ရွှေအကြောင်းသိကောင်းစရာ(၅)

Zaw AungMay 31, 20141min2203

ရွှေအကြောင်းသိကောင်းစရာ(၅)

ရွှေရည် ရွှေရဲ့quality ကိုသတ်မှတ်ပုံ ခေါ်ဝေါ်ပုံတွေကလဲအမျိုးမျိုးရှိတယ် အချို့နိုင်ငံတွေမှာ carat သုံးတယ် 18 ကာရက် 24 ကာရက်ပေါ့ တချို့နိုင်ငံတွေမှာ နံပါတ်နဲ့သုံးတယ် 9999, 750, 965, 916, 585

မြန်မာနိုင်ငံမှာ ပဲရည်နဲ့သုံးတယ် 16 ပဲရည် 15 ပဲရည် 14 ပဲ နှစ်ပြားရည် ( နှစ်ပြားဆိုတာ လေးရွေးကိုခေါ်တာ) 13ပဲရည်စသဖြင့်ပေါ့

ရွှေရည်ဆိုတာ ရွှေရဲ့ပါဝင်မှုရာခိုင်နှုန်းပေါ် မူတည်ပြီးကွာသွားတာပါ
ရာခိုင်နှုန်းနဲ့ပြောရင် ပိုရှင်းသွားမှာပါ

24 ကာရက် 9999 နဲ့ 16 ပဲရည်ဆိုတာ 100% သန့်စင်တဲ့ pure gold ပေါ့ တစ်ချို့က 99.99% လို့လဲပြောတယ် သူ့ရဲ့ density (သိပ်သည်းဆ) က 19.32 ရှိတယ်

မြန်မာနိုင်ငံက သန့်စင်တဲ့ pure gold ရဲ့density ကတော့19.2 နဲ့ 19.3 ကြားမှာရှိတယ် နည်းပညာကွာလို့ထင်တယ်

ရွှေရည်မှာ ရွှေပါဝင်မှုရာခိုင်နှုန်းတွေကတော့

965           = 96.5 %
916           = 91.6 %
750           = 75 %
585           = 58.5 %
24 ကာရက်  = 100 %
18 ကာရက်  = 75 %
16 ပဲရည်     = 100 %
15 ပဲရည်     = 93.75 %
14 ပဲရည်     = 87.5 %
12 ပဲရည်     = 75 %

3 comments

  • Ma Ma

    June 1, 2014 at 12:39 pm

    အခုနောက်ပိုင်း အထည် တွေကိုလည်း density တိုင်းနိုင်ပြီလို့ ကြားမိတယ်။
    ဟုတ် မဟုတ် သိချင်ပါတယ်။
    densityတိုင်းတဲ့စက် ဘယ်မှာဝယ်လို့ရသလဲ။
    ဘယ်ဈေးလောက်ရှိသလဲ ပြောနိုင်ရင် ပြောပေးစေလိုပါတယ်။
    ကျေးဇူးတင်ပါတယ်။ 🙂

  • Zaw Aung

    June 1, 2014 at 8:21 pm

    ဟုတ်ပါတယ် ဒါပေမယ့် မတိကျပါ ၂၉ လမ်းမှာ ရပါတယ်

  • alinsett (gazette)

    June 2, 2014 at 9:38 am

    စိန်တို့ ကျောက်တို့ တပ်ရမယ့်အထည်တွေဆိုရင်
    18 ကာရက်နဲ့ ခတ်မှစိတ်ချရတယ်နော်
    ဟုတ်လား

    🙂

Leave a Reply