ရွှေအကြောင်းသိကောင်းစရာ (၇)

Zaw AungJune 2, 20141min56510

ရွှေအကြောင်းသိကောင်းစရာ (၇)

ရန်ကုန်မှာအသုံးများတဲ့ အခေါက်ရွှေရဲ့တံဆိပ် ( brand)တွေက အကယ်ဒမီနဲ့ ဘသန်းပါပဲ ဈေးကွက်မှာ အရောင်း
အဝယ်အများဆုံးဖြစ်တာကတော့ အကယ်ဒမီတံဆိပ်ပေါ့

ငွေပိုလို့ဝယ်စုထားတဲ့ လူတွေလဲ အကယ်ဒမီတံဆိပ်ပဲ ဝယ်ကြတယ် ရောင်းရ ဝယ်ရ လွယ်တယ်လေ တံဆိပ်ဆိုတာက ရွှေ သန့်စင်တဲ့အလုပ်ရုံ ( ရွှေလောကမှာတော့ ချွတ်ခန်းလို့ ခေါ်တယ်)က သူ့ဆီမှာလာသန့်စင်တဲ့ရွှေကို နှိပ်ပေးလိုက်တဲ့ တံဆိပ်ပါပဲ

ရန်ကုန်မှာတော့ ရွှေသန့်စင်ခန်း လေး ငါး ခုလောက်ရှိမယ်ထင်တယ် မန္တလေးမှာတော့ ပိုများတယ်
ရွှေတူးဖော်ရေး လုပ်ငန်းက တူးလို့ရလာတဲ့ရွှေတွေကိုအဲဒီချွတ်ခန်းတွေမှာ သွားပြီးသန့်စင်ကြတယ်

အကယ်ဒမီချွတ်ခန်းမှာ သွားသန့်စင်ရင် အကယ်ဒမီ တံဆိပ်နဲ့ အခေါက်ရွှေတုံးရလာတာပေါ့

အဲဒါကို ဈေးကွက်မှာပြန်ရောင်းကြတယ် ချွတ်ခန်းတွေကလဲ သူတို့ တံဆိပ်ကို (၂)နှစ် (၃) နှစ်တစ်ခါ ဒီဇိုင်းပြောင်းတတ်တယ် အဲလိုပြောင်းလိုက်ရင် ဒီဇိုင်းအဟောင်းက ဈေး ငါးရာ တစ်ထောင် လျော့သွားရော

international brand တွေအကြောင်းနောက်မှ ရေးပါဦးမယ်

 

10 comments

  • Ma Ma

    June 2, 2014 at 10:33 pm

    ဒီအထိလိုက်လာတယ်နော်။
    ဆက်ပြီး စောင့်ဖတ်နေပါမယ်။ 🙂

  • Foreign Resident

    June 3, 2014 at 3:44 am

    မြန်မာပြည် က ” စိန် ” ဈေးကွက် အကြောင်းကော သိလားဟင် ။

    • kai

      June 3, 2014 at 8:00 am

      စိန်ကို ..ယူအက်စ်လည်လည်လာသူတွေ.. မေးမေးဝယ်သွားတာသတိထားမိတယ်..
      ကျုပ်လည်းလိုက်ပို့ပေးဖူးသဗျ…။ ရောင်းတာမှာ.. စိန်ထဲလေဆာနဲ့နံပါတ်ထွင်းထားပြီး.. ဆာတီဖကိတ်ပါတယ်ခင်ဗျ..။

