သူငယ်ချင်း သို့

ကာရံJune 3, 20141min17010

အားမငယ်ပါနဲ့ကွာ ဘဝဆိုတာ တမာလို

မခါးသက်တာတော့ သေချာတာပေါ့

မာယာတွေ ဘယ်လောက်ပေါပေါ မင်းလေးပြုံးကြည့်လိုက်ပါ

အရှုံးဆိုတာလေ ယူတက်ရင် အသုံးကျလာမယ့်

လှေကားထစ်လေးများပါ သူငယ်ချင်း

 

ဘယ်တော့မှ ကျော်မတက်ပါနဲ့နော် မတော်လို့

ချော်လှဲခဲ့ရင်လေ မထိနာမိမှာစိုးလို့ပါ သူငယ်ချင်း

 

လောဘဆိုတာ သောကရဲ့လှည့်ကွက်တစ်ခုပါ

မောဟချင်းမပြိုင်ချင်းပါနဲ့ ပြောသမျှတွေ သဘောမကျခဲ့ရင်လဲ

မင်းဇောတက မတက်လိုက်ပါနဲ့နော် သူတို့ရဲ့သောကတွေက

မင်းလောက်မလျှော့ဆိုတာ မမေ့ပါနဲ့ သူငယ်ချင်း

 

မချစ်လို့ပြစ်သွားသူတွေအတွက် မင်းဝမ်းမနည်းလိုက်ပါနဲ့

သက်ဆင်းလာမယ့် မျက်ရည်စက်တွေက အသွေးအသားတို့ရဲ့

တစ်စိတ်တစ်ပိုင်းဆိုရင် မင်းနားလည်ပေးလိုက်ပါ

မင်းနောက်မှာ ကြင်နာမယ့်သူတွေ လက်ကမ်းကြိုနေလိမ့်မယ်လေ

 

သူငယ်ချင်းသိပါစေ တိုတောင်းတဲ့ ဘဝခရီး ဘယ်လောက်ကြမ်းကြမ်း

ဇွဲဆိုတာကို လက်ကိုင်ထားရင်လေ မျှော်လင့်ချက် ပန်းတိုင်ဆိုတာ

ငါတို့အတွက်ပါ သူငယ်ချင်း

 

ကာရံ (2.6.2314)

10 comments

  • alinsett (gazette)

    June 3, 2014 at 7:19 pm

    သူငယ်ချင်းရေ…
    မတွေ့တာတောင်ကြာပါပေါ့လား…
    ကဗျာလေးကိုလည်း..ခံစားမိတယ်..
    သူငယ်ချင်းကိုလည်း..လွမ်းမိတယ်…

  • black chaw

    June 4, 2014 at 10:11 am

    ကာရန့် ကဗျာလေး ဖတ်ပြီး ကျွန်တော်အားတက်သွားပြီ…။
    :mrgreen:

    • ကာရံ

      June 5, 2014 at 5:28 pm

      လိုသောဆုတွေပြည်ပါစေသူငယ်ချင်း

  • ရွှေတိုက်စိုး

    June 4, 2014 at 10:49 am

    အင်းကောင်းပါလေ့ ကောင်းပါလေ့….
    ကာရံဆိုတာ သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်မှာပါ…

  • ဒီအရေးအသားမျိုးလေး သိပါတယ် လို့ ဖတ်နေတာ..
    ကိုပိတောက်မိုး ဖြစ်နေတာကိုး..
    မတွေ့တာတောင်ကြာပြီ..
    ကဗျာလေးက ကာရန်လေးတွေနဲ့ ချစ်စရာလေ..
    ကာရံတစ်ယောက် ကာရန်တွေနဲ့ ကဗျာတွေ အများကြီး ရေးနိုင်ပါစေလို့..

    • ကာရံ

      June 5, 2014 at 5:29 pm

      ပေးတဲ့ဆုနဲ့ပြည့်ပါစေမမ မွန်မွန်ရေ

  • ကာရံ

    June 5, 2014 at 5:26 pm

    အားပေးလို့ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရေ မအားလို့ မတင်ဖြစ်တာ နားလည်ပေးပါနော်
    အားလုံးကိုသတိတရ ရှိပါတယ်ဗျာ တက်စွမ်းသလောက်တော့ ကဗျာလေးတွေ ရေးဖြစ်မယ်ထင်ပါတယ်
    သူငယ်ချင်းအပေါင်း လိုရာဆန္ဒပြည့်ဝကြပါစေနော် ကာရံ

  • naywoon ni

    June 25, 2014 at 10:49 am

    ကဗျာက အ​တွေး တစ်​​ဖြောင်​့ထဲဖြစ်​​နေတာရယ်​ ပြီး​တော့ * ကဗျာတစ်​ပုဒ်​ တိုင်​းကို အသံထွက်​ပြီး ရွတ်​ဆိုကြည်​့ဖို့ အကြံ​ပေးပါရ​စေ ။ အသံ အတက်​အကျ မရှိပဲ မျဉ်​း​ဖြောင်​့ လို တစ်​​ပြေးထဲဖြစ်​​နေသလားလို့ အကြံပြုတာပါ ဆရာလုပ်​ခြင်​းမဟုတ်​ရပါ

  • ခင် ခ

    September 16, 2014 at 11:51 am

    စိတ်တူကိုယ်တူ ပေါင်းဖြစ်တဲ့သူကို သူငယ်ချင်းဟု ခေါ်ရမယ်ထင်တာဘဲဗျ။

  • ကိုပေါက်(မန္တလေး)

    September 16, 2014 at 12:04 pm

    အတွေးကောင်းတဲ့ ကာရံ ရေ

    စကားလုံးလေးတွေကို တော့ ဂရု စိုက်ရေးစေချင်ပါတယ်

    ကဗျာဆို တာ စကားလုံးရဲ့ အားကို ယူ ပြီး ဖွဲ့ ရတာကိုး

    (ဘယ်တော့မှ ကျော်မတက်ပါနဲ့နော် မတော်လို့
    ချော်လှဲခဲ့ရင်လေ မထိနာမိမှာစိုးလို့ပါ သူငယ်ချင်း)လို့ရေးထားတာက

    ဘယ်တော့မှ ကျော်မတက်ပါနဲ့နော်
    မတော်လို့
    ချော် လဲ ခဲ့ရင်လေ
    အထိနာမိမှာစိုးလို့ ပါ သူငယ်ချင်း လို့ ရေးချင်တာဖြစ်မယ်လို့ထင်မိတယ်.။

    အပြစ်ရှာထောက်ပြတယ် မထင်လိုက်ပါနဲ့
    ချစ်သူငယ်ချင်းရဲ့ ကဗျာတွေ
    ပိုမို တောက်ပ စေချင် လို ့ပါ ကွဲ့

Leave a Reply