ရွှေအကြောင်းသိကောင်းစရာ(၁)

အခုခေတ်ကglobalization ခေတ်internet ခေတ်ဆိုတော့ကမ္ဘာ့ရွှေဈေးနဲ့ မြန်မာ့ရွှေဈေး နှိုင်းယှဉ်ချက်အကြောင်း

တော်တော်အပြောများကြတယ် ကမ္ဘာမှာသုံးတာက gram နဲ့ ounce (အောင်စ) မြန်မာမှာသုံးတာက (ကျပ်သား) အဲဒီဆက်သွယ်ချက်ကိုသိရင်တွက်ကြည့်လို့ရပါပြီ။

တစ်အောင်စ=1.875ကျပ်သား
1 gram =0.06022ကျပ်သား

တစ်အောင်စဈေးကို 1.875 နဲ့ စားလိုက်ရင် (1)ကျပ်သားဈေးရပြီ ရတဲ့ (1)ကျပ်သားဈေးက USD နဲ့
ဖြစ်နေတဲ့အတွက် မြန်မာငွေနဲ့သိချင်ရင် 1 USD ကိုမြန်မာငွေဘယ်လောက်လဲကြည့်ပြီး မြှောက်လိုက်ရင် ကမ္ဘာ့ဈေး
(1) ကျပ်သားကို မြန်မာငွေဘယ်လောက်ကျသင့်တယ်မြန်မာမှာကဘယ်ဈေးပေါက်နေတယ် ဘယ်သူကမြင့်တယ်
ဘယ်လောက်မြင့်တယ်နှိုင်းယှဉ်ကြည့်လို့ရပြီပေါ့။

ဥပမာ- 23.5.13 နေ့ကဈေးကိုတွက်ကြည့်ရအောင်

ကမ္ဘာဈေး(1) အောင်စ=1375 USD
USD ဈေး(1) USD=955 ကျပ်

1375 /1.875 * 955=700333 ကျပ်

About Zaw Aung

Zaw Aung has written 48 post in this Website..