အိုင်တီဒွေ

Kaung Kin PyarMay 30, 20141min19233

တွေ့ဖူးသမျှ အိုင်တီတွေ တစ်ယောက်မှကို မကောင်းဘူး….။ အကုန် ဂျစ်ကန်ကန်၊ မှုန်တေတေ၊ ထုံပေပေတွေချည်းပဲ….။

ဘယ်အချိန်ကြည့်ကြည့် အလုပ်တွေမနိုင်မနင်းများနေတဲ့ မျက်နှာသေတွေနဲ့ ..။ ကွန်ပြူတာစခွင်ကို စူးစိုက်ကြည့်နေတာများ.. ပေါက်ထွက်တော့မယ့်အတိုင်း။ အကြောင်းမသိသူတော့ ဒီလူအတော်ကြိုးစားတာပဲ ထင်မှာ..။ မသိရင်ပဲ ကုမ္ပဏဲရဲ့အနာဂတ်က သူတို့လက်ထဲပဲရောက်နေသလိုလို…။ သရုပ်ဆောင်က တော်ချက်…၊ ဒါရိုက်တာဝိုင်းကိုတောင် ပြန်သင်လို့ရတယ်…။

Fixed Assest လေးစစ်ချင်လို့ ပစ္စည်းအဟောင်းအမြင်းလေးတွေ စတိုထဲပို့ပေးပါ ပြောတာကို တစ်ပတ်။ ထမင်းစားဖို့တော့ မမေ့၊ ဒါတော့ နေ့တိုင်းမေ့တဲ ့အိုင်တီနဲ့လဲ ကြုံဖူးတယ်..။ ကွန်ပြူတာလေး ဘာဖြစ်သွားမှန်းမသိ၊ လာကြည့်ပေးပါပြောရင် ဈေးက ကိုင်ချင်သေးတယ်..။ လာပြီခဏ က တကမ္ဘာလောက်ကြာတယ်..။

ဟိုဘက်ခန်းဒီဘက်ခန်း Network ချိတ်ပြီး ဒိုတာခုတ်လားခုတ်ရဲ့….။ ရာသီဥတုလေးများပူလာရင် ဆာဗာကြီးပဲ မီးထတောက်တော့မလိုလိုနဲ့ ဆာဗာခန်းဝင်ပြီး ဟောက်သံတောင်ထွက်နေတဲ့ အိုင်တီလဲ ရှိရဲ့..။

စားပွဲပေါ် Printer, Mother Board အစုံတင်ပြီး ဘန်ကာ၊ ကတုတ်ကျင်းလုပ်ထားတာမျိုး၊ အခန်းဝင်ဝင်ချင်း မူလီအတိုအစတွေ စပလိန်အတိုအစတွေချချပြီး ထောင်ချောက်ဆင်တာတွေရော…..

ဆင်ပေမပေါ့….။ ရှိသမျှဆိုဒ်တွေ အကုန်ကြည့်ပြီး ပေါ်သမျှမော်ဒယ်တိုင်းကို စိတ်ကူးနဲ့ ထိုင်ပစ်မှားနေကြတာ…။

အာ့ပြောတာ…။ အိုင်တီတွေ ကောင်းကိုမကောင်းဘူး…။

ဒီကြားထဲ တခြားသူအပေါ်တော့ ကောင်းနေပြီး နာ့တစ်ယောက်ထဲကွက်ကွက်ပြီး မကောင်းတဲ့အိုင်တီက ရှိသေးတယ်…။ မွေးရာပါ ဦးနှောက် (၂)ခန်းပုပ်နေတဲ့ လူဂျီး…။ ဪ…ငါ့ဘွ ….။ ကွကိုယ်တောင် အတော်သနားထှာ…..။

လိုရင်းက ခုမှရောက်တော့တယ်…

အွင်းးး ပြောချင်တာလဲ စုံသလောက်ရှိပြီ…။ ကျန်တယ်ထင်မှ လာပြန်ပြောတော့မယ်…

ဒါဗြဲ..

