ဒုတိယ အမှား…။

black chawJune 6, 20141min13452

ကျွန်တော် မှားခဲ့ဖူးပါတယ်။
အမှန်တော့ လူဆိုတာ မှားတတ်တဲ့ သတ္တဝါပဲဗျာ။ ဘာများဆန်းကြယ်နေပါသလဲ။
မှား ပြီးမှ အမှန်ကိုရတော့မပေါ့။
အဲဒီ ဒိုင်ယာလော့ခ် ကလည်း မှန် သလိုလို နဲ့ မှားနေပြန်ရောဗျို့…။
အမှားဆိုပေမယ့် မမှန်ဘူးလို့လည်း ပြောလို့ မရပြန်ဘူးဗျ။
အမှန်က မှား ခဲ့ပြီးပြီဗျာ။
နားလည်ရ ခက်သွားပါသလား ကျောင်းဒကာ။
ဒီလိုဗျ။
ကျွန်တော် ရွာထဲမှာ အမှား ဆိုတဲ့ ပို့စ်လေး တင်ခဲ့မိပါတယ်။
အကြောင်းအရာလေးကတော့ မှန် တယ်ထင်တယ်ဗျ။
၁၉၉၅ လောက်က အမှားအပေါ် သဘောထားနဲ့ ဒီနေ့ခေတ် အမှားအပေါ်သဘောထားကို
လူလယ်လိုလို ပေသီးလိုလိုနဲ့ နှိုင်းယှဉ်ပြလိုက်မိတာပါဗျာ။

အဲဒီပို့စ်မှာ တချို့ကလည်း အပျော် ကွန်းမန့်လေးတွေ ပေးကြပါတယ်။
ကောင်းပါတယ်။ ကျွန်တော့်ပို့စ်ကို ဝင်ဖတ်တဲ့သူတွေ ပျော်နေတာပဲ မြင်ချင်ပါတယ်။
တချို့ကလည်း တည်တည်တန့်တန့် ခန့်ခန့်ညားညား ကွန်းမန့်လေးတွေ ရေးကြပါတယ်။
ကောင်းပါတယ်။ ကျွန်တော့်ပို့စ်ကို ခန့်ညားစေတာပေါ့။
တချို့ကလည်း အပျော်တစ်ဝက် အတည်တစ်ဝက် ကွန်းမန့်ရေးကြပါတယ်။
ဒါလည်း ကောင်းပါတယ်။ ပို့စ်က ပေါ့ပေါ့ပါးပါး နဲ့ ခန့်ခန့်ညားညား ဖြစ်သွားတာပေါ့။
အဲဒီမှာ ရွာထဲက ကျွန်တော် ချစ်ခင်လေးစားရသော ကိုရှုံး (ကိုရှုံးလို့ပဲ သုံးနှုန်းပါရစေတော့)
က ကွန်းမန့် ဝင်ရေးပါတယ်။
ကောင်းပါတယ်။ ကိုရှုံးက ကွန်းမန့်ရေးခဲပါတယ်။ သူဖီလင်လာပါမှ ကွန်းမန့်ရေးလေ့ရှိပါတယ်။
ကိုရှုံးကွန်းမန့်ရဲ့ အနောက်မှာ ပဋိပက္ခ အသွင်ဆောင်တဲ့ ကွန်းမန့်လေးတွေ အများကြီးတက်ခဲ့ပါတယ်။
ကျွန်တော့်ဘက်ကလည်း ထုံးစံအတိုင်းပေါ့။ ကွန်းမန့်ရေးသူတစ်ယောက်ခြင်းစီကို လေးလေးစားစား တုန့်ပြန်
တဲ့ ကွန်းမန့်လေးတွေ ပြန်ရေးခဲ့တာပါပဲ။
အမှားက အဲဒီက စတာခင်ဗျ။
ချစ်ခင်လေးစားရပါသော ကိုရှုံးတစ်ယောက် နောက်တစ်နေ့မှာပဲ ပို့စ်တင်ပြီး ရွာထဲက နှုတ်ထွက်သွားခဲ့တာ
ပါပဲ။
ဘယ်လောက်ကြီးလိုက်တဲ့ အမှား ပါလဲ။
စာရေးကောင်းတဲ့ ရွာသားတစ်ယောက် ရွာထဲက နှုတ်ထွက်သွားစေခဲ့သော ပို့စ်ကိုတင်ခဲ့တဲ့ သူရဲ့အမှားက
ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။
ကဲ…ကိုရှုံးရေ…။
ပွင့်ပွင့်လင်းလင်းပဲ မေးပါရစေတော့…။
ကျွန်တော့် တင်တဲ့ အမှား ဆိုတဲ့ ပို့စ် ကြောင့် ခင်ဗျားနှုတ်ထွက်သွားရတာပါလား။
ကျွန်တော် ဘာများ မှားခဲ့ပါသလဲ။
ကျွန်တော့်ပို့စ်မှာ ပေးခဲ့ကြတဲ့ ကွန်းမန့်တွေကြောင့် ခင်ဗျား နှုတ်ထွက်သွားခဲ့ရတာပါလား။
ဘယ်သူ့ကွန်းမန့်က ဘာများ မှားခဲ့ပါသလဲ။
ခင်ဗျားထွက်သွားတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းကြပါ။
ပွင့်ပွင့်လင်းလင်းပေါ့ဗျာ။
အမှားတွေကို ထောက်ပြမှ ကျွန်တော်တို့က ပြင်လို့ရမှာပေါ့။
မှားပြီးမှ အမှန်ကို ရလိမ့်မယ်ပေါ့။
အမှန်ကတော့ အစကတည်းက အမှား ဆိုတဲ့ ပို့စ်တင်မိတာ မှားတာဗျ။
အမှား ဆိုပေမယ့်လည်း မမှန်ဘူးလို့ ပြောလို့ မရပြန်ပါဘူး။
အဲဒီတော့ ကျွန်တော်တို့ ရဲ့ မမှန်ဘူးလို့ ပြောလို့မရတဲ့ အမှားတွေကို အမှန်ပြန်ဖြစ်သွားအောင်
ထောက်ပြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ…။
ဟုတ်ကဲ့…ဒါက ကျွန်တော့် ရဲ့ ဒုတိယ အမှားပါဗျာ…။
ကိုရှုံးကို မုန်းမေ့လို့ မရနိုင်တဲ့…ဘလက်ချော…။

