” မဆီ မဆိုင် တွေးရင်း “

ခင္ခJune 4, 20141min26425

” မဆီ မဆိုင် တွေးရင်း “

 

ရန်ကုန်-မန္တလေး အမြန်လေးတွင် အိမ်စီးဇလွန်းကာလေးတစ်စီး တစ်ရွှေ့ရွှေ့မောင်းနင်နေလေသည်။

ကိုစိုင်း  – ၂ မိုင်ဘဲ လိုတော့တာဆိုတော့ ရန်ကုန်ကို ရောက်ဖို့ သိပ်မလိုတော့ဘူးပေါ့

ခင်ခ    – ဟုတ်ပ ဒါတောင် အမြန်လမ်းမှာ ကီလို၁၀ဝ တွင်းဘဲမောင်းခဲ့လို့နော် ဟိုတုန်းကလိုသာ အပြေးမောင်းရင် ဒီထက်တောင်စောရောက်အုန်းမယ်

ကိုစိုင်း – ဖြေးဖြေးမှန်မှန်ဘဲကောင်းပါတယ် အန္တရာယ်ကင်း ဘေးရှင်းပေါ့

ခင်ခ    – ဟုတ်တာပေါ့လေ

ပြောပြောဆိုဆိုနဲ့ အမြန်လမ်းဆုံးတိုးဂိတ်ကိုဖြတ်ကျော်ပြီး ရန်ကုန်ဘက်ကို ဦးတည်မောင်းလာလိုက်တယ်၊ မနက်အစောလေးမို့ လမ်းမှာကားနည်းနည်းရှင်းနေတာမို့ ရန်ကုန်ရဲ့ နံမည်ကြီး ယာဉ်ကြော်ပိတ်မှုတော့ မြို့ထဲ ရောက်ထိလွတ်မယ်လို့ထင်မိတာပေါ့။

ခင်ခ    – မနက်နည်းနည်းစောနေလို့လားမသိ လမ်းနည်းနည်းရှင်းနေတော့ မြို့ထဲ တည်းမည့်ဆီ အရင်မောင်း လိုက်မယ်၊ မျက်နှာလေးဘာလေးသစ်ပြီးမှ မနက်စာထွက်စားတာပေါ့

ကိုစိုင်း  – အဲဒါလည်းကောင်းတာဘဲလေ

ဒီလိုနဲ့ ပြည်လမ်းအတိုင်းမောင်းလာရင်း ဟံသာဝတီအဝိုင်းပတ်ကျော်တော့ ဦးဝိစာရလမ်းကို ဝင်လိုက်ရင်ဘဲ ရှေ့မှာ အစိုးရရုံးဌာနက အီးတူးသောင်စဉ်ကားတစ် တစ်လှုပ်လှုပ်နဲ့သွားနေတဲ့နောက်ကနေ ခင်ခ တို့ ဇလွန်း ကားလေး တစ်ဖြေးဖြေးနဲ့လိုက်ရင်

ခင်ခ    – ကိုစိုင်း ရှေ့က အစိုးရကားကို ကြည့်ပါလား

ကိုစိုင်း  – ဘာလို့လဲ

ခင်ခ    – ဘာဖြစ်ရမှာလဲ အစိုးရကားက အိုမင်းဟောင်းနွမ်းနေလို့ ကိုယ်တိုင်လည်း မြန်မြန်မသွားနိုင်ဘူး၊ အဲဒါကြောင့် အဲဒီအစိုးရကားတွေကို ဖျက်သိမ်းပြီး update ဖြစ်မယ့် အစိုးရကားတွေနဲ့ အစားထိုးကာ ပြောင်းလဲ ဖို့ကြတော့လည်း ဟိုနဲ့ဒီနဲ့ ထိထိရောက်ရောက်မလုပ်ချင်ဘူး၊ ကိုယ်မသွားနိုင်မလုပ်နိုင်လို့ နောက်က ကားတွေ ကျော်တက်မယ်ဆိုတော့လည်း လမ်းဖွင့်မပေးချင်ဘူး ဟိုဘက်ကပိတ်လိုက် ဒီဘက်ကပိတ်လိုက်နဲ့ အစိုးရကား ဆိုပြီး ကာစီးကာစီးနဲ့ဗျာ ဘယ်လာပြီးတိုးတက်ပြောင်းလဲတော့မှာလဲ မဟုတ်ဘူးလား

