အီးခလုတ်

ဆုိးဆုိးAugust 11, 20101min722

အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက်

ငယ်သူတို့ဘာဝ ချစ်သူရည်းစား အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံနေကြပါသတဲ့။

တစ်နေ့မှာ

ချစ်သူနှစ်ဦး သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့

နေကြတယ်။

သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ အပြင်

အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင်

လာခဲ့ပါလေရော။

ခက်ပြီ။

အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေလေများ လည်မိလိုက်လို့ကတော့ မဟာ

အရှက် ဟက်တက် ကွဲတော့မှာပဲ။

လေမလည်မိအောင်အတင်းအောင့်အည်းထားရတယ်။

အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း ကွေးလို့။

အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက

“အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့

ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။

မိန်းမပျိုမှာ အောင့်ထားလို့ မရတော့ဘဲ ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့

လေလည်လိုက်မိသွားရော။

မိန်းမပျိုလေးဟာ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ

ခုန်ဆင်း သေမလို ဖြစ်သွားတယ်။

ချစ်သူကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပျာပျာသလဲ

ချော့မော့တောင်းပန် လိုက်တာက

“အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိလိုက်တာပါ။ ကိုယ့်ကို

ခွင့်လွှတ်ပါကွယ်။ နောက်ဆို မကိုင်မိ

စေရပါဘူးနော်”တဲ့။

်<flowerghost365@gmail.com> မှာ ကျွန်တော်ကို ပေးပို့လိုက်သောစာဖြစ်ပါသည်။

တခြားသူများကိုလည်းရယ်စေလိုသော စိတ်ဖြင့်တင်လိုက်ခြင်းဖြစ်ပါသည်။

အခုပို့ ဖတ်ပြီ နောက်ဆို အီးခလုတ် ကို ရှောင်တက်လောက်ပြီးထင်ပါတယ်………ဟဲ…ဟဲ..။

2 comments

  • winne

    August 11, 2010 at 12:44 pm

    ရီရတယ် အီးခလုပ်တဲ့…

  • timothy

    August 11, 2010 at 12:50 pm

    Thanks to Mann Yeik for this comedy. Laughing is the best tonic for healthy life. Thanks again. 10 stars.

Leave a Reply