သူမ ရဲ့ စာတမ်း – Give me a child until he is seven

ဟုတ်ကဲ့။

ထင်တဲ့အတိုင်းပါဘဲ။

ဂျူးးပါ။

မနေ့က သူငယ်ချင်းက ပေးလိုက်တဲ့ စာအုပ်လေး။

“ဆုံနေရက် နဲ့ လွမ်းလေခြင်း”

တစ်ခြားဟာသာ အချိန်ဆွဲချင်ဆွဲမယ်။

ဒါမျိုးကျ နှောင့်နှေးမှုမရှိ။

ကလေးတစ်ယောက် ကို သူ့အသက် ရနှစ် အထိအတွင်းမှာသာ ကိုယ်လိုချင်တဲ့ ပုံစံ သွင်းနိုင်တယ် ဆိုတဲ့ အယူအဆ အတွေးအခေါ်လေး ကို အခြေခံထားတဲ့ ဇာတ်လမ်း။

ဖတ်ပြီးချိန် ပြောချင်တဲ့ အကြောင်းတွေ  ကြိုက်တဲ့ စကားတွေ နဲ့ စာမျက်နှာတွေ အများကြီး။

စာပြန်မရိုက်နိုင်တော့ ပုံတွေ အဖြစ်တင်လိုက်တယ်။

Space အတွက် Sorry ပါ သူကြီးမင်း။

သူများတွေဖတ်ပြီး မေ့လောက်ချိန်မှ တရေးလာနိုးနေတာပါ။

 

မြန်မာ့ ကလေးကဗျာ တွေ ရဲ့ အင်အားရှိမှု တွေ၊ မရောက်ဖူးတဲ့ ပြည်တွင်း ပြည်ပ မြို့ငယ်လေးတွေ၊ မသိသေးတဲ့ ဗဟုသုတ စာအချို့ နဲ့ တွဲရက် လွမ်းခြင်း တစ်ပုဒ်။

(ဆရာကြီး)မင်းသုဝဏ်၊ (ဆရာကြီး)တင်မိုး တို့ရဲ့ ကဗျာတွေ အပါအဝင် ရှေးတုန်းက ကလေးဆုံးမ တဲ့ ကဗျာတွေ ဖတ်လိုက်ရတယ်။

မြန်မာပြည်က သူမ ရဲ့ ချစ်စရာနယ်မြို့လေး ရဲ့ အလှ နဲ့ ပြင်သစ်က မြို့လေးတစ်မြို့ ရဲ့ အလှ တွေကို စိတ်ကူးထဲ ပုံဖော်ပြီး ယှဉ်တွေ့လိုက် မိသေးတယ်။

နိုင်ငံရေးအတွေးအမြင် တစ်ချို့ နဲ့ ဓာတုဗေဒ အသိပညာ တစ်ချို့ လဲ တစ်စွန်းတစ်စ ပေါ့။

ဒီတစ်ခါ သူမ ရဲ့ ဇာတ်လိုက် သူမ ကို အပြစ်တင်ချင်မိနေသလားဘဲ။

ပေါင်းစည်း နီးစပ်ဖို့ မဖြစ်နိုင်တာသိရက် နဲ့ ကိုယ်လဲ ပြတ်သား နေပါရက် နဲ့ အတွင်းစိတ်ထဲ မှာ ဒီလောက် အညံ့ခံ ပျော့ညံ့ တွေဝေ ရတယ်လို့ဘဲကွယ်။

တကယ်တော့ ၂ဦးလုံး ကို သက်သာစေမဲ့ ဖြေရှင်းနည်းကောင်းကောင်းရှိပါရက်နဲ့။

ဘဝ ထဲ လက်တွေ့ကျကျ မနေဘဲ စိတ်ကူးထဲ လွမ်းခြင်း တွေ ထည့်ထားပြီး အရသာခံ နေဖို့ ဆိုလဲ …. ထားပါတော့လေ။

 

အချုပ်ကတော့

သူ့စာအုပ် ထုံးစံအတိုင်း သုတ ရသ တွဲထားတဲ့ စာအုပ်လေးမို့ ကောင်းပါတယ်။ တန်ဖိုးရှိပါတယ်။

