အနုပညာ သတင်းဆန်းများ…။
ဒီလိုရှိပါတယ် လူကြီးမင်းတို့ရေ…။
Miss Asia Pacific မေမြတ်နိုးလေး အတွက် …
ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းပြောကြားရင်း
နားစွန်နားဖျားရပ်ကွက် ထဲရောက်လာတဲ့ သတင်းလေးတွေကို တင်ပြပေးပါရစေခင်ဗျာ။
————————–
Gay အကြောင်း ဖွဲ့ ဇာတ်လမ်းတွေ မရိုက်ဘူး။
ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်က Gay မဟုတ်လို့ပါ။
အဲဒီလို ဇာတ်ကားမျိုးတွေက အရှက်မရှိတဲ့သူပဲ ရိုက်မှာပါ။
သူတို့စိတ်ကလည်း Gay စိတ်ဖြစ်နေလို့ နေမှာပေါ့။.. လို့ ဒါရိုက်တာ ဟိန်းစိုး က ပြောသွားပါတယ်တဲ့။
Gay တို့ ရဲ့ မာယာ ဇာတ်ကား ရိုက်ခဲ့တဲ့ ဒါရိုက်တာဒေါန ကြီးကို အားနာစရာ…။
ပြီးတော့ မင်းသား မိုးအောင်ရင် လေးကို အားနာစရာ…။
—————————
“မော်ဒယ်လောကမှာ နည်းနည်းလေး အောင်မြင်လာတာနဲ့ စပွန်ဆာရှာကြတယ်ဆိုတာရှိမှာပါ။
ဒါပေမယ့် တစ်ဦးတစ်ယောက်တည်းလည်း ဟုတ်ချင်ဟုတ်မယ်။ ပြောချင်ရင်နာမည်တပ်ပြီးပြောပေါ့နော်။
အားလုံးကိုသိမ်းကျုံးပြီးမပြောပါနဲ့။ ရွှေစင်လည်း ကောလဟာလတွေ ထွက်ဖူးပါတယ်။
ပြန်ဖြေရှင်းလည်း တစ်မျိုးထင်ခံရမှာစိုးတယ်။ အဲဒီတော့မှ ပိုဆိုးသွားမယ်ထင်လို့
မသိသလိုမျိုး နေလိုက်ရတာတွေရှိတယ်။ ရွှေစင်ကတော့ ကောလဟလထွက်လေ ပိုအောင်မြင်လေလို့
ပြောလို့ရမယ်။ “
လို့ မော်ဒယ်မလေး မရွှေစင် က ပြောပါတယ်။
ဘယ်သူတွေကများ ကောလဟလတွေကို အားအားယားယား ဖန်တည်းနေတယ်မသိ။
——————————
Bobby Soxer နဲ့ စုံတွဲစီးရီး ဒုံးပျံ နဲ့ အောင်မြင်ခဲ့တဲ့ လွှမ်းပိုင် ရဲ့
ပထမဆုံးတကိုယ်တော် စီးရီး သစ်ထွက်ရှိလာပါတယ်။
စီးရီး အမည်ကို ဂီတစာဆို လွှမ်းပိုင် လို့ အမည်ပေးထားပါသတဲ့။
ဂီတစာဆို ဆိုတဲ့အသုံးအနှုန်းအတွက်တော့
“ဒီအခွေမှာ ကျွန်တော်ဆိုသမျှ သီချင်းတိုင်းကို ကျွန်တော်ကိုယ်တိုင်တီးလို့ ဂီတ ပေါ့။
ကျွန်တော်ဆိုသမျှ သီချင်းတွေကို ကျွန်တော်ကိုယ်တိုင်ရေးလို့ စာဆိုပေါ့။
ဒါကြောင့် ဂီတစာဆို လွှမ်းပိုင် လို့ အမည်ပေးခဲ့တာပါ”
လို့ လွှမ်းပိုင် က ပြောကြားသွားခဲ့ပါတယ်တဲ့။
ထုံးစံအတိုင်း လက်မှတ်ထိုး ရောင်းချခြင်း ကို ဇွန်လ ၈ ရက်မှာ Dagon Center II
