ငါတို့ရွာမှာ

ရွှေ ကြည်June 1, 20141min384729

ငါ့တို့ရှာကို

မျက်စိလည်ပြီးပြန်ရောက်လာတဲ့အခါ

ငါ့တို့ရွာမှာ

ပုဂ္ဂိုလ်ရေးတွေပါတဲ့စာတွေတွေ့နေတယ်

ငါတို့ရွာမှာ

အကြောင်းမသိရင်

မဆက်စပ်မိရင်

မန့်ရမှာလက်တွန့်လောက်အောင်

ဖွင့်ချမှုခပ်ကြမ်းကြမ်းတွေတွေ့နေတယ်

ငါတို့ရွာမှာ

မျက်ချည်ပြတ်သွားရင်

ဝင်မန့်ရမှာကြောက်ရလောက်အောင်

အရှေ့အနောက်ဆက်စပ်မှုတွေတွေ့နေတယ်

ငါတို့ရွာမှာ

ငြင်းခုန်ခြင်း အနုပညာဆိုတာကို

အဓိပ္ပါယ်ရှာဖို့

လောလောဆယ်

ကျုပ်ရဲ့

မျက်စိပါဝါအားနည်းနေတယ်

ငါတို့ရွာမှာ

အချင်းချင်းခင်မင်မှုကြောင့်

ကွန်မန့်တွေမှာအားပါမှုတွေနည်းနေတယ်

ငါတို့ရွာမှာ

ငါတို့ရွာမှာ

ငါတို့ရွာမှာ

……………………………….

……………………………………

……………………………

 

29 comments

  • ကေဇီ

    June 1, 2014 at 10:52 am

    အာ့ဆို သာမီး ထမင်းဆိုင်ကို လာခဲ့နော်။

    :mrgreen:

  • Kaung Kin Pyar

    June 1, 2014 at 11:04 am

    မျက်ခုံးတွေ လှုပ်လာသလိုပဲ ဟီးးးဟီးး

  • Ma Ma

    June 1, 2014 at 11:56 am

    သိပ်ကြောက်သွားလားးးး မရွှေကြည်။ :kwi:
    မပြောင်းမလဲပဲ နဂိုအတိုင်းပဲ စိတ်ရင်းနဲ့ ငြင်းခုန်ခြင်းအနုပညာကို စိတ်ရှိလက်ရှိုငြင်းခုန်နေကြသူတွေလည်း အများကြီးပါပဲ ချစ်ရွှေကြည်လေးရေ။ 🙂

  • ခင် ခ

    June 1, 2014 at 6:54 pm

    ငါတို့ရွာကို
    အလည်ဘဲလာ
    ခဏလာနှင့်
    အမြဲလာလေ
    ရွာလည်ကြိုးသိုင်း
    လက်ဝှေ့ဝိုငးမှာ
    တစ်ထောက်နားကာ
    ကြည့်ပါ ရှုပါ
    ပါဝင်နွဲလို့
    ပျော်ရွှင်ပွဲမို့
    သဂျီးခေါင်းစဉ်
    အမည်ထွင်သည်
    ငြင်းခုံခြင်း အနုပညာတည်း။

  • alinsett (gazette)

    June 1, 2014 at 7:29 pm

    သဂျီးကသာ… ရွာကနေ မြို ့ဖြစ်ပြီတဲ ့…
    ကျနော်တော့..အခုမှ ရွာစစ်စစ်ထဲ..ရောက်နေသလိုခံစားရတာ..

    မြို ့ကြီးသားကြီး ဖြစ်ချင်စမ်းပါဘိ…

    :kwi:

  • Swal Taw Ywet

    June 1, 2014 at 10:49 pm

    လက်ဖက်ရည်ကြမ်းဝိုင်းကြတဲ့ ရွာကွပ်ပစ်လေးလဲ ယိုင်နေရပြီ။ တောင်းပန်ပါတယ်ခင်ဗျာ။ ကျနော် သေချင်နေမိနေပြီ။
    With respect.
    Swal Taw Ywet.

