ကမ္ဘာနှစ်ထပ်

သူရႆဝါAugust 11, 20101min500

“ကမ္ဘာနှစ်ထပ်”

“သွားတော့မယ်နော် ..” လို့ နှုတ်ဆက်တဲ့အသံကို
မကြားလိုက်ရဘူး (ဒါမှမဟုတ်) နှစ်ခါကြားလိုက်ရတယ်
အရောရောအထွေးထွေး …
ကိုယ်တို့နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်သွားရင်
သိပ် …. ကောင်းမှာပဲကွယ်။

“ဆက်ဆက် … ပြန်လာခဲ့မယ်နော်” ဆိုတဲ့ ကတိစကားဟာ
တုန်ခါဝေဝါးလို့၊ ကိုယ် အခါခါကြားယောင်နေမိ
နှစ်ခါကြားလိုက်ရတဲ့ နှုတ်ဆက်စကားနဲ့ ကတိကဝတ်လေး
ကိုယ့်အပြန်လမ်းက နှစ်မျိုးရှိတယ်
သစ်ရွက်အနွမ်းလေးကြွေကျသွားတာ၊ တစ်ယောက်တည်းဖြစ်ဖြစ်နေတာ၊
အိပ်လို့လည်းမပျော်ဘဲ အိပ်မက်မကောင်းတာ၊
မွေးနေ့ဆုတောင်းသံလေး အနားမှာရှိမနေပေးတာ၊ နေ့တိုင်းတနင်္လာ
နှစ်ခါ .. နှစ်ခါ .. နှစ်ခါများနဲ့ ကိုယ့်မှာ ကမ္ဘာနှစ်ထပ်ထဲ …. ။

သူရဿဝါ
ဩဂုတ် ၁၁ ရက် ၊ ၂၀၁ဝ ခုနှစ်