ရွှေအကြောင်းသိကောင်းစရာ(၄)

ရွှေဈေးတက်မလား ကျမလားဆိုတာကလည်း တော်တော်အမေးများတဲ့ မေးခွန်းဖြစ်ပါတယ် ဈေးကွက်စီးပွားရေး စနစ်မှာ ဈေးအတက်အကျဟာ demand and supply ဝယ်လိုအားနဲ့ ရောင်းလိုအားနဲ့ပဲဆိုင်ပါတယ်

ဝယ်လိုအားများရင်ဈေးတက်မယ် ရောင်းလိုအားများရင်ဈေး ကျမယ်ပေါ့ ဒီတော့ဝယ်လိုအားရောင်းလိုအားကို ခန့်မှန်းနိုင်ရင် ဈေးအတက်အကျ ကိုခန့်မှန်းနိုင်ပြီပေါ့ အဲဒီလိုခန့်မှန်းနိုင်ဖို့ဝယ်လိုအားများစေတဲ့ အကြောင်းအရာတွေနဲ့ ရောင်းလိုအားများစေတဲ့ အကြောင်းအရာတွေကို သိထားဖို့လိုပါတယ်

ရန်ကုန်ဈေးကွက်အနေအထားအရ အဓိကဝယ်လိုအားများစေတဲ့ အကြောင်းကတော့ ကမ္ဘာ့ရွှေဈေးတက်တာနဲ့ ဒေါ်လာဈေးတက်တာပါပဲ တစ်ခြားအချက်တွေကတော့ တစ်ခါတစ်ရံကြုံရတဲ့ အစိုးရရဲ့ ကြေငြာချက်တွေ policy တွေပါပဲ

ဥပမာ – လစာတိုးတာ ငွေစက္ကူအသစ်ထုတ်တာ ဒေါ်လာနဲ့ပတ်သက်တဲ့ policy တွေပြောင်းတာ တို့ပေါ့ ဘယ်ကိစ္စမှာတော့ ဒေါ်လာသွင်းရမယ် ဆိုတာမျိုးကြေငြာလိုက်ရင် ဒေါ်လာဈေးတက်ပြီ ဒါဆိုရွှေဈေးလိုက်တက်ပြီပေါ့

အဲလိုသတင်းမျိုးကြိုရတဲ့လူကတော့ ကြိုပြီးဝယ်ထားလိုက်ရင် အကျိုးအမြတ် အများကြီးရနိုင်ပါတယ်

အမှတ် (၂) မှာရွှေ ဝယ် ရောင်း အကြောင်းပြောခဲ့တယ် ဒါပေမယ့် ငွေမရင်းဘဲ လေရင်းပြီးအများကြီး ဝယ် ရောင်းလုပ်လို့ ရတဲ့အကြောင်းမပြောရသေးဘူး နောက်မှပြောပါဦးမယ်
ကမ္ဘာ့ဈေးတက်/ကျဖြစ်စေတဲ့ အကြောင်းတွေကိုလဲ နောက်မှပြောပါဦးမယ်

About Zaw Aung

Zaw Aung has written 48 post in this Website..