ကာတွန်​း

ko sixMay 31, 20141min1706

ဓာတ်​ပြား​ဟောင်​းကို
ခဏခဏနား​ထောင်​ရတယ်​
​ဟောလိုးဝင်​းမျက်​နှာဖုံးက
မဲဆွယ်​နိုင်​တဲ့ အက္ခရာမဟုတ်​​တော့
​မွေးမြူတယ်​
ချက်​စားတယ်​
အတ္တဟိတလက်​မှတ်ရှိ​နေတာပဲ
နီးကပ်​တဲ့ ကျည်​တစ်​​တောင်​့က
မြို့ရိုးတစ်​ခုကို သိမ်​းပိုက်​လိုက်​တယ်​
အခမဲ့​တွေများများလာတာ
အလုပ်​မဲ့​တွေများများလာခြင်​းလား
ထွက်​​ပြေးလွတ်​​မြောက်​လို့
သူရဲ​ကောင်​းဖြစ်​ကြ​ကြေးဆိုရင်​
ဗိုလ်​​အောင်​​ကျော်​အတွက်​
အငှါးငိုပါရ​စေ။
ကိုစစ်​
၃၁၊၅၊၂၀၁၄

6 comments

  • lu lu

    May 31, 2014 at 12:22 pm

    အခမဲ့တွေများများလာတာ
    ဆင်းရဲသားတွေများများလာတာရဲ ့သ င်္ကေတ ပါပဲ
    🙂

  • ko six

    May 31, 2014 at 1:18 pm

    ဟုတ်​ကဲ့
    ဆင်​းရဲသား​တွေများလာတာ
    ဘွဲ့ရ​တွေများများလာလို့လား

  • naywoon ni

    May 31, 2014 at 11:15 pm

    ဘွဲ့ရ​တွေများလာတာ အခမဲ့ ပညာ​ရေး​တွေများလာလို့လား ????

  • Ma Ma

    June 1, 2014 at 12:03 pm

    အခမဲပညာရေးတွေ များလာလို့ ဘွဲ့ရတွေများလာတာဟာ အနှုတ်လက္ခဏာတော့ မဟုတ်ပေဘူး။
    ဘွဲ့ရ အလုပ်လက်မဲ့ (သို့) ဘွဲ့ရ အလုပ်ကြမ်းလုပ်မယ် ဆိုတာတွေ များလာတာကိုတော့………… 🙁

  • black chaw

    June 3, 2014 at 2:37 pm

    ကာတွန်း ဝင်ဖတ်သွားတယ် ကိုစစ်ရေ…။
    ကိုယ်နားလည်တဲ့အတိုင်းလေးပဲ ရင်ထဲမှာ ထားလိုက်တော့မယ် နော့်…။
    😀

Leave a Reply