သတိ .. သင့် အား စောင့်ကြည့်နေသည်။ ( ကြော်ငြာ )

ကထူးဆန္းJune 6, 20141min34826

စည်းကမ်းမဲ့ ကားတွေ တွေ့ ရင် ဓါတ်ပုံရိုက် သတင်းပေး တိုင်ကြားနိုင်ပါပြီ ။
အရေးယူပါ့မယ် လို့ ဆိုလာတဲ့ အတွက်
ကူညီပြီးကြော်ငြာပေးတာပါ ။

ဒူဝေဝေ………………………….

တိုင်ကြားနိုင်တဲ့ e-mail လိပ်စာက ..

whitep2014@gmail.com

Face book address ကတော့

https://www.facebook.com/pages/Yangon-Traffic-Police/1514210572136281

ကဲ ကင်မလာလေးတွေ ..
ဖုန်းလေးတွေ အသင့်ပြင် တော့ ..

အမြင်မတော် လမ်းပြောင်းပြန်ကြီးမောင်း
တန်းစီနေတဲ့ ကားတွေ ကြား အတင်းထိုးဝင်တဲ့
ဘတ်စကားတွေ taxi တွေ ကိုယ်ပိုင်ကား ရုံးကား တွေ
သတိထားမောင်းကြစေသတည်း ။။။။။။။။။။။။။။။။။။

အမှန်တကယ် အရေးယူ မယူ ဆိုတာတော့ ပိတ်ကားပေါ်တွင် ဆက်လက်ရှုစားပါရန်နှင့်
ယာဉ်ထိန်းရဲ ကွန်ပြူတာမှတ်တမ်း ဌာ န အား အလုပ်အကြွေး ပြု မိရင်လည်း ကုသိုလ် ရပါတယ်လို့သာ သဘောထားလိုက်နော် …
ကိုယ်တိုင်လည်း အတိုင်ခံ ရသူ မဖြစ်အောင် အသိ သတိများနှင့် မောင်းကြပါလို့ သတိပေးရင်း………………..

26 comments

  • surmi

    June 6, 2014 at 2:43 pm

    သာဓုဗျာ
    သာဓု သာဓု
    :mrgreen:

    • ကထူးဆန်း

      June 7, 2014 at 10:13 am

      ဒူ .. ဝေ …. ဝေ….
      (မြို့ သူ ဝေ ဝေ ကိုပြောတာ ဟုတ်ဘူးနော် … :hee:

  • kai

    June 6, 2014 at 3:09 pm

    Citizen’s arrest in the United States – Wikipedia, the free …
    en.wikipedia.org/wiki/Citizen’s_arrest_in_the_United_States
    Wikipedia
    In the United States a private person may arrest another without a warrant for a crime occurring in his or her presence. Contents. 1 Common law; 2 State statutes ..

    စစ်ဒဇင်အရက်စ်က.. ဖေါက်ပြန်တဲ့ရဲတွေကိုလည်း.. လူထုကဝိုင်းဖမ်းနိုင်တယ်ဗျ..။
    အဲဒါလေးပါ.. မြန်မာပြည်မယ်ပြဌာန်းပေးလိုက်ရင်.. :mrgreen:

  • Crystalline

    June 6, 2014 at 3:11 pm

    အဲဒီလူတွေက အပိုသိပ်လုပ်တယ်..စက်ကိရိယာတွေ မတတ်နိုင်သေးတာ… ယာဉ်ထိန်းအင်အားမမျှတာလက်ခံပါတယ်… အစိမ်းဝတ်တွေအများကြီးပဲလိုအပ်တာထက် ပိုနေတာပဲ… ရာနှုန်းနည်းနည်းလေးလောက်.. အဖြူပေးဝတ်လိုက်ပြီးရော.. လုပ်ငန်းသဘောချင်းလည်း သိပ်ကွာတာမှမဟုတ်… လုပ်ငန်းချင်းဘာမှမဆိုင်တဲ့ နေရာကြီးတွေဆို နေရာဝင်ယူတတ်လွန်းလို့ပြောကြည့် တာ. :mrgreenn:

  • ROssI

    June 6, 2014 at 3:12 pm

    ကောင်းလှောင့်တေး ကောင်းလှောင့်တေး..

