အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁၅ ( At Sea ) ။

Foreign ResidentJune 3, 201413min11913

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၁၅ ( At Sea ) ။

၁၈ – ၁၂ – ၂၀၁၃ နှင့် ၁၉ – ၁၂ – ၂၀၁၃ ။

နယူးဇီလန် နိုင်ငံ ရဲ့ လှပတဲ့ Milford Sounds ဒေသတွေကို ခံစားပြီးတဲ့အခါမှာတော့ ၊

အဘ တို့ရဲ့ Cruise သင်္ဘောကြီးဟာ နယူးဇီလန် နိုင်ငံကနေ ထွက်ခွာခဲ့ပြီး ၊

ဩစတေလျှ နိုင်ငံ ၊ Tasmania ကျွန်း / ပြည်နယ် ၊ Hobart မြို့ ကို ဦးတည်ခဲ့ပါတယ် ။

နယူးဇီလန် နိုင်ငံ Milford Sounds ဒေသ နှင့် ဩစတေလျှ နိုင်ငံ Tasmania ကျွန်း ၊

ရဲ့ အကြားမှာ Tasmania Sea ပင်လယ်ကြီး တည်ရှိနေပြီး ၊

ဒီ ၁၈ – ၁၂ – ၂၀၁၃ နှင့် ၁၉ – ၁၂ – ၂၀၁၃ နှစ်ရက် ကို ၊

အဲဒီ Tasmania Sea ပင်လယ်ကို ဖြတ်သန်းရင်း ကုန်ဆုံးရမှာပါ ။

အဲဒီ ၂ ရက်အတွင်းမှာ ၊ ခရီးသည်တွေ လဲ နဲနဲ အနားရသွားတာပေါ့ ။

အဘ ကတော့ ၊ အဲဒီ ၂ ရက်အတွင်းမှာ ၊ သင်္ဘောကြီးပေါ်မှာ ရှိတဲ့ ၊

ဖျော်ဖြေရေး Entertainment တွေကိုဘဲ အတိုးချ လိုက်ကြည့်မိပါတယ် ။

အင်းးးး ၊ ဒီ Cruise သင်္ဘောကြီး အကြောင်း ပြောရရင်တော့ ၊

ဟီ ဟိ ၊ ကိုယ် စိတ်ဝင်စားတဲ့ ” အစား ” ကနေ စပြောတာဘဲ ကောင်းပါတယ် ။

အဘ တို့ အဓိက စားဖြစ်နေတဲ့ Ocean View Buffet Restaurant ထဲမှာ ၊

ပုံထဲကလိုဘဲ ၊ ကောင်တာ အသေး ၅ ခု နှင့် ကောင်တာ အရှည်ကြီး ၂ ခု ရှိပြီး ၊

စားသောက်ဖွယ်ရာတွေကို မနက် ၆ နာရီကနေ ည ၁ နာရီ အထိ ၊

( ကြားထဲမှာ ၁ နာရီ ၊ ၂ နာရီ လောက်ဘဲ နားချိန် ရှိပြီး ) စားသုံးနိုင်ပါတယ် ။

သင်္ဘော က ကပ္ပတိန် အပါအဝင် အရာရှိအဆင့်တွေလဲ ၊

အဘ တို့ ခရီးသည်တွေ နှင့် အတူတူ ဝင်စားကြပါတယ် ။

ချက်ပြီးသား စားစရာတွေတင် မကပါဘူး ၊

ကိုယ့်စိတ်ကြိုက် ချက်ခိုင်းလို့ရတဲ ကောင်တာတွေလဲ ရှိပါတယ် ။

အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် ။

15 Ocean View Buffet Restaurant ထဲမှာ ၊ ပုံထဲကလိုဘဲ ၊ ကောင်တာ အသေး ၅ ခု နှင့် ကောင်တာ အရှည်ကြီး ၂ ခု ရှိပြီး ၊

15 Ocean View Buffet Restaurant ထဲမှာ ၊ စားသောက်ဖွယ်ရာတွေကို မနက် ၆ နာရီကနေ ည ၁ နာရီ အထိ ၊

15 Ocean View Buffet Restaurant ထဲမှာ ၊ စားသောက်ဖွယ်ရာတွေကို မနက် ၆ နာရီကနေ ည ၁ နာရီ အထိ ၊
15 Ocean View Buffet Restaurant ထဲမှာ ၊ စားသောက်ဖွယ်ရာတွေကို မနက် ၆ နာရီကနေ ည ၁ နာရီ အထိ ၊

