ဂန္ဓဝင် ကျောက်ရုပ်… (အပေါင်းဆယ့်ရှစ်)

ムラカミJune 2, 20141min15312

 

 

တနေ့က .. ကျော့်မိတ်ဆွေ .. ဒီရွာသားကြီး တယောက်နဲ့ တွေ့တော့ ..သူပြောပြတာပါ…

ဟာသလေးပါဗျာ .. .နီးနီးတော့ ညှီတယ်… ဟီး..

ကျော် ရေးတာပဲ ..မညှီ ခံနိုင်ရိုးလား… သည်လိုဗျ. …
အနှီ ဦးလေးဟာ ..၈၈အရေးအခင်းကြီးပြီးတော့ ..သူက စမ်းချောင်းထဲမယ်..

ဗီဒီယို အခွေဆိုင် ဖွင့်ပါသတဲ့ ..အဲ့ … အချိန် အဲ့သည့်ခေတ် ဆိုတာ

မြန်မာပြည်မယ်.. ဗီဒီယို ခေတ်ဦးရယ်… ဗီအိပ်ချ် အက်စ် ဒက် တွေ ဆိုတာလည်း…

အိမ်တိုင်းမှာ မပြောနဲ့… တရပ်ကွက် လုံးပေါင်းတောင် လက်ငါးချောင်းမပြည့်တပြည့်…

သင်္ဘောသီးတွေ နိုင်ဂျံဂါး အဆက်အသွယ်တွေ ဘာတွေ ရှိပါမှ တိုရေ ရှားရေ တလုံးတလေ..

ပိုင်နိုင်ခွင့် ရတဲ့ ကာလ ခည … … ဗီဒိုခွေစက် (အောက်စက်ပေါ့လေ)

ပိုင်တဲ့အိမ်ဆို ..ရပ်ကွက်ထဲမယ် အကောင်ပဲ …. ဟုတ်တယ်လေ… သူ့အိမ်ပဲ သွား စု-ကြည့် ..

သူ့ပဲ မျက်နှာချိုသွေးရတာ ကိုး … မဟုတ်လို့ကတော့ … တနှစ်တခါ လမ်းပိတ်ပြီး လုပ်တဲ့ …

လွတ်လပ်ရေးပွဲ တို့ ဘုရားပွဲ တို့ သာ တနှစ်လုံး ထိုင်စောင့်ပီး လမ်းမအလယ် အများနဲ့ ထိုင်ကြည့်ယုံ…

ဒါတောင် အများသဘောနဲ့ မို့ အများကြိုက်တဲ့ ကားထုပ် ပဲကြည့်ရမှာရယ်…

ကိုယ်က စီလုပ် သရဲကား (ဖဲဝိဇ္ဇာပါတဲ့) ကြည့်ချင်တာ ..အများသဘောက ..

(ကူးမား) ရေလည်ဒွန့်တဲ့ ..ကီလား စပါယ်ရှယ်ဒွန့် ကား ငှားလာ လည်း ကြည့်ရုံ ….

ဒါမိုးတွေပေါ့ဗျာ …..

အဲ .. ကိုနိုကြိုက်တဲ့ ကားတွေကတော့ .. ဘားလမ်းမှာ ..ဓါးထမ်း… အဲ့လေ.. လက်ကုတ်ခေါ်ပီး

ပါပလေကာ နဲ့ လူစုပီးမှ တိုက်ခန်းတခုခုမယ် ပြတတ်သတဲ့ဗျ… သေချာသိပါဘုဗျာ. .. ကျော်က

အဲ့တုန်းက ကလေးကိုး …

 

ထားပါတော့လေ… အဲ့သည့်အချိန် ဆိုတာ ..အခွေငှားဆိုင် ပိုင်ရှင်တွေ ရွှေဖြစ်တဲ့ ကာလခည …

ကတ် စနစ် မူပိုင်ကြေး ဘာညာလည်း မရှိသေးလေတော့ …ကိုယ့်ဆိုင်လေးထဲကိုယ်..