သို့ပေမဲ့ ……

ဒီတစ်ခါ သူမရဲ့ “ဆုံနေရက် နဲ့ လွမ်းလေခြင်း” က

အသက်ကြီးကြီး မိန်းမ တစ်ယောက် အတွက် မဟုတ်ဘူး ဖြစ်နေခဲ့တယ်။

:-))))

cover

 

             01

02

03

04

05

06

07

08

09

10

11

12

13

14

24 comments

  • padonmar

    June 2, 2014 at 12:21 am

    Yayyy!!!!!!!!!!!
    I am the first.(ဘူမှ မချိလို့)

  • padonmar

    June 2, 2014 at 12:26 am

    တိုက်တိုက်ဆိုင်ဆိုင် မနေ့ညက စာဖတ်ရင်း ရှေ့မှာတွေ့တဲ့ အဲဒီ စာအုပ်လေး တဝက်က ပြန်လှန်မိတာ အဆုံးထိ ပြန်ဖတ်မိသွားရော။
    မလတ်သာဆို ဘယ်လိုများ ဖြေရှင်းမလဲ စပ်စုချင်သား။
    ဂျူးကတော့ သူ့ထုံးစံအတိုင်း လုပ်ချင်တာနဲ့ လုပ်သင့်တာ လွန်ဆွဲပြသွားတာပဲ။

  • ကေဇီ

    June 2, 2014 at 6:53 am

    ဆရာမ ရဲ့ ဦးနှောက် နဲ့ အတွေးးအခေါ် ဗဟုသုတ တွေကို
    အထင်ကြီးးးလေးးစားးနေဆဲ ဆိုပေမယ့်လည်းးးး
    နှလုံးးးသားးထဲက လာတဲ့ ခံစားးချက်နဲ့ ရေးးတဲ့
    နစ်နစ်နဲနဲ အရေးးအသားးးမျိုးးတွေ က ကျနော့ စိတ်ထဲ ပိုရောက်နေဆဲပဲ။
    :chit:

  • Shwe Poe

    June 2, 2014 at 7:11 am

    ဆရာမဂျူးက တော့ ကျနော့်အကြိုက် စာရေးဆရာမ
    ကြီးပေါ့ သူ ့အ တွေးအ ခေါ်တွေကို ကြိုက်တယ်လေး
    စားတယ် အခုလို တစွန်းတစမျှဝေ ပေးတဲ့ အရီးခင်
    ရေ ကျေးဇူးပဲဗျ
    :mrgreen:

  • kyeemite

    June 2, 2014 at 8:47 am

    တော်တော်နောက်တဲ့အရီးမုတ်ဆိတ်ပဲ..ဒီကညက်လုံးကောင်းတာမဟုတ်..ဘိုဖတ်ရမလဲ 😛

  • alinsett (gazette)

    June 2, 2014 at 9:29 am

    အဲဒီအုပ် ဖတ်ချင်လျက်နဲ့ လွဲလေခြင်း ဖြစ်နေတာ အရီးရယ်
    အခုလို အညွှန်းလေး ဖတ်မိတော့ တစ်အုပ်လုံးကို ပိုဖတ်ချင်မိလာတယ်။
    အပြေးလေး ရှာဦးမှပါ
    မဝယ်နိုင်သေးတော့ အငှားဆိုင်တွေဆီပြေးရဦးမှာပေါ့။
    😆

    ဂျူးရဲ့ ချစ်သူရေးတဲ့ညတွေ တို့
    ကြေမွသွားသော တိမ်တိုက်များ တို့
    ပင်လယ်နှင့်တူသော မိန်းမများတို့
    ကျွန်မ၏သစ်ပင်တို့လို
    ခံစားချက် ပြင်းပြင်းရှရှ ရသစာအုပ်လေးတွေ ပြန်ဖတ်ချင်သေးတယ်