52 comments

  • ကေဇီ

    June 6, 2014 at 12:34 pm

    မုန်းဖို့မေ့ဖို့ ပြောရက်တယ်ချစ်ရသူရေ။
    ကိုယ်ဘယ်လို မုန်းလို့ ရမှာလဲ။
    ကိုယ်ဘယ်လို မေ့လို့ရမှာလဲကွယ်။

    ~~~~

    စွန့်လွှတ်ဖို့တော့ လက်တွေ့မှာ မလွယ်သေးးး
    မုန်းဖို့ မေ့ဖို့ ခက်တယ် အချစ်ရေ။
    မုန်းမေ့ဖို့ ခက်တယ် အချစ်လေးးး;
    ~~~~~~~~~~~
    ခင်ညား ပို့(စ) ကို ဖတ်ရင် ဘာကိစ္စ သီချင်းတွေပဲ သတိရမိလည်း မသိဘူးးးးး
    :mrgreenn:

    နာလည်း ဒီ လူဂျီး ပို့(စ) မှာ လာလာ မျက်နှာပြောင်တိုက်ပေါင်းများပါပြီ။
    ကိုဘက် အမှား ချည်းပဲ မဟုတ်ပါဘူးးး
    အဓိက ကျနော့ အမှားလို့ပဲ ယူဆထားပါတယ်။

    ကျနော် ငြိမ်ငြိမ်နေရင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူးးး

    ပြန်ခေါ်ပေးဖို့ အစီအစဉ်ရှိပါတယ်။
    ခုတော့ အားမွေးလိုက်ဦးမယ်။
    :hint:

    • surmi

      June 6, 2014 at 12:39 pm

      ထပ်ဆက်ပေးလိုက်ဦးမယ် 🙂
      .
      .
      ဒို့ကတော့အစွဲလန်းကြီးတယ် ~~အချစ်လေးးးးး
      မုန်းးးမေ့ ဖို့ခက်တယ် အချစ်ရေ ~~~~
      .
      .
      ဘာဘာ ဘာမှမဟုတ်ပါဘူးဗျာ
      ပွဲကြည့်ပိတ်သပ်သက်သက်ပါ :mrgreen:

      • black chaw

        June 6, 2014 at 4:02 pm

        @ surmi ;
        အော်…သူက…ပွဲကြည့်ပိတ်သတ်တဲ့…။
        လက်ခုတ်တီးပြီး အားပေးဦးမယ်ပေါ့…။
        အမှားတွေက စီးရီးလိုက်လာမှာမို့ စောင့်သာအားပေးတော့ ကိုဆာမိရေ…။
        :mrgreen:

    • တိမ်မည်း

      June 6, 2014 at 3:11 pm

      သူ ့ဘက်က ကြည့်ရင်တော့ သူ ့ဟာသူတော့ မှန်သား….
      မကေ စံကို ထုတ်ပြလိုက်တော့ သူ မှားသလိုလိုု ဖြစ်သွားတယ်…..
      မှန်တယ် မှားတယ်ဆိုတာ တကယ်တော့ ပါးပါးလေး….