 

တော်သေးဘီ

33 comments

  • ကေဇီ

    May 30, 2014 at 6:02 pm

    A haaaaahaaahaaaa..!!
    Agreeeeeee…!!
    :mrgreen:

  • ROssI

    May 30, 2014 at 6:10 pm

    ဒီလိုပြောတာ …ကျုပ် ကို မမြင်ဖူးသေးလို့ နေမယ်..
    .
    .
    .
    .
    .
    .
    မြင်ဖူးရင် အော်ကျောလန်မှာ… ပြောမလို့ပါ..

    အာဟိ

  • Kaung Kin Pyar

    May 30, 2014 at 6:52 pm

    ပထမဆုံးရေးထားသော တွေ့ဖူးသမျှ ဆိုသည့်စာသားအစား ကြုံဖူးသမျှ ဟု ပြန်လည်ပြင်ဆင်ဖတ်ရှုပေးဂျဘာ ချစ်လှစွာသော ရွာသူားများရှင့်
    ပုံ
    ကောင်းကင်ပြာ

  • alinsett (gazette)

    May 30, 2014 at 6:58 pm

    ဖဲ့ပဟ

    ချစ်စနိုးနဲ့ ဖဲ့တာမို့ အဖဲ့ခံရသူဂျီးတော့
    ပြုံးစိစိ ဖြစ်နေမှာ မြင်ယောင်သေးတော့သည်. . . .

    :mrgreen:

  • lu lu

    May 30, 2014 at 7:32 pm

    ဘူလဲကွအဲ့ဒါ ? ? ?
    😀

  • Kaung Kin Pyar

    May 30, 2014 at 11:16 pm

    ငင့် ဒါ ရန်စ ထားတာလေ ကိုဒညင်းဝက်ရဲ့။ ချစ်စနိုးဦးပြောတယ်များ ထင်နေလား။ ဟုတ်ပါဘူး၊ ချစ်စနိုးပြောတယ်များ ထင်နေလား။
    ပြောလက်စနဲ့ တစ်လက်စထဲ ထပ်ပြောလိုက်ဦးမယ်။
    စိတ်က ပုပ်စုတ်လို့ စိတ်ထဲက လောက်ထွက်တော့မယ့် အဲ့ဒီလူဂျီး…
    :
    :
    :
    %#&@*%%&#&$*&$@ ဘာဇေ
    @%#&$*$&#&$%*@& ဘာဇေ
    @%$*@%$*@&$&*&$ ဘာဇေ
    :
    အာ့ဒွေအကုန် တပြိုင်တည်း စုပြုံဖြစ်ဘာဇေ

  • Kaung Kin Pyar

    May 30, 2014 at 11:52 pm

    @လုလု
    လဂါးဘာ လုလုရယ်…ကန်ပနီပိုက်ဆံ ညာယူနေဒဲ့လူဒွေ။ မေတ္တာကို မရှိဘူးးး
    ကောင်းကင်ပြာ ကန်ပနီထောင်ရင်လေ…အိုင်တီတွေစခွင်ကိုချိန်ပြီး စီစီတီဗီ တပ်ထားမယ်။ မော်ဒယ်ဒွေ ပုံပဲ ထိုင်ကျိနေလို့ဂတော့လားးး ဒင်းတို့ကို ဂျင်းစကဒ်အတိုနဲ့ ကြိုးတစ်ချောင်းဝတ်ခိုင်းပြီး ရုံးကို ရပတ် ပတ်ခိုင်းပလိုက်မယ်…ငွင်းငွင်းငွင်းးး

  • အရီးခင်

    May 31, 2014 at 4:24 am

    အိုင်တီ။
    မရှိမဖြစ်မိုး ပါကွယ်။ :-)))
    အထင်အလွဲပါနဲ့။
    အခုတော့ မိုင်တိုင် တစ်ခုဖြစ်ခဲ့မလား။
    ကျန်ခဲ့ပြီ လို့ ထင်ရတာဘဲ။

    အရီး က ကရင်ပြည်နယ်စပ်မှာ မွေးတယ်။
    ကရင် တော့မဟုတ်။
    အမေ့ဘက်က အဖိုး က ရှမ်းစပ်သလားဘဲ။

