အရောင်ရင့်မှတ်တမ်း ဇွန် ၂၀၁၄

kaiJune 6, 20142min32221

ပုဒ်မ (၄၃၆)
“(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ ၊အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များ မှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

=

Central & South Asia
Tension along Bangladesh-Myanmar border
Dhaka reportedly asks Naypyidaw to withdrawal its forces from border after Bangladeshi guard

killed in firing.
Last updated: 03 Jun 2014 10:33

Bangladesh has lodged a protest with Myanmar over what it called an unprovoked attack

against its border guards by its eastern neighbour’s security forces on May 30, following an

earlier exchange of fire in which one Bangladeshi guard was killed.
Dhaka has asked Myanmar for immediate withdrawal of its forces from the border as it violated

a 1980 agreement, the Daily Star newspaper reported.

“We want a friendly relationship with all bordering countries. But if the Myanmar Border Guard

police attack again, BGB (Border Guards Bangladesh) will give a befitting response

immediately,” the BGB’s Chittagong regional commander Brig-Gen Syed Ahmed Ali was quoted

by the Dhaka-based newspaper as saying
=
Seattle raises minimum wage to $15 an hour, highest in US
Allentown Morning Call-Jun 3, 2014
“Seattle will be the place with the highest minimum wage in the country. … of low-wage workers

in Seattle who struggle to meet their most basic ..
=

_editorials‬

လွန်ခဲ့သည့် မေ ၂၂ ရက်တွင် ထိုင်းခေတ်သစ်သမိုင်း၌ ၁၉ ကြိမ်မြောက် အာဏာသိမ်းမှုအဖြစ် ထိုင်းစစ်တပ်က  အာဏာသိမ်းယူခဲ့ပြီး ထင်ရှားသော နိုင်ငံရေးသမားများ၊ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူ များစွာတို့ကို ထိန်းသိမ်းခဲ့သည်။ ခုနစ်လကြာ ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းကြောင့် စစ်တပ်က ဝင်ရောက်ထိန်းသိမ်းခြင်းသာ ဖြစ်သည် အာဏာသိမ်းခြင်း မဟုတ်ပါဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြောဆိုခဲ့သော်လည်း တစ်ရက်အကြာတွင်ပင် အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ခဲ့သည်။ မေ ၃ဝ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်ကြီးပရာယွတ်က နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများပြုလုပ်ရန် အချိန်ယူရမည် ဖြစ်သောကြောင့် အနည်းဆုံး  တစ်နှစ်ကြာပြီးသည့်တိုင် ရွေးကောက်ပွဲများ ပြုလုပ်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ဆိုလိုချင်သည်မှာ  အနည်းဆုံးတစ်နှစ်တိုင် ထိုင်းစစ်တပ်မှ အာဏာသိမ်းယူထားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းပင် ဖြစ်သည်။
=

21 comments

  • kai

    June 6, 2014 at 3:03 pm

    ** ကျနော့်ကို အခြေခံဥပဒေလာမဆွဲခိုင်းပါနဲ့..ဒါဟာ ကျနော့်ကို ရာဇဝတ်ပြစ်မှု – Criminal Case ထဲဆွဲသွင်းတာပဲ။

    ** ကျနော်တို့က elected မဟုတ်ဘူး..ခင်ဗျားတို့ ရွေးကောက်ပွဲပြီးတော့ အနိုင်ရတဲ့သူတွေဆွဲကြပေါ့။

    ** ကျနော်တို့က ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား – Barrack ပြန်ရုံပဲ….ရွေးကောက်ခံ အစိုးရတက်လာတဲ့အခါ ကျနော် တာဝန်ယူစဉ်က ကိစ္စမှန်သမျှကို ပြန်အစီရင်ခံမယ်။ ကျနော် တာဝန်ယူစဉ် ဖြစ်ပျက်ခဲ့သမျှ အကောင်းအဆိုးကို ကျနော် တာဝန်ယူတယ်။

    ကာချုပ် ဗိုလ်ချုပ်မှူ းကြီး စောမောင်

    https://www.facebook.com/photo.php?fbid=668672283227122&set=a.632462116848139.1073741828.630882477006103&type=1&fref=nf

  • black chaw

    June 6, 2014 at 3:48 pm

    ရွာသူ ရွာသားတွေ လာကြဟေ့
    ဒီမှာ သူကြီး အစဆွဲထုတ်လာပြီ…။
    မိတဲ့ အစ ဖမ်းဆွဲကြစို့ဟေ့…။
    ဟေးဟေး…။
    :mrgreen:

  • kyeemite

    June 6, 2014 at 4:17 pm

    အဲ လိုမှန်မှန်ကန်ကန်လုပ်မဲ့သူကျတော့ အရူးဇတ်သွင်းပစ်တယ်…ရွှေ ဂျီးတိုဉာဏ်များပုံ :boss:

    • black chaw

      June 6, 2014 at 4:59 pm

      @ kyeemite ;
      ရွှေဂျီးတဲ့ သူနဲ့ ငယ်သူငယ်ချင်းကြနေတာပဲ…။
      :mrgreen:

  • ကေဇီ

    June 7, 2014 at 9:44 pm

    ပုဒ်မ ၄၃၆ ကို ဘာကြောင့် ပြင်ချင်ရတာလဲ
    ————————————————————————————————-ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အခန်း(၁၂) ပုဒ်မ ၄၃၆ (က) မှာ ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ အခန်း (၄)ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅)ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆)ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် လို့ ဖော်ပြထားပါတယ် ။

    အဲဒီအထဲက အခန်း ၁ ပုဒ်မ (၁)မှ ၄၈ အထိဆိုရာမှာ ပုဒ်မ ၆(စ) နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး ကို အစဉ်တစ်စိုက် ဦးတည်သည် ဆိုတဲ့အပိုဒ်လည်းပါဝင်ပါတယ် ။ ပုဒ်မ ၄၃၆ ကိုမပြင်ရင် တပ်မတော်က နိုင်ငံရေးမှာ အမြဲပါဝင်ပတ်သက် နေတော့မှာပါ ။ ဘယ်လိုမှ ထွက်ပေးမှာမဟုတ်ပါဘူး ၊ နိုင်ငံရေးရေချိန်မြင့်လာရင် ၊ ဒီမိုကရေစီရေချိန်မြင့်လာရင် တပ်မတော်ရဲ့ပါဝင်ပတ်သက်မှုကို လျော့ချမယ်ဆိုပေမဲ့ ဒီပုဒ်မ ၆(စ) မပြင်ရင် အစဉ်တစ်စိုက် ဆိုတာကြီးနဲ့ ဒုက္ခပေးသွားမှာပါ