    လက်နှက်ကြီး လက်နှက်ငယ်တို့နှင့် လမ်းပေါ်တက်အံ့

  • kyeemite

    June 6, 2014 at 3:39 pm

    ..နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ကြသေးတာပေါ့ ထားရယ် (မြတ်လေးလေသံဖြင့် မဲ့ရွဲ့ပြီးဖတ်ပါ) :mrgreenn:

    • အရီးခင်

      June 8, 2014 at 5:07 am

      အမယ်လေး လေး
      ဟဲ့ မောင်မြတ်လေး – အဲဒါဘာစကားကြီးတုန်း။
      မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကိုမပြောချင်တော့ဘူး။
      (ဒေါ်မြလေး လေသံဖြင့် မဲ့ရွဲ့ ဖတ်ကြပါကုန်)
      :-))))))

  • black chaw

    June 6, 2014 at 3:41 pm

    အင်း…ဆင်ခြင်မှ…ဆင်ခြင်မှ…။
    :mrgreen:

    • ကထူးဆန်း

      June 7, 2014 at 10:33 am

      Crystalline ရေ .. အစိမ်းအောက်ခြေတွေကို ရဲထဲ ပို့တာတွေလည်းရှိပါ့ .. အရင် cctv တွေတပ်မယ် .. လိုင်းကားတွေ မှာလည်း တပ်မယ် ဘာညာ ကွိကွ ထက်စာရင် အခုလို fb ရှိတာ ဈေးသက်သက်သာသာ လူများများ နဲ့ ဘယ်သူရိုက်မယ်မှန်း မသိတော့ ပိုထိရောက် ပိုဆင်ခြင်လာမလားလို့ ..
      ခုကြည့်ပါလား .. ဘဘ ဘလက်တောင် ဆင်ခြင်တော့မယ်တဲ့ ..
      RossI ကလည်း လက်နက်ကြီးငယ်တွေပြင်နေပြီ..Aung Myint Myat လည်း ရိုက်တော့မယ်
      အန်တီမမ လုံမလေး့ အညာတမာတို့ ကလည်း ready ။
      ဆုတောင်းပေးတဲ့ အလင်းဆက်တို့ ဦးကြီးမိုက်တို့ ရဲမေလေးတွေမျှော်နေတဲ့ Paing Lay တို့လည်း ရှိသေး..
      :harr: :kwi:

  • Paing Lay

    June 6, 2014 at 4:11 pm

    မန်းလေးမှာတော့ ယာဉ်ထိန်းရဲမေ ငယ်ငယ်လေးတွေ တစ်နေ့ထက်တစ်နေ့ များလာတယ်လို့ကြားမိပါကြောင်း :mrgreen:

  • Ma Ma

    June 6, 2014 at 4:20 pm

    Good news. 🙂
    Ready!!!!!!!!!!!!! CJssssssss from MG. 😀

  • သများတော့ အလုပ်ဖြစ်ပြီ..
    စည်းကမ်းမဲ့မြင်တိုင်း ဒါ့ပုံရိုက်ချင်နေလို့ တစ်စုံတစ်ယောက်က အတင်းတားနေရတယ်.. ဟိ.. :mrgreen:

  • Aung Myint Myat

    June 6, 2014 at 5:40 pm

    ရိုုက်ပေးမယ်ဗျုိုု့

  • padonmar

    June 6, 2014 at 9:17 pm

    တကယ်အရေးယူပြရင်တော့ နောင်ကို စည်းကမ်းရှိလာကြပါမယ်။
    အရင်လိုပဲ လူကြီးဖုန်းဝင်လာလို့ ရှောထွက်သွားရင်တော့ …..
    မျှော်လင့်မိပေမယ့် မယုံရဲသေးဘူး ကထူးဆန်းရယ်။

    • ကထူးဆန်း

      June 7, 2014 at 10:22 am

      လူကြီးဖုန်း မဝင်နိုင်တဲ့သူတွေ ဆင်ခြင်လာရင်တောင် မနည်းဘူးပေါ့ အန်တီဒုံရေ.. ဒီလိုအတိုင်ခံ ရနိုင်တယ် ဆိုတာ သိရင်ကို နဲနဲလေးဆင်ခြင်လာရင် စည်းကမ်းနည်းနည်းပိုရှိလာမယ်တော့ ယုံကြည်မိကြောင်းပါ ..
      ယာဉ်ထိန်းရဲ မရှိဘူးဆိုပြီး စိတ်လွတ်ကိုယ်လွတ် လုပ်တာတွေ နဲနဲ လျော့လာမလားလို့ …အထူးသဖြင့် မီးပွိုင့်တွေမှာ အတင်းကျော် အတင်းပြန်ဝင်တာတွေ နဲလာမယ် ထင်ကြောင်းပါ ။

  • အညာတမာ

    June 6, 2014 at 10:30 pm

    တကယ်အရေးယူမှာဆိုရင်တော့ တိုင်ပြီ ပို့ပြီဗျို့

  • ကြိုက်တယ်ဗျာာာာာာာာာာာာာာ အဲအဲ ဦးထူးဆန်းကို ဟုတ်ဘူးနော်…. တိုင်လို.ရတယ်ဆိုတဲ့ သတင်းကိုပြောဒါ… ဟိဟိ

