စိုင်းနဲ့ လက်မှတ်

ကြိုပီးပြောချင်တာကတော့ မကောင်းပြောတဲ့ပို့စ် ဟုတ်ပါဝူးရယ်လို့ …
ဆိုင်ရာပိုင်ရာတွေလဲ ကြောက်ရတေးဒယ်… :mrgreen:
စိုင်းစိုင်း က အနော်နဲ့ (မဟုတ်ပါဝူး) လက်မှတ်မထိုးဝူး ထိုးမယ်ဆိုတဲ့ကိတ်စနဲ့ ပတ်သက်ပြီး….. :mrgreen:
ပွဲဆူပုံများနှယ် အားရစရာဂျီးးးး အနော်တို့လို အလုပ်မရှိ အွန်လိုင်းတစ်နေကုန် လယ်နေသူများအတွက် ပြောပါဒယ်….

Sai Sai

ဘယ်အရာကိုမဆို
မလုပ်နိုင်တာကို မလုပ်နိုင်တဲ့အကြောင်း
လုပ်နိုင်တာကို လုပ်နိုင်တဲ့အကြောင်း
ရိုးသားစွာပြောခဲ့ပါသည်
အများအကျိုးအတွက် ကြိုးစားဆောင်ရွက်နေသူများအားလုံးကို
အားပေးထောက်ခံပါသည်
ကျနော့်အား နားလည်မှုလွဲမှားခဲ့ကြခြင်းအတွက်
အများကြီးစိတ်မကောင်းဖြစ်ရပါသည်

ဒီစာတွေနဲ့ ပတ်သက်ပီး စိုင်းစိုင်းပိတ်သတ်တွေရော မပိတ်သတ်တွေပါ အတော်လှုပ်လှုပ်ရွရွဖြစ်သွားတယ်….
ဆဲတဲ့သူလဲဆဲ… နားလည်ပေးပါတယ် ဆိုတဲ့သူလဲ ဆိုပေါ့လေ….
ဒီနေ့တော့လဲ လက်မှတ်သွားထိုးတဲ့ Status တွေတက်လာပါတယ်….

အနော်လဲ စိုင်းစိုင်းပိတ်သတ်တစ်ယောက်အနေနဲ့ စိုင်းရယ် လုပ်ရက်လေခြင်း၊ ဥာဏ်တိမ်လေခြင်းပေါ့…..
လက်မှတ်သွားထိုးပြန်တော့လဲ ဟယ် စိုင်းလေး ချစ်လိုက်တာ မွမွပေါ့…..

ခုသွေးအေးတော့ ဘာတစ်ခုတွေးမိသလဲဆိုတော့ အနော်သာ (တခြားဘူ့ဂိုမှ ပြောဝူးနော်) :mrgreen:
အသည်းနဲ့ အသန်ဖြစ်နေတာ စိုင်းစိုင်းက အနော်တို့ comment တွေအကုန်တောင် ဖတ်ဖြစ်ချင်မှာ ဖတ်ဖြစ်မှာပါ….
သူ့အနေနဲ့ စိတ်ထဲရှိတာပဲဖြစ်ဖြစ် Celebrity ဆိုတော့ နဲနဲ စတိုင်ထွင်တာပဲဖြစ်ဖြစ် ပြောလိုက်တဲ့ စကားတစ်ခွန်းကို လူတွေ ၀ိုင်းပြောကြတယ်ဆိုတာတော့ သူသတိထားရမယ်… သူ့ အသက်မွေးဝမ်းကြောင်းက လူအများနဲ့လုပ်ရတာကိုး… အဲဒီတော့ တစ်ခါ အခုနပြောသလို စတိုင်ပဲဖြစ်ဖြစ် တကယ်စိတ်ပါလို့ပဲဖြစ်ဖြစ် ဒီအချိန်မှာ အခြေအနေတစ်ခုကို recover ပြန်လုပ်ရမယ် တွေးတာပဲဖြစ်ဖြစ် သူ NLD ရုံးသွားပီး လက်မှတ်ထိုးခဲ့တယ်….
အနော်တို့ တစ်ယောက်ချင်းစီအတွက် သူ့မှာ ချစ်ခြင်း မုန်းခြင်း သီးသန့်ဖီလင်ရယ်လို့ ရှိမှာမဟုတ်တာတော့ တော်တော်လေး သေချာပါတယ်…

ပြောကျိတာလေ… ကိုယ်ကသာ စိုင်းစိုင်းကို စိတ်ဆိုးပီး သူ့သချင်းနားမထောင်တော့ဘူး အားမပေးတော့ဘူးလုပ်လိုက် ပြန်ချစ်ချင်သွားလိုက်… ကိုယ့်ချစ်ခြင်းမုန်းခြင်းက ပြောရမယ်ဆို သူ့စိတ်ထဲ သိပ်ရှိနေမှာ မဟုတ်ဘူးလေ…
တစ်ခါတစ်လေကြ အနော်တို့လဲ ကွကိုယ်ဇတ်လိုက်လုပ်ပီး လောကကြီးနဲ့ယှဉ်စဉ်းစား တတ်ကြပါတယ်…. တကယ်တော့လဲ လူဆိုတာ ကမ္ဘာကြီးနဲ့ယှဉ်ရင် အလွန်သေးငယ်တဲ့ အမှုန်လေးပါပဲ….
ကိုယ့်ရဲ့ကောင်းခြင်းပဲဖြစ်ဖြစ် ဆိုးခြင်းပဲဖြစ်ဖြစ် အက်ရှင်တစ်ခုအပေါ်ကို ရီအက်ရှင်က ကိုယ်မျှော်လင့်ထားသလို ဖြစ်လာချင်မှ ဖြစ်လာမှာပါ…
ကမ္ဘာမှာ ကိုယ့်ရဲ့တည်ရှိမှုကို မသိသူတွေ အများကြီးရှိသလို၊ ကိုယ့်ပတ်ဝန်းကျင်ကကော ကိုယ်ထင်ထားသလောက် ကိုယ့်အပေါ်စိတ်ဝင်စားပါမလား…
ငါသည်သာ ငါ့ဇွတ်လိုက်ဆိုတော့ ကိုယ့်ဇတ်လမ်းမှာတော့ ကိုယ်မင်းသား ပါပဲ… ဒါပေမဲ့ ဘ၀ထဲကလူတွေမှာ လဲ ဇတ်လမ်းကိုယ်စီနဲ့ ကိုယ်ပိုင်ဇတ်ထုတ်မှာ မင်းသား/မင်းသမီးတွေပဲလေ…
သူများဇတ်ထုတ် ကိုယ့်ဇတ်ထုတ်လောက် ဘယ်စိတ်ဝင်စားကြမလဲ….

မည့်သူ့ကိုမှမရည်ရွယ်ပါ… တိုက်ဆိုင်မှုရှိရင်သင့်ကိုပြောခြင်းဖြစ်တီလို့ ပြောသူက အနော်မဟုတ်ပါဝူး တစ်ခြားတစ်ယောက်ပါ… :mrgreen:

About Wow

has written 62 post in this Website..