အဖိုးမထိုက်တန်လေရော့သလား

ပိုးကိုက်တဲ့ပန်းတဲ့လေ ပြောရက်တယ်နော် အခြေမလှပေမယ့်

မြေခတော့မယ်ပေါ့ကွယ် ရှိပါစေတော့လေ

အခြေကြီးသူအမိဘ၀က ပန်းခရေမဖြစ်ဖို့ မောင်တွေးမိပါတယ်

ခရေဆိုတာလေ လေပွေပြင်းပြင်းလေမတိုက်တောင်မှ

ဆင်းသက်ခြွေလေသူမို့ပါကွယ်

ပက္ကာသဏတွေ စီးကာခြားသူမို့ သဘာဝအခြေမလှသူမောင့်အဖို့ကတော့

ပိုးကိုက်တဲ့ပန်းပမာ မလန်းတာတော့သေချာပြီပေါ့

ဆုတောင်းမှားလေရော့သလား ကံခေသူဘ၀မို့

ပေးဆပ်နေရသူလား မေရယ်

ဘ၀တွေဘယ်လိုပဲပြောင်းပြောင်း အမိကိုချစ်တဲ့စိတ်ကလေ

ဟောင်းမသွား ရိုးမသွားပါဘူးကွယ်

အမြင့်ကိုမှမှန်းတက်တဲ့ အမိကိုလေ ပြောလှည့်ချင်ပါတယ်

အချစ်ဆိုတာ ရင်ထဲကမပါပဲ ပြောတက်ရင်လေ

အစဉ်သာလမ်းမှားလိုက်တက်တယ်ဆိုတာ

နားလည်တဲ့တစ်နေ့ မောင့်မေတ္တာပန်းလေး

လှမ်းဖို့လာခဲ့ပါနော်

 ပိုးကိုက်တဲ့ပန်း

ပိုးကိုက်တဲ့ပန်း

ပိုးကိုက်တဲ့ပန်း ပါကွယ်

ကာရံ (၆.၆.၂၀၁၄)

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..