မမ လာပြီ ဧရာဝတီ………….

Ma MaMay 27, 20141min43137

မြစ်ဝကျွန်းပေါ်မြို့အချို့ကို ဖြတ်သန်းသွားသော ရထားလမ်းသစ်ဖောက်လုပ်ပြီးစီး၍
စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ကိုယ်တိုင်လိုက်ပါစီးနင်းလာသော ခရီးသည်တချို့၏ပြောကြားချက်များကြောင့် ကြားသိရပါသည်။

မြစ်ဝကျွန်းပေါ်သူားတွေကို မမ (မြန်မာ့မီးရထား) နဲ့ မိတ်ဆက်ပေးတဲ့အနေနဲ့ စတင်ပြေးဆွဲတဲ့ မေလ ၂၅၊ ၂၆၊ ၂ရ (၃)ရက်ကို အခမဲ့စီးနင်းခွင့်ပြုခဲ့ပါသည်။
ရထားလမ်းမှာ ဟင်္သာတ- လှိုင်သာယာ ဖြစ်ပါသည်။
ရထားစီးနင်းခနှင့် ရထားအချိန်အတိအကျ မသိပါ။

သို့သော် ရထားလမ်းတစ်ကြောမြို့ရွာများမှ ယခင်က အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရသော ကုန်စည်များနှင့် လူအများမှာ
ယခုအခါ ……………

ရ ကောက် ရထားကြီး ပျော်ပျော်စီး

လို့ ခရီးနှင်နိုင်ကြ၍ အားရဝမ်းသာပြောကြားလာသော သတင်းစကားကို မျှဝေပေးလိုက်ပါသည်။

37 comments

  • အရီးခင်

    May 27, 2014 at 10:13 pm

    ခရီးသွားတာ ရထားနဲ့သွားရတာ ကို အကြိုက်ဆုံးဘဲ။
    မြစ်ထဲ မှာ ဧရာဝတီ ကို အချစ်ဆုံးဘဲ။
    နှစ်ခုပေါင်းလိုက် တော့ ….
    လွမ်းနေမယ် “မမ”။ :-)))

    • Ma Ma

      May 28, 2014 at 6:58 pm

      စိတ်တွေတူနေလို့လည်း ရွာ့သွေးသောက်ညီအမတွေ ဖြစ်လာကြတာ ဖြစ်မယ်။ 🙂

  • nozomi

    May 28, 2014 at 12:25 am

    ဇလွန်က ဖြတ်သွားမှာ ဆို တော့ ပြည်တော်ပြန်ဘုရားဖူး သွားသူတွေ
    ( ကားနဲ့ ဆို လမ်းက သိပ်မကောင်းဘူး )
    ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းတွေ အဆင်ပြေသွားတာပေါ့
    တကယ်သာ စနစ်တကျ လုပ်နိုင်ရင်
    မြန်မာပြည်မှာ မမ က မရှိ မဖြစ်ပါ
    ( ရွာထဲ မှာ လဲ မမ က မရှိ မဖြစ်ပါပဲ..)

    • Ma Ma

      May 28, 2014 at 7:13 pm

      ဒီရထားလမ်းကြောင့် ဇလွန်ပြည်တော်ပြန်ဘုရားဖူးလည်း ပိုတိုးတက်လာမယ်ထင်တယ်။
      ရထားလမ်းရှိရင် ကားလမ်းတစ်ခုတည်းကို အားကိုးနေရတဲ့ ပြဿ နာလည်း လျှော့နည်းသွားတာပေ့ါ။
      အဲဒီလမ်းတစ်ကြောက လူတွေအတွက် အများကြီး ပိုအဆင်ပြေလာမှာမို့ ဝမ်းသာစရာပါပဲ။
      ကိုနိုမြှောက်ပေးလို့ ခေါင်းနဲ့ (ခေါင်မိုးမဟုတ်ဘူး) ကောင်းကင်နဲ့တောင် တိုက်မိသွားပြီ။ :kwi:

  • kai

    May 28, 2014 at 1:46 am

    ရထားစီးတာကြိုက်သမို.. နယူးယောက်ကနေ.. အယ်လ်အေအထိ.. မိုင်ထောင်ချီခရီးစဉ် ရထားနဲ့ပြန်လာခဲ့ဖူးတယ်..။
    ညအိပ်ခရီးရှည်ပါ..
    မြောက်အမေရိကတိုက်ကို.. ကန့်လန်ဖြတ်ဆွဲမောင်းတဲ့ခရီးမို့.. ရာသီဥတုအဖုံဖုံ.. မြင်ကွင်းအဆန်းဆန်းကို.. တဆက်တည်းမြင်ရတာပေါ့…။