ကိုစိုင်း  – မှန်တာပေါ့ဗျာ အခုလည်း ရှေ့ကဘယ်လိုမောင်းနေလဲမသိ ဟိုဘက်ဒီဘက်ခွမောင်းနေတယ်

ခင်ခ    – ငါတို့က အစိုးရကားဘဲဆိုပြီး လုပ်ချင်သလိုလုပ်နေကြတာဗျ ဒါကြောင့်လဲ ခဏခဏ အဆဲခံရပြီး အကောင်းမမြင်ကြတာလေ တကယ်လည်း အစိုးရကိုက ကောင်းမှမကောင်းတာကိုးဗျ။

ကိုခင်ခ တစ်ယောက်ပြောတဲ့စကားထဲက ကားဆိုတဲ့ နာမတွေကို ဖြူတ်ကြည့်ကာ ကိုယ်တိုင်လည်း မြန်မြန်မသွားနိုင်ဘူး၊ အဲဒါကြောင့်   အဲဒီအစိုးရတွေကို ဖျက်သိမ်းပြီး update ဖြစ်မယ့် အစိုးရတွေနဲ့ အစားထိုးကာ ပြောင်းလဲ ဖို့ကြတော့လည်း ဟိုနဲ့ဒီနဲ့ ထိထိ ရောက်ရောက်မလုပ်ချင်ဘူး၊ ကိုယ်မသွားနိုင်မလုပ်နိုင်လို့ နောက်က ကျော်တက်မယ်ဆိုတော့လည်း လမ်းဖွင့် မပေးချင်ဘူး ဟိုဘက်ကပိတ်လိုက် ဒီဘက်ကပိတ်လိုက်နဲ့ အစိုးရ ဆိုပြီး ကာစီးကာစီးနဲ့ဗျာ……….ဟု မဆီမဆိုင် တွေးရင်း အထပ်ထပ်ရေရွတ်ကာ လိုက်ပါလာမိတော့တယ်လေ။

 

ခင်ခ။

 

25 comments

  • black chaw

    June 4, 2014 at 12:43 pm

    ဆိုင်တယ်ထင်တယ်ဗျ…။
    အဲဒါ…ဝင်္ကဝုတ္တိ သဘောပဲပေါ့…။
    တိုက်ရိုက် မဆိုင်ပေမယ့် သွယ်ဝိုက်၍ ဆိုင်တယ်ပေါ့…။
    အားပေးသွားပါတယ်ဗျာ…။

  • ခင် ခ

    June 4, 2014 at 12:47 pm

    ဦးစွာရောက်လာ
    ကိုဘလက်မှာ
    ဆိုင်တယ်ဆိုပြီး
    ပြောကာသွားတော့
    ဆိုင်တယ်ဆိုလည်း
    ဆိုင်ရုံပေါ့။

    ကျေးဇူးကိုဘလက်ရေ။

  • surmi

    June 4, 2014 at 1:23 pm

    အဟမ်းးးးး
    ဒီလူကြီးနော် 🙂

    • ခင် ခ

      June 4, 2014 at 1:59 pm

      အဟင်းးးးးးးးးး
      ဘာလဲဗျ

  • Crystalline

    June 4, 2014 at 2:45 pm

    လမ်းပေါ်တက်လာပဲတော်သေးတယ်လို့ပြောရမယ်ထင်တယ်.. :mrgreenn:

  • kai

    June 4, 2014 at 3:35 pm

    ယူအက်စ်မှာတော့. . ဝန်ထမ်းတွေ.. အစိုးရကားစီးရမှာ.. ရှက်တော်မူကြပုံရပါတယ်..။
    လူတွေက.. ငါတို့ငွေတွေနဲ့စီးနေတာဆိုတဲ့… မျက်နှာပေး.. ပြနေကြတာ.. လန့်ကြလို့လားမသိ…။ :mrgreen:

  • ခင် ခ

    June 4, 2014 at 4:01 pm

    သဂျီးရေ ဒီမှာတော့ စစ်တပ်ကလာတဲ့ အစိုးရမို့လားမသိဘူး အစိုးရကားစီးသူတွေက ပြည်သူကို ဂရုမစိုက်တဲ့ မျက်နှာပေး နဲ့ဗျ။ ပြောင်းပြန်အချိုးကျတာပေါ့နော်။

  • alinsett (gazette)

    June 4, 2014 at 5:50 pm

    လှလှပပလေး တို့ ထိ ပြသွားတယ်ပေါ့။

    ဒီလို အရေး ဒီလိုအတွေးလေးတွေကို လွမ်းနေတာ

    —–

    ကျန်တာတော့ ပြောတော့ပါဘူး။
    ဖတ်သွားတယ်ရယ်လို့ပဲ

    :kwi:

  • naywoon ni

    June 4, 2014 at 6:48 pm

    မြန်​မာစကား ရှိသားဗျ ။ အလကား ရရင်​ ​ရေ​တောင်​​သေ​အောင်​​သောက်​တယ်​ ဆိုလားပဲ ။ အဲ့လို အလကား free ရတာကိုလဲ ဂုဏ်​ယူ တတ်​သဗျ ။ အဲ့စိတ်​ဓာတ်​​တွေ ပြင်​ဖို့ ​တော်​​တော်​အချိန်​ယူရအုန်​းမယ်​ ….. လို့ မဆီမဆိုင်​ အ​တွေးပွားသွားပါ​ကြောင်​း ………..

  • ခင် ခ

    June 4, 2014 at 6:51 pm

    တွေ့ကြုံမိတာလေးကို စာစီမိတာပါ ဘာရယ်ဟုတ်ပါဘူး အလင်းဆက်ရေ

  • အရီးခင်

    June 5, 2014 at 4:08 am

    တကယ်တော့ အမှတ်တံဆိပ် ပါ ကားတွေကသာ စုတ်တာပါ။
    အမှတ်တံဆိပ် မပါ – ရတဲ့ ကားတွေကတော့ အပလန်စား တွေပါ တော်။
    မဆီမဆိုင် တာက နေ မဆိုင်တဲ့ဆီရောက်ရောက်သွားတာ ရွာ့အလှပါဘဲ ကိုခ ရေ။ :-))

  • Foreign Resident

    June 5, 2014 at 9:05 am

    kai says:
    ” ယူအက်စ်မှာတော့. . ဝန်ထမ်းတွေ.. အစိုးရကားစီးရမှာ.. ရှက်တော်မူကြပုံရပါတယ်..။
    လူတွေက.. ငါတို့ငွေတွေနဲ့စီးနေတာဆိုတဲ့… မျက်နှာပေး.. ပြနေကြတာ.. လန့်ကြလို့လားမသိ ”

    အမှတ်မှားနေကြမှာစိုးလို့ ၊ တစ်ခု ဝင်ပြောပါရစေ နော် ။

    နဝတ / နအဖ / စစ် အစိုးရ ခေတ်က ၊ လူကြီးတွေ စီးတဲ့ကားတွေက ၊
    ( ဘေးလူတွေ လွယ်လွယ် အတင်းချနေသလို ) အလကား စီးရတာ မဟုတ်ပါဘူး ကွယ် ။

    လူကြီးတွေ ( မိသားစု ပါ တရားဝင် စီးခွင့်ရှိတဲ့ ) အရပ်ဖက် နံပါတ် နှင့် ကား ရယ် ၊
    တစ်လစာ ဓါတ်ဆီ ဂါလံ ( ၁၀ဝ ) ကို ၊ အစိုးရက ပိုက်ဆံယူပြီး ငှားပေးတာပါကွယ် ။

    အဲဒီ ဓါတ်ဆီ ဂါလံ ( ၁၀ဝ ) ဖိုး အပါအဝင် နှင့် ကား ငှားခ အနေနှင့် ၊
    စုစုပေါင်း ငွေ ( ၁၅ဝ ) ကျပ် ကို လစာ ထဲက လစဉ် ဖြတ်တာ အဘ မှတ်မိနေပါသေးတယ် ။