  • Mr. MarGa

    June 2, 2014 at 9:50 am

    အဲဒါကြောင့် ဒီနာမည် မှတ်မိပါတယ် တွေးနေတာ…
    ငါး စက္ကန့်လောက်တော့ တွေးလိုက်ရတယ်… အဟီးးး
    ခေါင်းစဉ်မှာ ကိုက ဆုံနေရက်နဲ့ လွမ်းလေခြင်း ဆိုတော့
    သိတော့ သိလိုက်ပါတယ်ဗျာ သူတို့တွေ မဆုံဘူး ဆိုတာ
    ဖတ်ပြီးတော့ တစ်ခုပဲ ခေါင်းထဲ ကျန်ခဲ့တယ်
    အဲ့ လာဗင်ဒါ ပန်းခင်းတွေဘက် သွားချင်ပါဘိ… အဟိ

  • manawphyulay

    June 2, 2014 at 10:08 am

    ဇာတ်လမ်းလေးကို စိတ်ဝင်စားမိတယ်။ ဒါပေမယ့် အရီးက ပေးဖတ်ပေမယ့် မျက်စိမှုန်နေတော့ အဆင်မပြေဘူး။ ဘိုလိုဖတ်ရပါ့။

  • black chaw

    June 2, 2014 at 11:27 am

    ဒီတစ်ခါ သူမရဲ့ “ဆုံနေရက် နဲ့ လွမ်းလေခြင်း” က
    အသက်ကြီးကြီး မိန်းမ တစ်ယောက် အတွက် မဟုတ်ဘူး ဖြစ်နေခဲ့တယ်။

    အသက်ကြီးကြီး မိန်းမ တစ်ယောက်ဆိုတာ အစ်မကို ဆိုလိုတာလားခင်ဗျ။
    အဲဒါဆိုရင်တော့ နည်းနည်း ငြင်းချင်ပါတယ်။
    အစ်မက ဖတ်ပြီး ကြိုက်လွန်းလို့…(သို့မဟုတ်) တစ်စုံတစ်ခုကို သဘောကျလို့
    တစ်ခြားလူတွေကို ဖတ်စေချင်စိတ်ဖြစ်သွားလို့ ဒီပို့စ်ကို တကူးတက ရေးတင်ခဲ့တာပါ။
    ပြီးတော့ စာအုပ်ထဲက စာမျက်နှာ တချို့ကို ဓါတ်ပုံတောင်ရိုက်တင်ထားလိုက်သေး။
    ဆိုတော့ ဘာငြင်းချင်ပါသေးသလဲ အစ်မလတ်…ဟင်းဟင်းဟင်း။
    :mrgreen:
    အတည်မန့်ချင်တာကတော့
    မဖတ်ရသေးဘူး။ ဝယ်ဖတ်ကြည့်ဦးမယ်ခင်ဗျ။
    မိတ်ဆွေကောင်းဆိုတာ အစားကောင်းစားရင်လည်း မိတ်ဆွေ တွေကို သတိရသတဲ့။
    စာအုပ်ကောင်းတွေ့လို့ မိတ်ဆွေတွေကို ဖတ်စေချင်နေတယ်ဆိုတော့
    သေချာပြီ…အစ်မလတ်က မိတ်ဆွေကောင်းတစ်ယောက်ပဲ။
    :mrgreen:

  • သမီးသာဆို ယူလိုက်မှာ။
    ဟီး စိတ်ကြီးတယ်နော် :mrgreen:

    အရမ်းကြိုက်တဲ့ စာအုပ်ပါ။ အခုတော့ ဝယ်သိမ်းထားချင်စိတ် ေပေါက်သွားပြီ။

    ဇာတ်ကောင် သူမ ကတော့ ငယ်ငယ်က နှလုံးသားကိုဦးစားပေးပြီး လုပ်ချင်တာလုပ်တယ်။ ကြီးလာတော့ ဦးနှောက်ကို ဦးစားပေးပြီး လုပ်ချင်တာလုပ်တယ်။ အဲ့လိုမြင်မိပါတယ်။