15 သင်္ဘော က ကပ္ပတိန် အပါအဝင် အရာရှိအဆင့်တွေလဲ ၊ အဘ တို့ ခရီးသည်တွေ နှင့် အတူတူ ဝင်စားကြပါတယ် ။

15 သင်္ဘော က ကပ္ပတိန် အပါအဝင် အရာရှိအဆင့်တွေလဲ ၊ အဘ တို့ ခရီးသည်တွေ နှင့် အတူတူ ဝင်စားကြပါတယ် ။
15 သင်္ဘော က ကပ္ပတိန် အပါအဝင် အရာရှိအဆင့်တွေလဲ ၊ အဘ တို့ ခရီးသည်တွေ နှင့် အတူတူ ဝင်စားကြပါတယ် ။

15 ချက်ပြီးသား စားစရာတွေတင် မကပါဘူး ကိုယ့်စိတ်ကြိုက် ချက်ခိုင်းလို့ရတဲ ကောင်တာတွေလဲ ရှိပါတယ် ။

15 ချက်ပြီးသား စားစရာတွေတင် မကပါဘူး ကိုယ့်စိတ်ကြိုက် ချက်ခိုင်းလို့ရတဲ ကောင်တာတွေလဲ ရှိပါတယ် ။
15 ချက်ပြီးသား စားစရာတွေတင် မကပါဘူး ကိုယ့်စိတ်ကြိုက် ချက်ခိုင်းလို့ရတဲ ကောင်တာတွေလဲ ရှိပါတယ် ။

15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 1

15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 1
15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 1

15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 2

15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 2
15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 2

ပုံမှန်အားဖြင့် ၊ Daily Special ( ၂ ) မျိုး ရှိပါတယ် ။

၁ ။ Chef စားဖိုမှူး ရဲ့ ဒီနေ့ စိတ်ကြိုက်ဟင်း Chef ‘s Daily Special နှင့် ၊

( Chef ‘s Daily Special ကောင်တာ သပ်သပ် ရှိပါတယ် )

၂ ။ နေ့စဉ် တစ်နေ့ တစ်နိုင်ငံ မရိုးရလေအောင် ၊ နိုင်ငံ တစ်ခုစီရဲ့ အစာ ပြောင်းကျွေးပါတယ် ။

( ပုံထဲမှာ မက်ဆီကန် အစာ ကျွေးတဲ့နေ့မို့ မက်ဆီကန် ဦးထုပ် အလံ တွေနှင့် အလှ ဆင်ထားတာပါ ) ။

စားပွဲပေါ်က Drink Menu လေးကို လှဲထားရတာက လှဲမထားရင် ၊

စားပွဲထိုးတွေက ဘာ အရက်သောက်မလဲ ခဏ ခဏ လာမေးနေလို့ပါ ။

( သူတို့ ယဉ်ကျေးမှု က ဘာစားစား အရက် / ဝိုင် / ဘီယာ လေး နှင့် မျှောချကြပေသကိုး )

Drink Menu လေး လှဲထားလိုက်တော့ ဘာမှ ထပ်မမှာတော့ဘူး ၊

ဆိုတဲ့ အဓိပ္ပါယ်ရပြီး သူတို့ ထပ်လာမမေးတော့ပါဘူး ။

15 Chef စားဖိုမှူး ရဲ့ ဒီနေ့ စိတ်ကြိုက်ဟင်း ( Chef ‘s Daily Special ကောင်တာ သပ်သပ် ရှိပါတယ် )

15 Chef စားဖိုမှူး ရဲ့ ဒီနေ့ စိတ်ကြိုက်ဟင်း ( Chef 's Daily Special ကောင်တာ သပ်သပ် ရှိပါတယ် )
15 Chef စားဖိုမှူး ရဲ့ ဒီနေ့ စိတ်ကြိုက်ဟင်း ( Chef ‘s Daily Special ကောင်တာ သပ်သပ် ရှိပါတယ် )