    မြန်မာပြည်မှာ Train Tour ခရီးစဉ်ဆွဲလုပ်ရင်ကိုက်မယ်ထင်…

    http://www.thetrain.com/

    • surmi

      May 28, 2014 at 9:40 am

      ဂျပိုးမကြောက်ရင်လာခဲ့ပါသဂျီး
      ဇီဝိတဒါန သွေးလှူလို့ရတာပေါ့ :kwi:

      တကယ်တော့ ကျနော်လည်းရထားခရီးစဉ်အတော်များများသွားခဲ့ဘူးတာပါဘဲ

      • kai

        May 28, 2014 at 2:12 pm

        ခရီးသွားပါတယ်ဆိုမှတော့.. အိပ်တွေပါမယ်ပေါ့..
        အိပ်တွေပါမှတော့..ဂျပိုးခိုလို့ရမယ်ပေါ့..
        အဲဒီလိုနဲ့.. မြန်မာပြည်အနှံ့အိမ်တွေကို.. ဂျပိုးတွေဖြန့်ပေးနေတဲ့.. မမကို.. ဝိုင်းထုဖို့ကောင်းတယ်..
        (မှတ်ချက်။ ။ ရွာ့အရီးမမ,မဟုတ်.. ) :mrgreen:

        • surmi

          May 28, 2014 at 2:45 pm

          တကယ်ဆိုရင်
          ပိုးသတ်ဆေးလေး နှစ်ရက်တစ်ခါလောက်ဖြန်းပေးရင်
          ပြီးနေပြီကို
          ဗိုက်ဆာဆာနဲ့များပိုးသတ်ဆေးတွေသောက်ပစ်သလားထင်ရတယ်
          အဲဒီလိုဗျို့

        • Ma Ma

          May 28, 2014 at 7:19 pm

          ဒီသဂျီးတော့ ဘယ်တုန်းကတည်းက ငြိုးထားတယ်မသိ 😀

          မြစ်ဝကျွန်းပေါ်သားတွေခမျာ ဟိုးးး အရင်က ရေလမ်းတစ်ခုတည်း အားကိုးနေကြရရာက
          ကားလမ်းကို အသုံးပြုခွင့်ရတာ ဆယ်စုနှစ် ၂ခု လောက်ပဲ ရှိသေးတယ်။

          အသက် ၄၀-၅ဝ တွေတောင် ရထားမစီးဘူးကြဘူး။
          အခု ရထားလမ်းစဖွင့်တဲ့ အထိမ်းအမှတ်နဲ့ အခမဲ့စီးနင်းခွင့်ပြုတာကို ဝမ်းသာနေကြတာ။

          သဂျီးပြောတဲ့ Train Tour ခရီးစဉ် ဆိုတာ စိတ်ဝင်စားစရာပဲ။
          အတွေးအမြင်ကျယ်တဲ့ သဂျီးဆီက ဒီလိုအကြံဉာဏ်ရလိုက်လို့ ပိုစ့်တင်ရကျိုးနပ်ပါပေတယ်။
          ရှဲရှဲ သိုင်းကျူ း အာရိဂတ်တိုးဂိုဇိုင်းမတ် ကျေးဇူးးးးးးးးး 🙂

      • Ma Ma

        May 28, 2014 at 7:30 pm

        ကိုရင်ဆာရေးဖူးတဲ့ မြစ်ဝကျွန်းပေါ်မြို့တွေကို ဆားလှေနဲ့ သွားရောင်းတဲ့ ခေတ်နဲ့ အခုအတော်ကွာသွားပြီ။
        မြစ်ဝကျွန်းပေါ်မှာ ရထားလမ်းဖောက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြဘူး။
        ခုလို လမ်းပန်းဆက်သွယ်ရေး တိုးတက်လာတာကို ကြိုဆိုပါတယ်။
        သွေးလှူရတာကိုတော့………… :p:

  • kyeemite

    May 28, 2014 at 9:38 am

    “မမ” ကိုကျေးဇူးတင်ရမှာပေါ့လေ…သတင်းကောင်းလေးဖြန့်ပေးတဲ့ ရွာထဲက “မမ”ကိုလည်းကျေးကျေးပါ
    😀