  • ရွှေကြည်ရေ…အခုနောက်ပိုင်းတော့ ဗျောက်အိုးဖောက်မဲ့သူတွေ သိပ်မတွေ့ရတော့ပါဘူး..လို့ထင်ပါတယ်..
    ကျနော်တို့ ငြင်းခုံခြင်း အနုပညာနဲ့ပဲ အသိတွေများစွာတိုးခဲ့ပါတယ်…ငြင်းခုံခြင်း..သမာသမတ်ရှိသော ငြင်းခုံခြင်းဟာ ဒီမိုကရေစီပါပဲ…လို့ကျနော်ကတော့မှတ်ယူထားပါတယ်။

  • padonmar

    June 2, 2014 at 12:36 am

    (ငါတို့ရွာမှာ
    အချင်းချင်းခင်မင်မှုကြောင့်
    ကွန်မန့်တွေမှာအားပါမှုတွေနည်းနေတယ်)
    အဲဒါ အမှန်ပဲ။ဒါပေမယ့် ဖြေရှင်းဖို့ နည်းလမ်း မတွေ့မိသေးဘူး။
    ဒီလိုလုပ်ကြရအောင်၊ဒို့တွေ အကောင့်အသစ်ဖွင့်ပြီး ရေးကြမယ်လေ။
    ရုပ်ဖျက်ကြည့်တာပေါ့။(သူကြီးကတော့ ပွိုင့်တွေ ကယ်ရီလုပ်ခွင့်ပေး)

    • surmi

      June 2, 2014 at 8:59 am

      သဂျီးကိုတောင်းဆိုရမယ်အစ်မရေ
      မန်ဘာတစ်ယောက်ကို အကောင့်သစ်သုံးခုဖွင့်ခွင့်ပေးဖို့ ဟဲဟဲ
      တကယ်သာဆို ပွဲက အမိုက်စားဘဲ

  • kyeemite

    June 2, 2014 at 10:27 am

    ပြန်လာတာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။။။

  • manawphyulay

    June 2, 2014 at 10:50 am

    ငါတို့ရွာမှာ ရေးကြ မှတ်ကြ ဖတ်ကြ
    ငါတို့ရွာမှာ ငြင်းကြ ခုန်ကြ
    ငါတို့ရွာမှာ ပျော်ကြ ရွှင်ကြ
    ငါတို့ရွာမှာ ရန်ဖြစ်ကြ ပြန်ချစ်ကြ
    ငါတို့ရွာမှာ လှူကြ တန်းကြ
    ငါတို့ရွာမှာ …..
    ငါတို့ရွာမှာ…..
    ငါတို့ရွာမှာ ….

  • Wow

    June 2, 2014 at 12:02 pm

    ရေးကျိစမ်းဘာာာ တစ်ဗုဒ်လောက် ပိုးစိုးပက်စက် အားမနာတမ်း ဝေဖန်ပလိုက်မာ :mrgreen:

  • ရွှေတိုက်စိုး

    June 2, 2014 at 12:04 pm

    အမလေးနော် မှန်လိုက်လေ မှန်လိုက်လေ..မရွှေကြည်ရေ… ရွှေကြည်လေးကို မလိုင်လေးနဲ. အုပ်ပေးချင်ထာ…
    ကျုပ်တို.ရွာမလဲ… ပို.စ်တင်တဲ့သူက တင် မန်.တဲ့သူကမန်. အဲလိုလေး.ဖြစ်နေပြီး…
    ပို.စ်တင်သူများက ပို.စ်တစ်ခုဖြစ်လာဖို.အတွက် (တကယ်ရေးသူပြောတာနော်)… စိတ်အား လူအား.. အကုန်ညှစ်ထုတ်ပြီး ပို.စ်တပုဒ်ကို အင်တိုက်အားတိုက်ဖန်တီးလိုက်ရတာ… ပို.စ်ပိုင်ရှင် ကတော့ သူအားထုတ်ထားတဲ့ ပို.စ်တပုဒ်အတွက် အချိန်တိုင်းမျှော်လင့်နေရတာကတော့ ကော့မန်.ပါဗျာ… အခုတော့ ကိုယ်အားထုတ်ထားတဲ့ပို.စ်လေး လူဖတ်များအောင် မနဲ.ဆုတောင်းနေရတာပါလား…
    ဘယ်နှယ့်.. အခုတော့ ပို.စ်တွေမှာ အာလပ သလာပ တွေ များနေသလားလို.ရယ်ပါ…. တကယ့် အားစိုက်ထားတဲ့ ပို.စ်ကြတော့ ဖတ်ချင်လဲဖတ်မပေါ့.. မန်.တဲ့သူက ၁ဝ မကျော်ဘူး… အဲဒီတော့ကား..
    ကျုပ်တို.ရွာမှာ ခင်မင်မှုကို ဦးစားပေးမယ်ဆိုရင်တော့… တခြား ချက်တင်ဘောက်တွေအတိုင်းသာဖြစ်နေပါပေါ့လား….. တစ်ခုခုမန်.မယ်ဆိုရင်တောင် မျက်နှာနာစရာဖြစ်မဆိုးလို. မမန်.ကျတော့ဘူးလေ…