ခွေဟောင်းကို ခွေသစ်ကူး လို့ အေးချေး ဆိုတဲ့ ကာလ…။
ဆိုတော့ ..အခွေအငှားဆိုင် ဆိုတာကလည်း တနေကုန်ကြီး ထိုင်ရောင်းရတဲ့ အလုပ်မဟုတ်ဘူးလေ…

ရုံးဆင်း အိမ်ပြန် ညနေ ၄နာရီလောက်ကနေ ည ၉-၁ဝ လောက်ထိပဲ ..သာသာယာယာ

ခွေလေးကူး.. စိကလက်လေး ရှိုက် စကားလေးပြော လေပန်းရင်း သာသာယာယာ ယပ်ခတ်ပီး

ငွေရေယုံ ကိုးဗျ… သည်တော့ သည် ဦးလေးတွေဟာ အားလပ်ချိန်တွေမယ်

အနားကလက်ဖက်ရည် ဆိုင်မှာ ဘော်ဘော်တွေနဲ့ စတည်းချလေ့လည်း ရှိသတဲ့ …

 

အဲ့သည့်ခေတ် ထွန်းကားတဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု အကြောင်း နည်းနည်း လင်းပါရဇီ။

(အခွေ ရွေးဖွင့်တဲ့ ကိစ္စကတောင် ပြသာဒ် မီးစွဲတဲ့အထိ) အရှိန်အဝါ ကြီးခဲ့ဖူးတဲ့ ..လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ပါဗျာ..

အခွေတခွေ ပေါက် မပေါက် လက်ဖက်ရည်ဆိုင် သွား ကြည့်ရတဲ့ ခေတ်ပေကိုးဗျ…

ခုနောက်ပိုင်းလို ယခုလ တော့ပ် တင်းန် တွေဘာတွေလည်း မရှိသေးတာကိုး ..

 

ဆက်ရရင် အဲ့ ခေတ်.. ဝက်ဝက်ကွဲအောင်ပေါက်တဲ့ သီချင်းက ကိုညီထွဋ်ရဲ့ .. ဂန္ဒဝင်စိမ်း ပါ…တဲ့ …

ပိတ်သတ်ကြီးကလည်း သိတဲ့အတိုင်း အစောပိုင်းကတော့… ညီထွဋ်ကို အသံဝင်နေရင် နေပြန်ကောင်းမှ ဆိုပါလား တို့ ….

ဘာတို့ … ဖြစ်ခဲ့ပေမယ့် အဲ့သည့်ဘက် ခေတ်ကာလ ရောက်မှ အဆိုပါ.. ဟဲဗီး သီချင်းနဲ့ လက်ခံတော်မူကြတယ် မှတ်တယ်ဗျ…

အထက်ပါ ဦးလေးတို့ သူငယ်ချင်းတသိုက်ဟာ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုနဲ့ … ဂန္ဒဝင်စိမ်း မှာ စီးမျော နေကြတယ်ပေါ့လေ…

 

 

တနေ့သော အခါမှာပေါ့….. ခရေ၂ပွင့် လေလွင့်လာသပေါ့လေ.. အဲလေ.. ကောင်မလေး၂ယောက်

စက်ဘီး စီးလာတာပါတဲ့ .. ..လက်ဖက်ရည်ဆိုင် ရှေ့ က ဖြတ်ပြီး သကာလ …ဆိုင်ထဲမတော့ မြတ်သောအကျင့်ကို ကျင့် ပြီး..

တွေ့ကရာပြောနေတဲ့ .. အစ်ကိုကာလသားများက ဘာ တသောင်းအားနဲ့ ငေးလွန်းလို့လား မဆိုနိုင် ဘူး ခည…

လက်ဖက်ရည်ဆိုင်ရှေ့ တဲ့တဲ့မယ်…စက်ဘီးမှောက်ပါလေရော…။

ဒုံး အုံး.. အမ်မာလေး .. ပေါ့ ….။ ပွက်လော ရိုက်သွားတယ် ဆိုပါတော့…

 

ဆိုင်မှာထိုင်နေတဲ့ …လောင်တတ်လွန်းတဲ့ အနှီအူးလေးဟာ .. ယောင်တတ်တဲ့ ဘေးကသူငယ်ချင်းကို ခါး တို့ပါလေရော တဲ့ ……

သည်တော့ ..ယောင်တတ်သူခမျာ ကြားနေတဲ့သီချင်းရယ် ဖြစ်နေတဲ့ဖြစ်စဉ် အလိုက်အတိုင်း…ပေါင်းစပ်လို့ ထ-ယောင်မိပါတော့တယ်..

လက်ဖက်ရည်ဆိုင် တဆိုင်လုံးကား ပတ်တုတ်၍ မရတော့ပြီ…။ အဲ့သည့်မှာတင် စာရင်းချုပ်တော့.