နဲ့ ဇွန်လ ၉ ရက်မှာ မန္တလေးမြို့တို့မှာ ပြုလုပ်မှာဖြစ်ပါသတဲ့။
ဂီတစာဆို မောင်ကြေးမုံ ကြီး အားနာစရာ…။
————————–
ဇွန်လဆန်းမှာ ဆယ်တန်း စာမေးပွဲအောင်စာရင်းတွေ ထွက်ရှိတော့မှာမို့…
မင်းသမီးလေး ရွှေမှုံရတီ တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားလျက် ရှိနေပါတယ် တဲ့။
ရွှေမှုံရတီက ရည်ရွယ်ချက်ကြီးကြီးမားမား ရှိဟန်မတူပါ။
“အောင်သွားရင် ကျေနပ်ပါပြီ။ ဆုတောင်းပေးကြပါနော်” တဲ့။
အောင်စာရင်းထွက်ခါနီးမှ သူများတွေလိုက်ဆုတောင်းခိုင်းနေတယ်။
စာမေးပွဲမဖြေခင်တော့ ရုပ်ရှင်တွေလှိမ့်ရိုက်နေပြီး။
ကဲ ခေး အတွက် ဝိုင်းဆုတောင်းပေးလိုက်ကြရအောင်ဗျာ။
——————————
မြန်မာပြည်မှာ ရုပ်အဆိုးဆုံးမင်းသားရယ်လို့ စာရေးဆရာ အကြည်တော်က တင်စားဖူးတဲ့
ဗေလုဝ ကြီး ကို ခေါင်းဆောင်မင်းသားတင်လို့ ဇာတ်လမ်းတွဲရိုက်ဦးမလို့ပါတဲ့…။
အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီး ဘီလူး ကိုပဲ နယူးဗားရှင်းနဲ့ ဇာတ်လမ်းတွဲပေါ့။
ကဲ ကိုးရီးယားမင်းသားတွေနဲ့ ယှဉ်မယ့် ဗေလုဝကြီးကို စောင့်ကြည့်ရအောင်ဗျာ…။
——————————–
NLD ဗဟို ပြန်ကြားရေးအဖွဲ့ဝန် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒါရိုက်တာ ကြည်ဖြူရှင် ရဲ့
နိုင်ငံရေးဆိုတာ ပရဟိတ အကြီးစား လုပ်တာ ဆိုတဲ့ စကားလေးကလည်း
ချစ်စရာကောင်းလို့ မှတ်တမ်းတင်ထားရမှာပါဗျာ။ ပြီးတော့ (တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည် နံဘေးမှာ
ဝန်းရံခဲ့ဘူးတဲ့ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်းကြီးရဲ့ ယောက်ျား…) ဦးလေးဖြစ်တဲ့ ဦးပြုံးမောင်မောင် ကလည်း
ပြည်ခိုင်ဖြိုး အမတ်အနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုလား
သတင်းကြီးနေပါသတဲ့။ နားစွန်နားဖျား သတင်းနော်…ဟေးဟေး။
——————————-
လုံးကြီးပေါက်လှ မင်းသမီးတစ်လက်ဖြစ်တဲ့ လှမျိုးသဉ္ဇာနွယ် ကြီးတစ်ယောက် ဆီဒိုးနားဟိုတယ်မှာ
မင်္ဂလာပွဲ ဆင်နွှဲ ခဲ့ပါတယ်တဲ့။
သတို့သား က ဗိုလ်ကြီးအောင်မျိုးသူ (MBBS) ပါတဲ့။
