ကြိုးရှုပ်​​တော့မည်​့ ရုပ်​​သေးရုပ်​​​လေးများ

naywoon niJune 7, 20141min1437

ငါ​တော့
စင်​​ပေါ်မှာမဟုတ်​ပဲ
စင်​​အောက်​မှာပါ
ကြိုးဆွဲရာက​နေတဲ့ အရုပ်​​တွေကိုကြည်​့ရင်​းနဲ့
တစ်​ခါတစ်​ခါ သနားမိ ။
တစ်​ခါတစ်​ခါ ​ဒေါသထွက်​မိ ။
တစ်​ခါတစ်​ခါ ကျပြန်​​တော့ မြင်​ပြင်​းကပ်​မိပြန်​​လေ​ရော ။
ဟုတ်​တယ်​ …….
မက်​​လောက်​စရာ ​မျှော်​လင်​့ချက်​​လေးပြပြ ပြီး
ကိုယ်​့ကိုလိုသလိုကြိုးဆွဲ
​ခွေး​ပေါက်​စန ​လေး​တွေ အစာနဲ့မြူဆွယ်​ပြီး
ပဒပ်​ရပ်​သင်​​နေတာနဲ့တူစွ ။
ကြည်​့​နေရင်​းနဲ့ ရုပ်​​သေးစင်​
တစ်​စင်​က နှစ်​စင်​ဖြစ်​လာ
တစ်​စင်​နဲ့ တစ်​စင်​ ကြိုးအဆွဲပြိုင်​
အက လည်​းမြိုင်​လာ​ပေါ့ ။
က​နေတဲ့ အရုပ်​​တွေက
ကြိုးဆွဲတဲ့ လက်​ကိုမမြင်​
လက်​ချိုးသင်​​နေရတာနဲ့
ကြိုးဆွဲတယ်​မထင်​ ။
တစ်​စင်​နဲ့ တစ်​စင်​
က ကွက်​​တွေ အပြိုင်​ကျဲ​နေရတာနဲ့
ကြိုး​တွေကိုမမြင်​
အို ….. အသင်​ အရုပ်​များ
ကြိုး​တွေ ​ထွေလီရှုပ်​သနဲ့
ကြိုးရှုပ်​ကာ မကနိုင်​​တော့ရင်​ပါ့
ကန်​့လန်​့ကာ မြန်​မြန်​ဆွဲပါ​ပေါ့
တစ်​ခန်​းရပ်​မည်​ပင်​ ။

​နေဝန်​းနီ
၂၁း၂၇
၃ ဇွန်​ ၂၀၁၄

7 comments

  • black chaw

    June 4, 2014 at 10:06 am

    ခင်ဗျား ကဗျာ ဖတ်ရတာ မောလိုက်တာ ကိုနေရယ်…။
    :mrgreen:

  • padonmar

    June 4, 2014 at 9:38 pm

    ဒီကဗျာတော့ သဘောပေါက်တယ် အဘနေ၊
    အဟုတ်ပဲ၊
    ရုပ်သေးစင် ၂စင် အပြိုင်ကျဲ ၊မာနတွေကဲနေကြတာ၊
    စင်အောက်ကကြည့်တော့ ကြိုးတွေ မြင်နေရ။ကြိုးဆွဲသူလည်း မြင်နေရ။
    သူတို့ခမျာ ငါတို့ ကြိုးစားပန်းစားကတာကို သဘောကျနေကြတယ်ထင်နေကြသေး။
    ……
    စကားအတင်းစပ်
    ကြိုးရှုပ်တော့မယ့် ဆိုရင် ပိုမှန်မယ်။
    ပိုအားရှိသွားမယ်လို့ထင်ပါတယ်။
    သတ်ပုံအဖွဲ့ကိုယ်စား

    • naywoon ni

      June 4, 2014 at 10:13 pm

      ဟုတ်​ကဲ့ အန်​တီဒုံ နားလည်​တယ်​ဆိုလို့ အား​တော့ တက်​သား ။ မဲ့ဆိုတာက စကားနဲ့အ​ပြော မယ်​့ ဆိုတာက စာနဲ့အ​ရေး အဲ့ဒိလို ထင်​ပါရဲ့ ။ ဒါ​ပေမယ်​့ ( အဲ့သလို​ရေးတာအမှန်​ ) ဒါ​ပေမဲ့ ဆိုတာက စကား​ပြော ။ ဆို​တော့ကာ မယ်​့ ဆိုတာက နဲနဲ​ပျော့​ပြောင်​းသလားလို့ ။ မြန်​မာစာသည်​ တို့စာ ဆိုတာနဲ့ မြန်​မာစာသည်​ ဒို့စာ ကွာသလိုပ ။ ကျွန်​​တော်​က ကဗျာကို စကား​ပြောနဲ့ ​ရေးချင်​တာ ။ အသံမာမာ အဲ့ အသံထွက်​ပီ​အောင်​ ​ရေးချင်​တာ ဖြစ်​တဲ့အတွက်​ မဲ့ လို့ သုံးလိုက်​မိတာပါ ။ ​နောက်​ ဆရာသမားအ​ယောင်​​ဆောင်​​တွေ ဝါးချတဲ့ စကား တစ်​ခုရှိ​သေးဗျ

