ဖတ်စေချင်လွန်းလို ့ပါ…

alinsettJune 2, 20141min26214

 

မိုးရာသီအစမှာ …

ဖတ်စရာစာအုပ်ကောင်းလေးတွေနဲ့ ဇိမ်ရှိရှိနေမယ်လို့ စိတ်ကူးမိသူတွေအတွက်လို့ ဆိုရမလား. . .

အလုပ်နဲ့ မိသားစုကြားမှာ ရတဲ့အချိန်လေးထဲက ဖဲ့ပြီး စာဖတ်ချိန်ကို လုနေရသူတွေအတွက် လို့ပဲ ဆိုရမလားပေါ့. . .

ဘာပဲဖြစ်ဖြစ် . . .
ဘယ်လို စာဖတ်သမားအတွက်ပဲဖြစ်ဖြစ် စာအုပ်ကောင်းလေးတစ်အုပ်စ နှစ်အုပ်စ ညွှန်းပေးလိုက်ခြင်းဟာ…

စာအုပ်စာပေ စိတ်ဝင်စားသူတွေအတွက် အထောက်အကူတော့ ရမှာသေချာပါတယ်လေ။

ဒါကြောင့် ကျွန်တော် ဖတ်ဖြစ်သမျှထဲက အခုလတ်တလော ညွှန်းပြချင်တဲ့စာအုပ်ကလေးကို ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

————

ကျွန်တော် အခု အချိန်မှာ စိတ်ဝင်စားနေတဲ့စာရေးဆရာ ရေးထားတဲ့စာအုပ်ပါ။

စာအုပ်နာမည်က . .  ‘‘ရွေးချယ်မှုနှင့် စိတ်ဆန္ဒ”တဲ့ ။

 

ရေးသားပြုစုသူကတော့ . . .  ”ဆရာနေဇင်လတ် ”ပါ။

————

”ဘမောင်” ဆိုတဲ့ နာမ်စားနဲ့  …သူ့ဘဝဇာတ်လမ်း အထွေထွေရယ်…

သူ့အတွေးအခေါ် အယူအဆရှုထောင့်တွေရယ်ကို သူတင်ပြနေတာ ဖတ်တဲ့သူတွေအတွက် …

ရစရာ / ယူစရာတွေ ပါရှိနေတာမို့ ….

ကျွန်တော်တော့ . . သူ ရေးတာတွေ စောင့်ဖတ်ဖြစ်ပါတယ် ။

ဒီစာအုပ်ဟာဆိုရင်လည်း . . .
သူ ့အတွေ ့အကြုံထဲက ရတဲ့ သင်ခန်းစာတွေ
အတွေးအခေါ် အယူအဆတွေကို ထိထိမိမိ ချရေးပြထားတာပါပဲ။

”တချိန်ကစွယ်တော်ရိပ်”ဆိုတဲ့ အခန်းမှာဆိုရင် …..

သူနဲ့ကြုံကြိုက်တွေ ့ဆုံခဲ့ရဖူးတဲ့  ”နန်း” ဆိုသော လူ လား ဘာလား မသေချာ

ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက် အကြောင်းကို ဖတ်ရတယ်။

ဆရာနေဇင်လတ်လို ပုဂိ္ဂုလ်တစ်ယောက်က ပြောတဲ့ . ..

ဗေဒင် / နက္ခတ် / လက္ခဏာ အတတ်ပညာရဲ့ ထိရောက်မှုတွေ မှန်ကန်မှုတွေ

အံ့ဩစရာကောင်းမှုတွေကိုလည်း ဒီစာအုပ်ထဲမှာ ဖတ်ရပါတယ် ။

ကံကို အထူးယုံကြည်သူတစ်ယောက်အဖြစ် တွေ ့ရတဲ့

ဆရာနေဇင်လတ်ရဲ့ အပြော / အရေးတွေထဲက. . .
”ကံ သည် ပုံ ကောင်းသောအရာ ဟုဆိုလျှင် ငြင်း၏ ” ဆိုတဲ့ဆောင်းပါးကိုလည်း ဖတ်နိုင်ပါတယ် ။
ကံသည် ယုံရန်သာ ဖြစ်  / ပုံ ရန်မဟုတ် ဆိုတဲ့ ဆောင်းပါးကို ဒီစာအုပ်ထဲမှာ သဘောအတွေ့ဆုံးပါ ။

လက်ရှိအချိန်ထိ အောင်မြင်နေတဲ့ စီပွါးရေးပညာရှင်တစ်ယောက်
ဒါ့အပြင် အတွေးအခေါ်စူးစူးရဲရဲနဲ့ အသိခေတ် ပညာခေတ်ရဲ့
ရှေ ့ ခပ်ရောက်ရောက် ဆရာတစ်ယောက်ရဲ့ စကားတွေမို့ သေချာဖတ်ရပါတယ် ။

စာမျက်နှာပေါင်း ၂၂ဝ ရှိပြီး ဆောင်းပါးပေါင်း ၂ရ ပုဒ် ဖတ်ရမယ့် ဒီစာအုပ်ကို …

ကျွန်တော်လိုချာတိတ်က တထိုင်တည်းနဲ့ စေ့စပ်လုံလောက်အောင် မညွှန်းနိုင်ပါဘူး။

ဒါကြောင့် အဝေးရောက်
မြန်မာ စာချစ်သူများ ရှာဖွေ ဖတ်ရှုလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း. . .