    • Ma Ma

      May 28, 2014 at 7:40 pm

      ရေးအားရှိအောင် အားပေးကြတဲ့ ရဲဘော်ရဲဘက်တွေကိုလည်း ကျေးကျေးးးးး 🙂

  • alinsett (gazette)

    May 28, 2014 at 9:52 am

    ဂျဘိုးသတ်ဆေးနံ့တသင်းသင်း
    ဂျဘိုးကုတ်သံတဗျင်းဗျင်းနဲ့ ညန်မာ့မီးရထား
    အရှုံးခံပြီး ပြေးဆွဲပေးနေတယ်ရှိုလို့
    ကျေးဇူးတင်နေတာ

    :mrgreen:

    • Ma Ma

      May 28, 2014 at 8:03 pm

      ရထားခကို ဘယ်လိုသတ်မှတ်တယ်ဆိုတာ မသိသေးဘူး။
      အရှုံးခံပြီးတော့ မပြေးဆွဲဘူးထင်တာပဲ။

  • black chaw

    May 28, 2014 at 10:03 am

    အရင်က ကျွန်တော် မန္တလေး သွားရင်
    ရထားပဲ စီးဖြစ်တာများပါတယ်…။
    ရထားစီးရတဲ့ ဖီလင်ကို အလွန့်အလွန်ကို ကြိုက်နှစ်သက်ပါတယ်…။
    ရန်ကုန်ကနေ နေ့လယ် 12:30 ရထားစထွက်…။
    ရထားပေါ်မှာပဲ အိမ်ကစီစဉ်လာခဲ့တဲ့ ထမင်းဟင်းတွေနဲ့
    နေ့လယ်စားစား…။
    ညနေ ၄ နာရီကျော်ကျော်လောက်ကျတော့…စားသောက်တွဲဆီက
    ရေခဲမှာ…။ မဒမ်ဘလက် အိမ်ကစီစဉ်လာတဲ့ အမြည်းနဲ့ အရက်သောက်…။
    လေလေး တစ်ဟူးဟူးနဲ့ ဟန်ကိုကျလို့…။
    ပြီးတော့မှ ညစာစားပေါ့…။
    အိုး…အဲဒီဖီလင်မျိုး…အခု ပြန်မရနိုင်တော့ပြီ…။
    လွမ်းစရာရှိကြံဖန်လွမ်းတတ်တဲ့ ကျွန်တော်…
    ရန်ကုန်-မန်း ရထားစီးရင်း စားခဲ့သောက်ခဲ့ဘူးတာတွေကို
    ပြန်လွမ်းသွားပါတယ် မမရေ…။
    😀

    • Ma Ma

      May 28, 2014 at 8:08 pm

      ကျမတို့လည်း ငယ်ငယ်က သဘောင်္စီးပြီး ခရီးသွားခဲ့ရတာကို လွမ်းတယ်။
      အချိန်ကြန့်ကြာပြီး ကြပ်ကြပ်တည်းတည်းနဲ့ ခရီးသွားရတာ သက်တောင့်သက်သာမရှိ။ အဆင်မပြေပေမယ့် ရေပြင်ပေါ်မှာ လေတဖြူ းဖြူ းနဲ့ မိတ်ဆွေတွေ မိသားစုတွေ ဝိုင်းဖွဲ့စားသောက်ကြရတဲ့အရသာကို ပြန်ခံစားကြည့်ချင်တယ်။
      ဧရာဝတီသင်္ဘောတွေဆိုရင် မြို့တွေရွာတွေမှာ ဆိပ်ကမ်းကပ်တိုင်း ဈေးသည်တွေတက်လာပြီး ဒေသထွက်စာတွေ စားရတာလည်း ပျော်စရာပဲ။ 🙂

  • ကေဇီ

    May 28, 2014 at 3:40 pm

    အချိန်ဖြုန်းနိုင်ရင်တော့ ရထားစီးရတာ အကြိုက်ဆုံးပဲ။
    သများမှာ မမ (ရထား) နဲ့ ပတ်သက်တဲ့ အမှတ်တယတွေ အများကြီးပဲ။

    :s:

