ရွှေအကြောင်းသိကောင်းစရာ(၃)

အမှတ်(၁)မှာ နိုင်ငံတကာသုံးနဲ့ မြန်မာသုံးရွှေချိန်အကြောင်း ပြောခဲ့ပါတယ် အခုမြန်မာရွှေချိန်အကြောင်း ပြောပါမယ်
၁ ကျပ်သား = ၁၆ ပဲ
၁ ပဲ = ၈ ရွေး

ရွှေဈေးနှုန်းပြောရင် ၁ ကျပ်သားဈေးကိုပြောတာကြောင့် ငွေတန်ဖိုးကိုသိချင်ရင် ရွှေချိန် ( ကျပ် ပဲ ရွေး ) ကို ကျပ်တစ်ခုတည်း ဖြစ်အောင်ပြောင်းပြီးမှ ရွှေဈေးနဲ့မြှောက်ရပါတယ် ပြောင်းနည်းက

ရွေး ÷ 8 + ပဲ ÷ 16 + ကျပ် × ရွှေဈေး = ကျသင့်ငွေ

ဥပမာ – 1 ကျပ် 2 ပဲ 3 ရွေးကို ရွှေဈေး 700000 နဲ့တွက်ကြည့်ရအောင်

3 ÷ 8 + 2 ÷ 16 + 1 × 700000 = 803906

မန္တလေးမှာက 1 ပဲ ကို 7.5 ရွေးလို့သတ်မှတ်ပါတယ်

သိချင်တာ ပြောစေချင်တာ ရှိရင် comment ပေးနိုင်ပါတယ်

About Zaw Aung

Zaw Aung has written 48 post in this Website..