ကတညုတ

အာဂJune 4, 20141min19215

ဆယ်နှစ်အရွယ်မိန်းကလေးအပျိုစင်(တစ်ယောက်)
သူကျေးဇူးသိတတ်ခြင်း(ကြောင့်)
သဘောတူညီချက်။ပြောသည့်အတိုင်းလုပ်ပါမည်ဟု အာမခံချက် (များကြား)
ဆင်းရဲပင်ပန်းစွာ အချိန်မရှိတော့သဖြင့် ဆောလျင်စွာ
ကတိုက်ကရိုက်(ဖြင့်)
ဂုဏ်ရှိသူ၏မယား(ဖြစ်လေ၏)
မသင့်မတင့်။ စိတ်သဘောမညီမညွတ်(သောကြောင့်)
စိတ်မတည်မတံ၊မငြိမ်မသက်
စိတ်တုန်လှုပ်ချောက်ချားလျက်
ရန်သူပစ်ခတ်ရန်နှင့် ရန်သူ၏ ပစ်ခတ်မှုကို ကာကွယ်ရန်ပြုလုပ်သော အကာအကွယ်(တို့မရှိသောကြောင့်)
နှစ်ဦး နှစ်ဖက်ကြား ကုန်းတိုက်၍
လယ်ကွင်းတွင်ပေါက်လေ့ရှိသည့် အတို့အမြှုပ် အဖြစ်စားရသော ရိုးတံနီ ပင်ငယ်တစ်မျိုး(လို)
ဒီရေရှိသော ချောင်းများတွင်နေသောအဆိပ်မဲ့မြွေ(လို)
မှားယွင်းချွတ်ချော်လျက် ကွန်လွန်ခြင်းသို့ရောက်သည်။

ကတညုတ အဓိပ္ပာယ် = သူ့ကျေးဇူးကိုသိတတ်ခြင်း
(…)ထဲမှစာများမှလွဲ၍ အခြားစကားလုံးများသည်။ မြန်မာအဘိဓာန် ဒုတိယအကြိမ် ပြင်ဆင်ဖြည်စွက်ပုံနိုပ်ခြင်း စာမျက်နှာ ၂ နှင့် ၃ မှ စကားစုများဖြစ်သည်။

မှတ်ချက်။ ။ဆရာဇေယျာလင်း ရေးသလိုမျိုးကလိကြည့်ခြင်း

15 comments

  • lu lu

    June 4, 2014 at 7:07 pm

    ကျေးဇူးသိတတ်လွန်းတဲ့စိတ်က တခါ တ လေ
    ဘဝကိုနစ်မွန်းစေနိုင် တယ်နော်
    ကျေးဇူးတွေပိ ကုန်တာပေါ့
    ဉာဏ်မီ သ လောက် တွေးကြည့်တာပါ

    🙂

    • အာဂ

      June 6, 2014 at 4:29 pm

      ဟုတ်တွေ့ စာအုပ်ထဲက စာတွေကို နည်းနည်းလေး ဇာတ်လမ်းလုပ်ဆင်ဖို့က နည်းနည်း ရွေးရတော့ …..

      ဒါပေမဲ့ လူလူကတော့ နည်းနည်းနားလည်မယ်ထင်ပ

  • padonmar

    June 4, 2014 at 9:56 pm

    အဘိဓာန် လှန်အောင်လုပ်နေပြီ၊
    ဘယ်ဖက်ခြမ်းက စာလုံးတွေ ဖော်ပေး။

    • အာဂ

      June 6, 2014 at 4:33 pm

      အဲကိစ္စ ပြောခင်နေတာကြာပေါ့ အန်တီရယ်။ ဘယ်လိုအမှန်ရေးရေး ရှေ့ဆုံးက စာလုံးလေးတွေက ပို်စ့်တင်ပြီးရင် ပျောက်ပျောက်နေတယ်။ အဲဒါဘာဖြစ်မှန်းမသိဘူး အစက ကျနော်တစ်ယောက်တည်းထင်နေတာ အခုတော့ အန်တီပါမြင်နေရဘီဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ

  • အရီးခင်

    June 5, 2014 at 3:53 am

    ဖတ်တော့ဖတ်တာဘဲ။
    မော်ဒန်ပီသပါတယ်။
    နားအလည်ဝူး။
    အပေါ်က အစ်မတော် က နားလည်နေတယ်ထင်ရဲ့။
    ရှင်းပြပါ။

    • အာဂ

      June 6, 2014 at 4:45 pm

      အဟမ်း အရီးလေးရယ် ကျောရမယ်ဆိုရင်တော့ ကလေးမတစ်ယောက် ကျေးဇူးတရားကြောင့် (မြန်မာကားတွေထဲကလိုပေါ့) မိဘပေးစားတာကိုယူလိုက်ရတဲ့အခါ..မှာ စိတ်ဒုက္ခခံစာရပြီးနောက် အခြားသူတွေရဲ့ သွေးထိုးစကားတွေကြောင့်….နောက်ဆုံး အဆုံးမလှခဲ့တဲ့အကြောင်းလေးပါ။