      အဘဖော အယ်လ်အေရောက်ရင်.. မြန်မာတွေအဝယ်များတဲ့ဆိုင်… လိုက်ပို့ပေးမယ်လေ…။ :mrgreen:

      http://www.jewelryexchange.com

    • ဦးကျောက်ခဲ

      June 4, 2014 at 7:57 am

      စိန်တို့၏မာယာက အတော်ကိုနက်နဲလှတာမို့ သင်ယူလို့ မဆုံးနိုင်ပါဘူး…
      မြန်မာနိုင်ငံက ရှေးဟောင်းစိန်လို့ခေါ်တဲ့ ဝါကျင့်ကျင့် အိန္ဒိယစိန်တွေကို…
      နိုင်ငံတကာမှာ “အင်” လို့ ခေါ်ပါတယ် ။ မာဆင့် ၁ဝ မရှိပါဘူး…
      သူ့အရပ်နဲ့သူ့ဇာတ် ရွာမှာတော့ အလုပ်ကိုဖြစ်လို့ …
      အာရှမှာတော့ ဟောင်ကောင်ကဒိုင်လို့ ဆိုပါတယ် ။ စိန်ဆိုင်တွေမှ အောလပုံ…
      သေချာတာကတော့ အရွယ်ကြီးလေ ဝတ်ဆင်သူကိုခိုက်လေပါပဲ…
      စိန်ကုန်သည် လုပ်မလို့လား အဘဖော… အဟိ
      😀

  • alinsett (gazette)

    June 3, 2014 at 7:32 am

    ရွှေအကြောင်း သိကောင်းစရာလေးတွေ တစိုက်မတ်မတ် တင်ပြပေးနေလို့ ဗဟုသုတရပါတယ်
    ကျေးဇူးပါ ။

  • kai

    June 3, 2014 at 7:54 am

    ရွှေအကြောင်း.. လူသက်သေလုပ်.. တင်တာများနေတာနဲ့..စိတ်ဝင်စားလာပြီ…
    ရွှေပြားတွေယူအက်စ်မှာဝယ်လို့ရပေမယ့်.. အခွန်၁ဝရာခိုင်နှုန်းလောက်ဝင်ပေါင်းထားတော့ကာ.. မကိုက်ထင်ပါတယ်..
    မြန်မာပြည်ကို မှောင်ခိုချရင်..ကိုက်မကိုက်သိချင်ကြောင်း… :mrgreen:
    http://www.monex.com/

    =
    1 oz Sunshine Minting Gold Bar – MintMark SI™ Security Feature – SKU #72471
    US $1,315.51
    1 oz Sunshine Minting Gold Bar – MintMark SI™ Security Feature – SKU #72471

    This 1 oz Gold bar from Sunshine Minting boasts a brand new security feature, MintMark SI™, which is incorporated into the recurring diagonal sunrise pattern on the reverse of the bar. When viewed through Sunshine Minting’s special decoder lens (sold separately) at one angle, the central design shows the word “Valid,” but when you turn the decoder lens 90 degrees, a sunburst appears. These two different views further verify your 1 oz Gold bar. The obverse of this Gold bar bears the Sunshine Minting eagle with the sun and rays in the background.

    • Zaw Aung

      June 3, 2014 at 9:33 pm

      1 KILO ရွှေပြားတွေ ဈေးကိုက်တဲ့အခါ ဝင်ပါတယ်

      • kai

        June 4, 2014 at 5:51 am

        One kilogram is equal to 2.204622622 pounds
        ဆိုတော့… အောင်စနဲ့ဆို… ၁၆ အောင်စတပေါင်…
        ၃၅အောင်စကျော်ကျော်ပေါ့….
        ၁အောင်စ.. ၁၃၀ဝ ဒေါ်လာကျော်ပေါက်ဈေးနဲ့ဒေါ်လာ ၄သောင်းခွဲကျော်…
        … တော်တော်များတဲ့.. ဈေးဖြစ်မှာ…။

  • kyeemite

    June 3, 2014 at 8:25 am

    အင်း..ရွှေတော့ အတုံးလိုက် အတစ်လိုက်မဝယ်ဖူးသေးဘူး…မှတ်သားစရာလေးတွေဖတ်ရင်း
    ဝယ်ချင်လာပြီ…ပိုက်ပိုက်မရှိလို့ကွာ :harr:

Leave a Reply