“လမ်း ဆုံး”

“လမ်းဆုံး “

 

ဘဝ အဆုံး ရောက်လု ရောက်ခင်
ဘဝ အဆုံး ရောက်လု ရောက်ခင်

ဘဝရဲ့ကစားပွဲ
အပွဲပွဲ နွှဲသမျှ
အလဲလဲ အကွဲကွဲ
အရှုံးတွေဘဲ
အမြဲရနေပြီ ဆိုရင်
အဆုံးဘဝ
မရောက်ကြသေးခင်
ကစား မလား
နား မလား
ပြန်စဉ်းစားဘို့တော့
လို နေပြီ။

ကိုပေါက်လက်ဆောင်အတွေးစဉ်
3-6-2014

20 comments

  • ရွှေတိုက်စိုး

    June 4, 2014 at 10:46 am

    လောဘ မောဟ သောကတွေနဲ. ဘဝ ကိုဖြတ်သန်းနေရတာ.. အဲဒီအချိန်ကို မေ့နေတယ်ဗျို…
    အခုတော့ သတိရသွားတယ်ဗျာ…
    အဆုံးမရောက်ခင်အထိတော့ လောဘ ဒေါသ မောဟ သောကတွေနဲ. ကစားနေရအုံးမှာပဲ လေးပေါက်ရေ….

  • lu lu

    June 4, 2014 at 12:28 pm

    ကဗျာသရုပ်ဖော်ထားတဲ့ ဓာတ်ပုံ လေးက
    တကယ်အသက်ဝင် တယ် လေးပေါက် ရေ
    အခုကတည်းက စဉ်းစားထားရမှာပေါ့
    ကစားမလား နားမလား
    🙂

  • ခင် ခ

    June 4, 2014 at 2:46 pm

    နားမရတဲ့ ဒုက္ခ
    ရပ်မရတဲ့ ဘဝ
    ကုန်လွန်လိမ့်မယ့် အချိန်
    ကိုယ်မပိုင်လေတော့
    ဘဝကစားပွဲ ဆင်ကာနွဲ။

  • alinsett (gazette)

    June 4, 2014 at 4:22 pm

    တချို ့အရှုံးတွေက
    သိမ်းထားချင်လောက်အောင် လှတယ် တဲ့
    ဘယ်သူ့စကားလဲ တော့ မသိတော့ဘူး
    ဟုတ်တယ် လို့. . .

    😆

  • 1 မိ တိုက်ရေ ငယ် ချိန်မှာ တော့ အရှုံး ဒဏ် ခံ နိုင် ကြ ပ ါတယ်။
    အဲ အရွယ်လွန်ခဲ့ ရ င် ခံ နိုင် ရေ နည်း ပါး သွား တဲ့ အချိန် ရောက် ရင် တော့ သ တိ ထား ရ မယ်။

    2 မလုလု သရုပ် ဖော် ထား တဲ့ ပုံ က ကမ္ဘာက တောင် သိ တဲ့ တောင် သမန်အ င်း က သစ်ပင်ကြီးပါ။
    ဘယ် အချိန်မှာ ရပ် သင့် တယ် ဆို တာ သိ တဲ့ လူ က အရှုံ့း သက်သာပါမယ်။
    3 ကို ခ ရေ ရ ပ် ချင် တဲ့ အချိန်မှာ လွယ် လွယ် နဲ့ ရပ် လို့ မ ရ တာ အမှန် ပါဘဲ။

    4 အလင်းဆက်ရေ ထူး အိမ် သင် က တော့ ချို သော အရှုံးများ လို့ သီချင်း ထဲ မှာ ထည့် ဆို ထား ဘူး ပါတယ်။

  • naywoon ni

    June 4, 2014 at 9:28 pm

    ရှုံးသည်​ပဲ ဖြစ်​ဖြစ်​နိုင်​သည်​ပဲ ဖြစ်​ဖြစ်​ ကစားချိန်​မှာ ကစားလို့ နားချိန်​မှာ နား ဖို့ လိုပါတယ်​ ။

    • ကိုနေ ဘယ်အချိန်နား မယ် ဘယ် အချိန် ကစား မယ် ဆို တာသိ သူက လူေ တာ်ဘဲ။

      ရပ်လိုက်တိုင်း ညံ့ တာ မဟုတ် သလို ဆက် ကစားေ နတိုင်းလဲ တော် တယ် လို့ မဆိုုလိုနိုင်ပါဘူး။

      ဟုတ်တယ်ဟုတ်

  • padonmar

    June 4, 2014 at 10:10 pm

    အဲဒီ သစ်ခြောက်ပင်ကြီး မိုးကျရင် အရွက်ပြန်ထွက်လား။

    • အရီးခင်

      June 5, 2014 at 4:16 am

      ဝုတ်ပါ့ အစ်မဒုံ။
      တစ်ချို့ သစ်ခြောက်ပင်တွေက ပိုပြီး အသက်ရှည်တာကိုဟာ။ ကပေါက်ကြီး တရာ လာမပြနဲ့။
      ရဘူး။ :-)))

