ရွှေအကြောင်းသိကောင်းစရာ(၂)

အခုတလောကမ္ဘာ့ရွှေဈေးက တက်လိုက်ကျလိုက်ရန်ကုန်ရွှေဈေးကလဲတက်လိုက်ကျလိုက်ဆိုတော့

ရွှေအရောင်းအဝယ်လုပ်ရင်ကောင်းမှာပဲဆိုပြီးရန်ကုန်မှာရေအရောင်းအဝယ်လုပ်ရင်ဘယ်လိုလုပ်ရလဲလို့မေးတဲ့သူများတယ်

ရန်ကုန်မှာရွှေကုန်သည်အသင်း ရွှေဘုံသာလမ်းမှာရှိတယ်
အသင်းဝင်တွေထဲကအရောင်းအဝယ်လုပ်ချင်သူတွေ ဈေးနားထောင်ချင်သူတွေ မနက်11:00နာရီလောက်ဆိုရုံးခန်းကိုလာကြတယ်

ရောင်းချင်တဲ့သူက ဘယ်ဈေးလောက်ရောင်းချင်တယ် ဝယ်ချင်တဲ့သူက ဘယ်ဈေးလောက်ဝယ်ချင်တယ် ပြောကြတယ် ညှိကြတယ် ဈေးတည့်ရင်အရောင်းအဝယ်ဖြစ်ပြီပေါ့

ငွေ ပစ္စည်း အပေးအယူကိုတော့ နောက်မှတစ်နေရာမှာချိန်းပြီးလုပ်ကြတယ် တစ်ခါတစ်ရံ
ရောင်းချင်တဲ့လူပဲရှိပြီး ဝယ်ချင်တဲ့လူမရှိတဲ့ အခါမျိုး ဝယ်ချင်တဲ့လူပဲရှိပြီး ရောင်းချင်တဲ့လူမရှိတဲ့အခါမျိုးလဲ ကြုံ
ရတတ်ပါတယ်

ရောင်းချင်တဲ့လူက (၁၀) ကျပ်သား ဝယ်ချင်တဲ့ လူက(၁၀) ပိသာ ဆိုတာမျိုးလဲ ကြုံတတ်ပါတယ် အဲဒီအခါ ဈေးအပြောင်းအလဲဖြစ်ပါတယ်

ပေါက်ဈေးဆိုတာ ရောင်းချင်သူနဲ့ဝယ်ချင်သူ ညှိနှိုင်းပြီး အလုပ်ဖြစ်သွားတဲ့ဈေးပါပဲ တစ်နေ့ကို ပေါက်ဈေးက လေး
ငါးဆယ်ခါ ပြောင်းပါတယ်

အသင်းမဝင်ဘဲ ဝယ်ရောင်းလုပ်ချင်ရင်တော့ ရွှေဆိုင်တွေမှာဝယ်လို့ရပါတယ် ဆိုင်တိုင်းမှာတော့မရပါဘူး ကျွန်တော့ဆိုင်အပါအဝင်အချို့ဆိုင်တွေမှာ ဝယ်ရောင်းလုပ်လို့ရပါတယ်

ဆိုင်တွေကတော့ နောက်ဆုံးဖြစ်သွားတဲ့ ပေါက်ဈေးပေါ်
မှာအခြေခံပြီး တစ်ကျပ်သားကို ငါးရာမှ ငါးထောင်လောက်အထိ တင်ရောင်းပါတယ် ပြန်ဝယ်ရင်လဲ
အဲဒီလိုပဲ ငါးရာမှ ငါးထောင်လောက်အထိ လျှော့ပြီး ပြန်ဝယ်ကြပါတယ်

ကျွန်တော့ဆိုင်ရဲ့ ရောင်းဈေးဝယ်ဈေးသိချင်ရင် ဖုံးဆက်စုံစမ်းလို့ရပါတယ်

ရွှေသင်တန်းမတက်ဘဲ ရွှေအကြောင်းစိတ်ဝင်စားတယ်ဆိုရင် လေ့လာချင်တယ်ဆိုရင် Tate Sein Gold Shop page ကို
like လုပ်ထားလို့ရပါတယ် အမြဲအသစ်တင်ပေးနေမှာပါ

About Zaw Aung

Zaw Aung has written 48 post in this Website..