  • Wow

    June 2, 2014 at 2:42 pm

    ဆုံနေရက်နဲ့လွမ်းလေခြင်းကိုဖတ်ပြီး ငယ်ကထဲက ပြုစုပျိုးထောင်ပေးခဲ့သူကို စွဲလမ်းခဲ့တဲ့ စိတ်ကိုနားလည်ပေးနိုင်သလို၊ သူငယ်ချင်း ကောင်လေးရဲ့ အချစ်ကိုလည်းနားလည်ပေမဲ့ နားမလည်တာ ပန်းပျိုးသူကြီးကိုဗျ…
    တော်ယုံ သံယောဇဉ်နဲ့ လူတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အနစ်နာခံကာကွယ်လောက်အာင်လဲ သံယောဇဉ်ရှိပေမဲ့ အိမ်ထောင်ရှင်မ အဆင့်အထိကျ လက်မခံနိုင်တာလား …. တဂယ့်ယောက်ကျားတစ်ယောက်ရှိတတ်တဲ့စရိုက်လား ဆြာမရဲ့ ဇတ်ကောင်စရိုက်ပဲလားမသိ… 🙁

    • padonmar

      June 5, 2014 at 9:41 pm

      ဂျီးဝါး
      ရှေ့က တအုပ်နဲ့ များ ရောနေသလားလို့။
      (စောင့်နေမယ်လို့ မပြောလိုက်ဘူး…)

    • Wow

      June 6, 2014 at 9:23 am

      သူမင်းကို ဘယ်တော့မှ … နဲ့ မှားတာ အန်ကယ်ဒုံ… :mrgreen:

  • kyeemite

    June 2, 2014 at 3:46 pm

    တစ်ပိုင်းတစ်စကြီးမို့ စာအုပ်ရှာဝယ်ကြည့်အုံးမယ်ဗျာ…“ဆုံနေရက်နဲ့လွမ်းလေခြင်း” ဆိုတဲ့ခေါင်းစဉ်ကိုက
    အရွေးတော်ပါပေတယ်…တွေးလေအရသာရှိလေပါပဲ…

  • naywoon ni

    June 2, 2014 at 4:29 pm

    Pdf လင်​့​ပေးဖူးတယ်​​လေ တစ်​ဝက်​​လောက်​ဖတ်​ပီး ရာသီစာ​တွေနဲ့​ထွေးလုံးရစ်​ပတ်​ ပြန်​ဖတ်​ဖို့ သတိ​ပေးလိုက်​သလိုပါပဲ ညပြန်​ဦးမှ ပြိးမှ ……

  • pooch

    June 2, 2014 at 7:09 pm

    အရီးသ​ဘောက​ရော ယူတာကို သ​ဘောကျလား
    ဒါမှမဟုတ်​ မယူတာကို အား​ပေးလား
    ​ဖြေဖို့ခက်​မယ်​ထင်​တယ်​​နော်​
    ကိုယ်​သာဆို ယူမိလိုက်​မယ်​ထင်​တယ်​ စိတ်​ကူးထဲမှာ
    လက်​​တွေ့မှာ​တော့ မဝံ့ဘူး

  • Ma Ma

    June 2, 2014 at 10:21 pm

    စာဖတ်ပျင်းတဲ့အထဲမှာပါလို့ ဂျူ းဝတ္ထု မဖတ်ဖူးဘူး ဆိုရင် အံ့ဩကြလိမ့်မယ်ထင်တယ်။
    ဂျူ းရဲ့အတွေးအမြင် ခံယူချက်တွေကိုတော့ သူ့ကို ဝေဖန်သူ၊ ကြိုက်တဲ့သူတွေရဲ့ အသံတွေကို ဖတ်ဖူးလို့ သိသလိုလိုရှိတယ်။
    အဟမ်းးးးးးးးးး
    ခုဝတ္ထုကိုတော့ ဘယ်မှာရှိတယ်ဆိုတာ သိထားတော့ ငှားဖတ်လိုက်အုံးမယ်။ :kwi:

    • Ma Ma

      June 10, 2014 at 7:21 pm

      စာအုပ်ပိုင်ရှင်က အလိုက်တသိ ယူလာပေးလို့ ဖတ်ပြီးကြောင်း အကြောင်းကြားတာ။
      ပြောရမယ်ဆိုရင် ဂျူ း ဝတ္ထုကို ခုမှ စဖတ်ဖူးတယ်ဆိုရင် အံ့ဩသွားကြမလားးးးး 😀

      ဂျူ းပရိတ်သတ်ရဲ့ အသံတွေ….
      ဝေဖန်ရေးသမားတွေရဲ့ အသံတွေ…. ကိုပဲ နားထောင်ပြီး ဂျူ းကို ပုံဖော်ကြည့်ခဲ့တာ ခုမှပဲ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရပြီ။

      စာတစ်ပုဒ်ကိုဖတ်ပြီးရင် ကွန်မန့်ရေးချင်စိတ်ကို အစေ့ချခဲ့ ဒီရွာသူပီပီ ရေးချင်တာတွေ အများကြီးပဲ။ 🙂

  • weiwei

    June 3, 2014 at 9:32 am

    ဒီတစ်ခါ သူမရဲ့ “ဆုံနေရက် နဲ့ လွမ်းလေခြင်း” က
    အသက်ကြီးကြီး မိန်းမ တစ်ယောက် အတွက် မဟုတ်ဘူး ဖြစ်နေခဲ့တယ်။

    ကိုယ့်ကိုကိုယ် အသက်ကြီးမှန်း သိလိုက်ပါပြီ … :kwi:

  • အရီးခင်

    June 5, 2014 at 3:26 am

    ချစ်အစ်မဒုံ
    ပထမဆုံး အားပေးမှုလေးအတွက် ကျေးဇူးအကြီးကြီးပါ။
    ဒီမှာ စာအုပ်ရှိနေတယ်ဗျို့။ ဖတ်ချင်သူများ တစ်ရက် တစ်ရာ ကျပါတယ်။ စာရင်းပေးပါ။
    padonmar says: {မလတ်သာဆို ဘယ်လိုများ ဖြေရှင်းမလဲ စပ်စုချင်သား။}
    နေဦးအစ်မဒုံ။ ဘေးက လူကြီး ကို တိုင်ပင်လိုက်ဦးမယ်။ ဘိုလိုဖြေရှင်း ရမလဲလို့။ :-)))

    ကေဇီ လေး
    ရွာထဲ ဒီ အပါတ် ထမင်းဆိုင် ပိတ်ထားသလား။
    အလုပ်များနေတယ် ထင်ရဲ့။
    နေကောင်းရဲ့လား။
    အရီး လဲ ဒီလိုဘဲ ခံစားရတယ်။
    အရင်စာအုပ်တွေ က စာလုံးတွေကလောက် အားမပါဘူး။
    ဒါပေမဲ့ ဒီစာအုပ်ကလဲ အတွေးတွေ အများကြီး ဆက်ထွက်လာတာ။

    Shwe Poe ရေ
    ဝင်အားပေးတာ ကျေးဇူးပါနော်။
    ရွာ့အမာခံ လူတစ်ယောက်တိုးပြီ လို့ သတ်မှတ်ပါတယ်။

    ကကြီးမိုက်
    စောဒီးပါ။
    ၂ခါနှိပ်ရင် ပုံကြီးရပေမဲ့ မြန်မာပြည် ရဲ့ ကိုးနတ်ရှင်ကို သတိမထားလိုက် မိလို့ ပါ။
    ဘယ်တော့မှ ဆုံမရတဲ့ မျဉ်း၂ကြောင်း ဆုံလိုက်တာ ကိုက လွမ်းဖို့ ဖန်တာဘဲ မဟုတ်ပါလား ဗျ။
    ထုံးစံအတိုင်း ပါဘဲလေ။ ဂျူး စာအုပ်နာမည် တွေကကို ခံစားလို့ ကောင်းမှကောင်း ဘဲကိုး။

    ဆက်ဆက် ရေ
    နီးရင် စာအုပ်တွေ လာပေးချင်ပါရဲ့။
    ဂျူး နဲ့ မင်းလူ အတွက် ကတော့ စာအုပ်စင်မှာ နေရာထားထားတယ်။