    • ကထူးဆန်း

      June 7, 2014 at 10:16 am

      လူဇိုး…သူများကို ရင်တုန်အောင်လုပ်ပြီးမှ ….
      မကြီးဆန်း ..(cd.. ROssI )
      :chit:

  • TNA

    June 7, 2014 at 1:37 pm

    တကယ်တိုင်လို့ တကယ်အရေးယူမယ်ဆိုရင်တိုင်ချင်ပါတယ်။ ရိုက်ထားတဲ့ပုံတွေမှအများကြီးရယ်

    • ROssI

      June 7, 2014 at 1:43 pm

      သများ ကားပုံလေးတော့ ပြန်ဖျက်ပေးပါညှော်….
      မွသဲ …စစ်ဂနယ် မရိုက်ဘဲ ကွေ့တာလည်း သများ ပြန်ဖျက်ပေးပါ့မယ်..

      😛

  • naywoon ni

    June 7, 2014 at 4:21 pm

    ခုပဲ ကိုခင်​က ပို့စ်​က ကူးလားတာ ။ ကိုခင်​ခပို့ စ်​​ခေါင်​းစီးက ” သူ​ပြောတာ ဟုတ်​သလားဟင်​” တဲ့ ဒါ​ပေမဲ ့ကျုပ်​က ဘယ်​သူ့ပြန်​​မေးရပါ့

  • အရီးခင်

    June 8, 2014 at 5:06 am

    စီဂျေကြီး ရယ်
    ဝင်ပြီး ကန့်လန့်တိုက်ပါရစေ။
    ဂျီမေး ဆိုတာ ကြီးက အလုပ်သဘော အရ ဘယ်လောက် စိတ်ချရပါ့။
    တကယ်ဘဲ အသေအချာ လုပ်မယ် ဆို Domain လေးဝယ်၊ Website လေး ဆောက်၊ အချက်အလက်လေး တစ်ချို့ တင် ပြီး ရင် အဲဒီ website နာမည် နဲ့ အီးမေး ကို သုံးပေါ့။
    ဒါဆိုပိုပြီး အတည်အတန့် အလုပ်ပိုဖြစ်မလားလို့ ဝင်ရွှီး ကြည့်တာ။
    တနည်း အလုပ်မဖြစ်အောင်လို့။
    :-))))

    • ကထူးဆန်း

      June 8, 2014 at 12:25 pm

      အရီးရယ် .. အလကား ရတာတောင် အခုမှ လုပ်တာ ဆိုတော့ ..
      စိတ်လျှော့ပြီးကျေးဇူးတင်လိုက်ပါနော် …. :kwi:

  • min lwin

    June 9, 2014 at 1:32 pm

    တကယ်ကောင်းပါတယ်။အားလဲပေးပါတယ်။ရန်ကုန်မြို့ကြီးမှာ ကားတွေပေါလာတာနဲ့အမျှ စည်းကမ်းမဲ့ မောင်းနှင်မှုတွေကြောင့် မသေသင့်ဘဲသေသွားကြရတာ အမြဲတမ်းကြားနေရတော့စိတ်မကောင်းဖြစ်မိပါတယ်။ကားသမားက တိုက်ပြီးပြေး၊တိုက်ခံရသူက ကားနံပါတ် မမှတ်မိတော့ ဘယ်လိုမှ အရေးယူလို့မရနဲ့၊ အခုတော့ ကိုယ့်တွေ့ရင် ဖုန်းလေးနဲ့ အသာလေးရိုက်ပြီး တိုင်လိုက်ရုံဘဲလေ။ တိုင်လို့ရှိရင်လဲ တိကျဖို့လိုသလို အရေးယူရင်လဲ တိတိကျကျ အရေးယူဖို့လိုပါတယ်။
    ဥပဒေအထက်မှာ ဘယ်သူ့မှ မရှိစေရဆိုတဲ့ အတိုင်း ထိရောက်စွာ အရေးယူနိုင်ပါစေလို့ ဆန္ဒပြုပါတယ်

  • kai

    June 10, 2014 at 11:39 am

    CJ ရဲ့သဘောနဲ့.. အလုပ်တာဝန်ကို.. အစိုးရရဲ့… ဥပဒေစောင့်ရှောက်ရသူတွေကပါအသိအမှတ်ပြု… အားပေးလုပ်လာတာ.. ဝမ်းသာစရာပါ..။
    ဒီလိုနဲ့.. တည့်သွားမယ်ထင်ပါကြောင်းနဲ့..အထူးကိုကြိုဆိုပါကြောင်းရယ်လို့.. :mrgreen:

Leave a Reply