15 မက်ဆီကန် အစာ ကျွေးတဲ့နေ့မို့ မက်ဆီကန် ဦးထုပ် အလံ တွေနှင့် အလှ ဆင်ထားတာပါ ။

15 မက်ဆီကန် အစာ ကျွေးတဲ့နေ့မို့ မက်ဆီကန် ဦးထုပ် အလံ တွေနှင့် အလှ ဆင်ထားတာပါ ။
15 မက်ဆီကန် အစာ ကျွေးတဲ့နေ့မို့ မက်ဆီကန် ဦးထုပ် အလံ တွေနှင့် အလှ ဆင်ထားတာပါ ။

15 Drink Menu လေးကို လှဲထားရတာက လှဲမထားရင် စားပွဲထိုးတွေက ဘာ အရက်သောက်မလဲ ခဏ ခဏ လာမေးလို့ပါ ။

15 Drink Menu လေးကို လှဲထားရတာက လှဲမထားရင် စားပွဲထိုးတွေက ဘာ အရက်သောက်မလဲ ခဏ ခဏ လာမေးလို့ပါ ။
15 Drink Menu လေးကို လှဲထားရတာက လှဲမထားရင် စားပွဲထိုးတွေက ဘာ အရက်သောက်မလဲ ခဏ ခဏ လာမေးလို့ပါ ။

အဘ က ပင်လယ်ထဲမှာ ပျင်းရင် သင်္ဘော Library ထဲက စာအုပ်တွေ သွားယူပြီး ၊

ဒီလို အိပ်ရာလေးပေါ်မှာ အိပ်လိုက် ၊ ပင်လယ် မြင်ကွင်း ငေးလိုက် ၊ စာဖတ်လိုက် လုပ်ပါတယ် ။

ဟီ ဟိ ၊ သိပ်အထင်ကြီးမသွားနှင့်ဦး ၊ အဘ က အဲဒီလို ပုံအဓိက စာအုပ်တွေက ပုံကြည့်တာရယ် ။

အဟဲ ၊ ဒီပုံမှာ အဘ ရဲ့ မျက်နှာကို ဘာ Software နှင့်မှ မဖျက် မကာထားဘူးနော် ။

( အ ဟိ ၊ အလင်းရောင်ကို လှန် ရိုက်ထားတာရယ် ၊ ဇာကန့်လန့်ကာ ကလဲ ကာနေသေး )

ပြောရဦးမယ် ၊ အဲဒီ ဇာကန့်လန့်ကာ ၂ လွှာက Privacy အတွက် ဘေး ၂ ဖက်ကိုဘဲ ကာထားတာ ။

သူက ဇာခြင်ထောင် လို ဘေးပါတ်ပါတ်လည် အပြည့်ကာထားတာ မဟုတ်ဖူးရယ် ။

အဲဒီမှာ ၊ ဆက်စပ်ပြီး တွေးမိတာ တစ်ခုက ၊

အခုဆိုရင် ၊ မြန်မာပြည်ဟာ အခုမှ စတင် ပွင့်လင်းလာတဲ့ ၊

Virgin Tour Destination ( အသစ်လေး ) ဖြစ်နေတဲ့အတွက် ၊

နိုင်ငံတကာမှာ ( အရမ်း ဈေးကြီးနေသေးပေမယ့် ) အရမ်း Popular ဖြစ်နေပါတယ် ။

အဘတို့ အမေရိက ခရီးစဉ်ကို သွားနေတုံးက ၊ အဖွဲ့ထဲက ၊ အဘ သိသလောက် ၊

၂ စုံတွဲလောက်က သိပ်မကြာခင် မြန်မာနိုင်ငံကို သွားလည်မှာမို့ ( Tour တောင် ဝယ်ထားပြီးပြီတဲ့ ) ၊