  • Kaung Kin Pyar

    May 31, 2014 at 5:53 am

    ကောင်းကင်ပြာလဲ ကရင်ပြည်နယ်ဘက်သွားလည်ချင်တယ် အရီးရဲ့။ ဇာတိက မအူပင်အကျော် ကျွဲဒုံးဆိုတာ။ တောင်အောက်ပေါ့။ ငယ်ငယ်ကပဲရောက်ဖူးတယ်။ တောင်ပေါ် ကရင်တွေကြား ထပ်သွားချင်သေးတယ်။ ကိုဒညင်းဝက်လို။
    အရီးက ရှမ်းစပ်တာလား။ ဒါဆို ချောမှာပဲ။ ကောင်းကင်ပြာက ရှမ်းမလေးတွေကို ချစ်တယ်။

    • alinsett (gazette)

      May 31, 2014 at 9:08 am

      ရောက်ဖူးသမျှ သွားခဲ့သမျှထဲမှာ
      ကရင်ပြည်နယ် ဘာအံဘက် မြိုင်ကြီးငူဘက်က ရှုခင်းတွေကို အချစ်ဆုံးး
      ပြန်မြင်ယောင်တုန်းပဲ
      သွားပြီးရင်း ထပ်သွားချင်တုန်းပဲဗျာ
      ပိုးကရင်မလေးတွေကိုလည်း သတိရနေတယ်
      ကရင်လူမျိုးတွေ
      ဟန်ဆောင်နည်းပြီး ရိုးသားပွင့်လင်းပြတယ်
      ဖော်ရွေကြတယ်
      ဧည့်ဝတ်ကျေပြီး ချစ်စရာကောင်းကြတယ်
      လွယ်းတယ် ကရင်ပြည်နယ်ရယ်
      လွမ်းတယ် သံလွင်ရယ်
      လွမ်းတယ် ဇွဲကပင်နဲ့ တောင်ထီးထီးမားမား မြင်ါမြင့်မှိုင်းမှိုင်းကြီးတွေရယ်

      🙂

  • Kaung Kin Pyar

    May 31, 2014 at 9:15 am

    ရှုခင်းသာတဲ့ဘက်တွေညွှန်းလို့ ကျေးကျေးပဲ ကိုဒညင်းဝက်ရေ။ သွားဖြစ်ရင်တော့ အဲ့ဘက်တွေအရင်သွားမယ်။
    တစ်နှစ်တစ်ခါလောက်တော့ ကိုယ်မရောက်ဖူးသေးတဲ့နေရာတွေ သွားချင်တယ်။

  • Kaung Kin Pyar

    May 31, 2014 at 9:34 am

    ဟွင့် ပိုစ့်တွေ ရောသမမွှေကုန်ပြီ။ ဒီဘက်ပြန်လှည့်မှပဲ။
    အရီးပြောတဲ့ အိုင်တီကမရှိမဖြစ်ဆိုတာ လက်ခံပါတယ် အဟဲ။
    ဒါပေသိ သိလား၊ သူတို့ပဲ စားကောင်းသောက်ကောင်းအောင် ဟိုလူ မယ်မိုရီစတစ်လာပေး လက်ခံ၊ ဒီလူမယ်မိုရီစတစ်လာပေးလက်ခံနဲ့ ဖြန့်ဝေရေး လုပ်ကြတာ။ အဆိပ်ပင်ရေလောင်း၊ လူမိုက်အားပေးတွေ။
    ဒါကိုပဲ မလုံမလဲတွေဖြစ်ပြီး ဟိုအမှုပေါသလေး၊ ဒီအမှုပေါသလေးနဲ့ လူရှေ့ထွက်လာပြီး အရင်ဦးအောင် အော်ကြတာ။ အံ့ပါရောလားး

  • ဟင် စော်ပဟ… ကျုပ်လဲ အိုင်တီ ငအ ပါဗျာ…
    user တွေဒုက္ခပေးတာလဲ ခံလိုက်ရသမှ…. ဘာမဟုတ်တဲ့ ပတ်စ်ဝက်မှားနေတာက အစအဆုံး လိုက်ရှင်းပေးရတာ.. ပတ်စ်ဝက်ကဘယ်ရိုက်ရမဒုံး Caps Lock ကြီးဖွင့်ရိုက်နေရတာကို.. ဒီကြားတဲ့ လမ်းဖြတ်မလျှောက်လိုက်နဲ. စက်အသစ်လဲပေးဆိုတာချည်းပဲ.. တနေ.တနေ. သုံးထပ်ကို အောက်ဆင်းလိုက်အပေါ်တက်လိုက်… လုပ်နေရတာ… အရပ်တောင် တဖြည်းဖြည်းပုလာသလိုပဲအေ….
    ပြသနာတွေကတော့ အကြီးကြီးတွေချည်းပဲ… နတ်ဝက်မရလို.သွားကြည့်. နတ်ဝက်ကြိုးလွတ်နေတာတို.
    မော်နီတာ မလာလို.သွားကြည့်… ခလုပ်ပိတ်နေတာတို…
    မောက်က အလုပ်မလုပ်တော့ဘူး လဲပေးဆိုလို.သွားကြည့်…. ကေဘယ်လ်လွတ်နေတာတို…