    အဲဒီလို အစဉ်တစ်စိုက် နိုင်ဖို့အတွက် အခန်း (၃) ပုဒ်မ ၆၀-ခ(၃) အရ လွှတ်တော်နှစ်ရပ်အတွက် ကာ/ချုပ်က အမည်စာရင်းသွင်းထားတဲ့ တပ်မတာ်သားများက ဒုသမ္မတတစ်ဦး ရွေးချယ်ခွင့်ကို အလိုလိုရယူခွင့်ရှိသွား ပါတယ် ။ အဲဒီ ဒုသမ္မတဟာ ပြည်သူတွေရဲ့ဆန္ဒမပါဘဲ ဒုသမ္မတဖြစ်လာရုံတင်မက လွှတ်တော် ကိုယ်စား လှယ်မဲဆန္ဒအများစုရသွားရင် သမ္မတတောင်ဖြစ်ခွင့်ရှိပါတယ် ။ အဲဒါဆိုရင် ကမ္ဘာ့ပထမဦးဆုံး ပြည်သူတွေ တင်မြှောက်ခြင်းမခံရတဲ့ သမ္မတဟာ မြန်မာပြည်မှာ ပေါ်ထွန်းလာပါလိမ့်မယ် ။

    အဲဒီလိုဖြစ်အောင်လို့ အခန်း(၄)မှာ ပုဒ်မ ၇၄(ခ) ပုဒ်မ ၁၀၉(ခ) ပုဒ်မ ၁၄၁(ခ) ပုဒ်မ ၁၆၁(ဃ) တို့အရ လွှတ်တော်တွေထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းစီလိုက်ထည့်ထားပါတယ် ။ အဲဒီအရေအတွက်ကို လျော့ချနိုင်ဖို့ကလည်း ပုဒ်မ ၄၃၆ နဲ့ပြန်ချုပ်ထားပါတယ်

    နောက် ပုဒ်မ ၂၀၁ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) ဖွဲ့စည်းရာမှာ ၁၁ နေရာပါဝင်တဲ့အနက် ကာ/ချုပ် ၊ ဒုကာ/ချုပ် တို့အပြင် တပ်က ရွေးချယ်တဲ့ ဒုသမ္မတစ်ဦး ၊ ကာချုပ်က အမည်တင်သွင်းတဲ့ ကာကွယ်ရေးဝန်ကြီး ၊ ပြည်ထဲရေဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ဆိုပြီး (၆) နေရာယူထားပါတယ် ၁၁ယောက်မှာ ၆ ယောက်က ကာ/ချုပ်ရဲ့အဖွဲ့ဖြစ်နေတဲ့ ကာ/လုံရဲ့အာဏာဟာ ဘယ်သူ့မှာတည်နေပါသလဲဆိုတာ ရှင်းမယ်ထင်ပါတယ် ။ နိုင်ငံမှာ မငြိမ်မသက်ဖြစ်တယ်လို့ ကာ/လုံကဆုံးဖြတ်ရင် ကာ/ချုပ်ကို အာဏာလွှဲပေးနိုင်တယ် ဆိုတဲ့ ဥပဒေ ပုဒ်မ ၄၁ဝ ၊ ၄၁၁ တို့နဲ့ ဒီအချက်နဲ့ဟာ ဘယ်လိုချိတ်ဆက်ထားတယ်ဆိုတာမြင်မယ်ဆိုရင် ပုဒ်မ ၄၃၆ ကိုဘာကြောင့်ပြင်ဖို့လိုသလဲ ဆိုတာ ရှင်းရှင်းလင်းလင်းနားလည်မယ်ထင်ပါတယ်၊၊

    By @ထင်လင်းဦး

  • အရီးခင်

    June 8, 2014 at 5:19 am

    ကြောင်တစ်ကောင် ဘယ်ရောက်နေလဲမသိ။
    သူ့ ရှာရာဗိုပါ နိုင်သွားတာတောင် အမြီးမထောင် နိုင်တော့ပါလား။
    ကြောင့်ကိုယ်စား
    Many Congratulations Maria!!!!!!
    :-))))

    6-6-2014
    Russia’s Maria Sharapova celebrates winning the French Open against Romania’s Simona Halep at Roland Garros.

    People do not come to see beautiful tennis when Maria Sharapova plays.
    They come to see a woman who is undeniably beautiful suffer for her art. Nobody does it so loudly or passionately. Few do it so efficiently. And, in winning her second French Open title, the Russian played as cold-bloodedly as she has ever done in resisting the worthy challenge of young Simona Halep in three gripping sets.

  • (အဖိုးအို
    အခုလူတွေရောက်လာတာ၊ နင်ထုတ်လို့ ငါတို့ ရောက်လာရတာ၊ ဥပဒေနဲ့အညီလုပ်ပါ၊
    ၄၃၃ကို ကျေလည်အောင်ဖတ်၊ က ၊ခ ခွေး မကျန်အောင်ဖတ်၊)

    ဒီစာလေး ကို မြင်ရ တောပ ၄၃၃ ကို သိချင် လာ ရေ ဗျာ

    ကဲ သိ သူ များ ပြော ပေး ကြ ပါ အုံး။

  • ** ကျနော်တို့က ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား – Barrack ပြန်ရုံပဲ….ရွေးကောက်ခံ အစိုးရတက်လာတဲ့အခါ ကျနော် တာဝန်ယူစဉ်က ကိစ္စမှန်သမျှကို ပြန်အစီရင်ခံမယ်။ ကျနော် တာဝန်ယူစဉ် ဖြစ်ပျက်ခဲ့သမျှ အကောင်းအဆိုးကို ကျနော် တာဝန်ယူတယ်။
    ကာချုပ် ဗိုလ်ချုပ်မှူ းကြီး စောမောင်

    အင်
    း သူ တု့ိ လဲ စစ် တန်း လျား မရောက် ဘဲ နူရင်ဘတ် ရောက် သွားမှာကို အ တော် ကြီး ကြောက်သွားခဲ့ တာ လေ ဗျာ

    အင်း စကား ပုံ တောင်ရှိ ပါ သေး သ ဗျာ.