ဗိုလ်လည်းဗိုလ် ဆရာဝန်လည်းဆရာဝန် ဂုဏ်နှစ်ခု နဲ့ သတို့သား။
သေသွားမယ်…ဘာမှတ်နေလဲ။
သူမထက် ခြောက်နှစ်လောက်ငယ်ပါ သတဲ့။ ဝိုး ရေ့…။
ဟိုလူနဲ့ တွဲနေတယ် ဒီလူနဲ့ တွဲနေတယ်ရယ်လို့ နာမည်ပျက် မရှိခဲ့တဲ့ မင်းသမီးတစ်လက်
လင်ကောင်းသားကောင်းရသွားတာ ဝမ်းသာရပါတယ်။ အသက်ထက်ဆုံး ချစ်နိုင်ကြပါစေဗျာ။
———————————
လူတစ်ယောက်မှာ သူ့သန်ရာ သန်ရာ ဝါသနာလေးတွေ ရှိတတ်ကြပါတယ်။
တချို့က မနက်ခင်း လမ်းထလျှောက်ရတာ ဝါသနာပါသတဲ့။
တချို့ကျတော့ ကြက်တောင်ရိုက်တာ ဝါသနာပါသတဲ့။
တချို့ကျတော့ လည်း ဂေါက်ရိုက်တာ ဝါသနာပါသတဲ့။
တချို့ကျတော့ ရေကူးတာ ဝါသနာပါတယ်ပေါ့။
ဟောလီးဝုဒ် မင်းသမီး ကင်မရွန်းဒီယာ့(ဇ်) ကြီးကျတော့ ဝါသနာက တစ်မျိုးခင်ဗျ။
ကန်တော့နော် အစ်မတို့…။
လိင်ဆက်ဆံခြင်းဟာ သူမ အကြိုက်ဆုံး အားကစားနည်း တဲ့ ခင်ဗျာ။
ဝိုး…ရေး…။ သိတ်ရွံရှာဖို့ ကောင်းတဲ့ မမကြီး…အာဟီး…။
———————————–
မိန်းမ မရသေးတဲ့ အဆိုတော် အောင်လ က အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ…၊ ကလေးလည်း လိုချင်နေပြီ လို့
ဖွင့်ဟ လိုက်ပါသတဲ့…။
တစ်ဆင့်ပြီးမှ တစ်ဆင့် လုပ်ပါ အောင်လရယ်…။
မိန်းမပဲ အရင်ယူပါဦး…။ မိန်းမ မပါပဲ ကလေးလုပ်လို့ ရတာမျိုးမှ မဟုတ်တာ…။
သိတ်ဆန္ဒစောတာပဲ…လူဆိုး…။
ဟုတ်
ဟုတ်
ဟုတ် ကဲ့ အစ်ကို
သတင်းတွေအရမ်းမိုက်တယ်ဗျာ ဟေးဟေး
Was this answer helpful?
LikeDislike@ surmi ;
ဝင်ဖတ်သွားတာ ကျေးဇူးပါ ကိုဆာမိရေ…။
၃ ရက်ကို တစ်ခါလောက် တင်မယ်ဆိုတဲ့ အကြံအစည်ကြောင့်
ပို့စ်က တိုသွားတာဗျ…။
မိုက်တာမမိုက်တာထက် ရွာမှ ကဏ္ဍလေးတွေ စုံစေချင်တဲ့ သဘောပါဗျာ…။
Was this answer helpful?
LikeDislikeဖတ်နေတုန်း ပြီးသွားတယ် .. ဒီတစ်ခါ တိုတယ်နော် …
စကားမစပ် ..
ဇွန်လ ၁ ရက်နေ့ညက for comedy မှာ miss internet အငြိမ့် ခဏ ကြည့်လိုက်မိတယ် ..
၅ မိနစ်ထက် ပိုကြည့်လို့မရအောင် စိတ်ပျက်စရာကောင်းတဲ့ miss တွေကို ဘယ်လို ဝေဖန်ရမှန်းတောင် မသိတော့ဘူး ..
ကိုယ်ပိုင်ရာလိုင်းကိုသာ လျှောက်ကြပါလို့ အကြံပေးချင်လို့ပါ ..
Was this answer helpful?
LikeDislike@ weiwei ;