    အမယ် မော်နီတာ စခရင်ရှေ.မှာ အလကားထိုင်ပြီး မော်ဒယ်ပုံပဲ ကြည့်နေရတယ်ပြောသေးတယ်… ပြီးရင်သူတို.ပဲ…. ဟို မေမြတ်မွန်လေးရှိရင်လုပ်ပါအုံး…. ဟယ် သဇင်တဲ့တော့ ရှိလားတို…. ဟိုမော်ဒယ်လေးလန်းတယ် ရော့ မန်မိုရီစတစ်တို…. သူတို.ကပဲပြောရတယ်ရှိသေးတယ်….

    အိုင်တီများ မုန်းသလေးဘာလေးနဲ… အမလေးးးးးးးးးးးးးးးးးးးးအရပ်ကတို.ရေ.ကြားလို.မှကောင်းကြသေးရဲ.လား…. အိုင်တီသမားတွေများ အိမ်သာလို.ပဲ ဗိုက်နာမှ သုံးကြတာပါအေ…………… အံ့ဩဘာ…
    ဒီကလဲ user တွေကို သိပ်ကိုချစ်နေတယ်ထင်နေလား………………….ဟွန်. မုန်းထာအေ…

  • Myo Thant

    May 31, 2014 at 10:30 am

    အဲဒီ အိုင်တီ ဆိုတာကြီးသာ ဒီကမ႓ာမှာ ပေါ်မလာရင် ဂဇက်ဆိုတာလည်း ဖတ်ရမှာမဟုတ်

    ကောင်းကင်ပြာ ဆိုတာ ကရင်စပ်ကလေးဆိုတာလည်း မည်သူမျှ သိရမည်မထင်

    စိတ်လျော့ ဒကာမလေးရေ

    သိမ်းကြုံးပြီး မရမ်းပါနဲ့ကွယ် ၊

    • surmi

      May 31, 2014 at 10:39 am

      ဦးမျိုးက အိုင်တီလား 🙂
      ဟေးဟေး တိုက်ဆိုင်သွားရင် ဒဲ့လို့မှတ်ပါဦးလေး
      ဆိုတော့ ………
      ဒီဂဇက်ထဲမှာလဲ အိုင်တီသမားတွေက ထက်ဝက်မကရှိနေပြန်တယ် ။
      ကွန်ပြူတာကျောင်းဆင်းတွေအားလုံးရောက်နေသလားထင်ရတယ်
      ကျုပ်တို့သာ ကွန်ပြူတာပိတ်ရင် ပလပ်ဆွဲဖြုတ်တဲ့ကောင်တွေ
      ဒီတော့ …… အိုင်တီဆရာများ ခေါင်းဆင်းနင်းခံရသလိုဖြစ်တော့မှာဘဲ ဟဲဟဲ
      အခုတလော ရွာထဲမဝင်ရဲဘူးဖြစ်နေတယ်
      ဘင်းဂလားနယ်စပ်နဲ့အပြိုင် ပစ်သံခတ်သံတွေကြားနေရလို့ ။
      ကျည်ကွယ်ရာရှောင်နေဦးမှပါလေ :mrgreen:

  • Kaung Kin Pyar

    May 31, 2014 at 10:34 am

    ဟားဟားဟား…
    ဟိုတစ်ရက်ကပြောတော့ ကားမောင်းဆို…ကိုရွှေတိုက်စိုး အိုင်တီမှန်းးး သိမှသိပဲကိုတော်
    ကောင်းကင်ပြာပြောတဲ့ထဲ ကိုရွှေတိုက်စိုးလို လူလိမ္မာမျိုး ပါပါ့မလားလို့..စင်းစားကျိ စင်းစားကျိ…အဟဲ