    မှတ် မိ ကြ လား

    ……………ကြောင့် …………….သေ တဲ့

  • အရီးခင်

    June 8, 2014 at 4:16 pm

    ကျမတို့အဖွဲ့ဝင်တွေကို ပြောချင်တာက အဆင့်မြင့်တဲ့ နိုင်ငံရေးကိုလုပ်ကြပါ ၊
    အဆင့်မြင့်တဲ့နိုင်ငံရေးဆိုတာ ဥပဒေနဲ့ညီညွတ်တဲ့ လုပ်ဆောင်မှုတွေလုပ်တာကို ဆိုလိုတာပါ ၊
    စည်းနဲ့ကမ်းနဲ့ဘောင်ထဲက အလုပ်လုပ်တတ်တာကို ဆိုလိုတာပါ။
    ဒေါ်အောင်ဆန်းစုကြည်

    “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အားနည်းချက်တွေရှိပါတယ်။ အားနည်းချက်တွေဆိုတာ ၂ မျိုးပါ။
    တခုက ကျမတို့က နှစ်ပေါင်းများစွာ အင်မတန်မှ ကျင်းကျင်းကျပ်ကျပ် အခြေအနေအရ လှုပ်ရှားလာရတဲ့ အဖွဲ့တခုမို့လို့ ရှိတဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။
    တခြားအားနည်းချက် တွေဆိုတာလည်း ကျမတို့ရဲ့ တချို့ အဖွဲ့ဝင်တွေများဟာ ဒီမိုကရေစီ နိုင်ငံရေးနဲ့ သိပ်ပြီးတော့ အကျွမ်းတဝင် မရှိသေးလို့ ရှိတဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။
    နောက် ကျမတို့ ပုဂ္ဂိုလ်တွေ တဦးချင်းအရ ရှိတဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။
    သို့သော်ငြားလည်း ကျမကတော့ ရဲရဲကြီး ပြောနိုင်ပါတယ်။
    ကျမတို့ အဖွဲ့အချုပ်က ဘယ်တုန်းကမှ ပြည်သူကို လှည့်ဖျားပြီးတော့ မစည်းရုံးခဲ့ပါဘူး။
    ဒေါ်အောင်ဆန်းစုကြည်

    ၂၀၁၄ ဇွန်လ ၇
    (ဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေး)

  • kai

    June 9, 2014 at 4:08 am

    ထိုင်းအာဏာသိမ်း စစ်အစိုးရအား အသိအမှတ်ပြုကြောင်း မြန်မာ ပြောကြား
    Published on: June 6, 2014

    “ထိုင်းနိုင်ငံဟာ ဘုရင့်နိုင်ငံတော်ဖြစ်ပြီး အခု စစ်အစိုးရဟာလည်း သူတို့ဘုရင်ရဲ့အားပေးထောက်ခံမှုကို ရရှိထားပါပြီ။ အဲဒီတော့ ကျွန်တော်တို့လည်း သူတို့ကို အသိအမှတ်ပြုတာပေါ့”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ရိုက်တာသို့ ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

    မေ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံအာဏာသိမ်းယူမှု နောက်ပိုင်း အမေရိကန်အစိုးရက ထိုင်းနိုင်ငံနှင့် ပူးတွဲလုပ်ကိုင်မည့် စစ်ရေးလုပ်ငန်းများကို ဖျက်သိမ်းလိုက်သည်။ ဥရောပသမဂ္ဂကလည်း ထိုင်းအာဏာသိမ်းစစ်အစိုးရအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးသမားများကို လွှတ်ပေးရန်နှင့် ဆင်ဆာဖြတ်တောက်ခြင်းများ ပြုလုပ်နေသည်ကို ရပ်ဆိုင်းရန် တိုက်တွန်းတောင်းဆိုလျက် ရှိသည်။

    ဩစတြေးလျနိုင်ငံက ထိုင်းနိုင်ငံနှင့် ဆက်ဆံမှုကို စနေနေ့မှ စတင်၍ အဆင့်လျှော့ချလိုက်ပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင်များအား ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပူးတွဲကာကွယ်ရေးလုပ်ငန်းများကို ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဩစတြေးလျနိုင်ငံ၏ လုပ်ဆောင်မှုများသည် အာဏာသိမ်းယူမှု နောက်ပိုင်းတိုင်းပြည်တစ်ခုမှ အပြင်းထန်ဆုံးအရေးယူမှုများ ဖြစ်သည်။
    – See more at: http://news-eleven.com/politic/

  • kai

    June 11, 2014 at 1:52 pm

    တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တာဝန်စာတမ်းပါ လက်ပတ်အနီပတ်သူများ ပါဝင်၍ ဇွန် ၁ဝ ရက် ည ၁ဝ ခန့်မှ ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။
    Published on: June 11, 2014
    – See more at: http://news-eleven.com/local/

    • kai

      June 11, 2014 at 2:16 pm

      ဒီကျောင်းတော်ကြီးက အရပ်သားတွေနှစ်ပေါင်းများစွာနေခဲ့တဲ့ ရပ်ကွက်ကြီးကို ကျူးကျော်ဆိုပြီး အင်အားသုံးရှင်းလင်းသိမ်းပိုက်။ပြီးတော့ ပေါ်လာတဲ့ မြေကွက်များစွာကို အိမ်ရာတွေဖေါ်ထုတ်ရောင်းချ။ အဲဒီထဲကအကွက်နည်းနည်းချန်ကာ ပီနန်ဆရာတော်ကြီးကို သူတို့ဖက်ပါအောင် သာသနာပြုရန်အကြောင်းပြချက်နဲ့
      ပေးခဲ့တဲ့မြေမှာ ဆရာတော်ကြီး ဒကာတွေ အလှူငွေနဲ့ ဆောက်ခဲ့တာ။