    လူချင်းတွေသိနေကြတော့ ပြောရမှာခက်နေကြတယ်ထင်ပ… ဒါဆို မတွေ.ကြရင်အကောင်းသားလို. ပြောရမလို ဖြစ်နေပြီနောာာာာ… မရွှေကြည်ရေ…

    ကျုပ်ကတော့ တွေ.ဘူးဘူး မတွေ.ဘူးဘူး… ကိုယ်နားလည်သိတဲ့ပို.စ်ဆို မန်.တာပဲဗျို..

  • kai

    June 2, 2014 at 12:59 pm

    ပိုစည်သွားအောင်.. ကော်မန့်အမှတ်ကလေးတွေ… နည်းနည်း(တကယ့်ကိုနည်းနည်း) တိုးပေးလိုက်ပါကြောင်း..
    မန့်ကြစေလို….။ မန့်ခံရအောင်ရေးကြစေလို..။ :mrgreen:

    • Mr. MarGa

      June 2, 2014 at 1:10 pm

      အဝှာလေ
      မန့်ခံရအောင် ရေး ဆိုတော့
      ဘာရေးရေး ကွန်မန့်ရရင် ပီးတာပဲ ဆိုပြီး ရေးချင်ရာရေးရမှာလား ဟင် 🙄 🙄

      အာ့လို ဆိုရင်တော့
      ကွန်မန့်ရရေး ဒို့အရေး ပဲ

    • surmi

      June 2, 2014 at 1:15 pm

      အမန့်ခံရအောင်ရေး တဲ့
      ဟွင်းဟွင်း မမှတ်သေးဘူးလား :kwi:

      လုပ်စားပို့စ်တွေထွက်လာမှဖြင့် 🙂

    • kai

      June 2, 2014 at 1:34 pm

      ငြင်းခုန်ခြင်းအနုပညာမြောက်တဲ့.. ကောမန့်များသာ… :buu:

      • Ma Ma

        June 3, 2014 at 8:47 pm

        သဂျီးလည်း ရွာသူားတွေကို ပြန်ကြောက်နေပြီ……… :boss:

  • ဦးဦးပါလေရာ

    June 2, 2014 at 2:45 pm

    .အင်းပါ….
    .စောင့်ကြည့်ပါ…..
    .တယ်လီနော ကတ်တွေရောင်းမှ
    .သုံးကိုယ်လောက်ပွားပြီး
    .ထမနဲထိုးပြမယ်…
    :mrgreen:

  • ကော့မန်.အမှတ်တိုးတယ်တဲ့ ဟေးဟေးဟေး…
    ကြည့်လဲလုပ်အုံးသဂျီးရေ… ကျုပ်တို.ရုံး လစာတိုးသလိုမလုပ်နဲ.နော်… တစ်နှစ်လုံး လစာ adjust မျှော်လာလိုက်တာ… ပိုးစိုးပက်စက် တိုးတာ… ၁ဝ ဒဲ့….

    ဘယ်လိုပဲပြောပြော တိုးတယ်ဆိုတော့ တိုးတယ်ပေါ့ဗျာ….
    တစ်သိန်းပြည့်ရေးးးး ဒို.အရေး ၃ခါ….

