နွားနို့သောက်ဖို့ နွားမကြီး ပို့ပေးပါ မေမေ

moonpoemMay 31, 20141min26618

မနေ ့ကသမီး ပုဒ်မ ၄၃၆ပြင်ဆင်
ရေးအတွက် NLDရုံးချုပ်မှာ လက်မှတ်သွားထိုးခဲ့ပါတယ် အမေ။

အဲဒါကလေ စိုင်းစိုင်းခမ်းလှိုင်လို
သူများတွေဝိုင်းဆဲမှ သွားထိုးတာ
မျိုး မဟုတ်သလို ဟိုအဖွဲ့အစည်းက ဟိုလူကြီးပြောသလို လက်မှတ်ထိုးရင် လမ်းတစ်ခြမ်း အဲလေ လမ်းခင်းပေးမယ်ဆိုလို့ သွားထိုးတာမျိုးလည်း မဟုတ်ပါဘူးအမေ။
ကိုယ့်အသိစိတ်နဲ့ကိုယ် လက်မှတ်ထိုးဖို ့သွားခဲ့တာပါ အမေ။

စကားမစပ် အခု ဝါတွင်းလည်း ရောက်ခါနီးပြီဆိုတော့ အမေရေ သမီး ကုသိုလ်လည်းရအောင် ဟိုလူကြီးပြောတဲ့ ထမင်းတနပ်လျှော့စားဆိုတဲ့ စကားနားထောင်ရာလည်း ရောက်အောင် ဥပုသ်စောင့်မယ်လို့ စိတ်ကူးမိတယ်အမေ။သာဓု ခေါ်ပါ အမေ။

ပြီးတော့လေ နိုင်ငံတော်ကြီးကို ချစ်တဲ့အမေ့သမီး ဟိုလူကြီး ဗိုက်လှန်ပြတဲ့ ဖက်ရှင်ကို သဘောကျလို့ အခု
ချက်ပေါ်ဘောင်းဘီ ဝယ်ထားတယ်အမေ။လှမှာပါ အမေ။

ဒါနဲ့ အမေအိမ်က နွားမမိညိုကြီး
နေကောင်းရဲ့လား အမေ။ဒီတစ်ခါ သားပေါက်ပြီးရင်သမီး ရန်ကုန်မှာ နွားနို့ ဝယ်သောက်ရတာ ဈေးကြီးလို့ အိမ်က နွားမကြီးကို ကုန်တင်ရထားနဲ့ ပို့ပေးလိုက်ပါအမေ။

သမီးရဲ့ အတန်းထဲက လူမျိုးခြားသူငယ်ချင်း
ချောင်ခရိုနီ က အခြားသူဆီက ဘာဖြစ်ဖြစ်ညှစ်တာတော်တယ်
်အမေ။သူက ဒီနေရာမှာ အသုံးဝင်မှာပါအမေ။

အမေ့ကို တိုင်စရာ ရှိသေးတယ်။အမေ့တူမ အငယ်မရယ်လေ ကျောင်းမှာ ရည်းစားထားလို့ ဥပဒေအရ အရေးယူခံရမှာ စိုးရိမ်ပြီး ဆူတာ သမီးကို ပြန်ခံပြောတယ်အမေ။

အထက်တန်းကျောင်းသားတွေပဲ
ရည်းစားထားတာ တားမြစ်တာ သူက အလယ်တန်းကျောင်းသူမို့လို့ ရသေးတယ်တဲ့။သူကိုးတန်းရောက်မှ ရည်းစားကိုဖြတ်စာပေးမတဲ့
အမေရယ်။နောက်နှစ်တော့ သူလိမ္မာသွားမှာပါအမေ။

စာလည်း ရှည်နေပြီ အမေရယ် နောက်ဆုံးပြောချင်တာကတော့ သမီး ဟိုလူကြီးပြောသလို တစ်နေ့၂၀၀ဝနဲ့လောက်အောင်
မသုံးနိုင်လို့ ဒီလအတွက်လည်း အမေ့ကို လာပြီးဂါရဝပြုကြတဲ့ ၂သိန်း၉သောင်းထဲက အစွန်းထွက် ၉သောင်းလောက်ကို သမီးဆီ ငွေလွှဲပေးပါဦးလို့ မှာချင်တာပါအမေ။

ဒါပါပဲ
ကျန်းမာ ချမ်းသာပါစေ အမေ
ချစ်တဲ့ ချစ်သမီး

18 comments

  • Kaung Kin Pyar

    May 31, 2014 at 11:39 am

    A harrrharrr
    စုံသွားတာပဲ။ လကဗျာသတိပေးမှ ၄၃၆မှု လိုက်ဖို့ ပြေးလိုက်ဦးမယ်။

  • lu lu

    May 31, 2014 at 12:32 pm

    မိုက်တယ်ဗျာဖဲ ့ချက် တွေ
    ဥပုသ်စောင့် မယ်ဆိုလို ့သာဓု တစ်ကြိမ်ခေါ်လိုက်တယ်
    😀