      ကျောင်းဖွင့်ပွဲမှာ ပီနန်ဆရာတော်ကြီးကို တီဗီ မင်းသား ဗိုလ်ချုပ်ခင်ညွန်ုကိုယ်တိုင် သာသနာရေးဌာနစာရွက်တွေ ကပ်လှူခဲ့တာ မှတ်မိသေးရဲ့။

      ပီနန်ဆရာတော်ကြီးက သူတို့လိုသလို ခိုင်းလို့ရမဲ့ ဘုန်းကြီးမဟုတ်။ ၂၀၀ရ ရွေဝါရောင်တော်လှန်ရေးအပြီး မစိုးရိမ်ဆရာတော်ကြီးနဲ့ပေါင်းကာ သံဃာ့ဥယှောင်အဖွဲ့ ဆိုတဲ့ မဟန နဲ့ စင်ပြိုင် ဘုန်းကြီးအဖွဲ့ကို ဖွဲ့စည်းရာက အစိုးရနဲ့ရော အစိုးရအလိုကြ လုပ်နေရတဲ့ မဟနနဲ့ရော ထိပ်တိုက်တွေ့ကြတာပါပဲ။

      အဲဒီ မဟာသန္တိသုခကျောင်းတော်ကြီးကို မဟနကပြန်သိမ်းပြီး မင်္ဂလာဆောင်ငှားသည်၊ ရုပ်ရှင်ရိုက်ကွင်းငှားသည်နဲ့ သာသနာရေးနဲ့ ဘာမှမဆိုင်တာတွေ လုပ်ပြီး စီးပွားရှာနေကြတာကြာလှပါပြီ။ ဘယ်လောက်စီးပွားဖြစ်တယ်။ အဲဒီငွေတွေ ဘယ်ရောက်ကုန်တယ်ဆိုတာတော့ သူတို့အသိဆုံးဖြစ်ပါလိမ့်မယ်။

      အခု ခေတ်မှာ ပီနန်ဆရာတော်ကြီး ပြန်လာခွင့်ရတော့ သူ့ကျောင်းသူပြန်နေတာ သဘာဝကြပါတယ်။ ဒါပေမဲ့ သူတို့ကပ်တဲ့ ဘွဲ့တံဆိပ်တော်တွေလက်ခံခဲ့ပြီးမှ သူတို့ကိုဆန့်ကျင်ကာ ရဟန်းရှင်လူပြည်သူများဖက်က ရပ်တည်တော်မူခဲ့တဲ့ သက်တော်ရှစ်ဆယ်ကျော် ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ကြီးကတော့ သူတို့တွေရဲ့ ရန်သူဘုန်းတော်ကြီး ဖြစ်ခဲ့ပါပြီ။ ဒါကြောင့်လည်း ပီနန်ဆရာတော်ကြီးကို ကျောင်းပေါ်ကဆင်းပေးဖို့ မဟနနဲ့ဖိအားပေးဖယ်ရှားနေတာပါ။ သူတို့အလိုကျဖြစ်မလာတော့ သုံးနေကျနည်းဟောင်းဖြစ်တဲ့ အင်အားသုံးဖယ်ရှားဆိုတဲ့ နည်းဟောင်းကြှီးနဲ့ ထုတ်သုံးလာတာပါပဲ။

      ပီနန်ဆရာတော်ကြီးကို နိုင်ငံခြားမှာ သူဌေးဒကာတွေ ဆောက်လှူထားတဲ့ကျောင်းကြီးတွေ အများကြီးပါ။ မလေးရှားပီနန်ကျွန်းကျောင်းတို့ စကာင်္ပူပီနန်ကျောင်းကြီတို့ဆိုတာ နန်းတော်ကြီးတွေလို အကြီးကြီးတွေ။ ဒီမှာလည်း ဆရာတော်အလိုရှိတယ်ဆို
      သူ့ ဒကာတွေက ဒိထက်ကောင်းတဲ့ကျောင်းတွေ ဆောက်လှူနိုင်ပါတယ်။ မတရားတဲ့ အမှုမို့ ဆရာတော်ကြီးက တင်းခံနေတာပါ။

      သာမန်ကျောင်းလုပွဲမဟုတ်ပဲ ဓမ္မနဲ့ အဓမ္မပြိုင်ပွဲပါ။ အဓမ္မအားကောင်းတဲ့ ခေတ်အခါမှာမို့ သူတို့နိုင်မယ်၊ မနိုင်လည်း အင်အားသုံးမယ်ဆိုတာသိသိနဲ့ မတရားတဲ့ အမိန့်အာဏာကို ပီနန်ဆရာတော်ကြီးက ဖီဆန်ပြခဲ့တယ်လို့ပဲယူဆပါတယ်။
      (Credit to Aung Myint Than)

  • kyeemite

    June 11, 2014 at 2:58 pm

    ရန်ကုန်မြို့တာမွေမြို့နယ်တွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မဟာသန္တိသုခကျောင်းကို တိုင်းသံဃနာယကအဖွဲ့ညွှန်ကြားချက်နဲ့ အာဏာပိုင်တွေက ချိတ်ပိတ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
    ဒီကျောင်းဟာ နအဖလက်ထက်တုန်းက ပီနန်ဆရာတော်ကြီး ဦးပညာဝံသကို လှူဒါန်းထားတဲ့ ကျောင်းလို့ သိရပြီး ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်းမှာတော့ ဂေါပကအဖွဲ့နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။
    ကျောင်းမှာ သီတင်းသုံးနေတဲ့ ပီနန်ဆရာတော်ကြီး ရဲ့ တပည့်သံဃာတော်တွေ ကို ညတွင်းချင်း ထွက်ပေးဖို့ အာဏာပိုင်တွေက အမိန့်ကို ဖတ်ပြခဲ့ပါတယ်။ ဝေယျာဝစ္စလုပ်ပေးနေကြတဲ့ လူပုဂ္ဂိုလ်တချို့ကိုလည်း ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းအရ သံဃာတော်တချို့ကို ကမ္ဘာအေးဘုရားဝင်းထဲကို ပင့် ခေါ်သွားတယ်လို့သိရပါတယ်။

    သံဃာဆိုတာ ပိုင်ဆိုင်မှု အငြင်းပွားစရာလား…ဒုက္ခ

    မဟနဘုန်းကြီးတွေ မှာ သီတင်းသုံးစရာ ကျောင်းမရှိတော့လို့လား… :harr:

    • ROssI

      June 12, 2014 at 2:40 pm

      မိုက်ဒယ်ဗျာ …. တူညား အယ်ချုပေ်တွများ … ဝါရှင်တန် ယုစဘဲ့ တဲ့ ….