      (အမှန်တော့ ကျွန်တော်လည်း အခုမှ ဇာတ်ရည်လည်တာ…..) 😀

      • black chaw

        June 6, 2014 at 4:05 pm

        @ တိမ်မည်း ;
        ဟုတ်တယ် ကိုတိမ်မည်းရေ။
        အမှန်က အမှားကြီးဗျ…။
        မှားတာကို မှားတယ်ပြောတာ မှန်တာပေါ့နော်…။
        ဇာတ်ရည်တောင်လည်သွားပြီလား။
        အဲဒါ မှားနေဦးမယ်နော်…။
        ဟေးဟေး…။
        :mrgreen:

    • black chaw

      June 6, 2014 at 3:59 pm

      @ ကေဇီ ;
      ပထမ သီချင်းကတော့ နားစွန်နားဖျားကြားဖူးပေမယ့်
      ဆိုသူရော ရေးသူရော မမှတ်မိတော့ဘူးခင်ဗျ။
      ဒုတိယ သီချင်းကတော့ မင်းချစ်သူကြီးရေးပြီး ဂျေမောင်မောင်ဆိုခဲ့တာပါ။
      လျှပ်စစ်မိုးကောင်းကင် ၂ စီရီးထဲ ပါခဲ့တာပေါ့။
      အဲဒါက ကိလေသာအပူနဲ့ ချစ်တဲ့ ၁၅၀ဝ ချစ်ခင်ဗျ။
      ကျွန်တော်က ကိုရှုံးကို ၅၂၈ နဲ့ ချစ်တာ။ ဟီး :mrgreen:
      သီချင်းလေးတွေနဲ့ မျက်နှာပြောင်တိုက် အဲ…အဲ…ကွန်းမန့်ရေးတဲ့လူတွေကို
      ကျွန်တော် အရမ်းအရမ်းမုန်းတယ်မေမေ…။
      ဟေးဟေး…။
      :mrgreen:

  • ရွှေတိုက်စိုး

    June 6, 2014 at 12:58 pm

    ဟင် ဟုတ်လား ရွာထဲကထွက်သွားတယ်….. ကျုပ်မသိလိုက်ဘူးဗျို..
    ကျုပ် ဘက်မလိုက်ပဲ ပြောရရင် ဦးဘလက်လေးက ပျော့လွန်းပါတယ်ဗျာ…. ရွာအပေါ်သံယောဇဉ်ထားတာ တစ်ကြောင်းပေါ့… ဘယ်နှယ့် သူတို.ဟာသူတို. ငြင်းကြပြီး စိတ်ကတောက်ကစဖြစ်လို.ထွက်တာ..
    ဦးဘလက်လေးနဲ. ဆိုင်သလား ကျောင်းဒကာ… ဒီတစ်ခါ ခင်ဗျားကြီး မမှားဘူးလို. ထင်တယ်ဗျို…

    ကိုရှုံးကိုလဲ ဒီကနေ ပြောလိုက်ချင်တယ်…. အော် မပြောတော့ပါဘူး.. သူက ထွက်သွားပြီဆိုတော့ ဘယ်မြင်တော့မလဲ… ထားလိုက်တော့..

    ဒီမယ် ကိုဘလက် တစ်ခွန်းပဲပြောမယ်.. ခင်ဗျားကြီး မမှားဘူး… လုံးဝမမှားဘူး… (ဦးမိုက် မူးရင် ပြောတဲ့ စတိုင်အတိုင်းပြောပါသည်။)…

    • kyeemite

      June 6, 2014 at 3:34 pm

      ကတောက်စ်..နာမူးတဲ့စတိုင်တဲ့လား..
      ရွှေတိုက်…နီတော့တွေ့မှထုအုံးမယ် …ငယ်ပါ..အဲအဲ..ငယ်ထိပ်ကို 😀

      • ဟင် ဟုတ်ဘူးလားလို…
        ငယ်ပါ…. အမငီး…. အသာလုပ်ပါ ဦးမိုက်ရယ်… ဟသပါဗျာ…. ဟဲဟဲဟဲ

    • black chaw

      June 6, 2014 at 4:10 pm

      @ ရွှေတိုက်စိုး ;
      မမှားဘူးဆိုလည်း ရပါပြီရွှေတိုက်ရယ်…။
      ဘယ့်နှယ့် ဦးမိုက် အရက်မူး တာကြီးက ပါလာရတာလဲကွယ်…။
      :mrgreen:

  • Wow

    June 6, 2014 at 1:08 pm

    အမှားပို့စ်ကိုရေးတာ မှားတယ်ထင်လို့ နောက်ထပ်အမှားပို့စ် တစ်ခု ထပ်တင်ဒယ်ပေါ့လေ… :kwi:

    • black chaw

      June 6, 2014 at 4:12 pm

      @ Wow ;
      ဝိုး…ရေ့…။
      အမှားက စီးရီးလိုက် လာမှာပါကွယ်…။
      စောင့်သာဖတ်ပေရော့…။
      :mrgreen:

  • alinsett (gazette)

    June 6, 2014 at 1:10 pm

    အဟွတ် အဟွတ်

    ရွာသူားတစ်ယောက်ရဲ့ တင်တဲ့ပိုစ့်တစ်ခု
    ပြောတဲ့ comment တစ်ခုခုကြောင့်သာ
    ရွာထဲက ထွက်ရကြေးဆိုရင် အဟက်

    :mrgreen:

    ဆက်မပြောတော့ပါဘူး. . .

