အ​တွေးအိမ်​

naywoon niMay 28, 20141min1666

အ​တွေး​တွေက
ပူ​လောင်​တဲ့အိပ်​ခန်​းထဲမှာ ​ဝေ့ဝဲ
အပြင်​ကိုဖြတ်​ထွက်​မသွားနိုင်​ဘူး ။
ပူ​လောင်​အိုက်​စပ်​တဲ့ရာသီက
ထိ​တွေ့ရာ မြင်​​နေရာကို​လောင်​မြိုက်​
​လေထုက သိပ်​ကို​ပေါ့ပါးလွန်​း​နေ​ပေမဲ့
အ​တွေး​တွေကို အိပ်​ခန်​းထဲကအပြင်​ကို ဖြတ်​မထွက်​နိုင်​​အောင်​
ငါ ထိန်​းထားနိုင်​တယ်​ ။
ခန္ဓာကိုယ်​က ​ချွေးစီး​ကြောင်​းကိုအာရုံပြု
​ဆေးလိပ်​မီးခိုး​ငွေ့​တွေမှာအကြည်​့တစ်​ချို့ခိုစီး
တစ်​ချက်​တစ်​ချက်​တိုးဝင်​လာတဲ ့
​လေ​ပြေ​အေး​လေးကို လွမ်​းတယ်​ ။
ငါ့အိမ်​မှာ ​နေ့ခင်​းဘက်​များဆို
အ​တွေး​တွေဖြန်​့ကျဲ
စိတ်​ကူး​တွေနဲ့ ရှုပ်​ပွ
​လေထုထဲမှာလဲ
​ဆေးလိပ်​မီးခိုး​ငွေ့​တွေ​ထောင်​း​ထောင်​းထလို့
​လေထုက ပူ​နွေးပြီး အ​ဟောင်​းအသစ်​မလဲနိုင်​ရှာဘူး ။
​နောက်​ထပ်​ဝင်​လာမဲ့ ​လေအသစ်​ကိုလဲအားမနာနိုင်​ရှာဘူး ။
သူကိုယ်​တိုင်​ကပူ​​နွေးပြီး
​နှေး​ကွေး​နေရှာတာကို
​လေးလံတဲ့ ​လေ​ပြေ​အေး ​ဝေ့ဝဲလာချိန်​မှ
အားနားပါးနာ အနဲငယ်​တိမ်​း​ပေးရှာတယ်​ ။
ခဏပါပဲ …..
တစ်​ကယ်​ ခဏ ဆိုမှ ခဏ​လေးရယ်​ ။

​နေဝန်​းနီ

6 comments

  • lu lu

    May 28, 2014 at 6:39 am

    ဪ နေဝန်းနီရဲ ့အခန်းထဲမှာ အဲလ်ပေါ်လူးရှင်း
    ဖစ်နေတာပေါ့ညှော် သတိထားဗျ အ တွေးများရင်
    အန္တရာယ် များတယ် ဗျနော်
    😀

    • naywoon ni

      May 28, 2014 at 8:44 am

      နမိတ်​ပုံ​ဆောင်​ကဗျာ တစ်​ပုဒ်​ပါ အဓိပ္ပာယ်​ကို အတည်​့စဉ်​းစားရင်​ အ​ပေါ်ယံ ပဲမိမယ်​ ။

  • black chaw

    May 28, 2014 at 9:28 am

    ကဗျာတစ်ပုဒ်ကို လူဆယ်ယောက်ဖတ်ရင်
    အဓိပ္ပါယ်ဆယ်မျိုး ထွက်တော့မပေ့ါ…။
    အဲဒါကြောင့် ကိုယ့် အထာနဲ့ကိုယ် ဖတ်ပြီး
    ကိုယ့်အတွေးနဲ့ကိုယ် ပြန်ထွက်သွားပါပြီ ကိုနေကြီးရေ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • alinsett (gazette)

    May 28, 2014 at 10:33 am

    ဖြစ်တည်ဆဲခဏငယ်လေးတစ်ခုကိုပဲ
    အမိအရဖမ်းဆုပ်ကြည့်ဖို့
    မကြာခဏကြိုးစားဖူးပါရဲ့. . .
    ကဗျာဆိုတာတွေ ရေးချင်လာချိန်မှာပေါ့

  • Paing Lay

    May 28, 2014 at 10:53 am

    ဒါကြောင့်မို့ထင်ပါတယ် ဆရာ တက္ကသိုလ်ဘုန်းနိုင်က ဆရာမင်းလူကိုတွေ့တုန်းက ပြောဖူးတာလေး အမှတ်ရမိပါတယ် “ကိုယ်က မော်ဒန်ကဗျာတွေကို မကောင်းဘူးလို့တော့ မပြောပါဘူး စနစ်တကျလေးဖြစ်စေချင်တာပါ” တဲ့ 🙂

  • Kaung Kin Pyar

    May 29, 2014 at 8:44 pm

    ကဗျာအကြောင်းတော့ သိပ်နားမလည်ပါ။ မဖြစ်ညစ်ကျယ် တစ်ပုဒ်တစ်လေတော့ စပ်ဖူး၏

Leave a Reply