ဟယ် တကယ်ကြီးလား

moonpoemJune 4, 20141min13912

ငါဒီနေ ့ပြည်သူ့ဆေးရုံသွား
ခဲ့တယ်။အဲဒါလေတံခါးစောင့်
ဒရမ်ဝမ်ကငါဝင်လာတာကို ပြုံးပြပြီး မင်္ဂလာပါခင်ဗျာဆိုပြီး နှုတ်ဆက်တယ်။
လက်ဖက်ရည်ဖိုးလည်း မတောင်းဘူးတော့။

အသံကြားရာသို့ နားစွင့်နေစဉ် နောက်တစ်ယောက်အသံကြားရ
လေသည်။ငါကတော့ မနေ့က ပွိုင့်မိနေတဲ့ လိုင်းကားကို တက်စီးမယ်လုပ်တာ စပယ်ယာကတံခါး မဖွင့်ပေးဘူးတော့။မှတ်တိုင်
မဟုတ်ရင်မဖွင့်ပေးနိုင်ဘူး
တဲ့လေ။

အဲဒါနဲ့ မှတ်တိုင်သွားပြီး စောင့်ပြန်တော့ တစ်ခါစီး ၄၅ယောက် ထိုင်ခုံထက် ကျော်ပြီး မတ်တပ်ရပ်မတင်လို့ စောင့်လိုက်ရတာ တမေ့တမောပါဟယ်။

စိတ်ဝင်စားသဖြင့်ဆက်
နားထောင်နေရာယောက်ျားလေး
တစ်ဦး အသံကြားလိုက်ရသည်။
ငါကတော့ ဒီနေ့ကွမ်းယာစားချင်
လို့ ဆူးလေတစ်ဝိုက်ရှာကြည့်
တာ လမ်းဘေးဆိုင်တွေ ဘာမှမရှိတော့ဘူး။

စိတ်ညစ်ညစ်နဲ့ မြို့ထဲလမ်းလျှောက်ကြည့်တော့
တစ်နေ့လုံး ခလုတ်မတိုက်လို့
ထူးဆန်းတယ်ဆိုပြီး အောက်ငုံ့ကြည့်တော့ ပလက်ဖောင်းတွေ အကုန်လုံး ပြင်ပြီးသားဟေ့။စည်ပင်ကလည်း တစ်နေ့၃ခါအမှိုက်သိမ်းတော့ လမ်းကြားတွေကအစ သန့်နေတာ။

ထိုအချိန်မှာပင်နောက်တစ်ယောက်ကအမောတကော
ဖြင့် ဝင်ပြောသည်။မင်းတို့
ပြောတာထက်အရေးကြီး သတင်း
ငါပြောရဦးမယ်။

အခု ငါတို့ လတိုင်း အခွန်ဆောင်နေရတဲ့လခရဲ့ ၂ရာခိုင်နှူန်းကိုလေ လူမှုဖူလုံရေးကနေအသက်၆၀
ကျော်ရင်အစိုးရဝန်ထမ်းတွေလိုပဲ ငါတို့ ပုဂ္ဂလိကဝန်ထမ်းတွေ
ကိုလည်း နောက်ဆုံးလခကို ပင်စင်ကြေးအနေနဲ့ လတိုင်း ပြန်ထုတ်ပေးမှာဆိုတာ သိပြီးပြီလား။

ဟယ် တကယ်ကြီးလား ဟုဆိုကာ ခုနက ဝိုင်းဖွဲ့ပြောနေကြသော ၎င်းတို့ သူငယ်ချင်း တစ်သိုက်၏ အာမေဍိတ်သံများကို ကြားရသည်။

အဆိုပါ လူငယ်သည် ဟင်းဟင်း နောက်ဆုံးတော့လည်း ယုံတမ်းစကားပြောတမ်း ကစားကြရင် ငါပဲနိုင်တာပါပဲ။
ကတိအတိုင်းဒီနေညနေရုံးဆင်းရင်သာလက်ဖက်ရည်တိုက်ဖို့ မမေ့နဲ့ဟုုပြောလေသော်
ရယ်သံများအော်သံများ
ခံလိုက်ရပြန်ပြီကွာ အစသဖြင့် အသံမျိုးစုံကြားရသည်။

