ရွှေအကြောင်းသိကောင်းစရာ (၆)

Zaw AungJune 1, 20141min1292

ရွှေအကြောင်းသိကောင်းစရာ (၆)

ကိုဇေယျာလင်းက ၁၅ ပဲရည် ၁၄ ပဲရည် အကြောင်းနဲ့ တွက်နည်းအကြောင်းမေးထားပါတယ်

၁၆ ပဲရည်ဆိုတာက100 % pure gold ပါ အခေါက်ရွှေ မီးလင်းရွှေလို့လဲခေါ်ပါတယ်

၁၅ ပဲရည်ဆိုတာကတော့ အခေါက်ရွှေ ၁၅ ပဲသားနဲ့ကြေး ၁ ပဲသား ရောကျိုထားတဲ့ရွှေပေါ့

၁၄ ပဲ ၂ ပြားရည်ဆိုရင် အခေါက်ရွှေ ၁၄ ပဲ ၄ ရွေးနဲ့ ကြေး ၁ ပဲ ၄ ရွေးရောကျိုထားတဲ့ရွှေပေါ့

သချင်္ာနည်းနဲ့ပြောရရင် အချိုး(ratio) ပေါ့

၁၅ ပဲရည် = အခေါက်ရွှေ ၁၅ ပဲ : ကြေး ၁ ပဲ
၁၄ ပဲရည် = အခေါက်ရွှေ ၁၄ ပဲ : ကြေး ၂ ပဲ
၁၃ ပဲရည် = အခေါက်ရွှေ ၁၃ ပဲ : ကြေး ၃ ပဲ
၁၄ ပဲ ၂ ပြား = အခေါက်ရွှေ ၁၄ ပဲ ၄ ရွေး : ကြေး ၁ ပဲ ၄ ရွေး

အခေါက်ရွှေဈေးကိုသိရင် ၁၅ ပဲရည် ၁၄ ပဲ၂ ပြားရည်
၁၄ ပဲရည်ဈေးတွေကိုတွက်ကြည့်လို့ရပါတယ်

အခေါက်ရွှေ 1 ကျပ်သားကို 710000 ကျပ်ဆိုပါစို့

ဒါဆိုအခေါက်ရွှေ 1 ပဲသားဆိုရင် 710000 ÷ 16 = 44375

၁၅ ပဲရည်မှာ အခေါက်ရွှေ ၁၅ ပဲ ပါဝင်တဲ့အတွက်

44375 × 15 = 665625 ဒါဆို ၁၅ ပဲရည် ၁ ကျပ်သားရဲ့ဈေးနှုန်းက 665625 ကျပ်ပါ

2 comments

  • alinsett (gazette)

    June 2, 2014 at 9:23 am

    ရှင်းပြလိုက်တော့လည်း ဂလိုကိုးးးဆိုပြီး သိ သွားပါလေရော

    ဗဟုသုတရလို့ ကျေးဇူးပါဗျ

Leave a Reply