    • Ma Ma

      May 28, 2014 at 8:10 pm

      ဂွတ်ထ ဂွတ်ထ ကောင်းလေစွ။ 🙂
      မြစ်ဝကျွန်းပေါ်သားတွေအနေနဲ့ကတော့ မမ နဲ့ အနေဝေးကြတယ်။ 🙁

  • lu lu

    May 28, 2014 at 5:27 pm

    ၈ လ , ၉ လ ပိုင်းလောက်မြစ်ကြီးနားပြန်
    ရမယ် မန်းလေးကနေ ရထားစီးရမှာ တ ယောက်
    တည်းမို ့ခုကတည်း ကြိုပြီး ပျင်း နေမိတယ် သူငယ်ချင်း
    တစ်ယောက်လောက်ပါရင် အပျင်းပြေတယ်
    လိုက်ကြမားးးးး
    ရ ကောက် ရထားကြီး ပျော်ပျော်စီး ကြမယ် ဝေ့
    :mrgreen:

    • Ma Ma

      May 28, 2014 at 8:11 pm

      မြစ်ကြီးနားမရောက်ဖူးတာနဲ့ အတော်ပဲ။
      လိုက်မယ်ဟေ့ လိုက်မယ်ဟေ့ …….. 😀

  • ဦးကျောက်ခဲ

    May 28, 2014 at 9:21 pm

    အန့်တီမာမားရေ…. ကြည့်မြင်တိုင် – သာရဝေါရထားက အခုဆွဲသေးလားမသိ…
    ကျောင်းသားဘဝ ကျောက်ပန်းတောင်း – ကြီးနီ ရထားစီးရတုန်းက ဆင်းပြေးချင်စိတ်ပေါက်သွားတယ်…
    အောက်ဆိုက်ကားလိုပဲ ခပ်လှမ်းလှမ်းက လက်တားရင် အရှိန်လျှော့ပေးသဗျ….
    စိတ်ပေါက်ပေါက်နဲ့ ကိုယ့်ဟာကိုယ် ဒုံးစိုင်းပြေးရင်တောင် အဲသည့်ထက်မြန်မယ်ထင်တာပဲ…
    ဧရာဇာတိမို့လားမသိ အချိန်ကြန့်ကြာပေမည့် သဘောင်္စီးပြီး ခရီးသွားရတာပိုကြိုက်ပါ၏…
    နုန်းတင်မြေနုပေါ်မှာမို့ ရထားလမ်းအောက်ခံမြေကို သေသေချာချာဖို့ထားမယ်လို့ မျှော်လင့်ပါကြောင်း နဲ့…
    ကုန်စည် စီးဆင်းမှု မြန်ဆန် မှန်ကန် ၊ ကုန်ဈေးနှုန်းပါကျပါစေလို့ … အဟိ
    😀

    • Ma Ma

      May 29, 2014 at 9:02 pm

      ကျမတို့က ရထားလမ်းနဲ့ဝေးလို့ ကြည့်မြင်တိုင်- သာရဝေါရထား ရှိမှန်းသိပေမယ့် အဲဒီခရီးမသွားဖူးဘူး။
      အခုအသစ်ဖွင့်တဲ့ ရထားလမ်းက ရန်ကုန်-ပုသိမ်ကားလမ်းနဲ့အပြိုင်လို ဖြစ်နေတာမို့ ကားလမ်းပေါ်က မြို့တွေကို ဖြတ်သွားလို့ သိတာ။
      ကျောက်စ်ပြောမှပဲ နုန်းတင်မြေနုပေါ်က ရထားလမ်းမို့ ခပ်ကြောက်ကြောက်ဖြစ်သွားတယ်။ 😆

  • padonmar

    May 28, 2014 at 10:13 pm

    မြစ်ဝကျွန်းပေါ်သူမို့လို့ မီးရထားစီးဖူးတဲ့ အကြိမ်ရေက လက် ၂ဖက် မပြည့်လောက်ဘူး။
    ဝမ်းသာပါတယ် မမ ရေ။

    • Ma Ma

      May 30, 2014 at 8:47 pm

      ဟုတ်ပါ့။
      မြစ်ဝကျွန်းပေါ်သူားအများစုနဲ့ မမ (မြန်မာ့မီးရထား) နဲ့က ခုမှ မိတ်ဆက်ကြရတာလေ။ 🙂