    🙂

    • သူလဲ နီလို အချောခံချင်လို. ထွက်မယ် ပို.စ် တင်တာနေမှာပေါ့အေ.. အဆက်မရယ်… အသာနေ စောင့်ကြည့်… ဟိဟိ

      • alinsett (gazette)

        June 6, 2014 at 2:01 pm

        ရွာထဲက ထွက်မယ့်အကြောင်း နှုတ်ဆက်စာ တင်တာဟာ
        အချော့ခံချင်လို့တဲ့လား
        အဟက်

        နှလုံးသားနဲ့ကြည့် ပြောပါ မိတိုက်ရယ်

        :mrgreen:

        အချော့ခံချင်ရအောင် ဒီရွာထဲ ဝတ်မှုံရွှေရည်လေးလည်း မရှိ
        မိုးယုစံလေးလည်း မရှိ

        အချော့ခံချင်တယ်ဆိုတာတော့ တံဆိပ် မကပ်နဲ့ . . အေ
        စိတ်ခံတွင်းထဲက ချဉ်လာလွန်းလို့ပါ။

        တခြားတစ်ခုခု အမည်တပ်ကြည့်
        နှလုံးသားနဲ့ သံယောဇဉ်ကိစ္စနော်
        အကိုင်အတွယ် အပြောအဆိုက နူးညံ့ဖို့တော့လိုတယ်အေ့

        ဒါပဲ

        😆

        • ဟေ နာပြောတာ နောက်ပြောတာ… ဟတ်ထိသွားရင် စောရီး ကိုကို…
          နာတို.တွေက စကားကို အတည်ပြောမရဘူးကွ… ပြောရင် နီတောင် လဲသေသွားမယ်…
          အဲဒါကြောင့် အစအနောက်စကားတွေပဲပြောတာ…..ပါ…
          ရွာထဲမလဲ ဘယ်လိုဖြစ်တယ်ရယ်တော့မသိဘူးကွာ… တစ်ခုခုကို နောက်လို.မရဘူး.. အကုန်ဝိုင်းဆော်ကြပါလားဗျို…

          ဟဲ့ အဆက်မ… ငါနောက်တာနော်… အမှားပါရင် ခွင့်လွှတ်…

      • alinsett (gazette)

        June 6, 2014 at 2:18 pm

        ပြောဖို့ ကျန်သေးတယ်

        တကယ့်တကယ် တကယ်ကြီးကို အချော့ခံချင်လို့ ထွက်မယ့်အကြောင်းပိုစ့်တင်တာ ဆိုရင်တောင်
        ကျနော်လိုလူကတော့ ရွာသူားချင်းချင်းသံယောဇဉ်နဲ့
        အလုပ်ပျက်ခံ အချိန်ပေးပြီးကို ချော့မယ်ဗျာ

        လူတိုင်း ချော့မှာတော့မဟုတ်ဘူးဆိုတာ သိတာပဲ
        တချို့က ဆဲချင် ဆဲနေလိမ့်မယ်။

        ဒါပေမယ့် တစ်ယောက်ရဲ့ အယူအဆနဲ့ တစ်ယောက် မတူဘူးလေ
        နှလုံးသားချင်းလည်း မတူဘူး
        စိတ်ခံစားမှုချင်းလည်း မတူဘူး

        အဲဒါအဲဒါ
        :kwi:

        • ကေဇီ

          June 6, 2014 at 2:23 pm

          နှလုံးသားချင်း မတူရင် စကားကို ယှဉ် မပြောသင့်တော့ဘူးးး
          ငိငိငိ။
          ပြောနေတာကိုက ဆက်ဆက် အမှားဖြစ်တော့မယ်။

          ရပ်!!!!!!!!!!!!!!
          ဒီနားရင် ရပ်!!!!!!!!!!!!!!!!!!
          ခု ရပ်!!!!!!!!!!!!!!!!!!!!!!!!