သူတို့မပြောနှင့်။ဘာမှမဆိုင်ဘဲ ဘေးက နားထောင်နေမိသော ကျွန်မတောင် အခွန်တွေ ဆောင်ထားသမျှ ပင်စင်အနေနဲ့ပြန်ရမည် ဆိုတော
ပျော်သွားမိသည်ကိုး။့

အသံတွေ တိတ်သွားသဖြင့်
်၎င်းတို့၄ဦးရှိရာသို့လှည့်အကြည့် သူတို့အားလုံးသည် ဆိုင်ထဲမှ ထွက်ကာပွိုင့်တွင်မီးနီ၍ရပ်နေသောကားပေါ်သု့ိတက်သွားကြသည်ကို
ိုတွေ့လိုက်ရသည်။

သူတို့ ထွက်သွားပြီးနောက်
ကျွန်မသည်လည်းအကြွေ၅၀၀
ဆောင်ကာ ဆေးရုံကြီးသို့ ထွက်လာခဲ့လိုက်သည်။ မိတ်ဆွေတစ်ယောက်ဆေးရုံတင်ထားသဖြင့်လူနာမေးသွားရန် ဆေးရုံတံခါးစောင့် ဒရန်ဝမ်ကို ပေးရဦးမည် မဟုတ်လား။

12 comments

  • alinsett (gazette)

    June 4, 2014 at 5:55 pm

    ဟားးးးးးး
    အရေးအသားလေး က ဟက်ထိသွားပြီဗျ
    နောက်ဆုံး အဆုံးသတ် (စာသားနှစ်ပိုဒ်) ပုံစံလေးက ထိတာ. . .

    တိုတိုနဲ့ထိထိမိမိရေးပြတတ်တဲ့ အရေးအသားကို အားကျသွားပါကြောင်းးး

  • lu lu

    June 4, 2014 at 7:01 pm

    ဟယ် တကယ်ကြီးထင် နေတာ တကယ်ဟုတ်ဘူး
    တော့ တကယ်ပါပဲ
    😀

  • padonmar

    June 4, 2014 at 9:26 pm

    လကဗျာလေး လက်စောင်းပိုပိုထက်လာပြီ။
    အားပေးနေတယ်နော်။

  • naywoon ni

    June 4, 2014 at 9:48 pm

    တစ်​ကယ်​ဖြစ်​ချင်​ တစ်​ကယ်​ လုပ်​ အဟုတ်​ဖြစ်​ရမည်​ တဲ့ ဘယ်​သူစ​ပြောလဲ​တော့မသိ ။ လူ​တွေ မညီတာက ခက်​၏ ။

  • အရီးခင်

    June 5, 2014 at 4:32 am

    ဟေး ရွာက သူကြီး သန်းထီ သန်းချီပေါက် လို့ တစ်ပုဒ် ကို တစ်သောင်း တဲ့ဟေ့။ :-))))))))

  • black chaw

    June 5, 2014 at 9:42 am

    ကောင်းတယ်ဗျို့…။
    တိုတို လေး နဲ့ ထိတယ်…။
    ဝတ္ထုတိုလို့ ပြောရမယ်…။

  • Novy

    June 5, 2014 at 2:30 pm

    ပုဂ္ဂလိကဝန်ထမ်းတွေ
    ကိုလည်း နောက်ဆုံးလခကို ပင်စင်ကြေးအနေနဲ့ လတိုင်း ပြန်ထုတ်ပေးမှာဆိုတာ သိပြီးပြီလား။

    တကယ်ကြီးလားလို့ ရင်တောင်ခုန်သွားတယ်
    လူဆိုး

  • Paing Lay

    June 5, 2014 at 2:35 pm

    ဘီလိုပြူးရမီလဲ ဗဲထီးဂုပေါ့ဂျာ :mrgreen:

  • ရွှေတိုက်စိုး

    June 6, 2014 at 11:48 am

    အင်းထင်တော့ထင်သား.. ဒီလိုပဲဖြစ်လာမယ်ဆိုတာ… လိုက်လျောညီထွေ နေတတ်အောင်သာ ကျင့်ရတော့မပေါ့ဗျာ…..

  • kyeemite

    June 6, 2014 at 2:39 pm

    ခေတ်ကိုထင်ဟတ်တဲ့ သရော်စာကောင်းလေးပါဗျာ..

  • moonpoem

    June 6, 2014 at 7:19 pm

    အားပေးမှုတွေကို စားသုံးပြီး ဆက်လက် ကြိုးစားပါမယ်လို့ 🙂

Leave a Reply