သူရို့ လူသိုက် အဲ့လိုအယောင်ကောင်းလို့ ..အရှက်သည်းသွားတဲ့ မမ၂ယောက်ဟာ ဘေးနားက ရပ်ကွက်ရုံးကို သွားပြီး

အရှက်ကွဲစေမှု အတွက် ကို …တိုင်တမ်းပါရောတဲ့ .. ..

 

ငိုရခက် ရီရခက် ရပ်ကွက်လူကြီးတွေခညာမယ် အကြောင်းသိ ရပ်ကွက်သားချင်းမို့ ယောင်တတ်သူကိုတော့ အပြစ်မပြောဘဲ ..

သိသိနဲ့ နောက်တတ်တဲ့ အဲ့သည့် ဦးလေးတို့ကို … ဆူပူ ကြိမ်းမောင်းပါကောလား …ဗျာ…

ကိုယ့်အရပ်သားချင်းမို့ … နောက်တခါ မလုပ်နဲ့နော် … ဆိုတာလောက်နဲ့ပဲ ပြီး သွားလို့ တော်သေးတယ်ပဲ ပြောရမယ်ခည…

 

အော် မေ့လို့ဗျ…ပြောပြရအုံးမယ်… ယောင်ပုံ ယောင်နည်း ကလေးကို ….. အားးဟိ…

ဟိုမမတွေ တိုင်လည်း တိုင်ချင်စရာပါဗျာ ..ဟိုပုဂ္ဂိုလ် ယောင်တာကလည်း ကြည့်အုံးလေ..

 

 

 

ဂန္ဓဝင် ကျောက်ရုပ်တွေတော့ ကွဲပါပြီ ဗျာ ..

တဲ့ ..
အာ.. ဟိ..
တော်သေးဘီ…။

 
အတော်ညှီသွားသမို့ ..ဂျင်းနှင့် မဆလာနိုင်နိုင်အုပ်၍ ဖတ်ပါလေ။

12 comments

  • Mr. MarGa

    June 2, 2014 at 1:26 pm

    ငင် ညှီသတဲ့
    အပေါင်း ဆယ့်ရှစ် တဲ့
    တော်ပီ….. အသက်မပြည့်သေးလို့ ဝင်မဖတ်တော့ဝူးးး
    အဲ့လာ လာပြောတာ… ငိငိ

  • alinsett (gazette)

    June 2, 2014 at 1:40 pm

    ယောင်ပုံ ယောင်နည်းကိုက. . .

    :mrgreen:

    —–
    ဒို့ ရပ်ကွက်ထဲက အဒေါ်ဂျီးတစ်ယောက် ယောင်ပုံကတော့ ဒီလို
    ”အောင်မယ်လေး မော်တော်ကား” တဲ့ . . .

    :mrgreen:

  • Wow

    June 2, 2014 at 2:18 pm

    ကျောက်ရုပ်ကွဲတာ စိတ်ဆိုးစရာလား နားကိုမလယ်ဝူး :mrgreen:

  • 18 + 1 မို့ ဝင်ဖတ်သွားအိ..
    ဒါပေမယ့် အနော်ပဲ ပိန်းလို့်လားမတိဝူး.. နားလည်သလိုလိုရှိပီး သေချာမသိဘု.. :mrgreen:

  • kyeemite

    June 2, 2014 at 3:15 pm

    နားလည်သူတွေဝင်ရှင်းပါလိမ့်မယ်…ဒီရွာသားကြီး လိုဆိုထားတော့ ကာယကံရှင်လာရှင်းပါလိမ့်မယ်…
    ကျုပ်လည်း စောင့်ပါအုံးမယ်..ခိခိ 😀

  • ကျနော်ထင်တယ် ဂန္တဝင်ကျောက်ရုပ်တော့ မဖြစ်နိုင်ဘူး…… အဟိဟိဟိ.. စာနဲနဲလွှဲထားတယ် ထင်ပ… ခွိ

  • naywoon ni

    June 2, 2014 at 4:22 pm

    ​ငင်​ ဆူက နမိတ်​ပုံပြ စာ​ရေးသကိုး ​ကျောက်​ရုပ်​ န​ဘေ ​ကျောက်​ရုပ်​န​ဘေ န​ဘေ ကိုက်​တာ အသာ စဉ်​းစား ဟင်​းးးး နာသိသလိုလိုပဲ 😛