အဘ တို့ကို မြန်မာနိုင်ငံ အကြောင်းကို Detail မေးနေခဲ့ပါသေးတယ် ။

အဘတို့ စီးခဲ့တဲ့ Celebrity Cruise Line ကနေလဲ ၊

အဘတို့ စီးခဲ့တဲ့ Celebrity Solstice သင်္ဘောထက်ငယ်တဲ့ Celebrity Century ဆိုတဲ့ သင်္ဘော နှင့် ၊

၂၀၁၅ ဖေဖေါ်ဝါရီလ လောက်မှာ ရန်ကုန်ကို လာဖို့ရှိတယ်လို့ ကြေငြာထားပါတယ် ။

( http://www.celebritycruises.com/search/searchResultsVacationItinerary.do?packageid=CN14I056&dest=FAR.E&shipCode=CN )

အဲဒီလိုမျိုး ၊ သင်္ဘောကုန်းပါတ် အပွင့် Opened Type Cruise သင်္ဘောကြီးမှာ ၊

ပါတ်ပါတ်လည် ဇာခြင်ထောင်တွေလဲ မရှိဘဲနှင့် ၊ ရန်ကုန် ဆိပ်ကမ်းမှာ ၃ ရက်ကပ်မယ်တဲ့ ။

” ခြင် ” ကိစ္စ သူတို့ ဘယ်လို ရှင်းကြမယ် မသိ ( တော်ကြာ လူတွေကို ခြင် ချီသွားဦးမယ် ၊ ဟီ ဟိ ) ။

အင်းးးးး ၊ မြန်မာပြည် မှာလဲ ၊ အခြေခံ အဆောက်အဦးတွေ တော်တော် လုပ်ရဦးမှာဘဲ ။

15 ပင်လယ်ထဲမှာ ပျင်းရင် သင်္ဘော Library ထဲက စာအုပ်တွေ သွားယူပြီး ၊

15 ပင်လယ်ထဲမှာ ပျင်းရင် သင်္ဘော Library ထဲက စာအုပ်တွေ သွားယူပြီး ၊
15 ပင်လယ်ထဲမှာ ပျင်းရင် သင်္ဘော Library ထဲက စာအုပ်တွေ သွားယူပြီး ၊

15 ဒီလို အိပ်ရာလေးပေါ်မှာ အိပ်လိုက် ၊ ပင်လယ် မြင်ကွင်း ငေးလိုက် ၊ စာဖတ်လိုက် လုပ်ပါတယ် ။

15 ဒီလို အိပ်ရာလေးပေါ်မှာ အိပ်လိုက် ၊ ပင်လယ် မြင်ကွင်း ငေးလိုက် ၊ စာဖတ်လိုက် လုပ်ပါတယ် ။
15 ဒီလို အိပ်ရာလေးပေါ်မှာ အိပ်လိုက် ၊ ပင်လယ် မြင်ကွင်း ငေးလိုက် ၊ စာဖတ်လိုက် လုပ်ပါတယ် ။

15 သိပ်အထင်ကြီးမသွားနှင့်ဦး ၊ အဘ က အဲဒီလို ပုံအဓိက စာအုပ်တွေဘဲ ပုံကြည့်တာရယ် ။

15 သိပ်အထင်ကြီးမသွားနှင့်ဦး ၊ အဘ က အဲဒီလို ပုံအဓိက စာအုပ်တွေဘဲ ပုံကြည့်တာရယ် ။
15 သိပ်အထင်ကြီးမသွားနှင့်ဦး ၊ အဘ က အဲဒီလို ပုံအဓိက စာအုပ်တွေဘဲ ပုံကြည့်တာရယ် ။

အဲ ၊ ဇာခြင်ထောင် ကိစ္စ ဆက်တွေးလိုက်တာ ၊ ပြောရင်း ပြောရင်း နှင့် ဘေးရောက်သွားပြန်ပြီ ။

