ငြိမ်းချမ်းရေး ပန်းတစ်ခင်း သို့မဟုတ် ဖန်ဆင်းရှင်

ကာရံJune 5, 20141min1015

ပန်းတစ်ခင်းပျိုးဖို့  ငါလည်းအားအင်အပြည့်ရှိပါတယ်

အမိမြေပေါ်မှာ ကြီးပြင်းသူမို့ စိတ်မနောလည်းဖြူစင်လှသူပါ

ရိုးရာအမွေမပြတ်စေဖို့ အသိစိတ်နဲ့ ကြိုးစားဖူးတယ်

တိုင်းရင်းသားစိတ်ထားအလှ ကမ္ဘာကလည်းသိပါတယ်လေ

ရွှေရောင်လွမ်းတဲ့တိုင်းပြည်မို့ မေတ္တာတရား ကြီးမြတ်သူပါ

အတ္တဆိုဘေးမှာထား မာနကိုအဝေးပို့ ရိုင်းပင်းကူညီသူမို့ တစ်မျိုးချစ်စရာ့အသွင်

အားငယ်သူဖေးမလို့ အကြင်နာတရား ရင်မှာထားသူပါ

ငါမှာလက်နက်မရှိ

ငါ့မှာအမုန်းမရှိ

ငါ့မှာလောဘမရှိ

ပြောသမျှသည် ရိုးသားဖြူစင်ခဲ့ရင် ငါပျိူးသည့်ပန်း လန်းပါစေသား

အကြင်ဘယ်သို့သွားမည်နည်း

အကြင်ဘာကြောင့်အတ္တဆန်နေသနည်း

အကြင်ဘာ့ကြောင့် မအေးချမ်းပါသနည်း

မေးခွန်းပေါင်းအဖြေရှာကြည့်လျှင် လောကကြီး တရားမျှတမှုအဘယ်ကြောင့် အဝေးကိုရောက်နေပြီနည်း

ခေါင်းဆောင်ကောင်းမှ တိုင်းပြည်ကောင်းမည်

နောက်လိုက်ကောင်းမှ လောက အေးချမ်းမည်

တရားသောလောကကြီးမှာ အသင်ဘာကြောင့် ဇောတက တက်နေရပါသလဲလေ

တွေးကြည့်ပါလေ ပြေးကြည့်ပါလေ မေးသိပါစေကွယ်

တစ်ခဏလေးဘဝမို့ လောဘမီး ငြိမ်းပါစေသား

ပန်းဆိုတာ နေရောင်ဖြန်းမှပွင့်လန်းသလို

အချိန်တန်မှ ငြိုးပါစေသား

ကလေးသူငယ်အတွေးမှာ အငတ်ဘေးကဒ်မကြုံပါရစေသား

ဆုတောင်းလေးသာ အမှန်ပြည့်ရင်လေ

ငါတွေးမိပါတယ် ပျိုးခဲ့သည့် အကြင်နာပန်း

အစဉ်လန်းပါစေသား

ကာရံ (5.6.2014)

5 comments

  • black chaw

    June 6, 2014 at 6:39 am

    လက် နက်…
    လောဘ…
    အမုန်း…
    မရှိတဲ့ သမီးလေးကာရံ ပျိုးတဲ့
    အကြင် နာ ပန်းလေး
    အစဉ် လန်းဆန်းပါစေ ဗျာ။

    • ကာရံ

      June 6, 2014 at 8:14 pm

      ပေးတဲ့ဆုနဲ့ ပြည့်ပါစေနော်

  • alinsett (gazette)

    June 6, 2014 at 7:44 am

    အငတ်ဘေး ကပ် လို့ ရေးရမှာများလားလို့ သယ်ရင်းရဲ့

    :mrgreen:

  • Paing Lay

    June 6, 2014 at 3:27 pm

    “တကယ်တမ်းသာ အမုန်းမရှိခဲ့ရင်ပေါ့ သေချာပါတယ် ကမာ္ဘမှာ စစ်ပွဲမရှိ။ တကယ်တမ်းသာ စစ်မရှိခဲ့ရင်ပေါ့ ဒဏ်ရာ ကျိန်စာတွေရယ် အနာဂတ်မရှိ……………” တေးသံရှင် ဟန်ထွန်းဆိုသွားတဲ့ အပိုဒ်လေးပါ

    • ကာရံ

      June 6, 2014 at 8:15 pm

      ဟုတ်ကဲ့ပါဗျာ

Leave a Reply