ရွှေအကြောင်းသိကောင်းစရာ(၃)

Zaw AungMay 29, 20141min14110

ရွှေအကြောင်းသိကောင်းစရာ(၃)

အမှတ်(၁)မှာ နိုင်ငံတကာသုံးနဲ့ မြန်မာသုံးရွှေချိန်အကြောင်း ပြောခဲ့ပါတယ် အခုမြန်မာရွှေချိန်အကြောင်း ပြောပါမယ်
၁ ကျပ်သား = ၁၆ ပဲ
၁ ပဲ = ၈ ရွေး

ရွှေဈေးနှုန်းပြောရင် ၁ ကျပ်သားဈေးကိုပြောတာကြောင့် ငွေတန်ဖိုးကိုသိချင်ရင် ရွှေချိန် ( ကျပ် ပဲ ရွေး ) ကို ကျပ်တစ်ခုတည်း ဖြစ်အောင်ပြောင်းပြီးမှ ရွှေဈေးနဲ့မြှောက်ရပါတယ် ပြောင်းနည်းက

ရွေး ÷ 8 + ပဲ ÷ 16 + ကျပ် × ရွှေဈေး = ကျသင့်ငွေ

ဥပမာ – 1 ကျပ် 2 ပဲ 3 ရွေးကို ရွှေဈေး 700000 နဲ့တွက်ကြည့်ရအောင်

3 ÷ 8 + 2 ÷ 16 + 1 × 700000 = 803906

မန္တလေးမှာက 1 ပဲ ကို 7.5 ရွေးလို့သတ်မှတ်ပါတယ်

သိချင်တာ ပြောစေချင်တာ ရှိရင် comment ပေးနိုင်ပါတယ်

10 comments

  • ဦးကျောက်ခဲ

    May 29, 2014 at 9:00 pm

    ဆရာရယ် ဒီလိုလေးတော့ လုပ်လိုက်ပါ…
    ( [ { (3 ÷ 8) + 2} ÷ 16 ] + 1 ) × 700000 = 803906
    ဆရာ့ကို ဆရာလုပ်တာ မဟုတ်ရပါဘူး ၊ တွက်ရတာ မျက်စေ့လယ်မှာစိုးလို့ပါ…

    ဟို… နှစ်၂ဝကျော်နှိပ်စက်သွားတဲ့ ရွှေကြီးအကြောင်းတော့ မသိချင်ဘူးနော်… စိတ်နာလို့
    😀

  • ဦးကျောက်ခဲ

    May 29, 2014 at 9:03 pm

    ဆရာရယ် ဒီလိုလေးတော့ လုပ်လိုက်ပါ…
    ( [ { (၃ ÷ ၈) + ၂ } ÷ ၁၆ ] + ၁ ) × ၇၀၀၀၀ဝ = ၈၀၃၉၀၆
    ဆရာ့ကို ဆရာလုပ်တာ မဟုတ်ရပါဘူး ၊ တွက်ရတာ မျက်စေ့လယ်မှာစိုးလို့ပါ…
    ဘီလိုဖစ်တွားမှန်းမသိလို့ မြန်မာလိုပြန်ရိုက်တင်လိုက်တယ်… 😀

  • padonmar

    May 29, 2014 at 10:36 pm

    Tag လေးထည့်ရင် နောင်ရှာရလွယ်တယ်။
    အခု ရွှေရွှေရွှေ လို့ ထည့်ပေးထားပါတယ်။
    ကြိုက်ရာ ထည့်ပါ။

  • alinsett (gazette)

    May 30, 2014 at 7:39 am

    ရွှေလည်း မကြိုက်ဘူး
    စိန်လည်း မကြိုက်ဘူး

    :mrgreen:

    • kyeemite

      May 30, 2014 at 4:05 pm

      ရွှေမကြိုက်ရင်နေပါ..စိန်တော့ကြိုက်ပါဟ 😀

  • Mr. MarGa

    May 30, 2014 at 10:49 am

    မန္တလေးမှာ ဘာလို့ ရွေးကွာသွားတာလဲဗျ

    • Zaw Aung

      May 30, 2014 at 7:44 pm

      ရှေးကတည်းကလို့ ပြောတာဘဲ

  • black chaw

    May 30, 2014 at 3:28 pm

    ဗဟုသုတ ရပါတယ် ကိုဇော်အောင်ရေ။

  • Ma Ma

    May 30, 2014 at 8:09 pm

    အခေါက်ဈေးကနေ ၁၅ပဲရည်ဈေးတွက်တာလေးလည်း လုပ်ပါအုံး။ 🙂

Leave a Reply