ဒီလိုရှိပါတယ် လူကြီးမင်းတို့ရေ…။

Miss Asia Pacific မေမြတ်နိုးလေး အတွက် …

ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းပြောကြားရင်း
နားစွန်နားဖျားရပ်ကွက် ထဲရောက်လာတဲ့ သတင်းလေးတွေကို တင်ပြပေးပါရစေခင်ဗျာ။

 

————————–

Gay အကြောင်း ဖွဲ့ ဇာတ်လမ်းတွေ မရိုက်ဘူး။

ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်က Gay မဟုတ်လို့ပါ။
အဲဒီလို ဇာတ်ကားမျိုးတွေက အရှက်မရှိတဲ့သူပဲ ရိုက်မှာပါ။

သူတို့စိတ်ကလည်း Gay စိတ်ဖြစ်နေလို့ နေမှာပေါ့။.. လို့ ဒါရိုက်တာ ဟိန်းစိုး က ပြောသွားပါတယ်တဲ့။
Gay တို့ ရဲ့ မာယာ ဇာတ်ကား ရိုက်ခဲ့တဲ့ ဒါရိုက်တာဒေါန ကြီးကို အားနာစရာ…။
ပြီးတော့ မင်းသား မိုးအောင်ရင် လေးကို အားနာစရာ…။

—————————

 

“မော်ဒယ်လောကမှာ နည်းနည်းလေး အောင်မြင်လာတာနဲ့ စပွန်ဆာရှာကြတယ်ဆိုတာရှိမှာပါ။
ဒါပေမယ့် တစ်ဦးတစ်ယောက်တည်းလည်း ဟုတ်ချင်ဟုတ်မယ်။ ပြောချင်ရင်နာမည်တပ်ပြီးပြောပေါ့နော်။
အားလုံးကိုသိမ်းကျုံးပြီးမပြောပါနဲ့။ ရွှေစင်လည်း ကောလဟာလတွေ ထွက်ဖူးပါတယ်။
ပြန်ဖြေရှင်းလည်း တစ်မျိုးထင်ခံရမှာစိုးတယ်။ အဲဒီတော့မှ ပိုဆိုးသွားမယ်ထင်လို့
မသိသလိုမျိုး နေလိုက်ရတာတွေရှိတယ်။ ရွှေစင်ကတော့ ကောလဟလထွက်လေ ပိုအောင်မြင်လေလို့
ပြောလို့ရမယ်။ “

လို့ မော်ဒယ်မလေး မရွှေစင် က ပြောပါတယ်။
ဘယ်သူတွေကများ ကောလဟလတွေကို အားအားယားယား ဖန်တည်းနေတယ်မသိ။

——————————

Bobby Soxer နဲ့ စုံတွဲစီးရီး ဒုံးပျံ နဲ့ အောင်မြင်ခဲ့တဲ့ လွှမ်းပိုင် ရဲ့
ပထမဆုံးတကိုယ်တော် စီးရီး သစ်ထွက်ရှိလာပါတယ်။
စီးရီး အမည်ကို ဂီတစာဆို လွှမ်းပိုင် လို့ အမည်ပေးထားပါသတဲ့။
ဂီတစာဆို ဆိုတဲ့အသုံးအနှုန်းအတွက်တော့
“ဒီအခွေမှာ ကျွန်တော်ဆိုသမျှ သီချင်းတိုင်းကို ကျွန်တော်ကိုယ်တိုင်တီးလို့ ဂီတ ပေါ့။
ကျွန်တော်ဆိုသမျှ သီချင်းတွေကို ကျွန်တော်ကိုယ်တိုင်ရေးလို့ စာဆိုပေါ့။
ဒါကြောင့် ဂီတစာဆို လွှမ်းပိုင် လို့ အမည်ပေးခဲ့တာပါ”

လို့ လွှမ်းပိုင် က ပြောကြားသွားခဲ့ပါတယ်တဲ့။
ထုံးစံအတိုင်း လက်မှတ်ထိုး ရောင်းချခြင်း ကို ဇွန်လ ၈ ရက်မှာ Dagon Center II
နဲ့ ဇွန်လ ၉ ရက်မှာ မန္တလေးမြို့တို့မှာ ပြုလုပ်မှာဖြစ်ပါသတဲ့။
ဂီတစာဆို မောင်ကြေးမုံ ကြီး အားနာစရာ…။

 

————————–

 

ဇွန်လဆန်းမှာ ဆယ်တန်း စာမေးပွဲအောင်စာရင်းတွေ ထွက်ရှိတော့မှာမို့…
င်းသမီးလေး ရွှေမှုံရတီ တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားလျက် ရှိနေပါတယ် တဲ့။
ရွှေမှုံရတီက ရည်ရွယ်ချက်ကြီးကြီးမားမား ရှိဟန်မတူပါ။
“အောင်သွားရင် ကျေနပ်ပါပြီ။ ဆုတောင်းပေးကြပါနော်” တဲ့။
အောင်စာရင်းထွက်ခါနီးမှ သူများတွေလိုက်ဆုတောင်းခိုင်းနေတယ်။
စာမေးပွဲမဖြေခင်တော့ ရုပ်ရှင်တွေလှိမ့်ရိုက်နေပြီး။
ကဲ ခေး အတွက် ဝိုင်းဆုတောင်းပေးလိုက်ကြရအောင်ဗျာ။