မဖတ်ရသေးသော စာချစ်သူအားလုံး ဖတ်ဖြစ်အောင် ဖတ်ကြည့်သင့်ပါတယ်ဆိုတဲ့. . .

စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါကြောင်း . . .

ဒီလောက်ပဲ ညွှန်းဆိုလိုက်ပါရစေခင်ဗျ ။

 

ရွေးချယ်မှုနှင့် စိတ်ဆန္ဒ
ရွေးချယ်မှုနှင့် စိတ်ဆန္ဒ

 

2

 

3

 

 

 

 

စာချစ်သူများ. . .

စာကောင်းလက်ရာတွေ ရှာဖွေဖတ်ရှုနိုင်ကြပြီး
အတွေးအခေါ် ဉာဏ်များ ရင့်သန်တောက်ပကြပါစေ လို့. . . .

လေးစားစွာဖြင့် . . .

အလင်းဆက် (Gazette)

(မင်္ဂလာဒုံ)

1 / 6 / 2014 /

 

 

 

 

 

 

14 comments

  • Shwe Poe

    June 2, 2014 at 7:20 am

    ကိုအလင်းဆက် ရေ ကျေးဇူးအများကြီးတင် တယ်နော်
    ကျ နော်က ဆရာနေဇင် လတ် ရဲ ့စာအုပ်တချို ့တ လေလောက်ပဲဖတ်ဖူးတာဗျ “ရှိဖို ့လားသိဖို ့လား” ဆို
    တဲ့စာအုပ် တော့အခုဖတ်ဖြစ်နေတယ် ။
    အခုညွှန်းပေးတဲ့စာအုပ်ကိုလည်း ရှာဖတ်လိုက်ပါ့မယ်
    🙂

    • alinsett (gazette)

      June 2, 2014 at 7:25 am

      ဟုတ်
      သူရေးတဲ့
      လူတော်လား လူကောင်းလား ဆိုတာလေးလည်း ကောင်းတယ်ဗျ

      အခုစာအုပ် ရောင်းဈေးလေး ပြောဖို့မေ့ခဲ့တယ်
      2500 ကျပ် ပါ ခင်ဗျ။
      စာအုပ်အရောင်းဆိုင်တွေပေါ်မှာ ရှိပါဦးမယ်

      🙂

  • lu lu

    June 2, 2014 at 7:46 am

    ရှာဖတ်လိုက်မယ် ကိုဆက်ရေ ကျေးကျေးနော်
    ကောင်းတဲ့စာအုပ်လေးတွေထပ်ညွှန်းပေးဖို ့တောင်း
    ဆိုလိုက်ပြီ အခုတော့မအားသေးလို ့gooooo ပြီ
    :s:

  • ဦးကြောင်ကြီး

    June 2, 2014 at 8:16 am

    နေဇင်လတ်
    ရွှေစင်မှတ်
    မေခင်ဖွက်
    ဝေဟင်တက်..

    • alinsett (gazette)

      June 2, 2014 at 8:54 am

      နေဇင်လတ်တောင်
      ရွှေဇင်မှတ်တဲ့
      ဆွေခင် cat ပါလား ဗျို့
      :mrgreen:

  • kyeemite

    June 2, 2014 at 11:11 am

    ခုတလော စာအုပ်ဆိုင်တွေဖက်မလှည့်နိုင်ဖြစ်နေတယ်ကွ…အညွှန်းလေးကိုကြိုက်လို့ ဝယ်ဖတ်ပါအုံးမယ်

    • alinsett (gazette)

      June 2, 2014 at 11:22 am

      ဝယ်ဖတ်ဦးမယ်ဆိုရင်တော့
      ညွှန်းရကျိုး နပ်ပါတယ် ဦးကြီးရေ. .

      🙂

  • Ma Ma

    June 2, 2014 at 10:39 pm

    အစားကောင်းစားရရင် ခင်မင်သူတွေကို သတိရတယ်ဆိုသလို………..
    စာကောင်းလေးဖတ်ရတော့လည်း မိတ်ဆွေတွေကို ညွှန်းချင်လာတာ ………
    ကိုယ်တိုင်လည်း ဒီရွာထဲရောက်မှ ဖြစ်ပေါ်လာတဲ့ ရောဂါအသစ်။
    ကိုယ့်နားမှာလည်း ကိုယ်ပိုင်စာကြည့်တိုက်ရှိတဲ့ အမွှာညီအမက စာကောင်းလေးတွေ ရရင် ညွှန်းတတ်တယ်။ 🙂

    • alinsett (gazette)

      June 3, 2014 at 4:45 am

      ဟုတ်တယ် တီမမရေ
      စာအုပ်ကောင်းလေး ဖတ်ရရင် မညွှန်းရ မနေနိုင်ဘူး
      🙂

    • alinsett (gazette)

      June 3, 2014 at 4:56 am

      ဖတ်လိုက်ပြီ တီမမ
      ကျနော့် ဖဘမှာတောင် ပြန် ရှဲလိုက်ပြီ

      :mrgreen:

      ကျေးဇူး

  • black chaw

    June 3, 2014 at 1:58 pm

    ဝယ်ဖတ်ကြည့်မယ်ဗျာ…။
    :mrgreen:

    • alinsett (gazette)

      June 3, 2014 at 5:52 pm

      ဟို ပိုစ့် ခေါင်းစဉ်လေး ငှားပြီးပြန်ပြောပါရစေ

      ဟုတ်ကဲ့ ဟု. . .

      :mrgreen:

Leave a Reply