          နီနီ သီချင်း ဆိုတာနော်။

          😀

        • ဟဲ့ အဆက်မ နာလဲပြောဖို.ထပ်ကျန်သွားတယ်..
          နာတို.နှလုံးသားက သိပ်မနူညံ့ဘူးကွယ်…. နီတို.တွေနဲ.ယှဉ်ရင်တော့ ဉာဏ်ရော ပညာရော မမှီပါဘူးကွယ်… မိဆက်ရယ်… အဲအဲ အင်းအားချင်းလဲမမျှပါဘူးကွာ…

          နာ စတာနောက်တာ မကြိုက်ဘူးဆို ပြောနော.. နောက် နီကို ငါ့သံယောဇဉ် စာရင်းထဲက ထုတ်ထားလိုက်မယ်…. ချစ်လို.စတာ စိတ်ဆိုးသလား…

          ဒါနဲ. နားမလည်လို.မေးပါရစေ… ငါစတာပါဆိုနေမှ ဟိုအောက်က မမနှစ်ယောက်က နာဝိုင်းဆော်နေကြပါလား… ဧကန်န… နီက အောင်ရဲလင်းနဲ.တူလို.နေမယ်… ဟိဟိ

          ရွှေတိုက်စိုး ဆိုတဲ့ ဘာမှသုံးစားမရတဲ့ နှလုံးသား မတူမတန်တဲ့ကောင်က နီကို စနောက်မိတာ…. နာ အနူးအညွတ်တောင်းပန်ပါတယ်….

        • အော် ပြောဖို. တစ်ခု ကျန်သေးတယ်… နာစိတ်ဆိုးပြီးတော့ ရွာထဲက ထွက်မသွားပါနဲ.ကွာ..နော်.. အဆက်ကလေး…….. နာ စိတ်မခိုင်လို.ပါ…

          နာကတော့ အခု နီကို စိတ်နာလို. ရွာထဲက ထွက်သွားပြီ… ဒါပေမယ့် LogOut လုပ်တာလုပ်လို.မရဘူးဖြစ်နေတယ်… ဟိဟိဟိ..

    • Wow

      June 6, 2014 at 1:33 pm

      ပြောလိုက်စမ်းဘာာာာာ ဝက်ရဲ့ နိခေါင်းကောင်းလို့ ပွဲတောင်းဒယ်မလား :mrgreen:

      • ခေါင်းတင်မဟုတ်ဘူး အကုန်ကောင်းတယ်.. လာထားးးးးးးးးးးးးး ဟွင်းဟွင်း…
        ရွှေဒူဝံနဲ. ယှဉ်ထိုးလာတာာာာာာာာာာာာာာ မျက်စောင်း… ငိငိ

        • Wow

          June 6, 2014 at 1:56 pm

          အသံသာကြားပီး လူမမြင်ရပါလား… တော်ဘီ မမြင်ရတဲ့သူနဲ့ ရန်ဖစ်တော့ဝူး :mrgreen:

        • Crystalline

          June 6, 2014 at 3:35 pm

          ဒညင်းဝက်ကလေး… သမီးလေးမျက်နှာကြောင့် ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်လို့ပြောလိုက်..ပြောလိုက်… :mrgreenn: ဆရာတိုက်… သများက ဘေဘီဂဲလ်လေးကိုချစ်လို့ အဖေကိုစတာနော်… စိတ်မဆိုးနဲ့.. :))

        • ယားပါဒယ် ခရစ်စတိလိုင်းရယ်.. ကျုပ်က ချိတ်ချိုးဒတ်ပါဘူးဂျ…
          ဆြာတိုက်တဲ့… အောင်မငီး…
          ဘေဘီဂဲလ်လေးကို ချစ်တယ်.. ဟုတ်စ… ကျုပ်သမီးက ကျုပ်နဲ.ချွတ်စွတ်ဗျ… အဲဒီတော့… ဟိဟိဟိဟိဟိ.. ဧကန်န… အဟင့်ရှက်ထာအေ… ခွစ်

    • black chaw

      June 6, 2014 at 4:14 pm

      @ alinset ;
      အဲဒီ ဆက်မပြောတော့ဘူးဆိုတာကိုက
      အမှားကြီးဗျ…။
      :mrgreen:

  • ROssI

    June 6, 2014 at 1:38 pm

    ဒုတိယံပိ အမှား ဆိုတော့လည်း …
    ဟိုဝိတ်ချလိုက်တဲ့မမယီး သီချင်း ပဲ အေးဆေး.. ဆိုနေလိုက်ပါတယ်ဗျာ


    မှားပြန်တယ်

    :'(

    • black chaw

      June 6, 2014 at 4:17 pm

      @ ROssI ;
      မှားပါရစေတော့ ညီလေးရေ…။
      စိတ်ရှိလက်ရှိသာ မှားပါရစေတော့…။
      :mrgreen:

  • alinsett (gazette)