 

——————————

 

မြန်မာပြည်မှာ ရုပ်အဆိုးဆုံးမင်းသားရယ်လို့ စာရေးဆရာ အကြည်တော်က တင်စားဖူးတဲ့
ဗေလုဝ ကြီး ကို ခေါင်းဆောင်မင်းသားတင်လို့ ဇာတ်လမ်းတွဲရိုက်ဦးမလို့ပါတဲ့…။
အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီး ဘီလူး ကိုပဲ နယူးဗားရှင်းနဲ့ ဇာတ်လမ်းတွဲပေါ့။
ကဲ ကိုးရီးယားမင်းသားတွေနဲ့ ယှဉ်မယ့် ဗေလုဝကြီးကို စောင့်ကြည့်ရအောင်ဗျာ…။

 

——————————–

 

NLD ဗဟို ပြန်ကြားရေးအဖွဲ့ဝန် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒါရိုက်တာ ကြည်ဖြူရှင် ရဲ့
နိုင်ငံရေးဆိုတာ ပရဟိတ အကြီးစား လုပ်တာ ဆိုတဲ့ စကားလေးကလည်း
ချစ်စရာကောင်းလို့ မှတ်တမ်းတင်ထားရမှာပါဗျာ။ ပြီးတော့ (တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည် နံဘေးမှာ
ဝန်းရံခဲ့ဘူးတဲ့ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်းကြီးရဲ့ ယောက်ျား…) ဦးလေးဖြစ်တဲ့ ဦးပြုံးမောင်မောင် ကလည်း

ပြည်ခိုင်ဖြိုး အမတ်အနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုလား
သတင်းကြီးနေပါသတဲ့။ နားစွန်နားဖျား သတင်းနော်…ဟေးဟေး။

 

——————————-

 

လုံးကြီးပေါက်လှ မင်းသမီးတစ်လက်ဖြစ်တဲ့ လှမျိုးသဉ္ဇာနွယ် ကြီးတစ်ယောက် ဆီဒိုးနားဟိုတယ်မှာ
မင်္ဂလာပွဲ ဆင်နွှဲ ခဲ့ပါတယ်တဲ့။
သတို့သား က ဗိုလ်ကြီးအောင်မျိုးသူ (MBBS) ပါတဲ့။
ဗိုလ်လည်းဗိုလ် ဆရာဝန်လည်းဆရာဝန် ဂုဏ်နှစ်ခု နဲ့ သတို့သား။
သေသွားမယ်…ဘာမှတ်နေလဲ။
သူမထက် ခြောက်နှစ်လောက်ငယ်ပါ သတဲ့။ ဝိုး ရေ့…။
ဟိုလူနဲ့ တွဲနေတယ် ဒီလူနဲ့ တွဲနေတယ်ရယ်လို့ နာမည်ပျက် မရှိခဲ့တဲ့ မင်းသမီးတစ်လက်
လင်ကောင်းသားကောင်းရသွားတာ ဝမ်းသာရပါတယ်။ အသက်ထက်ဆုံး ချစ်နိုင်ကြပါစေဗျာ။

 

———————————

 

လူတစ်ယောက်မှာ သူ့သန်ရာ သန်ရာ ဝါသနာလေးတွေ ရှိတတ်ကြပါတယ်။
တချို့က မနက်ခင်း လမ်းထလျှောက်ရတာ ဝါသနာပါသတဲ့။
တချို့ကျတော့ ကြက်တောင်ရိုက်တာ ဝါသနာပါသတဲ့။
တချို့ကျတော့ လည်း ဂေါက်ရိုက်တာ ဝါသနာပါသတဲ့။
တချို့ကျတော့ ရေကူးတာ ဝါသနာပါတယ်ပေါ့။
ဟောလီးဝုဒ် မင်းသမီး ကင်မရွန်းဒီယာ့(ဇ်) ကြီးကျတော့ ဝါသနာက တစ်မျိုးခင်ဗျ။
ကန်တော့နော် အစ်မတို့…။
လိင်ဆက်ဆံခြင်းဟာ သူမ အကြိုက်ဆုံး အားကစားနည်း တဲ့ ခင်ဗျာ။
ဝိုး…ရေး…။ သိတ်ရွံရှာဖို့ ကောင်းတဲ့ မမကြီး…အာဟီး…။

 

———————————–

မိန်းမ မရသေးတဲ့ အဆိုတော် အောင်လ က အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ…၊ ကလေးလည်း လိုချင်နေပြီ လို့
ဖွင့်ဟ လိုက်ပါသတဲ့…။
တစ်ဆင့်ပြီးမှ တစ်ဆင့် လုပ်ပါ အောင်လရယ်…။
မိန်းမပဲ အရင်ယူပါဦး…။ မိန်းမ မပါပဲ ကလေးလုပ်လို့ ရတာမျိုးမှ မဟုတ်တာ…။
သိတ်ဆန္ဒစောတာပဲ…လူဆိုး…။

 

 

 

 

About black chaw

black chaw has written 332 post in this Website..