  • Kaung Kin Pyar

    May 31, 2014 at 10:37 am

    အူးညိုးရေ စိတ်လျှော့နေပါပြီ စိတ်လျှော့နေပါပြီ။ ပြောစရာလဲ ကုန်သလောက်လောက် ရှိသွားလို့။ အဟေးဟေးးးး

  • Kaung Kin Pyar

    May 31, 2014 at 10:46 am

    ဦးမျိုးက အိုင်တီမဟုတ် ကိုSurmi ရေ…။ ဦးမျိုးက MICTသွားပြီး ဘော..ဘောပွဲကျိတာ။ တချက်တချက်လဲ ထထဖောက်ပြီး ဒက်စတော့ပေါ် ပုံဒွေတင်သေးတယ် ဟေးဟေးးး

    • Myo Thant

      May 31, 2014 at 10:56 am

      ကောင်မလေး 🙁

      တော်ပြီ ဝိုင်ကေကေအိုမှာ မုန့်ကျွေးမလို့ဟာ ၊

      ကျွေးတော့ဝူး

  • ROssI

    May 31, 2014 at 11:00 am

    ရွာထဲက အိုင်တီသမားတွေကိုချဉ်ရင်လေ..
    ဖက်ထုပ်ကတ် ဆိုလား ..အဲ့ …၄လုံး၆ဖက်ကြီးကို
    ထိပ်ဆုံးထား ချဉ်ဗျ…။ သိယား….
    မဆလ ခေတ်က စကားငှားပြောရရင်
    ဖောက်ပြန်တတ်တဲ့ လူတန်းစားထဲ ထိပ်ဆုံးပါတဲ့ … လူယီး…
    ပြတင်းပေါက်နဲ့ ထမင်းစား ပီး အကောင်းမပြောတဲ့အပြင် …ပန်းသီး သုံးတဲ့ ဘူဇွာကြီး…
    ဆမ်ဆီ ..ကို မှိုချိုးမျှစ်ချိုး လုပ်တဲ့လူ …..
    ယုစ့်လေး အကြောင်းတွေးမိတိုင်း …ဒီလူယီးကို ဒေါသဖြစ်တယ်ဗျာ ….
    အဟုတ်…

  • Kaung Kin Pyar

    May 31, 2014 at 11:00 am

    ဟယ် ယောက္ခမကလဲ၊ ဒဲဒီကလဲ၊ အပုဂျီးကလဲ လူစုံတုန်းလေးရှင်းပြတာ မငြိုငြင်ဘာနဲ့ နော် နော်။

  • Kaung Kin Pyar

    May 31, 2014 at 11:03 am

    ဟင် ကိုဖက်ကက်လဲ အိုင်တီလားးး ကိုSurmi ဟင့်စ်ပေးသွားကတည်းက ကျောတော့ချမ်းနေသားးး ဖုန်းထဲက လက်သီးတွေ ထွက်မလာနိုင်လို့သာ ဒီဂလောက် တောင့်ခံထားနိုင်တာ။

  • ဒီကြားထဲ တခြားသူအပေါ်တော့ ကောင်းနေပြီး နာ့တစ်ယောက်ထဲကွက်ကွက်ပြီး မကောင်းတဲ့အိုင်တီက ရှိသေးတယ်…။ မွေးရာပါ ဦးနှောက် (၂)ခန်းပုပ်နေတဲ့ လူဂျီး…။

    🙄 🙄 🙄 ရွာထဲက အိုင်တီပဲလားဟင်င်င်

  • ရွှေ ကြည်

    June 1, 2014 at 9:47 am

    အိုင်ထဲကတီကိုဘာကြောင့်စိတ်နာနေရတာလဲ ကောင်းရယ် ကင်ရယ် ပြာလေးရယ်
    အိုင်ထဲကတီနဲ့ အမျှားခံလိုက်ရလို့ ငါးမျှားချိတ်ဆူးသွားတဲ့ ငါးမလေးက ပြာလေးများဖြစ်နေရော့လားးးးး
    အိုင်ထဲကတီခမျာလည်း ဘာမှနားမလည်လိုက်ရပဲ ငါးစားခံ ဘဝနဲ့ ကိုယ်လုံးကိုထိုးဖောက် အသက်ပျောက်ခဲ့ရရှာတာပါကွယ်
    တကယ်ဆို အိုင်ထဲကတီနဲ့ ငါးကိုမျှားတဲ့ တံငါသည်သာတရားခံကွယ့်
    အို ဘာတွေပြောနေမိပါလိမ့် (ခရက်ဒစ်တူ အူးကျောက်)

