အကျိုး

ko sixMay 27, 20141min1257

အုပ်​ထိန်​းသူရှိလျှက်​နဲ့
အပျိုရည်ပျက်​ခဲ့ရတဲ့ ရိုးမ
နံရံ​ပေါ်က
တရုတ်​ထုတ်​​ဝေါ်ရှိ​လောက်​​တောင်​
စိမ်​း​မှောင်​ခက်​ဖြာမ​နေ​တော့တာ
သည်​မြန်​မာ…
အလင်​းဟာ
အ​ဖြောင်​့တိုင်​းမသွားတဲ့အခါ
တစ်​တီတူးလို
​ခြေ​ထောက်​မိုး​ထောင်​အိပ်​စက်​ပစ်​လိုက်​တယ်​
မှင်​နဲ့​ရေးခဲ့တဲ့အမှားက
ခဲဖျက်ကိုပျက်​ရယ်​ပြုလို့
အံ့ဩစရာပဲ
​ကောင်​းကင်​မှာ
မီးခြစ်​ဆံ​တွေလို
ပါ​ကေးပြား​တွေ အထပ်​လိုက်​မြင်​​နေရတယ်​
ခု
တို့ပဲခူးရိုးမမှာ မိုးရွာပုံဆန်​းတယ်​
​မြေပြင်​က မိုး​ပေါက်​​တွေဟာ
​ကောင်​းကင်​မှာ သဲသဲမဲမဲရွာတက်​​နေ​ပေါ့
ကိုစစ်​

7 comments

  • Mr. MarGa

    May 27, 2014 at 9:25 pm

    အကျိုး ကိုပဲ တွေ့တယ်
    အကြောင်း က အခုထိ ဝေ့လည်ကြောင်ပတ် လုပ်နေဆဲ

  • lu lu

    May 27, 2014 at 9:37 pm

    ပဲခူးရိုးမ တင် ဟုတ် ရိုးလား
    အခုမျက်စိရှေ့မှာမြင် တွေ ့နေရတဲ့ရှမ်းရိုးမ ကြီးလည်း
    ထိုနည်း၎င်း ပေါ့ .
    🙂

  • naywoon ni

    May 27, 2014 at 11:52 pm

    မှင်​နဲ့​ရေးခဲ့တဲ့ အမှား ခဲဖျက်​ကို ပျက်​ရယ်​ပြု​နေ​ပေမဲ့ ​ကောလက်​ရှင်​ဆိုတဲ့ ​ဆေးနဲ့ ​တွေ့​တော့ မတတ်​နိုင်​ပါဘူးကွယ်​ ။ အ​ရှေ့ရိုးမရဲ့ အ​နောက်​ဖက်​​တောင်​​ခြေ တစ်​​နေရာမှာ​တော့ မိုးမရွာလို့ အရမ်​းပူအိုက်​ပီး ​ချွေးဒီးဒီးကျ အဝတ်​​တောင်​မကပ်​နိုင်​တဲ့ ဘဝ ​ရောက်​​နေရတဲ့ လူတစ်​​ယောက်​ရှိတယ်​ ။ ဘယ်​မှာ မိုး​တွေရွာ​နေပါတယ်​​ပြော​ပြော ယုံကိုမယုံဘူး ။ ကျုပ်​တို့ဆီမှာ မိုးရွာဖို့မ​ပြောနဲ့ ​ကောင်​ကင်​ယံမှာ တိမ်​ဆိုလို့ “စာ ” တစ်​ဝပ်​စာ​တောင်​မရှိ ။

  • black chaw

    May 28, 2014 at 10:09 am

    သရော်ကဗျာ တစ်ပုဒ်လို့ ခံစားလိုက်ရပါတယ်…။

  • alinsett (gazette)

    May 28, 2014 at 10:25 am

    နိမိတ်ပုံလေးတွေနဲ့ ဖွဲ ့ပြသွားတာ
    တကယ် ကောင်းတယ်ဗျို့။

    ——

    မဖြစ်သင့်တာ တော်တော်များများ ဒီမှာ ဖြစ်နေတယ်
    ဖြစ်သင့်တာတော်တော်များများက ဒီမှာ မဖြစ်ဘူး
    ဒါပါပဲ

    🙁

  • kyeemite

    May 28, 2014 at 11:25 am

    အရှေ့ရိုးမ၊ အလယ်ရိုးမ၊ အနောက်ရိုးမ
    တောင်တန်းကြီးတွေခမျာ…
    ဘာ ဘာသာမှမဝင်ရပါပဲ
    ဘုန်းကြီးလူထွက်တွေ ကို ဖြစ်လို့….
    :byee: :byee: :byee:

  • ခင် ခ

    September 14, 2014 at 12:03 pm

    သူတင်ဘယ်ကလိမ့်မလဲကွယ်
    အခုတော့ နေရာတိုင်းမှာဒီလိုဖြစ်နေပြီလို့

Leave a Reply