သူမ၏ အနာဂတ်ကို မှန်းဆကြည့်ခြင်း

alinsettJune 4, 20141min14115

 

 

00000

 

 

 

သူမ၏ အနာဂတ်ကို မှန်းဆကြည့်ခြင်း

*လေတိုက်တိုင်းသာ သစ်ရွက်ကြွေရရင်. . .

  သစ်ပင်ကြီး သိက္ခာကျတာပေါ့. .

*အရှုံးမပေးပါဘူးရယ်လို့. . .

ခေါင်းမော့ ရင်ကော့ပြီး . . .

တရှဲရှဲအော်မြည်နေတုန်းမှာ. . .

လှိုင်းလေတို့ရဲ့ ဟားတိုက်လာသံကို ကြားတော့မှ. . .

* တွယ်ငြိစရာတွေ သိမ်းထုပ်ပြီး. . .

 မျောဖို့. . .အသင့်ပြင်လိုက်ရတယ် ။ ။

 ————————————————————–

အလင်းဆက်(Gazette)

2 / 6 / 2014 / 12 : 20 pm

 

 

 

15 comments

  • Phoe Myinttar

    June 4, 2014 at 9:45 am

    ကောင်းလိုက်တဲ့ ကဗျာလေးဗျာ…………
    Good!!!

    ကျနော်တို့ ဘဝတလျှောက်မှာ ဖြတ်သန်းရင်း မတတ်သာလို့ အရှုံးပေးလိုက်ရတာတွေ အများကြီးပါ

    • alinsett (gazette)

      June 4, 2014 at 10:13 am

      အားပေးသွားတဲ့ ဖိုးမေတ္တာ ကျေးဇူးပါခင်ဗျ

      —–

      ဒီကဗျာလေးက မရှုံးချင်ပဲ ရှုံးလိုက်ရတဲ့ လူတစ်ယောက်နေရာက ခံစားထားတာလေ. . .

  • black chaw

    June 4, 2014 at 10:02 am

    လေတိုက်တိုင်းသာ
    ရွက်ကြွေပါမူ
    ဘယ်မှာ သစ်ရွက် ရှိမည်နည်း…။
    :mrgreen:

    • alinsett (gazette)

      June 4, 2014 at 10:11 am

      လေးဘလက်
      ကဗျာလေးကို ခံစားပေးသွားတဲ့အတွက်ရော
      ကဗျာလေးတစ်ပုဒ် comment ထဲ ရေးထည့်ပေးသွားတဲ့အတွက်ပါ
      ကျေးဇူးပါ လို့

      😆

  • Shwe Poe

    June 4, 2014 at 12:08 pm

    ဘယ်လို မှရှေ့ဆက် လို ့မဖြစ်တဲ့အ ခြေ အ နေ ရောက်
    မှလက် လျော့လိုက် ရတဲ့သူအ တွက် ဘဝဆိုတာ
    အချိုဖုံးထားတဲ့ ဆေးခါ းတလုံးကိုဝါးစားလိုက် ရသလို
    ပေါ့
    ရင် ဘက်ကြီးနဲ ့ခံစားသွားပါကြောင်း
    😀

  • lu lu

    June 4, 2014 at 12:20 pm

    ရှေ့တိုး ဖို ့နောက်တလှမ်း ဆုတ်လိုက် ရသလို
    အများလှောင် ရယ်တာကို နားမကြားသလို
    သလို … …
    … … သလို
    သလို … …
    အဲ့သလို ပဲနေ တာကောင်းတယ်
    ဒါမှ ကိုယ်လုပ်ချင် တာ ဖြစ်ချင် တာ တ နေ ့တော့
    ဖြစ် လာနိုင် မယ်
    ကိုဆက် ရေ လေ့လာဖတ် ရှု အားယူ သွားပါဒယ်
    မအားလို ့ပြေး ပြီ နောက်မှ … …
    :s:

  • Mahar Myanmar

    June 4, 2014 at 2:22 pm

    ဟားဟား မန့် လို့ ရပြီ ကွ

  • padonmar

    June 4, 2014 at 9:43 pm

    အရွက်ကုန်ကြွေတော့လည်း မကြာခင် ရွက်သစ်ဝေမှာပေါ့။

    • alinsett (gazette)

      June 5, 2014 at 6:44 am

      မျော ပါ မသွားဖို့တော့ မျှော်လင့်ရတာပဲ
      :mrgreen:

  • အရီးခင်

    June 5, 2014 at 4:24 am

    တစ်ချို့ အမြဲစိမ်းသစ်ပင်တွေက အရွက်မကြွေဘူးလား။ မသိ။ မသေချာ။ ဝင်ရွှီးလိုက်တာ။
    ဟုတ်ရင်တော့ အထုတ်ပြင်စရာမလို ဘူး အောင်သိန်းလင်း ရေ့။
    မွှားလို့။အောင်ရဲလင်း ရေ့။
    :-)))))))))))))))))))))))))))))))))))))))))))

    • alinsett (gazette)

      June 5, 2014 at 6:46 am

      တိန် တိန် နှစ်ခါတိန်
      :mrgreen:
      အောင်သိန်းလင်း တဲ့. . .

      🙂

      အရီး
      အရောက် လာ အားပေးတဲ့အတွက်
      ဇူးဇူးပါ. . .

  • အညာတမာ

    June 6, 2014 at 10:18 pm

    သေချာတာပေါ့ လေတိုက်တိုင်းတော့ သစ်ရွက်မကြွေပါဘူး….ဒါပေမယ့် ရွက်ဟောင်းကြွေလို့ ရွက်သစ်လောင်းရင်တော့….သူလဲလေလောကီသားပေမို့ မကြွေခြင်ပေမယ့် မြေခရတာပါပဲ….

    • alinsett (gazette)

      June 7, 2014 at 8:42 am

      ကိုအညာတမာကြီး
      ရွာထဲ ပြန်တွေ ့ရတာ ဝမ်းသာပါ့ဗျာ

      🙂

      ကဗျာလေးကို ခံစားအားပေးတဲ့အတွက်လည်း ကျေးးဇူး

Leave a Reply