      • ကိုလတ်ကြီးရေ
        တရာလဲ မပြ ငါး ဆယ် လဲ မပြ မြင်တာလေးတော့ ပြောခွင့် ပြုပါ။
        အဲသစ်ခြောက်ပင်ကြီးက ကျ နော် ငယ် ငယ် ကတဲက ဒီ အတိုင်းဘဲ
        ထိန်းသိမ်းဘို့ တော့ လို နေပြီ
        လဲကျ သွားရင် တောင် သမန် နဲ့ ဦးပိန်ရဲ့ ထရိတ်မတ်တစ်ခုပျောက်ပြိ
        မြန်မာ တွေက ရှိ တုန်း တော့ တန် ဘိုး မ ထား။
        ပျောက်သွားတော့ မှ လွမ်းပြ ကြ နှမျောပြ ကြ တာ အကျင့် ဆိုး ကြိး ြဖြစ်နေ ပြီ ကိုလတ်ရေ

  • Foreign Resident

    June 5, 2014 at 3:53 am

    ကို ပေါက် ရေ ။
    ကျနော် ကတော့ သိပ်မကြာခင်မှာ ၊
    ( ရုန်းကန် လှုပ်ရှား ကြိုးစား မှုတွေကို ) ရပ်ဖို့ စဉ်းစားနေပါပြီ ။
    အခု ကတည်းက စက်ရပ်ပြီး ၊ အရှိန်တွေ ကို စ လျှော့နေပါပြီ ။
    ( အရင် အရှိန်လေးနှင့်သာ ရှေ့ဆက် သွားနေသေးတာပါ ၊
    သိပ်မကြာခင် အရင် အရှိန်ကုန်သွားရင် ရပ်တော့မှာပါ )

  • ကိုဖောရေ

    တချို့ က နား တာကို အရှုံပေးလိုက် ရ တယ် လို ့ တလွဲ တွေး နေ သူ တွေ လဲ ရှိ တယ်။

  • Novy

    June 5, 2014 at 2:37 pm

    လေးပေါက်ရေ မောလွန်းလို့ ရပ်ခြင်ပါတယ်
    ဒါပေမဲ့ ရပ်တန့်လို့မရဘူးဖြစ်နေတယ်

    ပါစပ်ကြီးနဲ့တော့ ဘာမှမလုပ်ခြင်တော့ဘူးလို့ အကြီမ်ကြီမ် အော်နေတဲ့
    နိုဗွီ

  • black chaw

    June 6, 2014 at 1:12 pm

    ထူးအိမ်သင်ကတော့ ညီလေးရေ သီချင်းထဲမှာ

    လမ်းဆုံးရင် ရွာတစ်ရွာ ရောက်ရှိဖို့ယုံပါ

    လို့ ထည့်ဆိုသွားပါတယ် ကိုပေါက် ရေ။
    လမ်းဆုံး ဆိုတာက ပန်းတိုင်လည်း ဖြစ်ချင်ဖြစ်နေတာမျိုးပါ ခင်ဗျ။
    ဆက်လျှောက်ကြည့်ကြရအောင်ပါဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

    • မတွေ့ တာကြာ တဲ့ ကို ချော

      လမ်းဆုံးရင် ရွာ တွေ့ မယ်

      သို့သော် အရှုံးတရားတွေရဲ့ အောက်

      ငါ မှောက်ရက် မလဲ ခင် ပေါ့ နော်

      ကိုမိုက်စ်

      ကိုမိုက်တို ့ က ကေ လး တွေ မတ် မတ် ရပ် နိုင်အောင် ကြိုးစားနေချိန်မှာ

      ကိုယ့် နံ ဘေး မှာ အဖော် မ ရှိ သူ တွေ ကလဲ အနာဂါတ်မှာ မတ် မတ် ရပ် နိုင်အောင်

      ကြိုးစားနေရ ပါ သဗျာ။

  • kyeemite

    June 6, 2014 at 1:35 pm

    Foreign Resident says: ကျနော် ကတော့ သိပ်မကြာခင်မှာ ၊
    ( ရုန်းကန် လှုပ်ရှား ကြိုးစား မှုတွေကို ) ရပ်ဖို့ စဉ်းစားနေပါပြီ ။

    အင်း..ကျုပ်ကတော့ ကလေးတွေ သူ့ခြေထောက်ပေါ်သူမရပ်နိုင်သေးသ၍
    သူတို့အတွက် ရပ်မရသေး လှုပ်ရှားနေရပေအုံးမည်…

  • အညာတမာ

    June 6, 2014 at 10:51 pm

    မပူပါနဲ့ ဆရာပေါက်ရယ် လမ်းဆုံး ရင် ရွာတွေ့မှာပါ။ ရေတခွက်တော့ဝင်သောက်လို့ရမှာပေါ့

  • မလာ တာ အ တော် ကြာ

    အညာ တ မာ

    ခင်ဗျားနဲ့ ကျနော် မတွေ့ရ တာ ဘယ်လောက်ကြာပြီလဲ ဆိုရင်

    2နှစ် 1လ နဲ့ ခြောက်ရက် တိတိ ပါဘဲ။

    လမ်းဆုံးရင် ရွာ တွေ ့ တတ် ပေ မယ့် ရောက်သွားတဲ့ရွာက ရွာ ပျက် ကြီး ဖြစ ်နေ ရင် တော့

    ကိုယ့် ကံ လို့ ဘဲ သတ်မှတ်ရ ပါမယ်။

Leave a Reply