့ ..သတ်မှတ်အချိန်အတွင်း အစည်းအဝေး ပြီးဆုံးပါ တဲ့ …။

    အော်.. လက်တွေ့ဘဝ အစည်းအဝေးဆိုတာ စာမေးပွဲခန်းမှ မဟုတ်တာ အချိန်ပြည့်တာနဲ့
    အဖြေလွှာသိမ်းသလို လုပ်ရအောင်…။ ခရာတွတ်ရင် လက်စသိပ်ရအောင် ဘောသမားလည်းမဟုတ်
    တကယ်ဖြစ်သင့်တာက တချို့ ကိစ္စရပ်တွေမှာ ဆွေးနွေး ငြင်းခုန်ကြလို့ ကိစ္စမပြတ်ဘူး
    အချိန်စေ့တယ်ဆိုရင်… meeting room schedule, personnel’s schedule စတာတွေနဲ့ ချိန်ညှိပြီး
    ဆက်ဆွဲသင့်ဆွဲ … မဟုတ်လည်း နောက်တချိန်ပြန်ချိန်း .. သည်လို ဖြစ်ရမှာ ..
    ဆောင်ပုဒ်တွေ တော့ ထုတ်ပါရဲ့ …ထုတ်ထားတဲ့ ဆောင်ပုဒ်တွေကိုတော့ ကာလဒေသပရောဂနဲ့
    override လုပ်တာ modify လုပ်တာ ပိုင်းမှာတော့ လိုတယ်ထင်မိတာပဲဗျ….။
    အဲ့လာတောင် အစည်းဝေးခန်း အတွင်းပဲ ရှိသေးတာနော.. အပြင်ထွက် ..နံရံကဟာတွေဖတ်…
    အင်း…. ဟုတ်တော့ ဟုတ်နေပါဗီ…။
    အချုပ်ပြောရရင် ..အဲ့သည့်တော့ … လုပ်သမျှ ဘစ်ဇနက် က ဥတုဘောဇန မမျှဘူးပေါ့ဗျာ …။

    အဲ့သည့် အလွဲတွေ ကြုံရင် ရေးပါအုံးမယ်..
    တော်သေးဘီ…
    ခင်တဲ့

  • naywoon ni

    May 27, 2014 at 5:51 pm

    ကိုမိုက်​​ရေ ကျုပ်​က​တော့ ​ဆောင်​ပုဒ်​ ချိတ်​ထားတဲ့ သူဆို တတ်​နိုင်​သ​လောက်​ ​ရှောင်​တယ်​ဗျ ။ သူချိတ်​ထားတဲ့ ​ဆောင်​ပုဒ်​နဲ့ တစ်​လွဲစီ ဖြစ်​​နေတတ်​လို့ ။

  • TNA

    May 27, 2014 at 6:47 pm

    ဟိုနေ့က ပါရမီကားစီးသွားတာ တစီးလုံး ဆောင်ပုဒ်တွေပြည့်လို့။ အဲ့အတိုင်းသာလိုက်နာကြမယ်ဆိုရင် ဘတ်စ်ကားစီးရတာ အတော်စိတ်ချမ်းသာစရာကောင်းမယ်ထင့်။ သို့သော်????????????????????
    အူးမိုက်ရဲ့ ဆောင်ပုဒ်တွေဖတ်ပြီးရီလိုက်ရတာ။ အသိတယောက်ကို ဂျာမန်တယောက်ကဆိုင်းဘုတ် ဖတ်ခိုင်းတာသတိသွားယမိတယ်။
    `တပ်မတော်သာအမိ တပ်မတော်သာအဖ´
    ဆိုတာဘာလဲတဲ့။ ဟိုက ဘာသာပြန်လိုက်တယ် Army Pa Pa, Army Mar Mar တဲ့ အဟိ

  • Mr. MarGa

    May 27, 2014 at 9:16 pm

    ငယ်ဘဝ သတိရပြီး..အသံထွက်ဆိုမိတယ်…..ဒီလိုဗျ…
    `မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားမည်´
    `မိမိအတန်း ကိုကောင်းအောင်ကြိုးးစားမည်´
    ´မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်´
    `မိမိ တိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်´
    ကြိုးစားမည် …………………………………………………
    ကြိုးစားမည်……………………………………………………
    ကြိုးစားမည်………………………………………………….
    ………………………………………………….
    ……………………………………..
    ……………………………………..
    ဘုတ်……..
    အမ် ငါအိပ်ပျော်နေတာပဲဟ
    အိပ်မက်ကလဲ ဘာတွေမက်နေတယ်မသိ
    အလကား… နွေလည်အိပ်မက် ကယောက်ကယက်တွေ… :mrgreen:
    ဟီးးး
    အပြောကိုလျှော့ အလုပ်နဲ့သက်သေပြဖို့ သွားတော့မယ်ဗျို့