    June 6, 2014 at 1:42 pm

    မပြောတော့ဘူးဆိုပေမယ့် သတိရသွားတာလေး ပြောလိုက်ပါဦးမယ်။

    ကျနော် အလင်းဆက် ရွာဝင်ကာစ မျက်စိသူငယ်နားသူငယ်နဲ့ ရွာထဲ ပိုစ့်လေး တင်လိုက်ပါတယ်။
    ကြိုဆိုသူတွေထဲက တစ်ယောက်က အားပေးတယ်။
    ခင်ဗျာတင်တဲ့ပိုစ့်ဟာ အင်မတန် တန်ဖိုးရှိတဲ့ ဂဇက်ရဲ့ပထမစာမျက်နှာကို ဖျက်ဆီးနေတဲ့ပိုစ့်ပဲ တဲ့
    အလင်းဆက်လေးရဲ့ ရင်ဝကို ဖနောင့်နဲ့ ဆောင့်ကန်ပြီး ကြိုဆိုတာ
    အလင်းဆက် ရွာထဲက ထွက်ကြေးဆိုရင် . . . အဲဒီ တစ်ချက်နဲ့ ရွာထဲက ထွက်ဖို့ လုံလောက်ပါပေါ့။

    အဲဒီလို ဖဲ့တဲ့ သူက ဘယ်သူလဲလို့တော့ နာမည်မတပ်တော့ပါဘူး။

    အဲဒီတုန်းက သူ ့စကားကို ပြန် တည့်မတ်ပေးကြတဲ့ ချစ်စရာ ရွာသူားတွေလည်း ရှိပါတယ်။ အဲ့လိုတော့ မပြောသင့်ဘူး ဘာညာပေါ့။

    ကျနော် ရွာထဲက ထွက်မယ်လို့ ခနခနတွေးမိတယ်ဗျ။
    ဆုံးဖြတ်ပြီး သား ကို ဖြစ်ခဲ့တာ ။
    ဒါပေမယ့် မရဘူး ။
    သံယောဇဉ်က ရှိနေတယ်။
    အဲဒီ သံယောဇဉ်စိတ်လေးနဲ့ ငါ ရွာထဲက ထွက်မှာကို လိုလားသူချည်းပဲ ရှိတာ မဟုတ်ဘူး။
    ရွာထဲ ငါ့ကို ရှိစေချင်တဲ့ သံယောဇဉ်သမားတွေလည်း ရှိပါသေးတယ်ဆိုပြီး မထွက်နိုင်ပဲ တဝဲလည်လည် ပေါ့။

    အခု ကိုရှုံးလည်းး ရွာကို သံယောဇဉ်ကြီးသူတစ်ယောက် ဆိုတာ ရိပ်မိတယ်။ ကိုယ်ချင်းစာမိပါတယ်။
    စာလုံးလေးတစ်လုံးကအစ လိုက်ခံစားတတ်သူချင်းပေါ့။
    ပြီးတော့ ရွာကို တကယ့်ဘဝလို အရေးပါအရာရောက်တဲ့ အစိတ်အပိုင်းတစ်ခုလို ထင်မှတ်နေမိသူချင်း. . .
    သူ ထွက်မယ်လို့ ပြောသွားတာက ထွက်သွားကွာ လို့ ပြောလာမယ့်စကားတွေ လိုချင်လို့မဟုတ်ဘူး။
    မထွက်ပါနဲ့လို့ ပြောမယ့် သံယောဇဉ်သမားတွေကို နှုတ်ဆက်ချင်တာလေးမို့ ဝမ်းနည်းစွာ ကိုယ်ချင်းစာမိသား။

    ဘယ်သူမှ မမှားပါဘူး။
    သံယောဇဉ်ပို တွယ်မိသူက ပို ခံစားရတဲ့ ခေတ်ကိုးးး

    —-

    အော်. . . သံယောဇဉ် သံယောဇဉ် . . .
    လူကို အရူးတစ်ပိုင်း ဖြစ်စေတယ်. . .

    😆

  • surmi

    June 6, 2014 at 2:21 pm

    ပထမ အမှား မှာ ကိုရှုံးးးးးးးးးး
    .
    .
    .
    ဒုတိယမ္ပိ အမှားမှာ ~~~ ???? :mrgreen:
    .
    .
    .
    အဟံဘန္တေ သဗ္ဗာအာပတ္တိယော အာဝိကရောမိ :kwi:

      • black chaw

        June 6, 2014 at 4:21 pm

        @ လုံမလေးမွန်မွန် ;
        ဟဲ့…ဟဲ့…ငါ့လည်း ဝင်တိုက်သွားပါဦးမယ်ဟဲ့…။
        ပို့စ်ပိုင်ရှင်ကိုလည်း နှုတ်လေးဘာလေး ဆက်ပါဦးအေ…။
        တကတည်း…။
        :mrgreen:

  • Crystalline

    June 6, 2014 at 3:23 pm

    ထာဝစဉ်..သိပ်ချစ်တတ်လို့မှားတတ်သူမှာ.. ရင်ခုန်သင်ရိုးညွှန်းတမ်းက.. ဒါဏ်ရာသင်ခန်းစာတဲ့ကွယ်.. အရမ်းကြိုက်ခဲ့တဲ့သချင်းလေး… တေးရေးကိုတော့ ဝေဝါးဝါးပဲ…. :))