အကြံပေးတာကျေးဇူးတင်ပါတယ် မဝေရေ…။
အိမ်ကျရင် ပြန်ပြောလိုက်ပါ့မယ်…။
ဟေးဟေး…။
နောက်တာပါဗျာ…။
တိုသလို ဖြစ်သွားတာ တောင်းပန်ပါတယ်ဗျာ…။
Was this answer helpful?
LikeDislikeအိမ်ထောင်ကျသွားတဲ့ မမကြီးနဲ့နာမည်တူတော့ သတင်းစာထဲ…ခွာကြ..ကွဲကြတာကို လွန်ခဲ့တဲ့ ၃နှစ်..၄နှစ်လောက်က သတင်းစာထဲမြင်ဖူးတယ်… နာမည်တူမရှား လူတူမရှား

ရွှေမှုန်ရတီလေးကတော့ ကျမတို့ရဲ့ မမကြီးစနိုးစမိုင်းလ်ကို အားကျတာဖြစ်မယ်…
Was this answer helpful?
LikeDislike@ Crystalline ;

ကျေးဇူး သမီးရေ…။
Was this answer helpful?
LikeDislikeကင်မရွှန်ဒီယာ့ဇ် ရဲ့ ဝါသနာကြီးကလည်းဂျာ…………………:-D
Was this answer helpful?
LikeDislike@ Paing Lay ;

သူ့ သန်ရာ သန်ရာ ပေါ့ကွယ်…။
Was this answer helpful?
LikeDislikeဟုတ်.. ရွှေစင် ကောလဟာလတွေလည်း ထွက်ဖူးပါတယ်

နောက် ပုံတွေလည်း ထွက်ဖူးတယ်ပေါ့နော်..
ဘာပဲထွက်ထွက် နာမည်ကြီးတော့ ကောင်းတာပေါ့နော်..
Was this answer helpful?
LikeDislike@ လုံမလေးမွန်မွန် ;

အော်…သူကတော့ မင်းသမီးလေကွယ်…။
Was this answer helpful?
LikeDislikeရွာထဲလဲ ဆရာချော ရှိနေလို့ အနုပညာသတင်းလေး တွေ သိနေ ကြားနေ ရတာ တော်သေးရဲ့ ၊
Was this answer helpful?
LikeDislike@ nozomi ;

ဂျာနယ်ထဲပါပြီးသားတွေကို လေဖမ်းဒန်းစီးထားတာပါဗျာ…။
ဆိုတော့…
တစ်ပတ် ငါးကြိမ် ဆိုတာ သိတ်များလွန်းတယ်…။
နည်းနည်းတော့ လျှော့ဗျ…။ ဟေးဟေး…။
Was this answer helpful?
LikeDislikeသားသားလည်း ရွှေမှုံရတီ လေးနဲ့အတူ ရင်ခုန်စွာအောင်စာရင်းမျှော်နေမိပါဂျောင်းးးးး

Was this answer helpful?
LikeDislike@ kyeemite ;

စိတ်ရှိလက်ရှိသာ စောင့်ပါဗျာ…။
Was this answer helpful?
LikeDislikeအောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ပိုတူတဲ့
အလင်းဆက် သတင်း မပါဘူး
အဟိ
Was this answer helpful?
LikeDislikeအဲ့တယောက်လား …မိုးအောင်ရင် နဲ့ လိုက်ပြေးလို့ ဆိုလား ဗျာ …
ဟိ
Was this answer helpful?
LikeDislike@ alinnsett (gazette)

