ဓာတ်​ပြား​ဟောင်းကို
ခဏခဏနား​ထောင်​ရတယ်
ဟောလိုးဝင်းမျက်​နှာဖုံးက
မဲဆွယ်​နိုင်​တဲ့ အက္ခရာမဟုတ်​​တော့
မွေးမြူတယ်
ချက်​စားတယ်
အတ္တဟိတလက်​မှတ်ရှိ​နေတာပဲ
နီးကပ်​တဲ့ ကျည်​တစ်​​တောင့်​က
မြို့ရိုးတစ်​ခုကို သိမ်းပိုက်​လိုက်​တယ်
အခမဲ့​တွေများများလာတာ
အလုပ်​မဲ့​တွေများများလာခြင်းလား
ထွက်​​ပြေးလွတ်​​မြောက်​လို့
သူရဲ​ကောင်းဖြစ်​ကြ​ကြေးဆိုရင်
ဗိုလ်​​အောင်​​ကျော်​အတွက်
အငှါးငိုပါရ​စေ။
ကိုစစ်
၃၁၊၅၊၂၀၁၄

ko six

About ko six

ko six has written 106 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014