    အရီးခင် says:
    ” တကယ်တော့ အမှတ်တံဆိပ် ပါ ကားတွေကသာ စုတ်တာပါ။
    အမှတ်တံဆိပ် မပါ – ရတဲ့ ကားတွေကတော့ အလန်စား တွေပါ တော် ”

    ဟုတ်ပါတယ် ။ အဲဒီ လူကြီးတွေ ငှားစီး ရရှာတဲ့ကားတွေမှာ ၊
    ဘာ အမှတ် တံဆိပ်မှ မပါပါဘူး ။ ရိုးရိုး အရပ်ဖက် နံပါတ် တွေ နှင့် ပါ ။

    ဟဲ ဟဲ ။ ကိုယ်ချင်း ကိုယ်ချင်း တွေ နှင့် ၊ ပုလိပ် မင်းများ ကတော့ ၊
    အဲဒီ နံပါတ်လေးတွေကို အလွတ်ရကြတယ်ဗျ ။ ဟီ ဟိ ။

    တစ်ခါတစ်လေ ၊ ပုလိပ် မင်းများ က ၊ လူ ကို အလေးပြုတာ မဟုတ်ဘဲ ၊
    ကား ကို လေးစားပြီး အလေးပြုတာတောင် ၊ မကြာခဏ ကြုံရတတ်တယ် ။
    ဟီ ဟိ ။

    • ခင် ခ

      June 5, 2014 at 4:12 pm

      အဘဖောပြောတာ မှန်တယ်ဆိုပေမယ့် အစိုးရကိုပေးရတဲ့ဆီဖိုးက အစိုးရနှုန်းနဲ့မို့ အပြင်ထက်တော့ သက်သာသလို ကားဖိုးလည်းအရင်းမစိုက်ရဘဲစီးရတာလေ၊ ပြီးတော့ အဲဒီတုန်းက အစိုးရဈေးနဲ့ ရတဲ့ဓာတ်ဆီထဲက တစ်ချို့ကို အပြင်ပြန်ရောင်းရင်ဘဲ မီးဖိုချောင်စရိတ်လောက်တော့ကာမိသားမို့ အလကားထက်တောင်မြတ်ပါသေးတယ်လေ။

    • kai

      June 5, 2014 at 4:55 pm

      မဆလခေတ်က..
      ၉၂၉ကို ရုံးကားအဖြစ်ပေးသုံးထားပြီး.. အိမ်ကိုကျ.. မာဇဒါ ၃၂၃ ကို( ဈေးပေါပေါနဲ့) ရောင်းပေးတယ်လို့ မှတ်မိတယ်..။
      ကြားထဲ.. မာဇဒါ ဘီ၆၀ဝလေးတွေလည်း.. ငွေပေါ်အောင်ရောင်းပေးတာပဲ..။
      ကြားကြားထဲ.. ပဒုမ္မာ၊ မေတ္တာမွန်၊ သံတမန်ကုန်တိုုက်က ပစ္စည်းကောင်းလေးတွေလည်း.. ပေါပေါပဲပဲ.. တဒေါ်လာ ၆-ရကျပ်လောက်နဲ့တွက်ပြီး.. ရောင်းပေးပြန်တာပဲ..။

      ဟုတ်မဟုတ်.. ကွန်ဖမ်းပေးပါဦး..။ :mrgreen:

      • အရီးခင်

        June 6, 2014 at 3:18 am

        ဒီပေါပေါလေး တွေက စား၊ဝတ်၊စီး နဲ့ တင် ပြီးရောတဲ့လားသူကြီးမင်း ရဲ့။
        အခုချိန် သိန်းချီပြီး သိန်းချီ တန်နေတာ မပါတော့ဘူးလား။
        သများ ဘာမှ မပြောဘူးနော် အဘိုးရေ့။ အစမ်း မေးခွန်းမေးကြည့်တာ။
        :-)))))))))))