မန်းဂဇက် ရဲ့ ထိပ်တန်းစာရေးသူတစ်ဦးဖြစ်သော
အလင်းဆက် သည် အောင်ရဲလင်း နှင့် တူရန်
မျက်နှာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ…
ဆရာဝန် မှ နားကြားမှား၍ အောင်သိန်းလင်း မျက်နှာမျိုးဖြစ်အောင်
ခွဲစိတ်လိုက်သဖြင့် အလင်းဆက် ကို ချစ်ကြသော
ပရိသတ်များက ဝမ်းသာအားရဖြစ်လျက်ရှိကြောင်း…။
Was this answer helpful?
LikeDislikeတိန် တိန် နှစ်ခါတိန်
ဒါနဲ့ ဘယ်လိုက ဘယ်လို
ဂဇက်ရဲ့ ထိပ်ကလေးမှာ တန်းနေတဲ့စာရေးသူ ဖြစ်သွားတာလဲဟင်
Was this answer helpful?
LikeDislikeအော်.. အူးလေးရယ်..
အားကစား ဆိုတာ… အားမှ.. ကစားတာကလား ..
အဲ့ဘွားတော် အတော ်အားပုံရတယ်….
လမ်းကြုံရင် ပြောပေးကြပါ .. .မိဂီလည်း အားနေတာ လို့…
ငိ
Was this answer helpful?
LikeDislike@ ROssI ;

သူ့ သန်ရာ သန်ရာပါဆို…။
သူ က ပါဝင်အားနေပြန်ပါပြီ…။
Was this answer helpful?
LikeDislikeဦးဘလက်ရော ဘာဝါသနာပါလဲဟင်… သိချင်ဇမ်းဘာဘိ… ခိခိ
Was this answer helpful?
LikeDislike@ ရွှေတိုက်စိုး ;

ဦးဘလက် က အကုန်ဝါသနာပါတယ်…။
Was this answer helpful?
LikeDislike” အကြိုက်ဆုံး အားကစားနည်း ”
အင်းးးးးးး ၊ ပြောတော့ပါဝူး ။ ဟီ ဟိ ။ ဟီ ဟိ ။
Was this answer helpful?
LikeDislike@ Foreign Resident ;

မပြောလည်း သိပါတယ် ကိုဖေါရေ…။
Was this answer helpful?
LikeDislikeသတင်းအဆန်းတွေ သူများပြောတာကို ပါးစပ်အဟောင်းသားနဲ့ နားထောင်စရာမလိုတော့ဘူး။

မြန်းဂေဇက်က ချိုပေ့ါကျ သောက်လာတယ်……. ဘာမှတ်နေလဲ။
ဒါ့ထက် ၃ရက်တစ်ခါတင်မယ် စိတ်ကူးထားတယ်ဆိုတော့……….
သာဓု သာဓု…… နောက်တစ်ကြိမ်ကိုတော့ နောင်ကြုံမှပဲ။
Was this answer helpful?
LikeDislike@ Ma Ma ;

ခက်စ် တော့ ခက်စ် နေပါပြီဗျာ…။
မမရေ…ဒီပို့စ် က ချိုပေါ့ကျ လုံးဝ မဟုတ်ပါဘူးခင်ဗျာ…။
Was this answer helpful?
LikeDislike၃ရက်တခါ …ကြိုဆိုပါတယ်။
Was this answer helpful?
LikeDislike@ padonmar ;

ကျွန်တော် အပေါ်မှာ ပြောခဲ့တာ အကြံအစည် ပါ အစ်မရေ…။
ချစ်ကောင်းသီချင်းတောင် ရှိပါတယ်…။
ကြံစည်တိုင်းလည်း ဖြစ်မလာဘူးလေ
ဖြစ်ခဲ့ဘူးတာ ရည်ရွယ်မထား… တဲ့…။
ဆိုတော့…။
Was this answer helpful?
LikeDislikeကိုဘလက်ရေ အဲ့ထဲမှာပါတဲ့ အားကစား ဆိုတာတော့ စိတ်ဝင်စားတဲ့ဗျ ။ ဘယ်လိုကစားရတာလဲ မသိ ။ ဘောလုံးပွဲ တို့ဘာတို့လို တိုက်ရိုက်ပြတာမျိုးမရှိဘူးလား ဟင် ။ ပြီးတော့ လောင်းကြေးတွေဘာတွေကောရှိလားဗျ ။
Was this answer helpful?
LikeDislike@ naywoon ni ;

အော်…ကိုနေ…ကိုနေ…။
အားကစားကို အတော်စိတ်ဝင်စားသူကြီး ဖြစ်မှန်း အခုမှ သိတယ်…။
ကြေးဖွင့်တယ် ဗျ…။ သရေ အရှုံး တဲ့…။
Was this answer helpful?
LikeDislikeဆြာဘလက်ရဲ့ စုံစီနဖာလေးတွေ ဖတ်ရတာ….