      သဂျီးလည်း .. အဒေါ့ဖ် ဘိုနာပတ် ဆိုပီး ပြောင်းလိုက်ပါလားဟင်င်င်င်

      အဲ့လူကြီးထက် ပိုဂေါ်အောင်

      :mrgreen:

      • kai

        June 12, 2014 at 2:58 pm

        မြန်မာသံရုံးကတော့.. ဘုန်းဘုန်းတွေ.. ဘိုနာမယ်တွေပေးထားလို့ဆိုပြီး.. ခေါ်ရခက်သမို့… ညည်းနေပါသတဲ့..
        အဲလက်စ် ဝိမလ.. မနိပ်ပါဘူးဟ..။ :mrgreen:

  • kai

    June 15, 2014 at 6:39 pm

    35 Etiquette Tips For Doing Business Around The World
    Emmie Martin Strategy Jun. 11, 2014, 1:35 PM

  • kai

    June 18, 2014 at 3:19 pm

    “အလွဲသုံးစားမှု၊ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုများ”
    ကိုဖြူ ။ ။ ဒီနေ့ တရားရုံးတွေမှာ အဖြစ်များနေတဲ့ အလွဲသုံးစားမှု၊ လိမ်လည်မှုတွေအကြောင်း ဗဟုသုတ ပြောပြပါ ဆရာ။
    ယူတီကေ ။ ။ ၁၉၈၈ နောက်ပိုင်း၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလာတော့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ ကျယ်ပြန့်လာတယ်။ ရောင်းကြဝယ်ကြ၊ ချေးကြ ငှားကြ၊ ကြိုပွိုင့်ရိုက်တာတွေ လုပ်လာကြတယ်။ ကတိအမျိုးမျိုးပေးပြီး ကတိတွေ မတည်နိုင်တဲ့အခါ လုပ်ငန်းလုပ်ကိုင်သူတွေအကြားမှာ အလွဲသုံးစားမှု၊ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ လိမ်လည်မှုတွေ အများကြီး ပေါ်လာပါတယ်။
    ဒီနေ့တော့ အလွဲသုံးစားမှု နဲ့ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု အကြောင်း တင်ပြပါမယ်။ အရပ်ထဲမှာတော့ ဒီအမှုနှစ်မျိုးလုံးကိုရောပြီး အလွဲသုံးစားမှုလို့ ပြောနေကြတယ်။ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။
    အလွဲသုံးစားမှု ။ ။ ပုဒ်မ – ၄၀၃၊ ၄၀၄
    ပုဒ်မ ၄၀၃ ။ ။ မည်သူမဆို ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို မရိုးဖြောင့်သော သဘောနဲ့ အလွဲသုံးစားပြုလျှင် မိမိပစ္စည်းအဖြစ် ပြောင်းလဲခြင်းပြုလျှင် ထောင်ဒဏ် ၂နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် ၂ မျိုးလုံးဖြစ်စေ ချမှတ်ခံရနိုင်တယ်။
    ပုဒ်မ ၄၀၄ ။ ။ သေသူကျန်ရစ်ခဲ့တဲ့ပစ္စည်းကို ဥပဒေနှင့်အညီ လက်ရှိဖြစ်ပိုင်ခွင့်ရှိသူလက်ထဲ မရောက်မီ မရိုးဖြောင့် သော သဘောနဲ့အလွဲသုံးစားပြုရင်၊ မိမိပစ္စည်းအဖြစ် ပြောင်းလဲခြင်းပြုရင် ၃ နှစ်ထိ ထောင်ဒဏ်အပြင်၊ ငွေဒဏ်ပါ ချမှတ်ခံရ နိုင်တယ်။ ကျူးလွန်သူတရားခံဟာ သေသူရဲ့စာရေး၊ အစေခံဖြစ်ရင် ထောင်ဒဏ် ရ နှစ်အထိ တိုးမြှင့်ချမှတ် ခံရနိုင်တယ်။
    ပုဒ်မ-၄၀၃ (အလွဲသုံးစားမှု)ရဲ့ ဥပမာအမှုတွေ
    ၁။ A ရဲ့ ဆိုင်ကယ်၊ စက်ဘီး၊ ပစ္စည်းကို B က သူ့ပစ္စည်းထင်မှတ်ပြီး သဘောရိုးနဲ့ ယူလာခဲ့တယ်။ (ခိုးမှုမမြောက်)။ B ဟာ သူ့ပစ္စည်းမဟုတ်မှန်းလည်း သိရော ရောင်းစားပစ်လိုက်တယ်။ အိမ်မှာ ဝှက်ထားလိုက်တယ်။ (အလွဲသုံးစားမှု)
    ၂။ မိတ်ဆွေဖြစ်သူ A ရဲ့ စာအုပ်စင်က စာအုပ်ကို B က ဖတ်ရှုရန် ရည်ရွယ်ချက်နဲ့ A မရှိခိုက် ယူသွားတယ်။ (ခိုးမှု မမြောက်)။ B က စာအုပ်ကို ရောင်းစားပစ်တယ်။ (အလွဲသုံးစားမှု)
    ၃။ A နှင့် B စပ်တူ ဂျစ်ကားတစ်စီးဝယ်ပြီး A အိမ်မှာထားတယ်။ B က ဒီဂျစ်ကားကို ယူသွားတယ်။ (ခိုးမှုမမြောက်)။ ပြီးတော့ ရောင်းစားပြီး ရတဲ့ငွေအားလုံး သုံးပစ်လိုက်တယ်။ (အလွဲသုံးစားမှု)
    ၄။ B ဟာ ငွေပါတဲ့ ပိုက်ဆံအိတ်တစ်လုံးလမ်းပေါ်က ကောက်ရတယ်။ ပိုင်ရှင် A လိပ်စာပါလို့ A ရဲ့ ပစ္စည်းမှန်းသိတယ်။ ဒါပေမယ့် A ကို ပြန်မပေးဘဲ ငွေတွေ သုံးပစ်လိုက်တယ်။ (အလွဲသုံးစားမှု)
    ၅။ B ဟာ စိန်လက်စွပ်တစ်ကွင်း ကောက်ရတယ်။ လက်စွပ်ပိုင်ရှင်မသိဘူး။ ပိုင်ရှင်ကို မရှာတော့ဘဲ ချက်ချင်းရောင်းစား ပစ်တယ်။ (ဘာမှုလဲ)
