သူငယ်ချင်း

ဆုိးဆုိးAugust 11, 20101min470

နံနက်ခင်းရဲ့ ရောင်နီအတွက် ညအမှောင်ကို
ကျော်ဖြတ်မယ်ဆိုလည်း အတူရှိနေမယ်တဲ့…။

အပေါ်ယံအရောင် ဘယ်လိုပဲမတူခဲ့ပင်မယ့်
ရင်ထဲမှာအဖြူရောင်အင်္ကျီလေး အမြဲဝတ်ဆင်ခဲ့တယ်…။

သူငယ်ချင်းဆိုတာနဲ့
ငါဆိုတဲ့အတ္တ တိမ်တိုက် လေနှင်ရာကိုလွင့်ပြယ်
မာနမပါတဲ့အပြုံး
ဟန်ဆောင်ခြင်းကင်းတဲ့ ရယ်သံ
ကမ္ဘာတည်သရွေ့ တဲ့
သစ္စာမပြုပဲ ခိုင်မြဲကြသည်…………………………………..။