  • moonpoem

    May 31, 2014 at 3:04 pm

    အမငေး အားပေးတာ ကျေးဇူးတင်ပါတယ်တော်။ဆန္ဒပြလို့ ကျန်သေးတဲ့ ဖယောင်းထွန်းပြီး စာရေးထားတာတော့ သိလား

  • Paing Lay

    May 31, 2014 at 3:38 pm

    နဖူးစည်းတွေရမယ်……….တီရှပ်တွေရမယ်………Vinyl တွေ ဆိုဒ်ကြီးကြီး ငါးပုံကူးရင် တစ်ပုံ ဖရီးးးးးးးးး :mrgreen:

  • Wow

    May 31, 2014 at 7:57 pm

    ရီလိုက်ရတာ စိတ်ထဲတောင်ပေါ့သွားတယ် ရေးတတ်ပါ့
    :kwi:

  • kyawtheinmyint

    May 31, 2014 at 9:41 pm

    နွားမကြီးပို့ပေးပါဆိုလို့ ကျနော်တို့ဆီမှာ လက်ရှိဖြစ်နေတာလေး ပြောရမယ်ဆိုရင် နွားနို့သောက်ဘို့ မပြောနဲ့ ယ္ခုလက်ရှိ လယ်ထွန်ချိန်မှာတောင် နွားမရှိလို့ ဖြစ်သလို လုပ်နေရတဲ့ လယ်မားတွေ အများကြီး။ ဘာလို့နွားမရှိလဲဆို အမဲသားဈေးကောင်းလို့ အကုန်နွားသတ်ရုံရောက်ကုန်ပီ။

  • padonmar

    May 31, 2014 at 11:13 pm

    လကဗျာရေ
    ဟာသဉာဏ်ဆိုတာ တော်ရုံလူမှာ မရှိနိုင်ဘူး။ ဆက်ထိန်းထားပါ။
    အမြဲ အားပေးနေမှာပါ။

  • Shwe Poe

    June 1, 2014 at 1:37 am

    ရေးတတ်လိုက်တာဗျာ
    အားပေးသွားတယ်နော်
    :mrgreen:

  • naywoon ni

    June 1, 2014 at 1:56 am

    “ရာသီစာ​တွေ ရမယ်​ ရာသီစာ​ဒွေ ”
    ” မာလကာသီး ​အော်​ဇာသီး ကြတ်​ဆူးသီး​ဒွေ ​ချောင်​းဆိုရင်​ တာဝန်​မယူဘူး​နော်​ “

  • ကေဇီ

    June 1, 2014 at 11:02 am

    အဟီးဟီးးး မနေ့ညကဖတ်ပြီး ရီလိုက်ရတာ။
    အမျိုးကိုစုံရောပဲ။

    😀

  • Ma Ma

    June 1, 2014 at 12:41 pm

    လကဗျာလေး အမေက ၂သိန်း ၉သောင်းပဲရတာဆိုရင် နည်းသေးတာပေ့ါ။
    ၁ကျပ် ပြန်အမ်းပေးလိုက်ရင် ၂၉၉၉၉၉ ဆိုလည်း ဘောင်ဝင်သေးတယ်လေ။ :kwi:

  • TNA

    June 1, 2014 at 11:35 pm

    ထိလိုက်ချက် ဂွပ်ကနဲ့ပဲ

  • kyeemite

    June 2, 2014 at 10:20 am

    ကောင်းပါလေ့ဗျာ…ရီလို့ 😀

  • black chaw

    June 3, 2014 at 2:30 pm

    အဲဒါကြောင့်ပြောတာ
    ခင်ဗျားက ရေးကို ရေးတတ်တာပါ လို့…။
    ကြံကြံဖန်ဖန်လေးတွေလည်း တွေးတတ်ပါပေ့…။
    😀

  • surmi

    June 3, 2014 at 2:36 pm

    တစ်ချက်ပစ် တစ်ကောင်ထိ
    လက်တယ်ဖြောင့်သကိုးးးးးးး 🙂

  • ခင် ခ

    September 14, 2014 at 1:53 am

    အဲဒီ ၄၃၆ လည်း ဘယ်သောင်တင်နေပြီလဲမသိပါဘူးလေ
    ကြားထဲ အာရုံလွဲတာတွေ အများသားကိုး။

Leave a Reply