အားလုံးပဲမင်္ဂလာပါဗျာ

ကျနော်ဖိုးသစ္စာပါ password မေ့သွားလို့ ဖိုးမေတ္တာ လို့ ပြန်ဝင်လိုက်တာပါ သဂျီးကို မေးပို့ပြီး အကူအညီတောင်းဖို့ အကြံပေးပါတယ် ဒါပေမယ့် အလုပ်မရှုပ်စေချင်လို့ပါ

ဖိုးမေတ္တာပဲခေါ်ခေါ် ဖိုးသစ္စာပဲခေါ်ခေါ် ကျနော်ပါ (အားလုံးအတွက်ခွင့်လွတ်ပေးပါဗျာ လို့ အရင်ဆုံးတောင်းပန်ပါရစေ)

ကျနော်ရွာထဲမရောက်တာ အတော်လေးကြာခဲ့ပါပြီ ….. ထပ်မံတောင်းပန်ပါတယ်ဗျာ

 

ကျနော်အမှတ်တရဆိုပြီး ခေါင်စဉ်လေးတပ်ထားပါတယ် ကျနော်တို့ ရွာသားတွေနဲ့အတူတူ သွားဖြစ်ခဲ့တဲ့ တွံတေးအောင်မင်္ဂလာမိဘမဲ့ဂေဟာကို ကျနော် အဖွဲ့တစ်ခုနဲ့ ပြီးခဲ့တဲ့စနေနေ့က ရောက်ရှိခဲ့ပါတယ် ဘုန်းတော်ကြီးများကိုဆွမ်းကပ်ခြင်း၊ ခလေးတွေကို နေ့လည်စာ ထမင်းတစ်နပ်ကျွေးခဲ့ကြပါတယ်။ ကျနော်ကတော့ တစ်နှစ်ကို သုံးခေါက်လောက်တော့ ရောက်ဖြစ်ပါတယ် တစ်ခါမှမရောက်ဘူးသူတွေလည်း ပါလာပါတယ် သူတို့ကို ကိုယ်သိသလောက် ကျောင်းနဲ့ပါတ်သက်လို့ ပြောပြပေးရင်း ကျနော်ဘုန်းကြီးကျောင်းအတွက် လုပ်ပေးချင်ခဲ့တာလေး တစ်ခုကို ပြောပြခဲ့ပါတယ်…..

 

ဘုန်းတော်ကြီးကျောင်းကို  အသက်အရွယ်ကြီးငယ်အစုံ၊ နိုင်ငံခြားသားများပါ လာရောက်လှူဒါန်းကြပါတယ်လို့ သိရပါတယ်ခင်ဗျာ…

ဒါပေမယ့် အသက်ကြီးတဲ့သူတွေ၊ ကျန်းမာရေးအတွက် ထိုင်ရထရခက်တဲ့သူများအတွက် အိမ်သာ (ကျနော်တို့အခေါ် ဘိုထိုင် )water closet လို့လည်းခေါ်ကြတယ်ဗျာ .. (ကျနော်လည်း အင်ဂျင်နီရာတွေခေါ်တဲ့အသုံးတွေတော့ သိပ်မသိဘူးဗျ ) ကျနော် အဲဒါလေး ဘုန်းကြီးကျောင်းမှာ လုပ်ပေးချင်တယ် အဲဒါနဲ့ ကျနော် အဖွဲ့သားတွေကို ပြောပြလိုက်တယ်ဗျာ အားလုံးကတော့ အားတက်သရောပဲဗျာ သူတို့ တတ်နိုင်သရွေ့ ကူညီမယ်တဲ့ဗျာ…

ကျနော်လည်း ဘုန်းကြီးကျောင်းပေါ် အမြန်ပြေးတက်သွားပြီး ဘုန်းကြီးကို လျောက်ထားလိုက်တယ်ဗျာ….

ဘုန်းကြီးကလည်း ဒကာတို့ လာလုပ်ပေးမယ်ဆိုရင် ၀မ်းမြောက်ပါတယ်တဲ့ ဘုန်းကြီးကျောင်းမှ အုတ်၊ သဲ၊ ဘိလပ်မြေ ကိုပေးပါ့မယ့်တဲ့ လိုအပ်တဲ့ပစ္စည်းကိုတော့ ဒကာတို့ လှူဒါန်းပါတဲ့…. အဲဒီလိုခွင့်ပြုချက်ရတာနဲ့ ကျနော်ကျောင်းထဲမှာ အတူလာတဲ့ သူတွေထံမှာ အလှူခံထွက်လိုက်တာ လိုအပ်တဲ့ ဘိုထိုင် ကိုအလှူခံရခဲ့သလို အခြားကုမ္ပဏီတစ်ခုကလည်း Installation လုပ်ရန်အတွက် အင်ဂျင်နီယာများ စေလွတ်ပေးမည်ဟု ပြောလာပါတယ်။

တခြားလိုအပ်သည်များကိုတော့ ကျနော်လက်လှမ်းမှီသလောက် အလှူခံထွက်နေပါသည်။

ရွာသူရွာသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ……..

(ကျနော့် ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်စရာ အမှတ်တရလေးတွ ဒီကျောင်းလေးမှာ ရှိခဲ့တဲ့အတွက် ကျနော်အခုလို ကိုယ်တိုင် တစ်ဦးတစ်ယောက်တည်း မလှူဒါန်းနိုင်သော်လည်း ဘ၀အတွက်အမှတ်တရရှိခဲ့သလို နောင်ဘ၀အတွက်ပါ ကောင်မှုတစ်ခု သယ်ဆောင်ခွင့်ရလို့ ကျေနပ်မိပါကြောင်း ကြော်ငြာဝင်အပ်ပါသည်)……..

ဖိုးသစ္စာ ခေါ် ဖိုးမေတ္တာ

 

 

 

 

About Phoe Myinttar

Phoe Myinttar has written 4 post in this Website..