      ကဗျာဆိုတာ ကဝိ ပစ္စည်​း တဲ့ ။ ကာရံကိုငဲ့​သောအားဖြင်​့ သတ်​ပုံကို သဒ္ဒ ာ ြ လိုသလို ပြင်​လို့ ရ ဆိုလား ​ပြောသံကြားဖူးတာပဲ။
      ဒီက​နေပဲ ကိုဘလက်​ကို လည်​း လှမ်​း​ပြောရဦးမယ်​ ။
      ကျွန်​​တော်​တို့ ဆရာသမား ​ပြောဖူးတဲ့စကားလုံး​လေးပဲယူသုံးပါရ​စေ။
      မ​ကြောက်​ပါနဲ့ ကိုဘလက်​ရယ်​ သံ​ချောင်​း​ခေါက်​တာပါ။ ကဗျာဆရာက မီးကင်​း​စောင်​့တဲ့ တာဝန်​ယူထားပြီး မီး​လောင်​တာ​တွေ့လို့ သံ​ချောင်​း​ခေါက်​အချက်​​ပေးတာပါ ။ ခင်​ဗျားသာ ရွာတံခါး​စောင်​့ဖို့ တာဝန်​ပျက်​ကွက်​​နေတာ ။ ​နော့ …..

  • အရီးခင်

    June 5, 2014 at 3:47 am

    ကြိုးရှုပ်​ကာ မကနိုင်​လဲ ရပ်ဖို့ လမ်းမမြင် ထပ်ရှုပ် မဲ့ နောက်ကြိုး အသစ်တွေ ဘဲ များလာမယ်ထင့် အဘနီ ရေ့။

  • alinsett (gazette)

    June 5, 2014 at 9:47 am

    ကြိုးဆွဲခံရင်း
    ကရင်းနဲ့
    သီချင်းလေးလည်း ဆိုတယ်
    အဲဒီရုပ်သေးတွေကပေါ့. . .
    ရွှေချည်ကြိုးဆွဲရာ မက ပါရစေနဲ့. . .တဲ့. . .

    😆

  • alinsett (gazette)

    June 5, 2014 at 9:52 am

    ”မဲ့ ”ဆိုတာကို မြန်မာဝါကျမှာ
    အငြင်းဝါကျတွေမှာ ထည့်သုံးရတာလို့တော့ ဖတ်ဖူးတာပဲ. .
    အငြင်းဝါကျမဟုတ်ရင် မယ့်
    အငြင်းးဝါကျဆို မဲ့ ပေါ့

    အဟိ ဝင်ရွှီးတာ

    🙂

  • naywoon ni

    June 7, 2014 at 12:59 am

    အန်​တီဒုံမာ ​အောင်​ရဲလင်​း အဲ့ ​အောင်​ရဲလင်​းထက်​​အောင်​ရဲလင်​းနဲ့ ပိုတူတယ်​ ဆိုလား အဲ့ ဆက်​ဆက်​နဲ့ ကမ်​းကြီးတို့ကို ​ကျေးဇူးတင်​ပါတယ်​ ။ မဲ့ နဲ့ မယ်​့ ဒါ​ပေသည်​့ စကား​ပြေဆန်​ဆန်​ပဲ ” ကြိုးရှုပ်​​တော့မည်​့ ရုပ်​​သေးရုပ်​​လေးများ ” လို့ ခပ်​တည်​တည်​​ပြောင်​း​ပေးလိုက်​ပါတယ်​ ။ အသံအ​နေအထားအရ နဲနဲ​တော့ ​ထောက်​သွားမလား မ​ပြောတတ်​ဘူး ။ ဖတ်​ရတာ တစ်​မျိုးဖြစ်​သွားတယ်​ ။ ​စော​စောက​လောက်​ အားမပါ​တော့သလိုပဲ ။ အနာဂါတ်​ကာလ စကား​ပြောအသုံးမှာ မယ်​့လို့ ပြထား​ပေမဲ့ လွယ်​လွယ်​ကူကူ မဲ့ လို့ပဲသုံးကြတယ်​ ။ လာမဲ့စ​နေ​နေကျရင်​ – ဆိုတာမျိုး​ပေါ့ ။ စကား​ပြေအ​ရေးနဲ့ ဆိုရင်​ ” လာမည်​့စ​နေ​နေ့ကျလျှင်​ ” ဖြစ်​​ပေလိမ်​့မယ်​ ။ အဲ့အလွယ်​သုံးရယ်​ ” မယ်​့ ” ဆိုတာကို အသံ​လျော့ထွက်​မှာစိုးတာရယ်​နဲ့ “မဲ့ ” လို့ သုံးလိုက်​မိတာပါ ။ ခု​တော့ခပ်​တည်​တည်​ပဲ ပြန်​ပြင်​လိုက်​တယ်​ ။

Leave a Reply