  • Shwe Poe

    June 2, 2014 at 11:01 pm

    ကျနော့်သူငယ်ချင်းတစ် ယောက် ယောင် တဲ့ ပုံစံကတမျိုး ဗျ
    သူယောင် ရင် ပြောတဲ့စကားက ” သူ ့နှမ ငါနဲ ့ရ ” တဲ့ဗျာ ယောင် တာတောင်
    ကိုယ့်ဖက်ပါအောင် ယောင် တတ်တာ
    😀

  • black chaw

    June 3, 2014 at 1:27 pm

    ဟေးဟေး…ယောင်လည်းယောင်တတ်ပါပေတယ်ဗျာ…။
    ကျောက်ရုပ်တောင် ရိုးရိုးကျောက်ရုပ်တွေမဟုတ်…။
    ဂန္ဓဝင်ကျောက်ရုပ်တဲ့…။
    သူယောင်သလိုဆို
    မော်ဒန် ကျောက်ရုပ်တို့
    ပို့စ်မော်ဒန် ကျောက်ရုပ်တို့ ရှိဦးမယ့်သဘောကြီးဗျ…။
    😀

  • ဦးကျောက်ခဲ

    June 4, 2014 at 8:40 am

    ကာယကံရှင် ကျောက်စ် ကိုယ်ထင်လင်းလို့ ရှင်းရသပေါ့ဗျာ…
    ဒီလိုပါ… အရေးတော်ပုံကြီးပြီးတော့ မြန်ပြည်ကြီးမှာ ဓာတ်ဆီကလည်း ရှား…
    ကျောင်းတွေကလည်း အကန့်အသတ်မရှိပိတ်ထားတော့ လူတွေကလည်း အား…
    လူမှန်ရင် စက်ဘီးစီးကြတဲ့ ခေတ်ပေါ့ဗျာ…
    အဲသမှာ… E၁ ပြီးဂန့်သွားတဲ့မင်းသားကြီးနဲ့ တစ်ခန်းကျော် စမ်းချောင်းမှာ…
    အားအားလျားလျား မောင်ကျောက်စ်လည်း ဘော်ဘော်များနဲ့ အခွေဆိုင်ဖွင့်တယ်ပေါ့…
    တရက်သားတော့ အဲသည့်နားက ရ.ဝ.တ ရုံးဘေး လဘက်ရည်ဆိုင်မှာ…
    ဇော်ဝင်းထွဋ်ရဲ့ “ဂန္တဝင်စိမ်း” သီချင်းကို “သုခိတာ” ဆေးပေါ့လိပ်နဲ့ ငြိမ့်နေတုန်း…
    ကောင်မလေး ၂ယောက်စီးလာတဲ့စက်ဘီး လဘက်ရည်ဆိုင်ရှေ့မှာ မှောက်ပါလေရော…
    အငြိမ်မနေနိုင်တဲ့ မောင်ကျောက်စ် ၊ ခါးကိုတို့ရင် ယောင်တတ်တဲ့သူငယ်ချင်းကို…
    ခါးတို့ပြီး “ဟေ့ကောင် ဘာဖြစ်တာလဲကွ” လို့ အမေး…
    “ဂန္တဝင်စိမ်း” နဲ့ငြိမ့်နေတဲ့ မောင်မင်းကြီးသား အသားကုန် အာခေါင်ခြစ်ပြီးအော်လိုက်ပုံက…
    “အောင်မလေးဗျ… ဂန္တဝင် ကျောက်ရုပ် (ကာရံတူ နဘေတူ ကွကိုယ်တွေး) တွေ ကွဲကုန်ပါပြီဗျ” ဟူသတတ်…
    ဘာပြောကောင်းမလည်း ကျောက်စ်နဲ့ အပေါင်းအပါများ ရ.ဝ.တ ရုံးကို တန်းနေတာပဲ…
    (မောင်ဂီ ဒါမျိုးတော့ အလွန်မှတ်ဉာဏ် ကောင်းတယ်… အ ဟိ)
    😀

  • Crystalline

    June 4, 2014 at 2:31 pm

    တော်တော်ဆိုးဝါးတဲ့လူကြီးတွေ… တော်သေးတာပေါ့.. သူတို့သက်တမ်းမှာလူမဖြစ်ခဲ့လို့.. :mrgreenn:

  • ကြောင်ဝတုတ်

    June 12, 2014 at 2:31 pm

    ရွာထဲမှာလဲ ကန်တော်လေးမှာနေတဲ့ရွာသူတစ်ယောက်က ယောင်ရင် ဟဲ့ကုလားဆိုယောင်တတ်ပါသတဲ့…
    ဘယ်သူလဲ မေးကြည့်ပါကုန်လော်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

Leave a Reply