  • Kaung Kin Pyar

    June 1, 2014 at 9:53 am

    ဒါဆို တရားခံ ဘယ်သူလဲ မရွှေကြည်ရေ။ 😀

    • ရွှေ ကြည်

      June 1, 2014 at 10:28 am

      ဘယ်သူမပြု မိမိမှုပေါ့ကွယ်

  • တိမ်မည်း

    June 2, 2014 at 10:00 am

    အိုင်တီ ဆိုတာ မရှိသုံးလေးပါဂျာ… သူတို ့ခင်မျာ user တွေ အဆင်ပြေအောင်…. အမြဲအဆင့်သင့်လုပ်ထားရတယ်… သူတို ့ကတောင်းရင် ချက်ချင်းအမြန်ဆုံး ပီးအောင် လုပ်ပေးရတယ်…. အမြန်ပီးတော့လည်း ဒါလေးများ… ဒီလောက်မြန်မြန် ပီးတယ်…. ဒီလူတွေ ကျန်တဲ့အချိန် ဘာလုပ်နေပါလိမ့်ပေါ့….. အားနေယားနေတယ်ထင်နေတာကိုး…. နေ ့တိုင်းတိုးတက်လာတဲ့ နည်းပညာတွေ…. အချိန်တိုင်း အဆင့်သင့်ဖြစ်နေအောင် ပြင်နေရာတာတွေ မသိရှာဖူး…. အဆင်ပြေသွားရင်တော့ ကယ်တယ်ရှင်ကြီးပေါ့…. ကျန်တဲ့အချိန်ကျတော့…. လူပိုလိုလို…. သူတောင်းစားလိုလို…. သောက်ညင်ကပ်ခံရရှာပေတယ်…. လူကို ခေါ်သုံးချင် တိုင်း သုံးပီး…. ကျန်တဲ့အချိန် မှာ ပစ်ထားတဲ့ user များ… ဘဝဆက်တိုင်း ရည်းစားက ပစ်သွားပါစေဗျာ……

    • ရွှေတိုက်စိုး

      June 2, 2014 at 11:17 am

      မှန်၏ မှန်၏ မှန်၏….
      ရင်ထဲမှ ရုန်းကန်ထွက်လာသော အသံတွေပေါ့ ဟုတ်လား ကိုတိမ်မည်းရေ….

  • Kaung Kin Pyar

    June 2, 2014 at 10:13 am

    ကိုတိမ်မည်း ဆုတောင်းက ဒီဘဝက စ တာထင်ပါရဲ့……….