  • အာဂ

    June 2, 2014 at 5:32 pm

    ဟေ့ ဘာလဲကွ….နာ….ဆဲချင်လာဘီနော်….ဟွင်းဟွင်း…..တယ် ကျောလိုက်ရမကောင်းတော့ဘူး..

    မှတ်ချက်။ သူဂျီး ကွန်မန့်ကို တကယ်တိုးပေးမပေးစမ်းကြည့်တာပါ ဟီးးး

  • Ma Ei

    June 3, 2014 at 11:47 am

    ငါတို့ရွာမှာ
    တစ်ခါတစ်ခါ…
    … … … ဒီလိုပါဘဲ
    နောက်တော့လဲ…
    ဒီတိုင်းပါဘဲ…ကွယ်
    🙂

  • ငါ တို့ ရွာမှာ
    လာသူလာ
    သွားသူသွား
    နားသူနား
    ပြန်သူပြန်
    ထွက်သူထွက်
    ဝင်သူဝင်
    ရေးသူ ရေး
    တင်သူတင်
    စဉ်ဆက်မပြတ်
    လည်ပါတ်လျက်ရှိပါကြောင်း
    သတင်းကောင်းပါးအပ်ပါသည်။

  • တခါတခါမျက်ခြေပြတ်ပြီးမှပြန်ရောက်လာ မျက်စိလည်လည်ထွက်သွားလွန်းလို့ ဘေးပြန်ပြန်ထွက်နေရတယ်ချစ်ညရေ
    🙂

  • Novy

    July 3, 2014 at 2:51 pm

    ငါတို့ရွာမှာ ….. ဆဲကျဆိုကျ ရန်ဖြစ်ကျ
    ငါတို့ရွာမှာ….. အရိုးကွဲမှ အသည်းစွဲ
    ငါတို့ရွာမှာ …. တစ်ကောင်းထဲ ခြင်္သေ့လည်းရှိအိ
    ငါတို့ရွာမှာ …. အုပ်စုဖွဲ့ကြွက်များလည်းရှိအိ
    ငါတို့ရွာမှာ …
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .

  • တိမ်မည်း

    July 3, 2014 at 4:59 pm

    ငါတို ့ရွာမှာ….. အော်ရီဂျင်နယ်လည်းရှိတယ်… ကော်ပီလည်းရှိတယ်….
    ငါတို ့ရွာမှာ…. ရသလည်းရှိလည်း… ကဗျာလည်း ရှိတယ်….
    ငါတို ့ရွာမှာ…. လူကြီးလည်းရှိတယ်… လူငယ်လည်း ရှိတယ်…..
    ငါတို ့ရွာမှာ…. လူသစ်လည်းရှိတယ်… လူဟောင်းလည်း ရှိတယ်….
    ငါတို ့ရွာမှာ…
    .
    .
    .
    .
    .
    .
    .
    .
    ပြောတော့ပါဖူးကွယ်….. :mrgreen:

  • Choo

    July 4, 2014 at 9:03 am

    အမ်းးးးး ဟိုအံတီယီးက ကိုယ်ခွဲပီးကစ်မယ်တဲ့ (ခင်မောင် ခင်မောင်) ရပ်ပါအသံဖြင့်ဖတ်ပါ :mrgreen:
    ဟိုဘိုးတော်ယီးကတော့ သုံးကိုယ်တောင်ခွဲပီး ထမနဲထိုးမယ်ဆိုဘဲ (ကျောက်စ်ပါပီ အံတီနှင်းနဲ့) :boss:
    ချစ်တီးဂဓေါ်ကတော်လူဝင်ဇားကလဲ မီလယံနာဖစ်မယ့်ပွိုင့်တွေကို
    ကယ်ယီလုပ်အုံးမယ်ဒဲ့ အာဟိ အာဟိ :kwi:
    တွေ့ဂျတေးတာဘော့ကွာ…… ကျား နဲ့ ခြင် လယ်ပြင်မှာတွေ့ဂျတေးတာဘော့… ငှဲလျောင်း ငှဲလျောင်း
    :kwi:

  • မဟာရာဇာ အံစာတုံး

    July 4, 2014 at 1:35 pm

    ထိုင်ပြောနေဒယ်
    ဟုတ်လည်း ဟုတ်ဘဲနဲ့ …

Leave a Reply