သင်္ဘော ပေါ်မှာ တစ်နေကုန် အဆက်မပြတ် ရှိုးပွဲတွေလဲ အများကြီး ရှိပါတယ် ။

အဲဒီ ရှိုးပွဲတွေထဲက ကြည့်ဖြစ်ခဲ့တဲ့ တစ်ခုကို ပြောရရင်တော့ ” Hot Glass Show ” ပါ ။

သူကတော့ မှန် နှင့် လုပ်တဲ့ ပန်းအိုး / အလှဆင် ပစ္စည်းတွေကို လက်တွေ့ လုပ်ပြတဲ့ပွဲပါ ။

အဲဒီမှာ ၊ ပန်းအိုးဖြစ်မယ့် မှန်လုံးကြီးကို အရောင်တွေစပ် ၊ မီးဖိုကြီးထဲထည့် ၊

မှန်လုံးကြီး ပူပျော့နေတုန်း အချိန်မှာ ပါးစပ် နှင့် လေမှုတ်သွင်းပြီး ဖေါင်း ၊

ကိုယ့် စိတ်ကြိုက် မှန် အလှဆင် ပစ္စည်း ဖြစ်အောင် လက်တွေ့ ပုံသွင်း လုပ်ပြပါတယ် ။

ရလာတဲ့ မှန် ပန်းအိုး / အလှဆင် ပစ္စည်းတွေကို သင်္ဘော နေရာအနှံ့မှာ အလှဆင်ထားပါတယ် ။

( Made at the Hot Glass Show, on Celebrity Solstice တဲ့ )

ကိုယ် ကြိုက်တာလေးတွေ တွေ့ရင်လဲ တစ်ခါတည်း ဝယ်လို့ရပါတယ် ။

( ဈေးတွေကတော့ တော်တော် ဈေးကြီးပါတယ် ၊ ဒေါ်လှ ရာကျော်ပေးရတာတွေချည်းဘဲ )

ဒီ မှန် အလှဆင် ပစ္စည်းတွေ လုပ်ပြတဲ့ ရှိုးပွဲ နှင့် ၊ အဘ နှင့် က ခဏ ခဏ ကံဆုံနေပါတယ် ။

၁ ။ ဥရောပ ခရီးစဉ်တုန်းကလည်း ၊ အီတလီ နိုင်ငံ ၊ ဗင်းနစ် မြို့ က Murano စက်ရုံမှာ တစ်ခါဆုံပြီးပြီ ။

၂ ။ နယူးဇီလန် Cruise သင်္ဘော ပေါ်မှာလည်း ” Hot Glass Show ” နှင့်တွေ့ခဲ့တယ် ။

၃ ။ အမေရိက ခရီးစဉ်မှာလည်း ၊ New York မှာ Corning Glass Museum ရောက်ခဲ့ပြန်တယ် ။

အမှန်ကတော့ ၊ နယူးဇီလန် Cruise သင်္ဘော ပေါ်က ” Hot Glass Show ” ပြတဲ့ အဖွဲ့က ၊

အမေရိကန် နိုင်ငံ New York မြို့က Corning Glass Museum ရဲ့ အဖွဲ့ခွဲ တစ်ခုပါဘဲ ။

အဲဒါကို ဒီတစ်ခေါက် New York မြို့က Corning Glass Museum ကို ရောက်မှ သိရတယ်လေ ။

New York က Museum ထဲမှာ Celebrity သင်္ဘော ပုံစံငယ်လေး နှင့်ပါပြပြီး ကြော်ငြာထားတယ် ။