    • တိမ်မည်း

      June 2, 2014 at 10:54 am

      အဲ့လို တော့ မရည်ရွယ်ပါဖူး…. ဒါပေမယ့်…. အိုင်တီမှာလည်း နှမ်းဖြူးတဲ့ အိုင်တီ ရှိသလို…. တကယ် ကူပေးတဲ့ အိုင်တီ လည်း ရှိတယ်… စိတ်နှလုံး ဖြူ စင်တဲ့ အိုင်တီ ရှိသလို…. ခိုးဖို ့ဝှက်ဖို ့ ဒုတ်ခ ပေးဖို ့လောက် ချောင်းနေတဲ့ အိုင်တီ လည်း ရှိတယ်…. ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို ကူလာတဲ့ လူကိုတော့ ကျေးဇူး တင်ပါတယ်လို ့ ကြားချင်တာပေါ့… ကျန်တဲ့ အချိန် တွေမှာလည်း အဲ့လို စကား မပြောရင်တော့ လေးစားမှူ လေးတော့ ရှိစေချင်တယ်…. ဒါပေမယ့် တော်တော် များများက အိုင်တီ ဆိုတာကို နားမလည် ကြဖူး… အိုင်တီ ဆိုတာကလည်း လူ လို အမြဲတမ်း စဉ်းစား လို ့မရဖူး…. တကယ့် အိုင်တီ တော်တော် များများက အလုပ်ကိုပဲ ကုန်းပီး လုပ်တဲ့ အတွက် social အားနည်းတယ်…. အဲ့လို လူတွေ တော်တော် များများက စကား ပြောရင် ဘုဘောက်ကျသလောက် စိတ်ရင်းကောင်းကြပါတယ်… ဒါပေမယ့် လူ ဆိုတာကလည်း social ကောင်း ဖို ့က အရေးကြီးသကိုး…. အလုပ်တွေ ထောင်ချီ အောင် လုပ်ပေးပါစေ… တခါတလေ အပြုံးလေးး တခုကို မမှီဖူး… အထူးသဖြင့် ကျွန်တော်က အမျိုးသား ဆိုတော့ အမျိုးသမီး user တော်တော် များများနဲ ့ အဲ့ပြသာနာ ရှိတယ်… ကျွန်တော် မပြုံးတက်ဖူး….. စကားလည်း အဆင်ပြေအောင် မပြောတက်ဖူး…. အဆင်ပြေအောင် ပဲ လုပ်ပေးတယ်…. ကျွန်တော်တို ့ခေါင်းထဲမှာ အချိန်တိုင်း ဘာတွေ တွေးနေရတယ်ဆိုတာ ကျွန်တော်တို ့ပဲ သိတယ်…. အဲ့တော့ အိုင်တီ ဆိုတိုင်း မရမ်းလိုက်ပါနဲ ့ဗျာ…. စာရေးသူက သက်ဆိုင်ရာ ကို ရည်ညွန်းပီး ရေးမှန်း နားလည်ပေးမယ့်…. ကြားထဲက စိတ် တိုလို ့ ဝင် ကျိန်မိတာပါ….. စိတ်ထဲ မထားပါနဲ ့နော်….

      လေးစားလျက်
      တိမ်မည်း

      • ရွှေတိုက်စိုး

        June 2, 2014 at 11:22 am

        ကိုတိမ်မည်းရေ…. တစ်ခုလောက် ဝင်ပွားပါရစေ.. အိုင်တီသမားဆိုတိုင်း မပြုံးမရယ်တတ်ရင် လူမှုဆက်ဆံရေး မပြေလည်ရင်တော့ အဆင်မပြေတာလေးတွေရှိတတ်ပါတယ်ဗျာ…
        တစ်ခါတစ်လေ user တွေကို အပြုံးလေးနဲ. နှစ်သိမ့်ပေးရင် သူတို.စိတ်ထဲအေးနေတော့ ကိုယ်က ဘာပြသနာဖြစ်လဲ ရှာချိန်ပိုရတာပေါ့… တစ်ချို.ကြတော့ အဆင်ပြေအောင်လုပ်ပေးပေမယ့်… စကားလေးနဲ. ပြန်ရှင်းပြ ပေးရင် ပိုလို.အဆင်ပြေတာပေါ့ဗျာ…. တစ်ခါတလေ ကိုယ်မှားရင်တောင် ကိုယ်စကားလေးနဲ. ပြန်ဖာရင် အဆင်ပြေသွားနိုင်တာပေါ့ဗျာ….
        ဆရာလုပ်တာဟုတ်ဘူးနော.. ကျုပ်အတွေ.အကြုံပြောပြဒါပါ….
        အိုင်တီသမားတွေ မာနကြီးတယ် ဆရာကြီးအထာနဲ.နေတယ်.. အဲလိုစကားတွေက အဲလို စကားအဆင်ပြေအောင်မပြောတတ်တာတွေကြောင့်ဖြစ်နေတာဗျ… ဟုတ်တယ်ဟုတ်

        • တိမ်မည်း

          June 2, 2014 at 1:27 pm

          ကိုရွေတိုက်စိုးရေ..