  • Mr. MarGa

    May 29, 2014 at 4:42 pm

    ဗဟုသုတ နည်းပါးပုံများ
    မြစ်ဝကျွန်းပေါ်မှာ မမ(အန်တီမမ မဟုတ်) မရှိဘူး ဆိုတာကိုတောင် မသိတဲ့အဖြစ်မို့
    အခု မမ လာပြီဆိုတဲ့ သတင်းကို
    ဝမ်းမြောက်ဝမ်းသာ ဖတ်သွားကြောင်းပါဗျာ 🙂

    • nozomi

      May 29, 2014 at 5:18 pm

      ဧရာဝတီတိုင်းမှာ အရင်ကတဲ က မမ မရှိတာတော့ မဟုတ်ဘူး ဗျ
      ပုသိမ် နဲ့ ဟင်္သာတ ကြားမှာ ရထားလမ်း ရှိတယ်
      ( ရန်ကုန်ကို ရထားနဲ့ ဆက်သွားချင်ရင်တော့ ဟင်္သာတကနေ သာရဝေါကို
      စက်လှေနဲ့ ကူး သာရဝေါကနေ ကြည့်မြင်တိုင်ထိ ရထားရှိတယ်)
      အဲဒီ ရထားလမ်း မှာ ဒါးကမြစ်ကို ဖြတ်ကူးတဲ့တံတားက ဒါးကတံတားဆိုတာ တစ်ခုပဲ ရှိတယ် ရထားရော ကားအတွက် ပါ တစင်းထဲ ဆိုတော့ ရထားလာရင် ကားစောင့်ပေါ့
      အခုတော့ ကားအတွက် သပ်သပ် တံတား ရှိသွားပြီ
      ပြီးခဲ့တဲ့ နှစ်တွေတုန်းက အဲဒီတံတားပေါ် ဖြတ်ကူးနေတဲ့ အမျိုးသမီး ( ကျောင်းသူလို့ထင်တယ် ) ရထားတိုက်မလို ဖြစ်လို့ ရထားစက်ခေါင်းမောင်း ကယ်လိုက်တဲ့ ဖြစ်စဉ်လေး ဖြစ်ခဲ့တာ ရှိသေးတယ်

      အဲဒီ ရထားလမ်းပေါ်မှာ ခမောက်စု ယုန်သလင်း နိဗာန်(အောက်က ဗ မထည့်တတ်လို့ပါ) ဆိုတဲ့ ဘူတာလေးတွေရှိတယ်
      ယုန်သလင်း ဆိုတာက အာဇာနည်ခေါင်းဆောင် ကရင်ကြီး မန်းဘခိုင် ရဲ့ ရွာ
      နိဗာန် က ဆရာကြီးဦးဖိုးကျားရဲ့ ဇာတိ

      အရင်ကတဲ အဲဒီ ရထားလမ်း ရှိတယ် ဆိုပေမဲ့ အခုဖွင့်လိုက်တဲ့ ရထားလမ်းကတော့ အကျိုးသက်ရောက်မှု ဧရိယာ ပိုများတာပေါ့
      လျှာရှည်သလို ဖြစ်သွားရင် မမ ရော သကြားပါ ခွင့်လွှတ်ပါ
      ခမောက်စု ဘူတာကနေ ဆက်သွားရတဲ့ အိုင်သပြု ဆိုတာမှ တနှစ်လောက်နေခဲ့ဘူးတာမို့ သတိရသွားရင်း လျှာရှည်လိုက်မိတာပါ

      • Mr. MarGa

        May 29, 2014 at 6:10 pm

        ကျေးဇူးပါ အစ်ကိုရေ
        မသိသေးတာတွေ ထပ်သိလို့
        ဒီလိုဝင်ပြောပေးတာ စိတ်ဆိုးစရာလားဗျာ :hint:

      • Ma Ma

        May 30, 2014 at 9:48 pm

        ကိုနိုအားဖြည့်လို့ ပိုစ့်က ပိုပြီးပြည့်စုံသွားလို့ …………… ကျေးကျေးးးးးးးး 🙂

  • naywoon ni

    May 29, 2014 at 11:46 pm

    လှိုင်သာယာ-ဟင်္သာတ ရထားလမ်းအတွက် လျော်ကြေးပေးရမည့် ငွေကျပ် သိန်းပေါင်း ၃၅၀၀ဝ ကျော်ထိရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ အကျေပေးလျော်ရန်စီစဉ်
    လှိုင်သာယာ-ဟင်္သာတ ရထားလမ်း အတွက်
    လျော်ကြေးပေးရမည့် ငွေကျပ်သိန်းပေါင်း
    ၃၅၀၀ဝ ကျော်ထိရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်
    မှ အကျေပေးလျော်ရန် စီစဉ်ထားကြောင်း

    ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

    ၂၀၁၁ ခုနှစ်အတွင်းမှ စတင်ကာ ရထားလမ်းဖောက်လုပ်မှု စတင်ခဲ့သော လှိုင်သာယာ-ဟင်္သာတ ရထားလမ်းပိုင်းအတွက် မလွတ်ကင်းသော အိမ်ခြံမြေယာလယ်များကို အသုံးပြုခဲ့ရပြီး လျော်ကြေးများပေးရန် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ နစ်နာသူများနှင့် ညှိနှိုင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

    ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက “ကျွန်တော်တို့ ပေးလျော်ရမယ့်ငွေက ကျပ်သိန်းပေါင်း ၃၀၀၀ဝ ကျော်ရှိတယ်။ အဲဒီမှာ ကျပ်သိန်း ၁၀၀ဝ ကျော်ကိုတော့ ပေးလျော်ပြီးသွားပါပြီ” ဟု ပြောကြားသည်။

    သို့သော် ကျန်ရှိသော ကျပ်သိန်းပေါင်း ၃၄၀၀ဝ ကျော်ကိုမူ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပေးလျော်ရန် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက စီစဉ်ထားဆဲဖြစ်ကြောင်း လျော်ကြေးပေးရန် စိစစ်ဆဲစာရင်းအတွင်း ဖော်ပြထားသည်။

    ယင်းလမ်းပိုင်းတစ်လျှောက် လျော်ကြေးပေးရမည့် မြို့နယ်များအရ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်းမြို့နယ်များဖြစ်ပြီး ညောင်တုန်းဒေသမှာ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖြင့် အများဆုံးရှိနေကြောင်း သိရသည်။

    အဆိုပါဒေသများမှာ အဓိကအားဖြင့် ဥယျာဉ်မြေ၊ လယ်၊ ငါးကန်၊ သီးနှံတို့ကို ဖျက်ပေးခဲ့ရပြီးရကြောင်း၊ လျော်ကြေးငွေ ပေးလျော်ရမည့်အပိုင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဆင့်ခံ လုပ်ဆောင်နေကြောင်း သိရသည်။

    ယခင် လှိုင်သာယာ-ဟင်္သာတ လမ်းပိုင်းကို ယခင်အစိုးရ လက်ထက်က စတင်ဖောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်မလာခဲ့ကြောင်း၊ အစိုးရသစ် တက်ခဲ့သည့်နှစ်မှ စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၄ ခုနှစ် မေ ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

    လှိုင်သာယာ-ဟင်္သာတလမ်းပိုင်း ဖောက်လုပ်မှုအတွက် ကျပ်ဘီလျံ ၃ဝ ခန့် ကုန်ကျခဲ့ကာ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းမည့် လမ်းပိုင်းဖြစ်သည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    Eleven Media Group
    အချိန် 10:53:00

    http://www.shwemyanmarmediagroup.org/2014/05/blog-post_1865.html?m=1

    မမ​ပြောတာ အဲ့ ရထားလမ်​းကိုလားမသိ

    • Ma Ma

      May 31, 2014 at 6:23 pm

      ဟုတ်တယ် အဲဒီလမ်းပဲ ကိုနေရေ။
      ကျမတို့ မိတ်ဆွေတွေထဲက ရထားလမ်းဖောက်တာမလွတ်လို့ လယ်တွေ၊ ယာတွေ၊ အင်းတွေ၊ အိမ်တွေ ဖျက်ပေးလိုက်ရတာတွေ ကြားခဲ့ရပေမယ့် လျှော်ကြေးရတယ်တော့ မကြားမိဘူး။

  • weiwei

    May 30, 2014 at 9:27 am

    မမနဲ့ ဇလွန်ပြည်တော်ပြန် သွားချင်တယ် …

    • Ma Ma

      May 31, 2014 at 6:42 pm

      ဇလွန်ပြည်တော်ပြန်ကို သွားချင်နေတာ။
      သွားဖြစ်ရင် အသံပေးလိုက်မယ် ဝေဝေရေ။ 🙂

  • ဦးဦးပါလေရာ

    May 30, 2014 at 11:36 am

    အဲဒီလမ်းကို အခုမှ ကြားဖူးတယ်။
    လမ်းကြောင်းနဲ့ ဘူတာတွေကို မေးမြန်းကြည့်ဦးမှ..

