အလွန်​ စက်ဆုပ်​ ကြောက်မက်ဖွယ် ကိစ္စ​ တစ်ခုအဖြစ် ပြင်သစ်​ နိုင်ငံမှ ထောင်သား
တစ်ဦးသည် တစ်ခန်းထဲ ထောင်ကျ​ နေသူအား သတ်ဖြတ်ပြီး ရင်ခွဲကာ ၎င်း၏​ အဆုတ်ကို ထုတ်စားခဲ့ကြောင်း သိရသည်။
သို့သော်လည်း အခန်းဖော် ထောင်ကျနေသူ၏ ရင်ဘတ်ကို မုတ်ဆိတ်ရိတ်သည့် သင်တုန်းဓားဖြင့်​ ခွဲခဲ့သည့်
လူသားစားသော ပုဂ္ဂိုလ်က ၎င်းသည် ကိုယ်တွင်း​ အင်္ဂါကို မှားယွင်း​ ရွေးချယ်မိ​ ခဲ့ကြောင်း၊ အမှန်မှာ နှလုံးသားကို ဝါးစား​ ခဲ့ခြင်း ဖြစ်သော်လည်း အဆုတ်နှင့် မှားခဲ့​ခြင်း​ ဖြစ်ကြောင်း တရားသူကြီးများအား ပြောကြား​ သွားသည်။ အသက်​ (၃၉)​ နှစ်ရှိ နီကိုလက်ကိုကင်းအား နိုင်ငံ​ မြောက်ပိုင်း ရူနန်းမြို့တွင် သီအာရီဘူဒရီအား (၂၀၀၇)​ ခုနှစ်အတွင်းက သတ်ဖြတ်​ ခဲ့သည့်
ကိစ္စ​ အတွက် စစ်ဆေး​ ခဲ့ခြင်း​ ဖြစ်သည်။

ကိုကင်းသည် ဘူဒရီအား ကတ်ကြေးဖြင့် ထိုးခဲ့ပြီးနောက် အသက်ရှူကြပ်အောင် နှာခေါင်းကို အမှိုက်​ ထည့်သည့်
အိတ်ဖြင့် အတင်းပိတ်​ ထားခဲ့ကြောင်း သိရသည်။ ဘူဒရီ သေဆုံး​ သွားချိန်တွင် ကိုကင်းက သင်တုန်းဓားဖြင့် ရင်ဘတ်ကိုခွဲကာ နံရိုး​ တစ်ချောင်းကို ဖယ်ထုတ်​ ပြီးနောက် အတွင်းတွင် တွေ့ရသည့် နှလုံးသားဟု ယူဆရသည့် ကလီစာကို ဝါးစားခဲ့ကြောင်း၊ သို့သော်လည်းယင်းမှာ အဆုတ်ဖြစ်သည်ကို နောက်မှသိလာကြောင်းဝန်ခံခဲ့သည်။

ကိုကင်းသည် ပထမတွင် အဆုတ်အား အစိမ်းစားနေပြီး ကျန်ရှိသော အပိုင်းကို ကြက်သွန်၊ သံလွင်ဆီ၊ ငရုတ်သီး၊ ဆားတို့နှင့်နယ်ကာ မီးဖိုပေါ်တွင်ဖုတ်ပြီး စားခဲ့ကြောင်း သိရသည်။ ယင်းတို့အားလုံးကို ရူနန်းမြို့ အကျဉ်းထောင် စားဖိုဆောင်တွင် ရရှိနိုင်သည်။၎င်း၏ဝိဉာဉ်အား မိမိလိုချင်သဖြင့် ယခုလို နှလုံးသားအား စားသောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ကိုကင်းက တရားသူကြီးများအား ပြောကြားခဲ့သည်။ ကိုကင်းသည်ထိုစဉ်က လက်နက်ကိုင် ဓားပြတိုက်ရန် ကြိုးပမ်းမှု တစ်ခုကြောင့်
ထောင်ကျနေပြီး ဘူဒရီနှင့် တစ်ခန်းထဲ နေခဲ့ရသည်။ ၎င်းတို့မျှဝေ သုံးစွဲရသည့် အိမ်သာအား ဘူဒရီက ပိတ်ထားမှုနှင့် ပတ်သက်ပြီး အခြေအတင် စကားများရာမှ နှစ်ဦးသတ်ပုတ်ခဲ့ကြပြီး ကိုကင်းသည် ဘူဒရီအား ကတ်ကြေးဖြင့် ထိုးမသတ်မီ
လက်သီးဖြင့် အကြိမ်ဒါဇင်ပေါင်းများစွာ ထိုးခဲ့သေးကြောင်းလည်း သိရသည်။

ဖြစ်စဉ်တစ်ခုလုံးအား အခြားထောင်ကျ တစ်ဦးဖြစ်သည့် အသက်(၃၆)နှစ်အရွယ် ဒေးဗစ်လက်ဂရူက တွေ့မြင်ခဲ့သေးပြီး ၎င်းသည်
ထောင်ကျဖော်နှစ်ဦး သတ်ပုတ်နေစဉ်က လူခွဲရန် ကြိုးစားခဲ့သေးကြောင်း ပြောကြားခဲ့သည်။ လက်ဂရူသည် (၂၀၀၉)ခုနှစ် နိုဝင်ဘာလက ၎င်းပြောင်းရွှေ့သွားရသည့် အခြားအကျဉ်းထောင် တစ်ခုတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။ ယခု​ အမှု
အတွက် စီရင်ချက်ကို ဇွန်လ(၂၄)​ ရက်နေ့တွင် ချမှတ်​ သွားဖွယ် ရှိနေကြောင်းလည်း သတင်းရရှိသည်။

About nitrospeed

nitro speed has written 13 post in this Website..