    ၆။ အိမ်ဖော်မိအေး ကြမ်းတိုက်ရင်း ကြမ်းကြားထဲက စိန်တစ်လုံးကောက်ရလို့ သိမ်းထားတယ်။ သူ့လုပ်သက် (၅)နှစ် အတွင်း အိမ်ရှင်တွေ စိန်ပျောက်ကြောင်း ပြောသံမကြားဖူးဘူး။ မိအေး စိန်ကို ရောင်းစားပြီးနောက်ပိုင်း ဒီကိစ္စပေါ်သွားတယ်။ လွန်ခဲ့တဲ့ အနှစ် ၃ဝ က ကွယ်လွန်သူအဘွား ကျပျောက်သွားဖူးတဲ့နားကပ်က စိန်လေးတဲ့။ အဘွားသေတာ အနှစ် ၂ဝ ကျော်ပြီ တဲ့။ (ဘာမှုလဲ)
    အလွဲသုံးစားခြင်း ဆိုတာ ပိုင်ရှင်ကိုဆန့်ကျင်ပြီး ပစ္စည်းကို အသုံးပြုတာ၊ လက်ဝယ်ထားတာ၊ သုံးစားပစ်တာကို ခေါ်ပါတယ်။ အခြားသူကို အသုံးပြုခွင့် ပေးတာလည်း ပါဝင်တယ်။ ခေတ္တခဏတာမျှ အလွဲသုံးစားပြုခြင်းလည်း ပါတယ်။
    ကောက်ရတဲ့ပစ္စည်း
    ဥပဒေမှာ ရေအဆုံး၊ ကုန်းတစ်ဝက်ဆိုတာမရှိဘူး။ ပစ္စည်းကောက်ရတဲ့သူမှာ အခွင့်အရေးမရှိဘူး။ တာဝန်ပဲရှိတယ်။ ပစ္စည်းတစ်ခုကောက်ရရင် ဥပဒေသဘောအရ (ပစ္စည်းပိုင်ရှင်ဟာ ကောက်ရတဲ့သူထံ) ပစ္စည်းအပ်နှံသွားတယ်လို့ မှတ်ယူတယ်။ ကောက်ရတဲ့သူဟာ ပစ္စည်းကို သုံးစားပစ်လို့ မရဘူး။ ပစ္စည်းပိုင်ရှင် ရှိမရှိ စုံစမ်းရန် တာဝန်ရှိတယ်။
    ကောက်ရတဲ့လူရဲ့ စိတ်ထားအမျိုးမျိုး
    စိတ်ပညာစမ်းသပ်မှုတစ်ခုမှာ ဒေါ်လာ ၂ဝ နဲ့ လိပ်စာပါတဲ့ ပိုက်ဆံအိတ် ၁၀ဝ ကို လူစည်ကားရာ နေရာတွေမှာ ချထား ခဲ့တယ်။ ဆွီဒင်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်နိုင်ငံတွေမှာ ၇ဝ ရာခိုင်နှုန်းပြန်ပို့ပေးတယ်။ ဒီနိုင်ငံမှာတော့ ငွေကိုယူသုံးပြီး ပိုက်ဆံအိတ် ကို အမှိုက်ပုံထဲပစ်ထားခဲ့တယ်။ ဟမ်းဖုန်းကောက်ရတဲ့လူက ပိုင်ရှင်ကို သိန်း ၃ဝ နဲ့ရွေးခိုင်းတယ်။ မပေးတော့ ဖုန်းထဲက ဓာတ်ပုံ တွေ အင်တာနက်တင်ပစ်လိုက်တယ်။ မယုံမရှိနဲ့။
    ပုဒ်မ-၄၀၄ (သေသူ၏ပစ္စည်း အလွဲသုံးစားမှု)
    ပိုင်ရှင်သေပြီးနောက် သက်ဆိုင်ရာ အမွေစားအမွေခံတွေ ရောက်မလာမီ အမွေခံတွေလက်ထဲ ပစ္စည်းမရောက်မီ ကာလ မှာ သူစိမ်းတစ်ရံ၊ စာရေး၊ အစေခံတို့က အလွဲသုံးစားတာကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတာဖြစ်တယ်။ ဥပမာ ရွှေငွေလက်ဝတ် ရတနာ၊ ပစ္စည်းတွေပိုင်တဲ့ A သေတယ်။ သေသူနဲ့မည်သို့မျှ ဆွေမျိုးတော်စပ်ခြင်းမရှိတဲ့ အိမ်ဖော်မိအေးက ဆွေမျိုးတွေ ရောက်မလာမီ ပစ္စည်းတွေကို ဝှက်ထားတယ်။ ပြစ်မှုမြောက်တယ်။
    ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု
    ပုဒ်မ-၄၀၆ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု။ ၃ နှစ်၊ ငွေ ဒဏ်၊ ၂ ရပ်လုံး။
    ပုဒ်မ-၄၀ရ သယ်ယူပို့ဆောင်သူ၊ ကုန်ရုံမှူးက ကျူးလွန်ရင် ရ နှစ် + ငွေဒဏ် ၂ ရပ်လုံး။
    ပုဒ်မ-၄၀၈ စာရေး၊ အစေခံက ကျူးလွန်ရင် ရ နှစ်၊ ငွေဒဏ် (၂)ရပ်လုံး။
    ပုဒ်မ-၄၀၉ ပြည်သူ့ဝန်ထမ်း၊ ဘဏ်လုပ်ငန်းရှင်၊ ကုန်သည်ပွဲစားကကျူးလွန်ရင် တစ်သက်တစ်ကျွန်း၊ ၁ဝ နှစ်၊ ၂ ရပ်လုံး။
    (ယုံကြည်အပ်နှံရေး) + (ဖောက်ဖျက်မှု) ၏ အဓိပ္ပာယ် (ပစ္စည်း၊ စီမံခန့်ခွဲခွင့်ကို အပ်နှံခံရခြင်း) (ပထမပိုင်း) +
    မရိုးဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြု။ မိမိပစ္စည်းအဖြစ်ပြောင်း၊ ဥပဒေ၊ ညွှန်ကြားချက် ပဋိညာဉ်ဖောက်ဖျက် ကျူးလွန်ခြင်း။ (ဒုတိယပိုင်း)
    ဒီအမှုတွေမှာ ပစ္စည်း+စီမံခန့်ခွဲခွင့်ကို ရရှိလာတာဟာ ပထမပိုင်းဖြစ်တယ်။ အဲဒီ (ယုံအပ်)ကို ဖောက်ဖျက်ပြီး ပြုလုပ်တာ ဒုတိယပိုင်း ဖြစ်ပါတယ်။
    အလွဲသုံးစားမှုတွေမှာ ပစ္စည်းကိုကောက်ရတာမျိုး၊ သဘောရိုးနဲ့လက်ထဲရောက်လာတာဖြစ်ပြီး၊ ယခုအမှုတွေမှာတော့ တစ်ဦးဦးက ယုံကြည်လို့ အပ်နှံလိုက်လို့ ပစ္စည်းစီမံခွင့်ရရှိလာတာ ဖြစ်ပါတယ်။ ပစ္စည်းရပုံချင်း မတူညီဘူး။
    ဥပမာအမှုများ