        ကျွန်မတို့ မတိုင်ခင် အချိန်တုန်းကတော့ “မာစီးဒီးနဲ့မမ” သီချင်းရှိဖူးသတဲ့။
        တက္ကသိုလ်အေးမောင် ပေါ့။
        “မနက်ဆို ကားမဲကြီးနဲ့လာ။ ညနေဆို ကားပြာလေးနဲ့ ပြန်” ဒီလိုမျိုး စာသားနဲ့လေ။
        မကြောက်မလန့် ဆိုရဲ တဲ့ သတိ္တနော်။
        သတိ္တကောင်းလဲကောင်းစရာပါ။
        ဆရာမ ကလဲ အတော်ချောတာကိုး။
        ကျွန်မတို့ အချိန်တော့ “ဂျက်တာနဲ့ဘဘ” ဆိုလား။
        သများ သိပါဘူး။ ကြားမိလိုက်တာ။
        ;-))))))))))))))))))))

        • surmi

          June 6, 2014 at 2:31 pm

          အရီး ဗျို့အရီးးးး
          ဒီသချင်းလားး
          .
          .
          ” ဖိုင်နယ်ရီးယား မမရယ် ~~~~ ပြောမတတ်အောင်ယဉ်ပါတယ် ~~~
          ကားပြာလေးကိုစီးကာ … ကျောင်းးးးကို သူလာတယ် ~~~~
          ကားမဲလေးနဲ့ သူ အိမ်ပြန်တယ် …~~ ” :mrgreen:

        • အရီးခင်

          June 9, 2014 at 2:13 am

          ဝုတ်ပါ့။ မှန်ပါ့ ကဆာမိ။
          ဒီရွာ နဲ့ သီချင်းပဟေဠိလာ ပြိုင်လို့ကတော့ ဘူသူမှနိုင်မှာမဟုတ်။
          :-))))

      • Novy

        June 6, 2014 at 2:41 pm

        ဟုတ်တာပေါ့ သူကြီးရယ်

        88 ကိုတောင်သတိယသွားတယ်
        ဘာတဲ့ အဲ့ဒီတုံးက ဆိုခဲ့တဲ့ ရဲရဲတောက် တိုဗမာသီချင်းတောင် အမှတ်ရမိရဲ့
        အနှစ်၂၀-၃ဝ ကြားထဲမှာဆိုတော့ စာသားတွေတောင်မေ့နေပြီ မှတ်မိသလောက်ပေါ့

        ရဲရဲတောက်တို့ဗမာတွေ… သတိခဲ့တွေ
        ရာဇဝင်ထွန်းပြောင်…..
        ကျောင်းသာထုအားမာန်…..
        ခေတ်သစ်ကို စီမံ….
        အမှားပျောက်လို့လမ်းမှန်
        ့အမှန်မကြာပေ… အမှန်တရားတွေ..
        ကမ္ဘာကကြားသိစေမယ်လေ…
        ပျော်သဟေ့ ရွှင်သဟေ့
        ပြည်သူတွေမှာ မွဲပြာကျလို့ ရင်နာစရာပေး
        ပြည်သူတွေရဲ့ ..လုပ်အားတွေ ..
        ကောင်စီပါတီ ခံစားနေ…
        .ပြည်သူတွေမှာ မွဲပြာကျလို့ ရင်နာစရာပေး
        ပဒုမ္မာအလွာ…လူညာတွေ..
        ကုလားထိုင်ကိုဆွဲကိုင်လှုပ်လို့…
        ဖြုတ်ဖို့ အချိန်တန်ပြီလေ………

    • တိမ်မည်း

      June 6, 2014 at 10:13 am

      ဟုတ်တယ်နော်… အဘ…
      ဝန်ကြီးတွေက သိပ်သနားဖို ့ကောင်းတာ… ကိုယ့်အိတ်ထဲက စိုက်ပြီး ပြည့်သူ အတွက် အလုပ်လုပ် နေကြတာ……
      .
      .
      .
      .
      (မှတ်ချက် – ရွဲ ့ပြောတာ…. မသိဖူးထင်မှာဆိုလို ့ မှတ်ချက်နဲ ့ပြန်ရေးထားပေးတာ…)