  • black chaw

    June 5, 2014 at 9:33 am

    မင်္ဂလာတရား ၃၈ ပါး
    ၁။ အသေဝနာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
    ၂။ ပဏ္ဍိတာနဉ္စ သေဝနာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
    ၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
    ၄။ ပတိရူပဒေသ ဝါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
    ၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
    ၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
    ၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
    ၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
    ၉။ ဝိနယောစ သုသိကိ္ခတော = ကောင်းစွာသင်အပ်သော ဝိနည်းတရား ရှိခြင်း။
    ၁၀။ သုဘာသိတဝါစာ = ကောင်းစွာဆိုခြင်း။
    ၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
    ၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြု ိဟ်ထောက်ပံ့ခြင်း။
    ၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
    ၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
    ၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
    ၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
    ၁၇။ အနဝဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
    ၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
    ၁၉။ ပါပ ဝိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
    ၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
    ၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
    ၂၂။ ဂါရဝ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
    ၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
    ၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
    ၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
    ၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
    ၂၇။ ခန္တီ = သည်းခံခြင်း။
    ၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
    ၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
    ၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
    ၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
    ၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
    ၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
    ၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
    ၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
    ၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
    ၃၇။ ဝရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
    ၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။

    ကတညုတ=သူပြုဖူးသော ကျေးဇူးကို သိခြင်း။
    ဆိုတာကလွဲလို့ မော်ဒန်အတွေးအရေးကို လိုက်မမီခဲ့ဘူးဆိုတာ
    ရှက်ရှက်နဲ့ ဝန်ခံလိုက်ပါတယ်ဗျာ…။

    • အာဂ

      June 6, 2014 at 4:49 pm

      အဲလိုလည်းမဟုတ်ပါဘူး ကိုဘလက်ရယ်…။ ကိုယ်နားသလိုခံစားလို့ရတာမော်ဒန်လို့ ကျနော်ထင်တာဘဲ…ကျေးကျေး ကိုဘလက်ကြောင့် ၃၈ ဖျာမင်္ဂလာအဓိပ္ပာယ်ကိုကောင်းကောင်းသိသွားတော့တယ်။ အဟီး

  • alinsett (gazette)

    June 5, 2014 at 9:41 am

    ဘာမှ ဝင်မပြောတတ်ဘူးဗျာ
    အဲ့ဒါကြောင့် ဘာဆိုဘာမှ ပြောမသွားဘူးနော့

    :mrgreen:

  • အာဂ

    June 6, 2014 at 4:50 pm

    တိုက်တိုက်နဲ့ အလင်စက်…

    ဘာမှမပြောတဲ့လူနဲ့ …ဘာမှနားလည်တဲ့လူ….အဟိ…..အင်းဒါလည်း မော်ဒန်ဖြစ်သားပဲ ကျေးကျေး

  • အရီးခင်

    June 8, 2014 at 5:34 am

    သမ္မတနှင့် သူ၏အပေါင်းပါ မိုက်ခဲများ ကို
    သံစဉ် ထည့်ပြီး သီချင်းဆို က ကြည့်ကြပါလား။
    အခုနာမည်ကြီး နေတဲ့ Happy သီချင်းလိုလေ။
    http://www.youtube.com/watch?v=KFscErjqSew
    ကြည့်နိုင်တဲ့လူ ဝင်ကြည့်ကြပါလား။
    ရန်ကုန် က လူတန်းစားပေါင်းစုံ ဝင်က နေကြတာ။
    အမှန်တော့ အဲဒီ Happy သီချင်းက တကမ္ဘာလုံး မှာ ပြန့်ပြီး နိုင်ငံ တိုင်း က အဲဒါနဲ့ က နေကြတာ။
    :-)))

    • အာဂ

      June 11, 2014 at 4:39 pm

      အဲလိုသီချင်းစပ်မယ်ဆိုရင် မူးမှဖြစ်မယ်ထင်တယ် အရီးရေ…အဟီးးးးးး

  • ကေဇီ

    June 8, 2014 at 11:30 am

    သမီးလည်း နား လည် ဘူး ဂဂ။ :mrgreenn:

    ဒါမဲ့ စားဖိုမှူးလေး လာ မလုပ်ချင်ဘူးလားလို့ လာမေးတာ၊ :mrgreenn:

    လက်ဆောင် အတွက်လည်း ဂဂရော ဘင်ဘင်ရောကို ကျေးကျေးပါ။

    :s:

    • အာဂ

      June 11, 2014 at 4:40 pm

      အနော့တို့ လင်မယား ၂ယောက်တည်းမဟုတ်ပါဘူးနော်…မအိ (ခ)ဒေါ်ရွှေအိလည်းပါတေးတယ်နော်..တော်ကြာစိတ်ဆိုးနေဦးမယ်။

Leave a Reply