    ၁။ Bကို ကားဝယ်ဖို့ ငွေပေးလိုက်တယ်။ ကားဝယ်မလာဘူး။ ဖဲရှုံးပြန်လာတယ်။
    ၂။ ရွှေစင်တစ်ကျပ်သားပေးပြီး ရွှေပန်းထိမ်မှာ ရွှေလက်ကောက်လုပ်ခိုင်းတယ်။ ကြေးဝါတစ်မတ်သားရောပြီး လက်ကောက် လုပ်ပေးတယ်။
    ၃။ A က B ထံ ငွေ၊ ပစ္စည်း၊ ကား၊ အိမ်၊ ဂရန်စာချုပ်စသည်တို့ အပ်နှံပြီး နိုင်ငံခြား အလုပ်သွားလုပ်တယ်။ ခရီးသွားတယ်။ ပြန်တောင်းတော့ B က ပစ္စည်းတွေ အလွဲသုံးစားလုပ်ထားတယ်။ ရောင်းသုံးထားတယ်။ သူ့နာမည် ပြောင်းထားတယ်။ သူ့ဆွေမျိုးမိတ်ဆွေတွေ ပေးထားတယ်။
    ၄။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင် (ကားဂိတ်) B ထံ A က ကုန်စည်တွေ နယ်ကိုပို့ဖို့အပ်ထားတယ်။ ဘယ်ကိုမှမပို့ဘဲ ရောင်းစားပစ်တယ်။
    ၅။ ကန်ထရိုက်တာ တိုက်ဆောက်ဆဲ အခန်းတွေကို ကြိုပွိုင့်နဲ့ရောင်းထားတယ်။ တိုက်ပြီးတော့ အခြားသူကို ထပ်ရောင်း ပြန်တယ်။ (ဦးကျော်ရွှေအမှု – ၁၉၉၅)
    ပြည်သူ့ဝန်ထမ်း၊ ဘဏ်လုပ်ငန်းရှင်စသည်တို့က ကျူးလွန်ခြင်း၊ အများပြည်သူတို့ရဲ့ ပစ္စည်း၊ လုပ်ပိုင်ခွင့်တွေအပေါ် ဖောက်လွဲဖောက်ပြန် ကျူးလွန်ခြင်းအကြောင်း။
    ပုဒ်မ-၄၀၉ မှာ ပြည်သူ့ဝန်ထမ်း၊ အာဏာပိုင်ပုဂ္ဂိုလ်တွေက အများပြည်သူတို့ရဲ့ ငွေကြေး၊ ပစ္စည်း၊ လုပ်ပိုင်ခွင့်တွေအပေါ် ဖောက်လွဲဖောက်ပြန်လုပ်ခဲ့ရင် ပြည်သူတစ်ရပ်လုံးကို ထိခိုက်နစ်နာရန် အကြောင်းရှိလို့ အလွန်ကြီးလေးတဲ့ ပြစ်ဒဏ် (တစ်သက် တစ်ကျွန်းထိ) သတ်မှတ်ထားပါတယ်။
    ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၃မှာ အများနဲ့ သက်ဆိုင်တဲ့ ပစ္စည်းကို (ခိုး၊ လွဲ၊ လိမ်)လုပ်လျှင် အနည်းဆုံး ထောင်ဒဏ် ၁ဝနှစ်က တစ်သက်တစ်ကျွန်းထိ ချမှတ်ရပါတယ်။
    ပြည်သူ့ဝန်ထမ်း၊ အာဏာပိုင်၊ အကြီးအကဲတွေထံကို ပြည်သူတွေက နိုင်ငံပိုင်ပစ္စည်းတွေနဲ့ ပစ္စည်းအပေါ် စီမံခန့်ခွဲခွင့်၊ လုပ်ပိုင်ခွင့်တွေ အပ်နှင်းထားတယ်။ (ဒါဟာ ယုံကြည်အပ်နှံခြင်း)ပင်ဖြစ်တယ်။ ဒီလုပ်ပိုင်ခွင့်ရတဲ့ ပုဂ္ဂိုလ်တွေက ဒီလုပ်ပိုင်ခွင့်ကို တလွဲသုံးစွဲရင်၊ အလွဲသုံးစားလုပ်ရင် မိမိပစ္စည်းအဖြစ် ပြောင်းလဲရင် ဥပဒေညွှန်ကြာချက်၊ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဆောင်ရွက် ရင် (ဖောက်ဖျက်ခြင်း)မြောက်တယ်။ ပစ္စည်းဆိုတာ (ငွေ၊ နိုင်ငံခြားငွေ၊ မြေ၊ အဆောက်အဦး၊ ရွေ၊ ငွေ၊ သတ္တု၊ သစ်တော၊ ဆောက်လုပ်ရေး၊ လမ်း၊ တံတား၊ လောင်စာဆီ၊ စားသုံးဆီ၊ ဆည်၊ ပိုက်လိုင်း၊ ချိုင့်ဝှမ်း၊ တောင်ကုန်း လုပ်ငန်း)တွေနဲ့ ဒီပစ္စည်း လုပ်ပိုင်ခွင့် အပေါ် စီမံခန့်ခွဲခွင့် ပါမစ်ချထားခွင့်စတာတွေလည်းပါတယ်။
    ဥပမာ
    ၁။ နိုင်ငံတော်ပိုင် ငွေကြေးတွေကို မိမိငွေစာရင်းထဲကို ပြောင်းထည့်လိုက်ခြင်း။
    ၂။ ပစ္စည်းအပေါ် လုပ်ပိုင်ခွင့်ကို ပါမစ်အဖြစ် ပြောင်းပြီး ရောင်းစားခြင်း။ (ပါမစ်တစ်စောင် သိန်းတစ်ထောင်တဲ့)
    ၃။ သိန်း ၅၀၀၀ဝ တန် ပစ္စည်းကို လေလံပစ်ရာမှာ မိမိလူကို သိန်း ၁၀၀ဝ နဲ့ လေလံချပေးခြင်း။
    ၄။ ပွင့်လင်းမြင်သာတဲ့ လေလံ၊ စည်းကမ်းနဲ့အညီ မဆောင်ရွက်ဘဲလုပ်ပိုင်ခွင့်တွေကို မိမိလိုလားသူတွေကိုသာ လက်သိပ် ထိုးချပေးခြင်း။ (လေလံပွဲခ သိန်းနှစ်သောင်းရယူခြင်း)
    ၅။ ဝန်ထမ်းဖြစ်ပါလျက် ဝန်ထမ်းလစာအနှစ် တစ်သောင်းစုဆောင်းမှရနိုင်တဲ့ စည်းစိမ်ချမ်းသာများ ပိုင်ဆိုင်နေခြင်း စသည် တို့ ဖြစ်ပါတယ်။
    ကိုဖြူ ။ ။ ဒီလူတွေကို အရေးယူမယ့် ပုဂ္ဂိုလ်တွေက သူတို့လို လူတွေဖြစ်နေရင်ကော ဘယ်သူက အရေးယူကြမလဲ ဆရာ။
    ယူတီကေ ။ ။ ဥပဒေအတိုင်း ပြတ်ပြတ်သားသား အရေးယူမယ့် လူသစ်တွေ တက်လာတဲ့အထိ စောင့်ပေါ့ဗျာ။
    (သဗ္ဗေ သတ္တာ ကမ္မသကာ)
    UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