    • Ma Ma

      May 31, 2014 at 6:56 pm

      ရထားလမ်းဖောက်နေတာကို တွေ့နေရပေမယ့် မပြီးလောက်သေးဘူး။
      မသွားနိုင်သေးဘူးလို့ ထင်ထားတာ။
      ရထားလမ်း စဖွင့်ပြီး ၃ရက်အခမဲ့ ဆိုတာနဲ့ တမင် ရထားစီးလာကြတဲ့သူတွေ ရှိတယ် ဦးပါရေ။
      ကျမလည်း ဇလွန်ပြည်တော်ပြန်သွားချင်နေတာ လမ်းမကောင်းဘူးဆိုလို့ မသွားသေးတာ။
      ရထားစီးချင်တာနဲ့ ဇလွန်သွားချင်တာနဲ့ အတော်ပဲမို့ ဒီသတင်းကို ဝမ်းသာအားရ ဖြန့်ဝေလိုက်တာ။ 😀

  • တညင်သား

    May 31, 2014 at 9:14 am

    သန်လျှင်တံတား ဆောက်လုပ်တော့ အလယ်မှာ ရထားလမ်းပါတယ်..ရန်ကုန်-သီလဝါ နဲ့ သီလဝါ-ပဲခူးပေါ့…
    ရန်ကုန်-သီလဝါ က ရထားလမ်း ဖောက်လုပ်ပြီးပေမဲ့ သီလဝါ – ပဲခူး ရထားလမ်းက ခုထိ ဘာမှ မလုပ်သေးဘူးး….. နိင်ငံတော်စီမံကိန်းဖြစ်လို့ လျော်ကြေးမပေးဘူးထင်နေတာ ဧရာဝတီတိုင်းဒေသကြီး ခုရထားလမ်းမှာတောင် လျော်ကြေးရတယ်ဆိုတော့ တားတားတို့လဲ ရ ရမှာပေါ့နော့်.. လျော်ကြး မလိုချင်ပါဘူးဗျာ.. စီမံကိန်းကို မြန်မြန်အကောင်ထည်ဖော်စေချင်ပါတယ် ..မရှိတော့တဲ့ တားတားအဖေ မျော်လင့်ချက်လေး(ကိုယ်ကျူးိမပါ) ပြည့်ဝ စေချင်လို့ပါ…တားတားတို့မြေသိမ်းခံရတာက သူများနဲ့မတူသလိုပဲ ရထားလမ်းအတွက် မြေပါဖို့ပေးရတယ် တားတားတို့မိသားစု ပခုံးတွေကို ပေါက်ပြဲလို့ အဖေကတော့အပြုံးမပျက်ဘူး…
    ဒီအကြောင်းကို စာရေးချင်နေတာ မရေးတက်လို့ ..ဘာရယ်မဟုတ်ပါဘူး သွားလေသူ ဆိုရှယ်ဒီမိုကရက်တစ် သမားကြီးကို သတိယလို့……
    ကြုံတုန်းလေး…ဝင်ပေါကြည့်တာ……. :eee:

    • Ma Ma

      May 31, 2014 at 7:22 pm

      တို့ရွာထဲမှာလည်း စီမံကိန်းဒါဏ်ခံရသူတွေ ရှိတာကိုးးးး
      (မနှင်းပြုံးလည်း စီမံကိန်းဒါဏ်ခံရတာကို ရေးဖူးတယ်။)
      အခုရထားလမ်းမှာတော့ ကိုယ့်အသိတွေထဲက ဖျက်ခံရတဲ့အထဲပါသွားတာတွေ ကြားလိုက်မိသေးတယ်။
      သူတို့လည်း အလျှော်ရတယ်လို့တော့ မကြားမိသေးဘူး။
      🙁

  • ဦးကြောင်ကြီး

    June 2, 2014 at 8:27 am

    ဧရာဝတီ
    ဝေဘာဂီ
    မေလာပြီ
    စေရာတည်
    ဖွေလျှာသီ
    ဇေကမာ္ဘပလီ
    ငွေဗလာမြည်
    လေဘာတီ..။

Leave a Reply