    မောင်သိကြား ရေ့
    ကွန်ပူတာ သမား ဆိုတော့ “ငါး စက္ကန့်” ကို ကြာတယ် သတ်မှတ် သပေါ့လေ။
    သူတို့တွေ မဆုံဘူး ဆိုတာပြောမရဘူးလေ။ ဇာတ်လမ်း အပိတ်မှာ လေတံခွန်လေးက အင်ကြင်းဝေ ဖြစ်သွားပြီ။
    ဟိုတစ်ယောက် အတင်းပြန်လာ ဆက်ရင် လက်ခံတော့လေမလားဘဲ။ မသိ။
    ဒါပေသည့် မထင်။

    မင်းအတွက် လာဗင်ဒါ ပန်းခင်းတော့ မဟုတ် – ပန်းခြုံ ပေးထားတယ်။ အရီး ရဲ့ နောက်ဆက်တွဲမှာ။
    အရင်အိမ်တုန်းက လာဗင်ဒါအပင်ခြုံကြီး ရှိခဲ့တယ်။
    တအားမွှေးတယ်။
    တစ်နေ့ မင်း လဲ ပြင်သစ် က လာဗင်ဒါပန်းခင်းထဲ ရောက်ချင်ရောက်နေမှာပါ။ :-))

    မနော
    စောဒီးပါ။ စာတွေကို ရိုက်ပေးလိုက်ချင်ပေမဲ့ အချိန် မခိုးနိုင်ဖြစ်နေလို့။
    ဝင်အားပေးတာ ကျေးဇူးနော်။

    ကဘချော
    အစ်မလတ်က မိတ်ဆွေကောင်းတစ်ယောက် လို့ ပြောလို့ အတော်လေး စိတ်ကြည်နူး သွားတယ်။
    မိတ်ဆွေကောင်း မို့သာ မိတ်ဆွေကောင်း ကို မိတ်ဆွေကောင်း လို့ မိတ်ဆွေကောင်းလို မြင်လို့ ရတာလေ။ မဟုတ်လား။ :-)))
    အသက်ကြီးကြီး မိန်းမ အတွက် မဟုတ်ဘဲ ဘယ်သူ့ အတွက် ဆိုတာ နောက်ဆက်တွဲမှာ အဖြေရှိပါရဲ့။

    လုံမရေ့
    ယူချင်လို့ ကတော့ ယူသာယူလိုက်။ ;-))
    အမေ့ ကိုတော့ အရင်မေးနော်။
    ဒါထက် မောင်အံ တစ်ယောက်ပျောက်နေပါလား။
    အလုပ်များနေ ထင်ပါ့။ အရီး က သတိရကြောင်းလေး ပြောပေးနော်။

    ဝေါင်း ရေ
    ဒီတစ်ခါ ဂျူး ရဲ့ ဇာတ်ရုပ် က အရင်မိန်းမ တွေ နဲ့ နဲနဲကွာတဲ့ စရိုက်လို့ အရီးလဲ တွေးတယ်။
    ဒီတော့ ကိုယ့်လူ က ခေါင်းမဖော်လေ ဟိုက ပိုတင်းလေ ဒီတော့ ဖတ်ရင်း ဒေါသဖြစ်လေ ဘဲ။
    စိတ်များ မထားတတ်တော့ ဝတ္တုဖတ်ရင်းတောင် အကုသိုလ်ပွါးရသေး။

    အဘနီ
    ဝင်ရောက် အားပေးတာ ကျေးဇူးပါ။
    ဂျူးစာအုပ် ကို စိတ်ဝင်စားပြီး ဖတ်ခဲ့လို့လဲ ကျေးဇူးပါ။