အဝေးရောက် ကျောက်စ်တို့အတွက်တော့ အနှစ်ချုပ်မို့ ရှယ်ပါပဲဗျို့…
အပေါ်က ဆြာနိုကတော့… ရာသီဥတု အေးရှာလို့ …
စိနတိုင်း ဟောင်ကောင်အရပ် ရောက်တုန်းက နေမထိထိုင်မသာ ဖြစ်ရတယ်ဆိုပဲ…
အဲဒါနဲ့ပဲ “ဟော့တ်ပေါ့” ဆိုင်ပို့လိုက်ရတယ်… အ ဟိ
ဟမ်… ဘာတွေပြောမိတယ်မသိ… ဖော်ကောင်ဖြစ်တော့မယ်… လစ်မှ
Was this answer helpful?
LikeDislike@ ဦးကျောက်ခဲ ;

ဇွန်းတတ်ထားတယ်လေ ကိုကျောက်ရယ်..ရှယ်ပဲပေါ့..။
ကိုနို့ အကြောင်းတော့ ပြောချင်တော့ဘူးဗျာ…။
မနေ့ကလည်း တစ်ပတ် ငါးကြိမ်ဆိုလား အွန်လိုင်းပေါ်တက်အော်နေလို့
မနည်းတားထားရတယ်…။ အယ်…ဘာတွေ ပြောနေမိတယ်မသိ …။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ဂု တလော တက်လာတဲ့ ပို့(စ) ကို …..

ဆဲမယ်။
ငြင်းမယ်၊
ပြသနာရှာမယ် ဆိုကာမှ သတ္တိရှိရှိတင်တော့လည်း မန့်ရသေးတာပေါ့။
ခေါင်းစဉ်က စပြောမယ်။ ဟွန့်။ ဒီ သီတင်းတွေက ဘယ်လောက် ဆန်းလို့ ဒီ ခေါင်းစဉ်တတ်ရတုန်းဟင်?

.
.
.
.
.
.
.
ဟို အားကစားသီတင်းလေးပဲ ဆန်းတယ်။ ဟိ။

လူတိုင်းလည်း ဒါပဲ ပြောသွားကြတယ်။
တမီးလည်း အားကစားလိုက်စားဖို့ ဘယ် အားကစားရမတုန်းစဉ်းစားနေတာ။ ဖဲမရိုက်တော့ဘူးလားလို့။
.
.
.
အဲလေ။ ပြသနာရှာရင်းဘယ်ရောက်ကုန်ပါလိမ့်။
အဲဒီ မေမြတ်နိုးဆိုတာ ကိုနို မွေးစားသမီးဆို။ ဖအေကိုကြည့်မရလို့ကို အားမပေးဘူးးး၊ ဟွန့်။
~~~~~~~~~~~
ညန်မာ ဒါရိုက်တာတွေ ဂေးကားမရိုက်တာပဲကောင်းတယ်။ သူတို့ရိုက်ရင် ဂေးကားကနေရှောက်သီးဆေးပြားသယ်ကားလောက်ပဲဖြစ်သွားမှာ။
~~~~~~~~~~~~
ချွေဇင် က သူ့ စပွန်စာက တစ်ယောက်တည်းမဟုတ်ဘူးလို့ ပြောတာလားးး အဓိပ္ပာယ်က။ ဟွန့်။
~~~~~~~~~~~~~~~
ကိုယ်တိုင်ရေးဆိုတီး ဆို နေရဲမာန်တောင် လုပ်တတ်သေးးး ဟေးဟေးဟေးးး
~~~~~~~~~~~~~
ချွေမုန်ရဒီ က ကြည့်ရတာ အောင်ပြီးသားဂျီးပါ။ အဟီးးး
~~~~~~~~~~~~~~~~
ပြုံးမောင်မောင်သီတင်းဖတ်လိုက်ရတယ်။ ချောတော့ဘူးးး ဝတုတ်ကြီးး ပြည်ထိုင်ခိုးဘက်က ပါလည်း နာစာရှိတော့ဘူးးး အေးရော။
~~~~~~~~~~~~~~~
လှမျိုးသင်ဇာနွယ် သီတင်းပြောပြီး ဝိုး လို့ အော်တာ အနော့ ချစ်တူကို အော်တာလားးး ၆ နှစ်မက ၁ဝ နှစ်ငယ်တာလည်း ရနိုင်တယ်။ ဟွန့်။ အနော့ ဝိုး က။
~~~~~~~~~~~~~~
အောင်လ လေး ကလေးလိုချင်တယ် ဆို။ အင်းးးးး အင်းးးးးး၊ ပြောတော့ပါဘူးးးးးး၊ လူဂျီး မရခင် ကလေး အရင် ယူ ရကောင်းမလားလို့။ ဟိဟိ
~~~~~~~~~~
Was this answer helpful?
LikeDislikeနာ့ဂိုနှစ်ခါတောင်တ တာအေရယ်… ဒီလူဂျီးတော့ အမှားဒွေများနေဘီ…