ဒီ ဓါတ်ပုံက ၊ New York မြို့က Corning Glass Museum ထဲမှာ ရိုက်လာတဲ့ ပုံလေ ။

ကဲ ကဲ ၊ ဒီ Post မှာ ဓါတ်ပုံတွေလဲ တော်တော်များသွားပြီ ဆိုတော့ ၊

( စူပါ ရွှေ Connection ကြီးကို ငဲ့ပြီး ) ဒီလောက်နှင့်ဘဲ တော်လိုက်ပါရစေကွယ် ။

တော်သေးဘီ ။

အဘ ဖေါ ( F R ) ။

15 အဲဒီ ရှိုးပွဲတွေထဲက ကြည့်ဖြစ်ခဲ့တဲ့ တစ်ခုကို ပြောရရင်တော့ Hot Glass Show ပါ ။

15 အဲဒီ  ရှိုးပွဲတွေထဲက ကြည့်ဖြစ်ခဲ့တဲ့ တစ်ခုကို ပြောရရင်တော့  Hot Glass Show  ပါ ။
15 အဲဒီ ရှိုးပွဲတွေထဲက ကြည့်ဖြစ်ခဲ့တဲ့ တစ်ခုကို ပြောရရင်တော့ Hot Glass Show ပါ ။

15 ပန်းအိုးဖြစ်မယ့် မှန်လုံးကြီးကို အရောင်တွေစပ် ၊ မီးဖိုကြီးထဲထည့် ၊

15 ပန်းအိုးဖြစ်မယ့် မှန်လုံးကြီးကို အရောင်တွေစပ် ၊ မီးဖိုကြီးထဲထည့် ၊
15 ပန်းအိုးဖြစ်မယ့် မှန်လုံးကြီးကို အရောင်တွေစပ် ၊ မီးဖိုကြီးထဲထည့် ၊

15 မှန်လုံးကြီး ပူပျော့နေတုန်း အချိန်မှာ ပါးစပ် နှင့် လေမှုတ်သွင်းပြီး ဖေါင်း ၊

15 မှန်လုံးကြီး ပူပျော့နေတုန်း အချိန်မှာ ပါးစပ် နှင့် လေမှုတ်သွင်းပြီး ဖေါင်း ၊
15 မှန်လုံးကြီး ပူပျော့နေတုန်း အချိန်မှာ ပါးစပ် နှင့် လေမှုတ်သွင်းပြီး ဖေါင်း ၊

15 ရလာတဲ့ မှန် ပန်းအိုး အလှဆင် ပစ္စည်းတွေကို သင်္ဘော နေရာအနှံ့မှာ အလှဆင်ထားပါတယ် ။

15 ရလာတဲ့ မှန် ပန်းအိုး  အလှဆင် ပစ္စည်းတွေကို သင်္ဘော နေရာအနှံ့မှာ အလှဆင်ထားပါတယ် ။
15 ရလာတဲ့ မှန် ပန်းအိုး အလှဆင် ပစ္စည်းတွေကို သင်္ဘော နေရာအနှံ့မှာ အလှဆင်ထားပါတယ် ။

15 ဒီ ဓါတ်ပုံက ၊ New York မြို့က Corning Glass Museum ထဲမှာ ရိုက်လာတဲ့ ပုံလေ ။

15 ဒီ ဓါတ်ပုံက ၊ New York မြို့က Corning Glass Museum ထဲမှာ ရိုက်လာတဲ့ ပုံလေ ။
15 ဒီ ဓါတ်ပုံက ၊ New York မြို့က Corning Glass Museum ထဲမှာ ရိုက်လာတဲ့ ပုံလေ ။

13 comments

  • မောင်မိုဘိုင်(သလ္လာဝတီ)

    June 3, 2014 at 2:23 am

    ဝင်ရောက်ကြည့်ရှု့လေ့လာသွားတယ်ဗျာ…(ခြင်ထောင်ကာထားတဲ့ပုံမပါ)

  • ဦးဦးပါလေရာ

    June 3, 2014 at 5:01 am

    သင်္ဘောပေါ်မှာ ဖန်ထည်တွေလုပ်ပြတာကတော့ တော်တော်ကို စိတ်ဝင်စားစရာပါ…
    ဖန်ထည်လုပ်ဖို့ မီးဖိုဟာ အပူချိန် အလွန်မြင့်မားဖို့လိုတယ်
    ကျုပ်အမှတ်မမှားရင် 600 C – 1200 C လိုအပ်တယ်..
    လေပေးလေယူ လေဝင်လေထွက် အပူချိန်အတိုးအလျှော့ စံနစ်(မီးပေါက်) တွေနဲ့ထိန်းချုပ်ဖို့လိုအပ်တယ်…
    အဲသလိုမီးဖိုမျိုးကို အဝတ်လျှော်စက်သာသာ အရွယ်နဲ့လုပ်ထားတာ အံ့ဩမိတာပဲ…