    https://www.facebook.com/utk.adv/posts/330547387096077?fref=nf

  • kai

    June 19, 2014 at 12:21 am

    http://www.scribd.com/doc/230209605/Myanmar-Gazette-June-July-2014
    ဒီလသတင်းစာထဲ.. ရွာသူားတွေစာ..တော်တော်လေးပါလာပါကြောင်း..
    ဝါရှင်တန်က ကမ္ဘာ့သတင်းစာကြည့်တိုက်ကလည်း Myanmar Gazette ကို ဒီလကစပြီးလက်ခံပြီး သိမ်းဆည်း/တင်ပေးနေပြီဖြစ်လို့… Myanmar Gazette ကမ္ဘာ့သတင်းမှတ်တမ်းထဲ ဝင်သွားပြီဖြစ်ပါကြောင်း..
    http://www.newseum.org/todaysfrontpages/hr.asp?fpVname=CA_MG&ref_pge=gal&b_pge=1
    နောက်ပိုင်းမှာ ပုံနှိပ်သတင်းစာနဲ့ ဝက်ဘ်ဆိုက် တွဲအလုပ်လုပ်သွားဖို့ရည်ရွယ်ထားပါကြောင်း..

    =

    Myanmar Gazette June_July 2014 by Myanmar Gazette

  • kai

    June 25, 2014 at 10:58 pm

    ယူအက်စ်တွင် ရဲမှ လူတယောက်ယောက်၏ဆဲလ်ဖုံးကိုရှာဖွေရန် (အခြေခံဥပဒေ၏ ပရိုက်ဗေစီ ကာကွယ်ပေးချက်အရ) ဝရန့်လိုသွားပြီဖြစ်ပါကြောင်း..

    =
    WASHINGTON—The Supreme Court ruled Wednesday police must almost always obtain a warrant before searching mobile devices seized when arresting someone, extending constitutional privacy protections to the increasingly vast amounts of data Americans keep on smartphones, cellphones and other hand-held digital technology.
    =======================
    Aereo Inc. ၏ တီဗီကိုအင်တာနက်နှင့်ကြည့်နိုင်သည့်အစီအစဉ်အား ဖျက်ရတော့မည်ဖြစ်ပါကြောင်း..

    Barry Diller was clear from the beginning. If streaming-TV company Aereo Inc. loses in court, he told The Wall Street Journal in 2012, “there’s no Plan B.”

    Wednesday’s Supreme Court ruling against Aereo will most likely mean the end of the insurgent television-streaming company that CEO Chet Kanojia started in 2012—and Mr. Diller backed—and the preservation of the existing television ecosystem, analysts and media lawyers say.

Leave a Reply