ငယ်တဲ့သူယူတာကတော့ စဂါးပုံတောင်ရှိသေး ယောက်ကျားပခက်တွင်း မိန်းမပုဇဉ်းဆိုလား (မိန်းမက ပုဇဉ်းလို ဖလမ်းဖလမ်းထတဲ့အရွယ် လို့ပေါပုံရဒယ်)
Was this answer helpful?
LikeDislike@ Wow ;

တစ်မျိုးမထင်ပါနဲ့…ကွယ်…။
ဦးဘလက် နောက်ရေးမယ့် ပို့စ်တွေမှာ
အဲဒီ ဝိုး…ရေး… ဆိုတာလေးက အမြဲတမ်းပါတော့မှာဗျ…။
ဆိုတော့
ခွင့်ပေးပါနော်…နော်…နော်…။
Was this answer helpful?
LikeDislikeကဘချော
အဲဒီ မြတ်နိုး ဆိုတဲ့ မိန်းကလေးကတော့ အတော်လေးကြည့်ကောင်း သမို့ ရတာ တန်ပါတယ်။
ကိုးရီးယား မိန်းကလေးတွေကြား မြန်မာမလေး က ပိုပြီး မြင်သာခဲ့တာ ဆန်းတာဘဲ။
ကင်မရွန်းဒီယာ့(ဇ်) ရဲ့ အတွဲသစ် က တက်တူး တွေ နဲ့ ဂစ်တာသမား ထင်ရဲ့။
မြဲဦးမည်မထင်။ မြဲရင်တော့ အတော်ဆန်းတာဘဲ။
:-)))
Was this answer helpful?
LikeDislike@ အရီးခင် ;