    • Foreign Resident

      June 4, 2014 at 3:48 pm

      ဦးပါ ရေ ။
      ကျနော့် စာ ကြောင့် Knowledge တစ်ခုခု ရတယ်ဆိုရင် ၊ ဝမ်းသာပါတယ် ။
      ကျနော် စာရေးရခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုက ၊ အဲဒါပါဘဲ ။

      ကျနော့်လို အခြေအနေ မပေးတဲ့ ပြည်သူ အများစုကြီးကို ၊
      Knowledge Sharing လုပ်တာပါဗျာ ။

    • kai

      June 5, 2014 at 2:28 pm

      စီလီကွန်ဗယ်လီရဲ့.. (အကောင်းဆုံး)မြန်မာဆိုင်တဆိုင်မှာ.. အဲလိုလေမှုတ်သွင်းပြီး.. ဒီဇိုင်းလုပ်ထားတဲ့.. ဖန်ပြွန်ရောင်စုံတွေ.. မျက်နှာကြက်မှာ… ချိပ်ထားတယ်ဗျ..။
      မေးကြည့်တော့.. အီတလီကမှာတာတဲ့… တခု တခု ဒေါ်လာရာချီတန်တာကို.. အပြည့်တပ်… ဒေါ်လာသိန်းချီအကုန်ခံပြီး.. အလှဆင်ထားတယ်..။

      ဖန်မှုတ်လုံးသွင်းအနုပညာအတတ်ဟာ.. မြန်မာတွေပန်းဆယ်မျိုးထဲ.. မပါဘူးလို့ထင်တယ်…။
      ဝင်ငွေကောင်းတဲ့လုပ်ငန်းမို့.. မြန်မာတွေလေ့လာပြီး.. လုပ်သင့်တယ်ထင်ပါကြောင်း..။

      (၁)ပန်းပု

      (၂)ပန်းပွတ်
      (၃) ပန်းတမော့
      (၄) ပန်းတဉ်း
      (၅) ပန်းယွန်း
      (၆) ပန်းပဲ
      (၇) ပန်းချီ
      (၈) ပန်းတိမ်
      (၉) ပန်းတော့
      (၁၀) ပန်းရံ

      • ROssI

        June 5, 2014 at 3:01 pm

        တခါက စာစောင်တခုမှာ မြန်မာ့ဖန် လေမှုတ်လုပ်ငန်း ဂိတော့မယ် ဆိုတာ ဖတ်ဖူးတယ်…
        ထုံးစံအတိုင်း နည်းပညာပိုင်း ချို့တဲ့မှု ပေါ့…
        လျှပ်စစ် ကုန်ကြမ်း နဲ့ ကျွမ်းကျင် လုပ်သား ရှားပါးမှုလည်း ပါသေးသပေါ့….

        ငါးသမားမို့ … မှန်ကန်တွေအကြောင်းပြောရရင်.. ပုသိမ်မှန်
        ရှာဝယ်မရတာ ကြာပီ… ရလည်း ..လေပူစီပေါင်းတွေပါတဲ့
        ခပ်ညံ့ညံ့မို့ … ဘယ်သူမှ ငါးကန်မလုပ်ကြ…..

        သည်တော့ လက်ရှိ မှန်ကန်တွေ ဘာနဲ့ လုပ်တယ်ထင်သတုန်း….
        ဟဲဟဲ…
        ကျုပ်တို့ဆီက သဲဝယ်ဝယ်နေတဲ့ ဟိုကျွန်းဇုတ် ဆီက အင်ပို့ပေါ့ဗျာ..