  • lu lu

    May 27, 2014 at 9:27 pm

    “ဘူ ဘာရေးရေးကျွန်ုပ်ဖတ် ရန်အဆင့်သင့် ”
    အဲ့ ဆောင်းပုဒ်အတိုင်း ဖတ်မှတ်လေ့လာသွားပါဂျောင်း
    ဒါပဲ ကြိုက်တယ်ဗျာ “ငါ သည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည် အ သေမဦးခင်
    ဉာဏ်ဦးအောင်ကြိုးစားအားထုတ်ပါတော့မည် ”
    ဒါဗြဲ ကောင်းတယ်
    :mrgreen:

  • အရီးခင်

    May 27, 2014 at 9:45 pm

    ကြွက်ရောင်းရန်ရှိသည်။
    ကောင်းကောင်း မကောင်းကောင်း ရောင်းမှာဘဲ။
    မတားနဲ့။
    LOL:-)))))

  • ခင် ခ

    May 27, 2014 at 9:55 pm

    မနက်ဖြန်မှအကြွေးရောင်းမည် ယနေ့လက်ငင်းရှင်းခဲ့ပါ။

  • JackSkellington

    May 28, 2014 at 5:52 am

    အရှင် ဆန္ဒာဓိက ရဲ့ ဆောင်ပုဒ် ကို လိုက်နာ ဖို့ ကြိုးစားနေဆဲ ပါ ခင်ဗျ။

    “အကြောင်း ကောင်း မှ အကျိုး ကောင်းမယ်” တဲ့။

  • black chaw

    May 28, 2014 at 9:18 am

    သိတ်ကောင်းတဲ့ ဆောင်ပုဒ်လေးပါပဲ…။
    ကျင့်သုံးနိုင်အောင် ကြိုးစားကြည့်သင့်ပါတယ်ဗျာ…။

  • တိမ်မည်း

    May 28, 2014 at 9:20 am

    ဘယ်သူ ကောင်းကောင်း မကောင်းကောင်း သဂျီး ကောင်းဖို ့လိုတယ်…. သဂျီး
    ကျွန်တော် ပလပ်တွေ မိုင်းနပ်စတွေ ပေးလို ့မရဖူးရယ်…..
    သဂျီး မကောင်းဖူးဂျာ……………….

  • surmi

    May 28, 2014 at 9:48 am

    အဲဒီဆောင်ပုဒ်တွေကိုစာစီစာကုံးရေးခိုင်းတာကို
    အမြင်အကတ်ဆုံး
    ကိုယ့်ဟာက်ုယ်တုန်းကတော့ ဘယ်သောအခါမှမရေးဘူး
    ကလေးတွေကျမှသာ ရေးဖို့အချက်အလက်တွေပြောပြရတာ
    ကိုယ့်ပါးစပ်ကိုယ် ချဉ်လိုက်တာဗျာ တကယ်

    • kyeemite

      May 28, 2014 at 3:47 pm

      ကိုရင်ဆာမိရေ…အဲဒီဆောင်ပုဒ်ခေတ်ကတော့ မကုန်သေးဘူးဗျ…

  • alinsett (gazette)

    May 28, 2014 at 10:41 am

    အခုရက်ပိုင်းထဲ
    ရွာထဲမှာ
    အကျိုးပြုပိုစ့် ရည်ရွယ်ချက် ကောင်းတဲ့စာလေးတွေ မပြတ်ဖတ်နေရလို့
    ရွာသားတစ်ယောက်အနေနဲ့ ဂုဏ်ယူကျေနပ်နေမိတယ် ဦးကြီးရေ

    🙂

  • Ko chogyi

    May 28, 2014 at 12:03 pm

    ဂုဏ်ယူပါတယ်ကိုမိုက်
    ကျွန်တော် ပုလဲကျွန်းမှာတာဝန်ထမ်းဆောင်စဉ်က
    ကျွန်တော့်အထက်အရာရှိတစ်ဦးလည်းအဲဒီလိုပြောဘူးတယ်
    သူမကူညီနိုင်တာစိတ်မဆိုးပါနဲ့
    ကိုယ်ကူညီနိုင်ရင်ကူညီလိုက်ပါတဲ့
    ဒါကို အများသဘောတူချင်မှတူမှာပါ ကျွန်တော်ကတော့ကြိုက်တယ်

  • Ma Ma

    May 28, 2014 at 7:24 pm

    သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ…. ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျမရာဇဝင်ရှိခဲ့ဖူးတယ်။
    သင်ဆိုးလျှင် ကျွန်ုပ်မကောင်းပါ…. လို့ ပြောင်းပြန်ပြန်ပြောလို့ စွာတေးလန်ဘွဲ့ ရခဲ့ဖူးတယ်။ :b:

  • padonmar

    May 28, 2014 at 10:06 pm

    ဦးမိုက်
    ဘရာကြော်ပါ။
    တကယ်တော့ ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းအောင်နေရင် ကိုယ့်ဘေး ပတ်ဝန်းကျင်လည်း ကောင်းကောင်းလာလို့ အဲဒီ အကျိုးကို ခံစားလာရပါတယ်။
    ယုံယုံကြည်ကြည် ကောင်းကြပါလို့ တိုက်တွန်းချင်ပါတယ်။
    ကောင်းတဲ့ဖက်မှာ ရဲရဲရပ်လိုက်ပါ။

Leave a Reply