  • weiwei

    June 6, 2014 at 9:50 am

    မဆီမဆိုင်ဝင်ပြောအုန်းမယ် ..
    တစ်ခါတုန်းက ဦးဘလက်တင်တဲ့ပို့စ်တစ်ခုမှာ ကျွန်မမှာ ‘ဇ’ ရှိတယ်ဆိုပြီး ဝင်ပြောခဲ့ဖူးတယ် ..
    မကြာသေးခင်က အဲဒီ ‘ဇ’ ကို အပြင်ထုတ်ပြီး စူပါမတ်ကတ်သွားတာ .. ပစ္စည်းလာပို့တာလားဟင်ဆိုပြီး လုံခြုံရေးမေးတာ ခံလိုက်ရလို့ ..
    အခုတော့ ရှက်တော်မူလို့ ‘ဇ’ ကို ဂိုဒေါင်ထဲ အပြီးသိမ်းလိုက်ပါပြီ …

  • တိမ်မည်း

    June 6, 2014 at 10:32 am

    မဆီမဆိုင်ဝင်ပြောအုံးမယ် ဦးခရေ……

    တကယ်တော့ ကားသာ နဲနဲလေး ဖယ်ဖို ့စိတ်ဝင်စားမယ်ဆိုရင် တချို ့ပြသာနတွေ ဖြစ်မလာပါဖူး…. (ဖယ်ဖို ့လည်း စိတ်ဝင်မစားပါဖူး….)
    ဒီကားတန်းကြီးကို စိတ်ရှည်ရှည်နဲ ့စောင့်ပါမယ်တဲ့ အချိန်တန် ရောက်မလားဆိုတဲ့ အာမခံချက်လည်း မရှိဖူး…..
    ကျော်တက်ဖို ့ကြိုးစား ပြန်တော့လည်း စည်းကမ်းဖောက်မယ်….
    ဒီကြားထဲ ဘေးကနေ ဟွန်းလေး အလွန်အကျွန်တီးမိရင်…. စည်ကမ်း မရှိဖူးလား… နဲနဲကျော်ဖို ့ကြိုးစားမိရင်…. နိုင်ငံကြီးသား မပီသဖူးလား…. ရှေ ့ကလူကို ဖယ်ဖို ့ သွားပြောမိရင်… လူ ့အခွင့်အရေး နားမလည်ဖူးလား… စသဖြင့်…. ဘေးထိုင်ဘုပြော ချောင်ချိတဲ့ လမ်းကြောင်းပေါ်ရောက်ပီးသား ကားသမား တချို ့ရဲ့ ဆဲဆိုခြင်းကိုလည်း ခံရနိုင်တယ်……

    အဲ့အပြင် ဒီလမ်းကို ဖောက်ထားပေးတဲ့ ပေါက်ဖော် ကိုလည်းကောင်း ကျေးဇူးတင်ဖို ့မမေ့သင့်ကြောင်း….. နောက်ကလမ်းကြောင်းတောင်းနေတဲ့ ဘာဘူ များကိုလည်းကောင်း လူသားချင်းစာနာစွာနဲ ့ ဖြတ်ဝင်ခွင့်ပေးသင့်ကြောင်း…. စသဖြင့် အာပေါင် အာရင်း သန်သန် ဝင်ပြောနေတဲ့ လူတွေကလည်း တမှောင့်…

    အမှန်တကယ်တော့ အဲ့လမ်းကြောင်းမှာ ကားကို မမောင်းသင့်တာ……

    လမ်းပဲ ဆင်းလျှောက်ကြတာပေါ့နော်….

  • Novy

    June 6, 2014 at 12:02 pm

    ဟိုဘက်ကပိတ်လိုက် ဒီဘက်ကပိတ်လိုက် လုပ်မနေနဲ့
    အနောက်က ကားကျော်ခြင်လို့ ဟွန်းတီးနေတယ် ဘေးကို ကပ်လိုက်ပေါ့
    စိုက်ကြည့်မှ အလိုက်သိမှာလား…..

  • မဆီ လေး ရယ် မှ အို မဆိုင်

    အတွေး ကတော့ ခပ် ပိုင် ပိုင်

    မဆိုင်ဆို ပြီး ထည့် တည့် ဒိုင်

    ဂလိုင် ဂလိုင် ခေါက် တဲ့ စတိုင်

  • kyeemite

    June 6, 2014 at 4:24 pm

    အိုး..ဟို့ဟိုး..တွတ်တောင်မဟုတ်..ဒဲ့ပါလား

Leave a Reply