        ခံဟေ့ ..ခံဟ…

        :'(

  • black chaw

    June 3, 2014 at 7:29 am

    Drink Menu လေး လှဲထားရ သတဲ့လား။
    စာအုပ်လေးဖတ်လိုက်…ပင် လယ် ပြင် ကို ငေးလိုက်
    အရက်လေး မော့လိုက်…
    ဇိမ် ကျ လိုက်မယ့် ဖြစ်ခြင်း…။

  • kyeemite

    June 3, 2014 at 8:40 am

    အစားအသောက်ပုံတွေပိုများတော့ ကြည့်ပြီးသွားရည်ကျတယ်ဗျာ…စားလိုက် သောက်လိုက် အိပ်လိုက်
    ငေးလိုက်နဲ့ တကယ့်လောကနိဗ်ဗာန်ပဲ…

    • Foreign Resident

      June 4, 2014 at 3:55 pm

      kyeemite says:
      ” စားလိုက် သောက်လိုက် အိပ်လိုက်
      ငေးလိုက်နဲ့ တကယ့်လောကနိဗ်ဗာန်ပဲ…”

      ဒါကြောင့် ။ တစ်နှစ်ကို Cruise သင်္ဘောကို တစ်ခါထက် ပို မစီးသင့်ဘူး ။
      နို့မို့ရင် ။ ဦးတည်ဘွား ကိုယ်လုံးကြီး ဖြစ်လာလိမ့်မယ် ။

  • Shwe Poe

    June 3, 2014 at 8:57 pm

    စားစရာတွေကိုလည်းသ ရေတမြားမြားနဲ ့ငေးခဲ့ပါတယ်
    ပင် လယ်ပြာပြာရှု ခင်းလေး လည်းမြင် စမ်းချင် ပါဘိ
    😀

  • အရီးခင်

    June 5, 2014 at 4:02 am

    ကိုအဘဖော ရဲ့ တောလား သဘောင်္စီးချင်း တွေ မှာ ရှူခင်း တွေ လှတာတော့ ကြည့်ချင်ပါရဲ့။
    ရေလမ်းခရီး မှာ လှိုင်းမူးမှာနဲ့ တင် သဘာဝ အလှအပတွေ ခံစားလို့ ရနိုင်မယ် မထင်။
    ဒီတော့ ရှင့် ပုံတွေ ကိုကြည့်ပြီးသာ ခရီးသွားလိုက်တော့မယ်။
    ကျေးဇူးပါ။
    ဒါထက် ဒီအရာရှိ ပုံစံ ကြည့်ရတာ ခပ်နွဲ့နွဲ့လေး။ :-))

    • Foreign Resident

      June 5, 2014 at 1:03 pm

      အရီးခင် says:
      ” ရေလမ်းခရီး မှာ လှိုင်းမူးမှာနဲ့ တင် သဘာဝ အလှအပတွေ ခံစားလို့ ရနိုင်မယ် မထင် ”

      လှိုင်းမူးမှာ စိတ် မပူပါနှင့် အရီးလတ် ရဲ့ ။
      Cruise သင်္ဘော တွေက လှိုင်း ငြိမ်တဲ့ ရာသီတွေမှာဘဲ ပြေးတာဗျ ။
      လှိုင်း နဲနဲ လေး ရှိရင်တောင် ၊ Cruise သင်္ဘော တွေမှာက ၊
      ( Wave Stabilizer ) Stabilizing Fin ဆိုတာတွေ တပ်ထားတယ်ဗျ ။
      အဲဒီတော့ သင်္ဘော မလူး မလှုပ်တော့ဘူး ပေါ့ဗျာ ။

  • အပေါ်ဆုံးက ပုံကို ကြည့်လိုက်တာ.. လေဆိပ်ထဲမှာလိုလို ထင်ရတယ်နော်..
    အစားအသောက်တွေကို ရှယ်သဘောကျတယ်…
    အနော်သာဆိုရင်လည်း စားလိုက်၊ သောက်လိုက် နဲ့ ဖက်တီးမ ဖြစ်လာမှာ မြင်ယောင်သေး..
    သွားချင်ထှာ.. 🙂

Leave a Reply