          အခုလို အကြံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်…
          ကျွန်တော်လည်း ပြုံးပြုံးလေး နေပါတယ်…. social လည်း တက်နိုင်သလောက် ကောင်းအောင်နေပါတယ်… သို ့ပေသိ အိုင်တီ အများစုကတော့ တခြား sales, marketing, admin and finance တို ့ကလူတွေလောက်တော့ social မကောင်းတာ အမှန်ပါ… အများနဲ ့ယှဉ်ရင် ညံ့တယ်လို ့ခံစားရလို ့ ညံ့တယ်လို ့ပြောတာပါ… ရှိသင့်ရှိထိုက်သလောက်တော့ ရှိပါတယ်ခင်ဗျ….
          အိုင်တီတိုင်းကို ဂြိုလ်သားလို ့မြင်နေကြတဲ့လူက များနေတော့ ခက်သား….

          ဥပမာတခုပြောပြမယ်….
          ရန်ကုန်ဆေးရုံကြီးမှာ… သူနာပြုတွေ… ဒေါက်တာတွေ ရှိတယ်… လူမလောက်တာ က ခပ်များများ…. အဲ့တော့ သူတို ့မှာ အလုပ်ပီးအောင် လုပ်ရတယ်… အဲ့တော့ လူတိုင်းကို မပြုံးပြနိုင်ရှာဖူး… အိုင်တီ တွေပြုံးပြတယ်ဆိုတာ ပါမွားပါဗျာ… လူအသက်တချောင်းနဲ ့အဝေးကြီး…(နီးတဲ့ကိတ်စလည်းရှိပါတယ်..အဲ့တာကတော့နောက်မှ ပွားပါရစေ…) သူနာပြုတွေ ကို ပြုံးတဲ့မျက်နှာဖုံးလေး တက်ပေးကြပါဆိုပီး ရေးတဲ့ကာတွန်းတွေလည်း ခပ်များများရယ်… သူတို ့လည်း မပြုံးချင်ပဲနေမလား… သူတို ့ဘာကြောင့် မပြုံးနိုင်တာ သိသလား… သွားကြည့်ဖူးသလား… သူတို ့ စကားသံနားထောင်ဖူးသလား….
          ပြောချင်တာက…. ဆေးဝန်ထမ်းဘဝ ကို လူတိုင်း မစာနာနိုင်သလို… အိုင်တီ ဘဝကိုလည်း လူတိုင်းစာနာနိုင်ဖို ့မလွယ်ဖူး….. သူတို ့က များသောအားဖြင့် နည်းပညာဝန်ထမ်းတွေ ဖြစ်သည့်အလျောက်… သူတို ့ပဲ နားလည်တဲ့ အခက်အခဲတွေ အများကြီး… တခါတလေ ရှင်းပြ ဖို ့အချိန် မရှိဖူး… ရှင်းပြလည်း အလကားပဲ… အလုပ်များတဲ့ အတွက်… တခါ တလေ ရှင်းပြတယ်… နားမထောင်ဖူး… ထောင်တော့လည်း အထွန် ့တက်တယ်….. ကြားဖူးနားဝ တထွာတမိုက် ညာဏ်လေးတွေနဲ ့ ဝေဖန်တယ်… အဲ့တော့ ကိုယ်တွေက အချက်ကျကျ ပြန်ထောက်တဲ့… အဲ့ဒီတော့… ဆြာသမားပြောသလိုပဲ… မာနာကြိးတယ်… ဆြာကြီးအထာပေါ့….

          မဟုတ်ရပါဗျာ… လုံးဝ မဟုတ်ရပါ….
          အိုင်တီဆိုတာ… လူပါပဲ…. သူတို ့လည်း ချစ်တက်ပါတယ်… ပြုံးပြတက်ပါတယ်…. စိတ်ကောင်းရှိပါတယ်… ကူညီတက်ပါတယ်…. တခါတလေ ပြုံးဖို ့မေ့လောက်အောင် အလုပ်များတာကို နားမလည်ပေးနိုင်တာတော့ မတက်နိုင်ဖူးဗျာ…..

          အိုင်တီ ကို ဝေဖန်ချင်ပါသလား…..
          ရပါတယ်…..
          သူတို ့ဘာကြောင့် အမြဲမပြုံးနိုင်သလဲ သိချင်ပါသလား…
          ရပါတယ်…..

          အိုင်တီ လာ လုပ်ကြည့်ပါလို ့……

          လေးစားလျက်
          တိမ်မည်း

Leave a Reply