    ပုချ်လေး
    { အရီးသ​ဘောက​ရော ယူတာကို သ​ဘောကျလား ဒါမှမဟုတ်​ မယူတာကို အား​ပေးလား ​ဖြေဖို့ခက်​မယ်​ထင်​တယ်​​နော်​}
    ဖြေဖို့ မခက်ပါဘူးကွယ်။
    ရှင်းရှင်းလေးပါ။
    ကိုယ့်မျက်စိရှေ့ လူလားမြောက်လာတဲ့ ကလေး တစ်ယောက် ကို ဘယ်လိုစိတ်မျိုး နဲ့ ခင်ပွန်းနေရာ ထားလို့ ရပါ့မလဲ။
    လက်တွေ့ အိမ်ထောင်သည်ဘဝ မှာ တကယ်တော့ မလွယ်ဘူးလို့ ယူဆတာမို့ မယူတာကို အား​ပေးပါတယ်။
    ကောင်လေးမျက်နှာ ကို အသေအချာကြည့်ပြီး အပြတ်ငြင်းလိုက်စေချင်တယ်။
    သူ့ဖက်က မပြတ်သားတာ ကို ဟိုတစ်ဖက်က မြင်နေပြီမို့ ဒီပွဲ မှာ တို့တွေရဲ့ မင်းသမီး ရှုံးခဲ့ပြီ လို့ ထင်တာပါဘဲ။

    ချစ်မမ
    အံ့ဩပေါင်တော်။
    သများလဲ ဂျူး မို့ပါ။
    အခုနောက်ပိုင်း စာအုပ်တွေ အအင်လိုမဖတ်ဖြစ်တာကြာပေါ့။
    ခုဝတ္ထုကိုတော့ ဘယ်မှာရှိတယ်ဆိုတာ သိထားတော့ ငှားမဖတ်နဲ့။ သူ့ ကို ဇာတ်လမ်း အစ အဆုံး အသေအချာပြောခိုင်း။ ဟိ။

    ဝေ ရေ့
    {ကိုယ့်ကိုကိုယ် အသက်ကြီးမှန်း သိလိုက်ပါပြီ}
    ဟားဟား – ဒီလောက်မကြီးသေးပါဘူး လေ။
    ဝေ့ထက် ဦးသူတွေမှ အများကြီးပါ။ :-))

    wint phyu ရေ
    pdf လေးအတွက်တော့ ကျေးဇူးပါ။ ဒါပေမဲ့ ဂျူး ကို အားနာနေမိတယ်။

    ချုပ်ရရင်ဖြင့်
    မှတ်ချက် ချန်ပေးခဲ့ သူများ ကို ကျေးဇူး ကုဋေ ကုဋာ တင်ပါသည်။
    မှတ်ချက် မချန်ဘဲ တိတ်တိတ်ဝင်ဖတ်သူများ ကို ( ကျေးဇူးကုဋေ ) – အနှုတ် (တစ်သန်း) တင်ပါသည်။ အဖြေ ကို ကိုယ့်ဟာကိုယ် ပြန်တွက်ယူကြ။

    ချစ်ခင်စွာဖြင့်
    အရီး :-)))

    • Mr. MarGa

      June 5, 2014 at 9:32 am

      ပန်းခြုံ ဆိုရင်တော့…. ပုန်းစရာတစ်ခုရပြီပြောရမယ်… 🙂
      အရီး စာအုပ်စင်မှာ ဂျူး နဲ့ မင်းလူ အတွက် နေရာထားတယ်လား
      ကျနော့်စာအုပ်စင်မှာတော့ ရွှေဥဒေါင်းရယ် မင်းလူရယ်
      ဂျူးက မဝယ်ဘူး ယူလာသမျှ ထိုင်ဖတ်တာ ဟီးး

  • lu lu

    June 5, 2014 at 7:16 pm

    အရီး ရေ ကျေးကျေး နော်
    ဂျူး ရဲ ့ စာအုပ်လေးကို ညွှန်းပေးတဲ့ အတွက်
    လုလု က ဆရာမ ဂျူး ရဲ ့ပရိတ်သတ် လေ
    သူ ့စာအုပ် တွေ တချို ့ပဲဖတ်ဖူးတာပါ
    အဲ့တချို ့လေးတွေက ရင် ထဲထိတဲ့စာအုပ်တွေ ပေါ့
    🙂

Leave a Reply