    • black chaw

      June 6, 2014 at 4:30 pm

      @ Crystalline ;
      အဲဒီ သီချင်း ဦးဘလက်လည်း နားထောင်ဖူးတယ်…။
      ဘယ်သူဆိုမှန်းကို မသိတာ…။
      ဆိုတော့ ရေးသူလည်း မသိပေါ့ဗျာ…။
      :mrgreen:

      • Crystalline

        June 6, 2014 at 4:41 pm

        တင်ဇာမော်ရဲ့ ပထမဆုံးအခွေထင်တယ်..လေးဘလက်… ခေါင်းစဉ်က မယိုစီပြောတဲ့ “မှားပြန်တယ်” :))

  • alinsett (gazette)

    June 6, 2014 at 3:37 pm

    မိတိုက် ညည်းကို ဆိတ်မဆိုးပါဘူးအေ
    အပြန်အလှန်စကြ နောက်ကြတာပဲဟာ
    ဟတ်ထိတယ်လည်း မဟုတ်ပါဘူး။
    ပြောသင့်တယ်ထင်တာလေး ဝင်ပြောရင် လေရှည်ကုန်တာ။

    နာ့ကို ညည်းရဲ့ သံယောဇဉ်စာရင်းထဲကတော့ မထုတ်ပါနဲ့
    ကိုရှုံးနေရာမှာ ညည်းဆိုရင်လည်း
    ကျုပ်က ဒီလိုတွေ ကာ ပြောမိမှာပဲလေ

    ရွာသူားချင်းချင်းပဲဟာ
    သံယောဇဉ်က ရှိပြီးသား

    ညည်းကို စိတ်ဆိုးရင်တောင် ရွာထဲက မထွက်ဘူး
    ဒီတစ်ခါထွက်ဖြစ်ရင်လည်း နှုတ်မဆက်ဘူး
    အချော့ခံချင်တယ် ထင်မှာကြီးကို ကြက်သီးထလွန်းလို့ . .

    :mrgreen:

    တော်ပြီကွာ
    စကားနိုင်လုရတာ ပျင်းလာပြီ။ ရွာထဲ ပတ်ပြီး လုပ်စရာ ရှိတာလေး လုပ်လိုက်ဦးမယ်

    • အေးပါအေးပါ အဆက်ကလေးရယ်….
      ဒို.နီကို မမုန်းနိုင်ပါဘူးအေ… နော်…

      ကျုပ်က ဘုကိုမှလဲ စိတ်မဆိုးတတ်ဘူး.. ဘုကိုမှလဲ မချစ်ဘူး.. ဘုကိုမှလဲ သံယောဇဉ်မထားဘူး.. ဘုကိုမှလဲမကြောက်ဘူး.. အဲဒီတော့… ဘော်ဒါ အကန်.တွေအတွက် ပဲ စဉ်းစားပါတယ်.. အဆက်ကလေးရယ်..နော…

  • kyeemite

    June 6, 2014 at 3:48 pm

    အမှန်တော့ဗျာ အမှန်ကမှားနေတာကျောင်းဒကာရဲ့
    အဲ့တော့ အမှားကမှန်ပြန်ရော ဗျ
    မှားပီးရင်းမှားနေရင်လည်း အမှန်နဲ့နီးနီးလာတာလို့မှတ်ပါကျောင်းဒကာရယ် 😀

    ♫..♪.♪.♪ရန်ပွဲတွေရပ်ပစ်..အမုန်းများရပ်….♫..♪.♪.♪
    ♫..♪.♪.♪ကောင်းကင်ထက်မှာ ဂျို းဖြူ ငှက်များ..ဝဲပျံသွားတွေ့လား….♫..♪.♪.♪

  • black chaw

    June 6, 2014 at 4:45 pm

    @ kyeemite ;
    ဟေးဟေး။
    ကျော်ဟိန်းသီချင်းကြီးနဲ့ ကွန်းမန့်လာရေးတယ် လူဆိုး…။
    အေးဆေးပါဗျာ…။
    ကျွန်တော်က စီးရီးလိုက်ရေးရတာကို သဘောကျတယ်ဗျ…။
    အဲဒါနဲ့ ဒုတိယ အမှား ဖြစ်လာတယ်ပေါ့…။
    ကိုရှုံးနဲ့ ပတ်သက်လို့ ကျွန်တော့်ရင်ထဲမှာ
    ဘာမှ မရှိပါဘူးခင်ဗျာ…။
    ရွာမှာ ရှိနေသင့်တဲ့ လူတစ်ယောက်ကို
    လက်ကမ်းခေါ်လိုက်တဲ့ သဘောပါ…။
    အပြုသဘော နဲ့ မြင်နိုင်ကြပါစေဗျာ…။
    :mrgreen:

  • အညာတမာ

    June 6, 2014 at 10:45 pm

    အမှားတွေ အရှူံးတွေနဲ့ လည်နေတဲ့ Post ဆိုတော့ ကျတော်လဲနူတ်ထွက်တယ်ဗျာ…ဟာ…ဟုတ်သေးပါဘူး နူတ်ဆက်တာပါ ကို အမဲ(black)ချော ရေ…ရွာထဲမလာဖြစ်တာကြာတော့ မျက်စိလည်နေလို့ ကိုကြီးမိုက် ဆီက လမ်းညွှန်မေးခဲ့ရတယ်…ကိုကြီးမိုက် လမ်းညွှန်နဲ့မလုံလောက်လို့ သူကြီးအထိ အကူအညီတောင်းလိုက်မှ စည်ကားနေတဲ့ ရွာကြီးကိုတည့်တည့်တိုးတော့ဗျာဗျို့….

  • black chaw

    June 7, 2014 at 6:29 am

    @ အညာတမာ ;
    ဝိုး…ရေ ့…ကိုကို အညာတမာ ပြန်လာပြီ။
    နွေးထွေးစွာ ကြိုဆိုပါတယ် ဗျာ။

  • naywoon ni

    June 7, 2014 at 7:43 pm

    ဘဝဆိုတာကို အမှတ်​တစ်​မဲ့ ပြန်​လှည်​့ကြည်​့​တော့
    သတိရစရာ​တွေက အမှား​တွေချည်​့ပါပဲ ။
    အဲ့ကဗျာ ဆက်​​ရေးအုံးမယ်​

    • black chaw

      June 8, 2014 at 11:09 am

      @ naywoon ni ;
      ဟုတ်တယ်…။
      ကျွန်တော်လည်း အမှားတွေကိုပဲ သတိရရ နေမိတတ်တယ်…။
      ဘဝကလည်း အမှားတွေပဲ ကြီးစိုးနေတော့လေ…။
      ဆက်ရေးစမ်းပါ ဗျာ အဲဒီ ကဗျာ…။
      :mrgreen:

  • အရီးခင်

    June 8, 2014 at 4:50 am

    ဟာဟ။ ကဘချော။
    “အမှား” ရေးတဲ့ ရှင်လဲ မှားတယ်။
    ဝင်မန့် တဲ့ မောင်ရှုံး အပါအဝင် ကျွန်မ တို့လဲ မှားတယ်။
    ဒီ ဆိုက် ရှိလို့ ဝင်ရေးကြတာမို့ တည်ထောင်သူကြီး လဲ မှားတယ်။
    သို့ပေမဲ့ ဒီ အမှား တွေ က လှ လွန်းတာမို့ ….
    “မှားတဲ့ဘက်မှာ” .. ဘဲ နေကြရအောင်ပါ။
    ဟေ့ မောင်ရှုံး
    ပြန်လာခဲ့။
    ဒါဘဲ။
    :-)))))

  • black chaw

    June 8, 2014 at 11:12 am

    @ အရီးခင် ;
    အမှားတွေက လှလွန်း သတဲ့လားဗျာ…။
    သိတ်မိုက်တဲ့ ကွန်းမန့်ပါပဲ…။
    :mrgreen:

  • ဦးကြောင်ကြီး

    June 8, 2014 at 1:01 pm

    မောင်ရှုံး တွင်းနက်ကြီးထဲ ကျသွားတာ ပျံမတက်နိုင်ဒေါ့လို့ တေပီဒဲ့

    • black chaw

      June 9, 2014 at 10:18 am

      @ ဦးကြောင်ကြီး ;
      တွင်းနက်ထဲကျသွားရင်လည်း ရအောင်လိုက်ဆယ်မယ်ဗျာ…။
      :mrgreen:

      @ ကိုပေါက် (မန္တလေး) ;
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ကိုပေါက်ရေ…။
      :mrgreen:

      @ တောတွင်းပျော် ;
      မှားမှာ ကြောက်လို့ ဘာမှမမန့်တော့ဘူး ဆိုရင်လည်း
      မှားပါတယ် ဗျာ…။
      ကျေးဇူးပါ ကိုတောတွင်းပျော်ရေ…။
      :mrgreen:

  • အရီးခင်

    June 8, 2014 at 10:29 pm

    ဟုတ်ဆိုလဲဟုတ်လို့ ရပါ့။
    သို့ပေသည့် အမှား လှလှ လေးတွေ နဲ့ လွဲသွားပေါ့။ :-)))))

    Thanks for the BC ကဘချော။

  • တောတွင်းပျော်

    June 8, 2014 at 10:40 pm

    အဟီးးးးးးးးးး!
    ကျနော်လည်း အမှားကင်းအောင်လို ့
    ဦးဘလက် ပိုစ်ကို ဘာမှမမန် ့ဘူးနော်…..

Leave a Reply