ရာသီစာ

naywoon niMay 31, 20141min1397

ဒီမှာကိုယ်​့လူ
ရာသီစာ ​တွေချည်​့ စွပ်​စွပ်​စားမ​နေနဲ့
အဆင်​မသင်​့ရင်​
​ချောင်​းဆိုးမယ်​
ရင်​ကြပ်​မယ်​
ပြီး​တော့ အသံ​တွေဝင်​သွားမယ်​ ။

ဒီမှာကိုယ်​့လူ
ရာသီစာ ​တွေချည်​့ နင်​းကန်​ဖတ်​မ​နေနဲ့
အဆင်​မသင်​့ရင်​
​ဒေါသထွက်​မယ်​
စိတ်​တိုလာမယ်​
ဒိထက်​ပိုလာရင်​ သူတို့နဲ့အတူ ဆဲမိတတ်​တယ်​ ။

ဒီမှာကိုယ်​့လူ
ရာသီစာ​တွေချည်​့ ​ရေးမ​နေနဲ့
အခပ်​မသင်​့ရင်​
ရန်​​တွေ့ခံရမယ်​
အ,မနာပ အ​ပြောခံရမယ်​
​နောက်​ဆုံး အဆဲခံရတတ်​တယ်​ ။

​နေဝန်​းနီ
၂၃း၅၄
၃၁ ​မေ ၂၀၁၄

7 comments

  • Ma Ma

    June 1, 2014 at 12:14 pm

    သတိထားစရာ ရာသီစာ တွေပေ့ါ။ 😆

  • kyeemite

    June 2, 2014 at 2:12 pm

    ရာသီစာကို အလွတ်ခ့လို့လည်းမရပြန်ဘူးဗျ… :mrgreen:

  • black chaw

    June 3, 2014 at 2:21 pm

    သင့်တင့်သလောက်ပေါ့ဗျာ…။
    အလွန်အကျွံကြီးတော့ ဘယ်ဟာမှမကောင်းပါဗျာ…။

  • naywoon ni

    June 4, 2014 at 1:58 am

    ဟုတ်​ပါ့ဗျာ ရာသီစာ အစားလွန်​ပြီး အဲ့အဖတ်​လွန်​ပီး ​ဒေါမဏဿ​တွေဖုံးလွှမ်​း​နေတာနဲ့ ရွာထဲကို​တောင်​မ​ရောက်​ဖြစ်​ဖူး ။ လိုင်​းကလဲ ဆိုး​နေပြန်​​ပေါ့ ။ ​တော်​​တော်​နဲ့ web page မပွင်​့ချင်​ဘူး

  • Crystalline

    June 4, 2014 at 3:08 pm

    မစားလိုက်ရင်လည်း လူဖြစ်ရှုံးမစိုးလို့… ဈေးကြီးပေးစားမိပြန်ရော… ရာသီစာကိုမှ ပေါ်ဦးပေါ်ဖျားစားချင်တာဆိုတော့… :mrgreenn:

  • padonmar

    June 4, 2014 at 9:53 pm

    တချို့လူကြီးများအဆိုအရတော့ ရာသီစာစား ဘာရောဂါမှမဖြစ်ဘူးဆို။

Leave a Reply