အော်…အစ်မရယ်…ဒါမြန်မာပဲလေ…။
ဒီလိုပဲ ဖြစ်ရမှာပေါ့ခင်ဗျာ…။
ကင်မရွန်းဒီယာ့(ဇ်) ကြီး အကြောင်းတော့ ပြောကို မပြောချင်တော့ပါဘူးဗျာ…။
အဲဒါကြောင့်ပို့စ်ထဲ ထည့်ရေးလိုက်တာ…။ ဟေးဟေး…။
Was this answer helpful?
LikeDislikeဖတ်သွားတယ်ဗျို ့……
လှမျိုးကတော့ အားကျဖို ့ကောင်းပါတယ်…. သူ ့သာဆို ၁ဝ နှစ်ကြီးလည်း ယူမယ့်သူ ရှားမယ် မထင်……
Was this answer helpful?
LikeDislike@ တိမ်မည်း ;
အဲဒါ…အဓိကပါ ကိုတိမ်မည်းရေ…။
ဖတ်ပြီး ကွန်းမန့် လည်း ရေးသွားတာ ကျေးဇူးအထူးပါဗျ…။
ကြိတ်ကြိတ်ပြီး စိတ်ကူးယဉ်ခဲ့သူတွေထဲမှာ
လှမျိုးသဉ္ဇာနွယ်ကြီးလည်း ပါခဲတယ်ဆိုတာ
ဘယ်သူ့မှ မသိစေချင်လို့ အွန်လိုင်းပေါ်မှာ
တိတ်တိတ်ကလေး ဝန်ခံခဲ့ပါရစေဗျာ…။
အော်…ချစ်တိုင်းလည်း မညား…စကားကိုသာ…တီးတိုးရေရွတ်မိတာ…။
Was this answer helpful?
LikeDislikeရွာထဲမရောက်တာကြာလို့ မှောင်ရိပ်ခိုပြီ “အနုပညာ သတင်းဆန်းများ” ကိုဝင်ငန်းတာ ရွာသားonly နဲ့တွေပါလေရော
ဒါနဲ့ပဲရွာထဲကို တရားဝင်လာရောက်ဖတ်ပြီး အားပေးရင်းမန်းသွားတယ်
Was this answer helpful?
LikeDislike@ Novy ;
မမြင်ရတာ အတော်တောင် ကြာပြီနော်…။
အားပေးသွားလို့ အားရှိရပါတယ်ဗျာ…။
မှောင်ရိပ်ခိုရာကနေ အလင်းထဲဝင်ပြီး ကွန်းမန့်ရေးရတယ်ပေါ့…။
ကျေးဇူးအထူးပါ မနိုဗီ ရေ…။
Was this answer helpful?
LikeDislikeတို့လည်း မှောင်ရိပ်ခိုလာတာပဲ။ ရွာသားများသာဆိုတော့ကာ သိချင်တာနဲ့ ဝိုင်းဝိုင်းလေးလည်နေတာကို စိတ်ရှည် သည်းခြံပြီးဝ
ဝ်ဖတ်သွားပါကြောင်း။င
Was this answer helpful?
LikeDislike@ hmee ;

ဟေးဟေး…။ မှောင်ရိပ်ခိုသူတွေ အလင်းထဲထွက်လာကြပြီဟေ့…။
မမြင်ရတာ အတော်တောင်ကြာပြီနော် မမှီရေ…။
ကျန်းမာကြရဲ့လား ခင်ဗျ…။
စိတ်ရှည်သည်းခံပြီး ဝင်ဖတ်သွားတာရယ်
ကွန်းမန့်လေးပါ ရေးပေးသွားတာရယ်အတွက်
အထူး ကျေးဇူးပါ ဗျို့…။
Was this answer helpful?
LikeDislikeသတင်းဆန်းများကို ဝင်ရောက်
သုံးဆောင်သွားပါတယ် အစ်ကိုရေ့.
နိုင်ငံရေးဆိုတာ
ပရဟိတ အကြီးစားဆိုတဲ့စကား ကတော့
ဧည့်ခံပွဲတစ်ခုမှာ
ဗိုလ်ချုပ်က လူဖြူသခင်ကြီးကို အဲဒီစကားနဲ့
ပြန်လည်ချေပရှင်းလင်းခဲ့ကြောင်း
မှတ်သားဖူးသဗျာ….
Was this answer helpful?
LikeDislike@ marblecommet ;
ဝင်ရောက်ဖတ်ရှုပြီး ကွန်းမန့် လေး ရေးသွားတာကျေးဇူးပါဗျာ…။
ဗိုလ်ချုပ်စကား ဆိုတာလေး ဖေါ်ထုတ်ရေးသွားတာ ကျေးဇူးပါ…။
Was this answer helpful?
LikeDislikeအနော်လည်း လိမ်ဆက်ဆံရဒါ ဝါသနှာပါဒယ်
Was this answer helpful?
LikeDislike@ ဦးကြောင်ကြီး ;

သိဒယ်…သိဒယ်…
ဦးကြောင်ကြီးရဲ့ ဝါသနာကို မပြောလည်း သိနေဒယ်…။
ဟေးဟေး။
Was this answer helpful?
LikeDislike